my philosophy

ရိုးသားဖို့ အရေးကြီးတယ်။

ကျွန်တော့်ရဲ့ philosophy ကတော့ကိုယ်နဲ့အလုပ်လုပ်တဲ့အတွက်အရှုံးဆိုတာ မရှိစေရဘူး။ကိုယ်လုပ်ပေးနိုင်ရင်လုပ်ပေးနိုင်တယ်။မလုပ်နိုင်ရင် မလုပ်နိုင်ဘူးရိုးသားဖို့ အရေးကြီးတယ်လို့ခံယူထားတယ်။ Phyo Paing @ Derek

ရိုးသားဖို့ အရေးကြီးတယ်။ Read More »

သည်းခံ၊ သည်းခံ

ကိုယ်ဆယ့်ငါးမိနစ်လောက်နဲ့ ပြီးတဲ့ ကိစ္စတစ်ခုကို တစ်ရက်လောက်အချိန်ယူပြီးထွက်လာတဲ့ အရည်အသွေးစံနှုန်းကကိုယ့်ကိုမမီဘူး။ ဒါဆို သည်းခံ၊ သည်းခံ။ ကိုယ့်လုပ်သလို ရလဒ်မျိုးရစေချင်ပြီး မရသေးဘူး။သည်းခံ၊ သည်းခံ။ ပြောပြီးသားကိစ္စကို ထပ်ခါ ထပ်ခါ ထပ်ပြောနေရတယ်။ဒါဆိုရင် သည်းခံ၊ သည်းခံ။ လုပ်ငန်းရှင်တစ်ယောက်အတွက်ခန္ဒီပါရမီအရေးကြီးတယ်။ ကိုယ်နှစ်ပေါင်းများစွာ လုပ်ခဲ့တဲ့ ကျွမ်းကျင်မှုကိုတစ်ခဏအတွင်းအကုန်လွဲဖို့နည်းနည်းခက်တတ်တယ်။ ကိုယ့်လို စံနှုန်းအတိုင်းရဖို့ချက်ချင်းမျှော်လင့်ဖို့ခက်တတ်တယ်။ တချို့ကိစ္စတွေက ဝေးဝေးပြေးချင်ရင်ခန္ဒီပါရမီလိုတယ်။ ဒါကြောင့် စိတ်မရှည်ဘူး၊အလိုမကျဘူး ဖြစ်တော့မယ်ဆိုကိုယ့်ကိုကိုယ် ပြန်ပြောကြည့်ပါ။သည်းခံ၊ သည်းခံ။ Phyo Paing @ Derek

သည်းခံ၊ သည်းခံ Read More »

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။

အလုပ်လုပ်တဲ့အခါ ကိုယ့်အတွက်“ချက်ချင်း” အကျိုးမရှိရင် အလုပ်ကို သေချာလုပ်သလား၊မလုပ်ဘူးလားကို ကြည့်ပြီး လူတစ်ယောက် အနာဂတ်ကိုခန့်မှန်းလို့ရနိုင်တယ်။ တချို့အလုပ်တွေက ချက်ချင်းကြီးအကျိုးရှိချင်မှ ရှိမယ်။လူအများစုက ကိုယ်ကပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ အလုပ်လုပ်ရင်လဲ ရထားတာထက်ပိုလုပ်ရမှာ ကြောက်တတ်ကြတယ်။Client အလုပ်အပ်ရင်လဲကိုယ်ဖက်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ ဒီ mindset က လူတွေကို အောင်မြင်မှုအတွက် အတားအဆီဖြစ်စေတယ်။ ကျွန်တော်ကတော့ သူများဆီယူထားတာထက်ပိုမပေးလိုက်ရမှာ စိုးရိမ်တယ်။ ဒိအချက်ကပဲ အလုပ်လုပ်တုန်းကမိတ်ဆွေတွေ၊ ဆိုင်ဖွင့်တုန်းက ဝယ်ခဲ့တဲ့မိတ်ဆွေတွေကိုယ်ဘာလုပ်လုပ် ယုံကြည်အားပေးနေတုန်း။ ယူထားတာထက်ပိုပေးရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။
Read More »

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။

ကြီးလာတော့ ကိုယ်လိုချင်တာတွေ ကိုယ့်နောက်လိုက်လာဖို့ပဲကိုယ့်ကိုကိုယ် တည်ဆောက်တော့တယ်။လူတွေနောက် လိုက်ရတာမောတယ်။ Phyo Paing @ Derek

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။ Read More »

ကိုယ့်ကိုကိုယ် စနစ်တစ်ခုလို့ပဲစဉ်းစားတယ်။

စနစ်တစ်ခုလို့ဆိုတဲ့အခါသူ့မှာ ရည်ရွည်ချက် purpose ရှိတယ်။ သူ့မှာ Interconnectedness ချိပ်ဆက်နေတဲ့အပိုင်းတွေရှိတယ်။သူ့မှာ Feedback loop တွေရှိတယ်။ ကျွန်တော့်ရဲ့ ဖြစ်တည်မှုအတွက် အရေးအကြီးဆုံးက ပျော်ရွင်မှုပဲ။ ကိုယ့်ရဲ့ အကောင်းဆုံး version ကိုတည်ဆောက်နေနိုင်ရင် ပျော်တယ်။ လူသားတွေရဲ့ဘဝကို ပညာရေးနဲ့ နည်းပညာနဲ့ ဖြည့်ဆည်းပေးနိုင်ရင် ပျော်တယ်။ စမ်းသပ်မှုတွေ ပြုလုပ်နေရရင်ပျော်တယ်။လေ့လာသင်ယူမှုတွေ ပြုလုပ်နေရရင်ပျော်တယ်။ဒါက Derek ဆိုတဲ့ စနစ်ဖြစ်တည်ရတဲ့ရည်ရွယ်ချက်ပဲဖြစ်တယ်။ သူ့မှာ ချိပ်ဆက်နေတဲ့ interconnectedness တွေထပ်ရှိတယ်။စနစ်လို့ဆိုလိုက်တဲ့အခါ ကျန်းမာရေး၊ အလုပ်အကိုင်၊ ငွေရေးကြေးရေး၊အချစ်နဲ့ မိသားစုအရေး၊ ပေါင်းသင်းဆက်ဆံရေးဒါတွေအကုန် ချိပ်ဆက်နေတယ်။တစ်ပိုင်းမှာ အဆင်မပြေရင် ကျန်အပိုင်းတွေမှာလဲ ထိခိုက်မှုရှိတယ်။ ဒါကြောင့် subsystems တွေအကုန်လုံးကိုအလုပ်ဖြစ် လည်ပတ်နေအောင်ဒီဇိုင်းလုပ်ထားဖို့ လိုတယ်။ နောက်တစ်ခုက Feedback loop ဖြစ်ပြီးအလုပ်ဖြစ်တယ်၊ မဖြစ်ဘူးပေါ်မူတည်ပြီးSystems ကိုအသိပေး သင်ယူစေတယ်။ဥပမာ

ကိုယ့်ကိုကိုယ် စနစ်တစ်ခုလို့ပဲစဉ်းစားတယ်။ Read More »

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။

လူပေါင်း ၂ သန်းကျော်ကိုနည်းပညာနဲ့ ပညာရေးအသုံးပြုပြီးကူညီပေးဖို့က ပထမ ရည်ရွယ်ချက်။ လုပ်ငန်းပေါင်း ၁၀၀၀၀ ကျော် နည်းညာနဲ့ စီးပွါးရေးပညာရပ်တွေနဲ့ကူညီပေးဖို့က ဒုတိယ ရည်ရွယ်ချက်။ လူများများကို ထိရောက်မှုကောင်းကောင်းနဲ့ ပံံ့ပိုးနိုင်ဖို့ နည်းပညာ လိုတယ်။ လူတော်တွေခန့်ဖို့အတွက် ကိုယ့်အိတ်ကိုယ်စိုက်ကိုယ်ထူကိုယ်ထပြီး ကိုယ်နေထိုင်တဲ့နေရာကိုယ်ချစ်တဲ့ တိုင်းပြည်နဲ့ မြို့အတွက် ခရီးနှင်လာတာ အားလုံးအတွက် အကျိုးရှိစေတယ်ပြန်ပြန်ကြားရတဲ့အတွက် ဝမ်းသာမိတယ်။ ကျွန်တော့်ရဲ့ professional အလုပ်က Marketing and Business Coachsultant Coaching လုပ်သလို၊ Consulting လဲလုပ်တဲ့အတွက်Coachsultant လို့ခေါ်လို့ရတယ်။ Business နဲ့ပတ်သက်တဲ့ရည်မှန်းချက်က အထက်က နှစ်ခုက နောက်နှစ်နှစ်ဆယ်အတွက်။စိတ်ရှည်ပါတယ်။ Phyo Paing @ Derek

ကျွန်တော်အသက်ရှင်နေသမျှ
တိုးတက်လိုသူတွေ၊ ရည်မှန်းချက်ကြီးတဲ့
လုပ်ငန်းရှင်တွေအတွက် အကျိုးပြုနေစေရမယ်။
Read More »

ကျွန်တော်က prototype တစ်ခုပဲ။

ကိုယ့်ရဲ့ အကောင်းဆုံး versionတည်ဆောက်ဖို့က ကျွန်တော့်ရည်ရွယ်ချက်။ကျွန်တော့်ရဲ့ ဖြတ်သန်းမှုဖြစ်စဉ်တွေဖြစ်တဲ့Personal, Professional နဲ့ Business တိုးတက်ရေးဖြစ်စဉ်တွေဟာကိုယ် serve လုပ်ချင်သူတွေအတွက်ရှေ့ပြေးနမူနာတစ်ခုပဲ။ အလုပ်မဖြစ်တာတွေ ကိုယ်တိုင်လုပ်တယ်။နောက် Options ရှိတာတွေ အကုန်ချပြတယ်။အလုပ်ဖြစ်တဲ့ အကောင်းဆုံးအပိုင်းကိုပဲရွေးချယ်လို့ရအောင် ကူညီတယ်။ဒါ ကျွန်တော့်ရဲ့ Business Model ပဲ။ ဒီအတွက် ငွေကုန်ကြေးကျခြွေတာနိုင်တယ်။အချိန်မလိုအပ်ပဲ မကုန်တော့ဘူး။အလုပ်မဖြစ်တာနဲ့ တိုင်ပတ်နေတာမဖြစ်တော့ဘူး။ စွမ်းဆောင်ရည်နဲ့ အမြတ်ငွေတိုးတက်လာကြတယ် ။ ဒါကြောင့်စမ်းသပ်မှုတွေ နေ့စဉ်ပြုလုပ်နေဖြစ်တယ်။ ကျွန်တော်က အကောင်းဆုံး version တည်ဆောက်ရေးဖြစ်စဉ်အတွက်Prototype တစ်ခုပဲ။ Phyo Paing @ Derek

ကျွန်တော်က prototype တစ်ခုပဲ။ Read More »

ရက်ပေါင်း ၃၀၀၀၀ လောက်ပဲနေရမည့် ဘဝမှာ

လုပ်ချင်တာတွေ လုပ်သာလုပ်လိုက်။တောင်ပေါ်သားဆိုတော့တောင်ပေါ်ရောက်ရင်ပျော်တယ်။လူများတဲ့ မြို့ကြီးတွေရောက်ရင်အကြာကြီး မနေနိုင်ဘူး။ဒါကြောင့် မြို့ပြင်တွေမှာထွက်နေလေ့ရှိတယ်။ Phyo Paing @ Derek

ရက်ပေါင်း ၃၀၀၀၀ လောက်ပဲနေရမည့် ဘဝမှာ Read More »

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။

Idea တစ်ခု၊ Content တစ်ခု၊ Product တစ်ခု၊ Connection တစ်ခုတစ်ခုခု ဖန်တီးကြည့်ပါ။ ဒီကနေ စိတ်ကျေနပ်မှုရလာလိမ့်မယ်။ လောကကို ပြန်ပေးလို့ရတဲ့လက်ဆောင်ကသင့်ရဲ့ ဖန်တီးမှုတစ်ခု ဖြစ်ကောင်းဖြစ်လိမ့်မယ်။ Phyo Paing @ Derek

နေ့စဥ် အသစ်တစ်ခုဖန်တီးကြည့်ပါ။ Read More »

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ

ပျော်ရွင်မှုက အနည်းဆုံးbaseline ကနေ ၂၅% နဲ့အထက်တက်လာတယ်တဲ့။ အခုလို မိတ်ကောင်းဆွေကောင်းတွေနဲ့နှစ်ပေါင်းများစွာ ယုံယုံကြည်ကြည်နဲ့အလုပ်တွေလုပ်ခဲ့ကြတဲ့ မိတ်ဆွေတွေအားလုံးနဲ့သိခဲ့ရတာဟာ ကျေးဇူးတင်စရာပါ။ ကိုယ့်ယုံကြည်မှုအတွက်ဘယ်လိုခက်ခဲနေပါစေအဆင်ပြေအောင်လုပ်မယ်ဆိုပြီးရှေ့ဆက်နေတဲ့လူတွေနဲ့သိကျွမ်းရတာဟာကျေးဇူးတင်စရာပါပဲ။ Phyo Paing @ Derek

ကျေးဇူးတင်စိတ်နဲ့နေတဲ့အခါ Read More »