my philosophy

မြင်အောင် ကြည့်ဖို့လိုတယ်။

အောင်မြင်ဖို့ မြင်အောင် ကြည့်ဖို့လိုတယ်။အမြင့်မတူရင် အမြင်က မတူပြန်ဘူး။နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုမနေနဲ့။အရေးမပါတာကို အရာမပေးဖို့လိုတယ်။ပလန်မရှိရင် ပက်လက်လန်မယ်။ ဒီလိုစာရေးနည်းကို chiasmus လို့ခေါ်တယ်။ ကျွန်တော် တွေးရတာကြိုက်တယ်။စာလုံးပေါင်းတွေ မှန်အောင်ကြိုးစားရင်းရေးရတာလဲ ကြိုက်တယ်။ တွေးတဲ့ အခါ ရေးတဲ့အခါမှာလဲ နည်းစနစ်တွေရှိတဲ့အတွက် Chiasmus နည်းသုံးပြီးအတွေးအခေါ် တချို့ ရေးမိတယ်။ Phyo Paing @ Derek

မြင်အောင် ကြည့်ဖို့လိုတယ်။ Read More »

တန်ဖိုးတော့ မတူဘူး။

အလုပ်ကြိုးစားတိုင်းမအောင်မြင်ဘူး။အလုပ် လုပ်တတ်မှ လိုရာခရီးရောက်မှာ။ အလုပ်လုပ်တတ်ဖို့ ကြံစည်တတ်ရမယ်။ကြံစည်တတ်ဖို့ တွေးတတ်ရမယ်။အတွေး၊ အကြံ၊ အလုပ် ကောင်းဖို့လိုတယ်။ ဘယ်လိုတွေးလဲ၊ဘယ်လိုကြံစည်သလဲ၊ဘယ်လို အလုပ်လုပ်သလဲပေါ်မူတည်တယ်။ အတွေးကောင်းဖို့ ပညာသင်တယ်။ ပညာတိုင်း တန်ဖိုးရှိတယ်။ဒါပေမယ့် တန်ဖိုးတော့ မတူဘူး။ Phyo Paing @ Derek

တန်ဖိုးတော့ မတူဘူး။ Read More »

ဖြစ်သလို မနေပါနဲ့။

ကိုယ်မချစ်တဲ့အလုပ်ကို ရှောင်လွဲလို့မရ လုပ်နေတဲ့အချိန်။ အဆင်မပြေတဲ့ အချစ်ရေး relationship မှာဘာမှ လုပ်မရ ပိတ်မိနေတဲ့အချိန်။ ဆပ်စရာအကြွေးတွေနဲ့ ပိတ်မိနေတဲ့အချိန်။ ခန္ဓာကိုယ်က ဝိတ်တွေအရမ်းတက်ပြီးကိုယ့်ကျန်းမာရေးကို စိတ်တိုင်းမကျတဲ့အချိန်။ ပျော်ရာမှာ မနေရ တော်ရမှာနေနေရတဲ့အချိန်။ လုပ်ချင်တာတစ်မျိုး လုပ်နေရတာတစ်မျိုး ဖြစ်နေတဲ့အချိန်။ ဒီလို အချိန်က ကိုယ်ပြန်လည်မွေးဖွားဖို့reborn လုပ်ဖို့ သန္ဓေတည်တဲ့အချိန်ဖြစ်ပါတယ်။ ဒီကမှတဆင့်ကိုယ်လုပ်တဲ့အလုပ်မှာ ၁။ ပျော်နေတယ်။၂။ တော်နေတယ်။၃။ ပွားနေတယ်။ (ငွေကြေး)၄။ ပေးနေတယ်။ (လူတွေအကျိုးရှိအောင် ပေးနေတယ်။) ဒီအဆင့်ရောက်လာမယ်။ ဒီကမှ တဆင့် အိပ်မက်တွေကိုအကောင်အထည်ဖော်ကြမယ်။ လူတွေ မမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို နေတာ အချိန်တစ်ခုထိပဲကောင်းပါတယ်။ ဒါကြောင့် နေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလို မနေပါနဲ့။ Phyo Paing @ Derek

ဖြစ်သလို မနေပါနဲ့။ Read More »

တန်ဖိုး

တန်ဖိုးဆိုတာ လိုအပ်ချက်ကြောင့်ဖြစ်လာတယ်။လိုအပ်လေလေ တန်ဖိုးပိုရှိလေလေ။အစားထိုးမရလေ တန်ဖိုးပိုရှိလေလေ။ရှားပါးလေ တန်ဖိုးပိုရှိလေလေ။ ဒါကြောင့် လူတွေရဲ့လိုအပ်ချက်ကိုရှားရှားပါးပါး အစားထိုးမရတဲ့သူဖြစ်လေလေတန်ဖိုးရှိသူ ဖြစ်လေလေ။ ကိုယ်လုပ်နေတဲ့အလုပ်မှာနိုးတူး (နှစ်ယောက်မရှိ) ဖြစ်အောင်လုပ်။ Phyo Paing @ Derek

တန်ဖိုး Read More »

Self-awareness

ကိုယ့်ရဲ့ မသိစိတ်က ကိုယ့်အကြောင်းကို ကိုယ့်ထက်ပိုသိတယ်။ ဖတ်သမျှ၊ မှတ်သမျှ၊ကြုံဆုံသမျှ အကုန်လုံးကိုမသိစိတ်မှာခြုံငုံအကုန်မှတ်တမ်းတင်ထားတယ်။ ကိုယ့်ရဲ့ မသိစိတ်အလုပ်လုပ်ပုံကိုသတိပြုမိခြင်းကို သတိရှိခြင်းလို့ခေါ်တယ်။ Self-awareness လို့ခေါ်တယ်။ တခါတလေ ငါဘာ့ကြောင့်ဒါကို ဒီလိုလုပ်နေလဲဆိုတာ သတိမမူမိတတ်ကြဘူး။ အသိ၊ သတိ၊ ပညာ ဒီလိုလာတယ်။ အသိရှိလာရင်သတိလေးထားပြီးကိုယ့်ကိုယ်ကို လေ့လာမိလာမယ်။ဒါမှာ ကိုယ့်ကိုယ်ကိုပို သဘောပေါက်နားလည်လာမယ်။ဒီမှာ ပညာဖြစ်တယ်။ ဘဝမှာ ကိုယ့်ရဲ့မသိစိတ်ခြုံငုံမှတ်တမ်းတင်ရာကအလိုအလျောက်ဖြစ်လာတဲ့အပြုအမူတွေကို နေ့စဥ် လေ့လာရင်းကိုယ့်ကိုယ်ကို ပိုနားလည်လာတာပညာ ရတာပဲ။ Phyo Paing @ Derek

Self-awareness Read More »

RISE

ကျွန်တော် ယုံကြည်တဲ့ RISE ဘဝမှာ ဒီလေးခုကို ကိုးကွယ်တယ်။ The Power of Research သုတေသနလုပ်ခြင်းInnovation တီထွင်ဆန်းသစ်ခြင်းSystem စနစ်Entrepreneurship စွန့်ဦးတီထွင်မှု။ ၁။ Research သုတေသန နေ့တိုင်း ကိုယ့်အတွက်၊ လုပ်ငန်းနယ်ပယ်အတွက်အသိပညာအသစ်တွေ၊အတွေးအခေါ်အသစ်တွေရှာဖွေစုဆောင်းဖို့ စာဖတ်ခြင်း၊စမ်းသပ်ခြင်း၊ လေ့လာခြင်း၊ ပြန်လည် စဥ်းစားသုံးသပ်ခြင်း။ ၂။ Innovation တီထွင်ဆန်းသစ်မှု စျေးကွက်ပြဿနာကို မတူညီတဲ့နည်းလမ်းနဲ့ ဖြေရှင်းနိုင်ဖို့ နည်လမ်းလမ်းရှာဖွေဆန်းသပ်ခြင်း။ ၃။ System စနစ် ထပ်ခါထပ်ခါ လုပ်ရမည့်အလုပ်တွေကိုမြန်ကောင်းသက်သာဖြစ်အောင်ပိုမြန်အောင်၊ရလဒ်တွေ ဗရမ်းဗတာကြုံရာကျပန်းလုပ်နေတာထက်ပိုကောင်းအောင်၊ အချိန်ကုန် လူပင်ပန်းသက်သာအောင်စနစ်ရဲ့ စွမ်းပကားကို အသုံးပြုခြင်း။ ၄။ Entrepreneurship စွန့်ဦးတီထွင်မှု စွန့်စားမှုနဲ့ ဆွတ်ခူးမှုရလဒ်နဲ့ တိုက်ရိုက်အချိုးကျနေတယ်။စွန့်စားရမယ်၊ ကိုယ်နဲ့ရင်ဘတ်ချင်းတူတွေသူတွေကိုဦးဆောင်ရမယ်၊ရှိတာနဲ့ဖြစ်အောင် တီထွင်ဖန်တီးနိုင်ဖို့ကစျေးကွက်တစ်ခုရဲ့ အပြောင်းအလဲပဲ။ ဒါကြောင့် အမြင့်ကိုပျံသန်းနိုင်ဖို့ RISE ကို ကျင့်သုံးဖို့

RISE Read More »

နည်းမတွေ့သေးတာ။

မော်တီဗေးရှင်းကို မရှာနဲ့၊ ရလဒ်ရတဲ့နည်းကို ရှာ။ပိုက်ဆံရှိတဲ့ လူတွေက ပိုက်ဆံ ပိုရှာရတာကို ကြိုက်တယ်။ စာတော်တဲ့ ကလေးက စာလုပ်ရတာကို ကြိုက်တယ်။ တိုးတက်နေတဲ့ သူကတိုးတက်တဲ့ အရသာကို ကြိုက်တယ်။ လူတွေက လုပ်ငန်းစဉ် process တွေမှာပျော်တာ မဟုတ်တတ်ကြဘူး။ “ရလဒ်ရတဲ့” လုပ်ငန်းစဥ် တွေမှာပျော်တာ။ စာလေ့လာပြီး စာမေးပွဲမအောင်ရင်စာလေ့လာရတာကိုလဲ မကြိုက်တတ်ကြဘူး။ ရလဒ်ရတဲ့နည်းတွေ တွေ့ရင်တိုးတက်တာပဲ။ ကိုယ်မတော်တာ မဟုတ်ဘူး။ ရလဒ်ရတဲ့ နည်းမတွေ့သေးတာ။ Phyo Paing @ Derek

နည်းမတွေ့သေးတာ။ Read More »

ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။

ကြိုးစားတိုင်း အောင်မြင်ရင်လူတိုင်း ကြိုးစားနေကြမှာပေါ့။ စီးပွားရေး လုပ်တိုင်း ကြီးပွားကြမယ်ဆို လူတိုင်း စီးပွားရေး လုပ်ကြမှာပေါ့။ လမ်းလျှောက်တိုင်း ပန်းတိုင်ရောက်ကြတာမှမဟုတ်တာ။ လမ်းမသိရင် ခဏခဏ မှားမယ်။နည်းမသိရင် ကြာမယ်။ ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Phyo Paing @ Derek

ဒါကြောင့် နည်းလမ်းဆိုတာ လိုလာတာ။ Read More »

သင်တန်းတက်တယ်ဆိုတာ
အသုံးချဖို့။

ကျောင်းပျော်ကြီးပဲဖြစ်နေလို့မရဘူး။လက်တွေ့ဘဝ အဖြေရှာဖို့သင်တန်းတက်တာ ပိုအရေးကြီးတယ်။ ဒါကတော့ ကျွန်တော့်ခံယူချက်ပြောတာပါ။ သင်တန်းတစ်ခုတက်ရင်အမြဲ ROI (Return On Investment) ရင်းထားတာနဲ့ ပြန်ရတာကို ကြည့်တယ်။ သင်တန်းတစ်ခုက ၁။ အတွေး (တွေးပုံခေါ်ပုံ)၂။ အကြံ (ကြံစဥ် ပလန်ချပုံ)၃။ အလုပ် (လုပ်ဆောင်မှုကို ပိုလွယ်ကူစေခြင်း) ဒီ သုံးခုနဲ့တိုင်းတာကြည့်တယ်။ သင်တန်းတစ်ခု တက်ပြီးတိုင်းနံပတ်တစ်က “အရင်းပြန်ကျေ” ရမယ်။ အရင်းဆိုတဲ့အရာမှာ ငွေကြေးတင်မဟုတ်ဘူး၊အချိန်ပေးလိုက်ရတဲ့အတွက်အချိန်အတွက်ပါ ပြန်ထည့်တွက်တယ်။ Phyo Paing @ Derek

သင်တန်းတက်တယ်ဆိုတာ
အသုံးချဖို့။
Read More »

ဘာအလုပ်လုပ်သလဲ။

တိုးတက်ရေးနည်းစနစ်ရှာဖွေမျှဝေတယ်။ စီးပွားရေးပညာသင်တယ်။ နည်းပညာလုပ်ငန်းလုပ်တယ်။လုပ်ငန်းရှင်တွေကို အကြံပေးတယ်။လူမှုကွန်ယက်မှာ ရေးချင်တာရေးတယ်။ Phyo Paing @ Derek

ဘာအလုပ်လုပ်သလဲ။ Read More »