my philosophy

ကျေးဇူးတင်ပါတယ်။

ဘာလို့ လူမုန်းခံပြီး ဘူကောင်တွေအကြောင်းပြောနေရလဲဆိုကျွန်တော်တို့ နေထိုင်တဲ့ပတ်ဝန်းကျင်အကြည်ဓာတ်အပြည့်နဲ့ လိုချင်တဲ့အရာတွေ အကောင်အထည်ဖော်နိုင်ဖို့ ဒီကောင်တွေကို တိုက်ဖျက်ဖို့လိုတယ်။ ကျွန်တော်တို့အတူတူလဲ တိုက်ဖျက်ရှောင်ရှားခဲ့ ကြတယ်။ဒါဟာ အလွန်ကောင်းတဲ့လုပ်ရပ်ဖြစ်တယ်။ ဒါက ကျွန်တော်တို့အတွက်တင်မဟုတ်ဘူး။နောင်လာနောက်သားကလေးတွေအတွက်လဲ ဖြစ်တယ်။ဒါမှ သူတို့ဘဝတွေပိုလှပမှာ။ ဘူကောင်တွေဟာ တော်တော်toxic ဖြစ်တဲ့အတွက်တခြားသူတွေရဲ့ ဘဝကို လုံးလုံးပျက်သွားစေနိုင်တယ်။ ဘူကောင်တွေ social media မှာအကျိုးမရှိဝေဖန်တိုက်ခိုက်တဲ့အတွက်ကိုယ့်ကိုကိုယ် သတ်သေသွားတဲ့ လူငယ်တွေ စိတ်မကောင်းစွာတွေ့ခဲ့ရတာ အားလုံးအသိပဲ။ ဒါကြောင့် ဘူကောင်တွေကိုတိုက်ဖျက်ဖို့ ကျွန်တော်တို့အားလုံးမှာတာဝန်ကိုယ်စီရှိတယ်ဆိုရင် မမှားဘူး။ Phyo Paing @ Derek

ကျေးဇူးတင်ပါတယ်။ Read More »

မေးခွန်းတွေ အရေးကြီးတယ်။

ငါမလုပ်နိုင်ဘူး။မတတ်နိုင်ဘူးဆိုတဲ့စကားကိုရှောင်တယ်။တတ်နိုင်အောင် ဘယ်လိုလုပ်ရမလဲ၊ဖြစ်အောင် ဘယ်လိုလုပ်ရမလဲဒီမေးခွန်းတွေပဲ မေးတယ်။မေးခွန်းတွေ အရေးကြီးတယ်။ Phyo Paing @ Derek

မေးခွန်းတွေ အရေးကြီးတယ်။ Read More »

Average မဖြစ်ချင်ရင်
Competitive ဖြစ်ဖို့လိုတဲ့အချိန်တွေ
ရှိကောင်းရှိလိမ့်မယ်။

ကျွန်တော် ပြိုင်ဆိုင်မှုကို မကြိုက်ခဲ့ဘူး။ ပြိုင်ဆိုင်ရတာ စိတ်ပင်ပန်းတယ်လို့အမြဲ ယူဆခဲ့တယ်။ကျောင်းပြီး အလုပ်အတွက် အင်တာဗျူးဝင်တော့မှ သိလာတယ်။ ဘဝဆိုတာ resource competition တွေလုပ်တဲ့ နေရာပဲဆိုတာ။ Economics ဆိုတာ ဒီလို supply နဲ့ demand ကြား ပြိုင်ဆိုင်လုရတဲ့အတွက်မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်နိုင်အောင်model တွေနဲ့ ကြည့်တဲ့ပညာရပ်ဖြစ်တယ်။ Biology မှာပဲ ကြည့်ကြည့်မမျိုးဥနဲ့တွေ့ဖို့ sperm ပေါင်းသန်းဂဏန်းမှာ ကိုယ်ကစွမ်းခဲ့လို့လူအဖြစ်ဖြစ်လာတာမဟုတ်လား။ Relationship, Business အကုန်မှာကြည့်ရင်ဒီ competition က အမြဲဖြစ်နေတယ်။ဒါကြောင့်လဲ player နှစ်ယောက်အနည်းဆုံးရှိပြီးwell-formed outcome သတ်မှတ်လို့ရတဲ့အရာတွေအတွက် game theory ဆိုတာပေါ်လာတာပေါ့။ စိတ်ဝင်စားရင် Nash Equilibrium နဲ့ Noble ဆုရခဲ့တဲ့ John Nash အကြောင်းရိုက်ထားတဲ့ Beautiful Mind ဆိုတာ

Average မဖြစ်ချင်ရင်
Competitive ဖြစ်ဖို့လိုတဲ့အချိန်တွေ
ရှိကောင်းရှိလိမ့်မယ်။
Read More »

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။

ဒါကြောင့် motivation ကို စီမံခန့်ခွဲမှုထက်expectation ကို စီမံခန့်ခွဲမှုအရင်လုပ်တယ်။ Expectation မျှော်မှန်းချက်ဆိုတာအနာဂတ်မှာ ရရှိမည့်future reward ဖြစ်တဲ့အတွက် ဒါကို စဥ်းစားလိုက်ရင်တချို့က ရင်ခုန်တတ်တယ်။ ဒါကြောင့် တချို့ Strategic Planning တွေလုပ်တဲ့အခါ ရည်မှန်းချက်အကြီးကြီးတွေထားပြီး တက်ကြွတဲ့ ကြက်ဖတွေဖြစ်တတ်ကြတယ်။နှစ်လလောက်နေ အခြေနေမဟန်တော့ စိတ်ဓာတ်ကျတတ်ကြတယ်။ ဒီတော့ မျှော်မှန်းချက်တွေကrealistic ဖြစ် လက်တွေ့ကျဖို့လိုတယ်။ လက်တွေ့ကျဖို့ အရှိကိုအရှိအတိုင်းအနီးစပ်ဆုံးမြင်နိုင်ဖို့အတွက် data တွေလိုတယ်။ ဝေဒနာတွေနဲ့ မသုံးသပ်ပဲdata တွေနဲ့ သုံးသပ်ဖို့ စိတ်ခံစားမှုနဲ့ ဆုံးဖြတ်တာထက်စဥ်းစားမှုနဲ့ ဆုံးဖြတ်နိုင်ဖို့လိုတယ်။ ဒီလို expectation တွေ စီမံခန့်ခွဲနိုင်ဖို့ အိမ်မက်ကြီးကြီးထားပေမယ့်ခရီးလမ်းမှာရှိတဲ့ milestones တိုင်းကို သေးသေးလေးထားတယ်။ တစ်လမ်းချင်းသွားတယ်။ အဓိက သွားနေဖို့လိုတာပဲ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်ကHarvard က paper တစ်ခုအမှတ်မထင်

ကျွန်တော့်အတွက်
motivation ရဲ့ ရန်သူက
expectation ပဲ။
Read More »

ကျွန်တော် To-do list တွေမကြိုက်ဘူး။
To-do list ထက်
နေ့စဥ် Must-do list တွေထားတယ်။
အဲ့ဒါမပြီးရင် မအိပ်ဘူး။

ဒီမဖြစ်မနေလုပ်တဲ့ Must-do list တွေကိုမနက်ထထချင်း နှစ်နာရီလောက်မှာပြီးအောင်လုပ်နိုင်ရင် ဦးနှောက်က အလုပ်ပြီးမြောက်တယ်လို့ယူဆတဲ့အတွက် feel good ဖြစ်တယ်။တစ်ရက်တာလုံးကို ပို productive ဖြစ်စေတယ်။ လုပ်နေကျမဟုတ်တဲ့ To-do list တွေကစနစ်မရှိတဲ့အတွက် decison fatigue ဖြစ်စေတယ်။ ကျွန်တော်ကတော့ လူကိုစနစ်တစ်ခုလိုပဲမြင်တယ်။အနုပိုင်းနဲ့ အကြမ်းပိုင်းရှိတယ်။ ကျန်းမာရေး၊ ငွေရေးကြေးရေး၊ အလုပ်အကိုင်နဲ့ စီးပွားရေး၊ အချစ်နဲ့ အိမ်ထောင်ရေး၊ မိသားစုအရေး၊ စိတ်ငြိမ်းချမ်းရေး ဒီအကန့်တွေမှာ တစ်ခုခုလွတ်နေရင်ကားဘီးပေါက်သလိုပဲ ရှေ့သွားလို့မလွယ်ဘူး။ ဖြစ်ချင်တာနဲ့ လုပ်နေတာ မကိုက်ညီရင်လဲalignment လွဲနေပြီး လမ်းချော်နေမှာ။ Phyo Paing @ Derek

ကျွန်တော် To-do list တွေမကြိုက်ဘူး။
To-do list ထက်
နေ့စဥ် Must-do list တွေထားတယ်။
အဲ့ဒါမပြီးရင် မအိပ်ဘူး။
Read More »

ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကို
ဂရုစိုက်ပါ။

2016 ဒီနေ့ Penang, Malaysia မှာတရုတ်ဆရာတွေပွဲမှာ မြန်မာဘာသာပြန်လိုတာနဲ့Interpretation လုပ်ပေးခဲ့တယ်။ အဲ့မှာ အပေါင်းအသင်းရဲ့ လွှမ်းမိုးမှုကိုသေချာ နားလည်ခဲ့တယ်။ Jim Rohn ပြောသလို ကိုယ်ဟာကိုယ်နဲ့ပေါင်းတဲ့သူ ငါးယောက်ရဲ့average ပဲတဲ့။ ဒါကြောင့် လူမိုက်ဆိုလျင် ရှောင်သွေလွဲလို့မမှီဝဲနဲ့ကင်းအောင်နေ။ ပညာရှိကို အစဉ်တွဲလို့ မှီဝဲ ဆည်းကပ် နည်းယူပေ။ ၃၈ ဖြာမင်္ဂလာမှာ လေ့လာခဲ့ရတယ်မဟုတ်လား။ ကျွန်တော့်ဘဝကို အပြောင်းအလဲဖြစ်စေခဲ့တဲ့ထဲမှာ အတွေးအခေါ်သစ် တော်လှန်ရေးNew Thought Movement ကဆရာတွေ ပါဝင်တယ်။ ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကိုဂရုစိုက်ပါ။ Phyo Paing @ Derek

ကိုယ်နဲ့ပေါင်းသင်းတဲ့သူတွေကို
ဂရုစိုက်ပါ။
Read More »

ပိုက်ဆံထက်ပိုအရေးကြီးတဲ့အရာ

ပထမစားဝတ်နေရေးလူလုံးလှဖို့၊ လူရိုသေ ရှင်ရိုသေဖြစ်ဖို့ဘဝရပ်တည်ရေးအတွက်ငွေလိုတယ်။ စားဝတ်နေရေးပြည့်စုံသွားရင် နောက်တစ်ဆင့်ကတော့ ဘယ်လို သောက်ပြဿနာတွေကြုံကြုံကြံ့ကြံ့ခံရပ်တည်နိုင်ဖို့အတွက် ငွေထက် အရေးကြီးတဲ့အရာလိုလာပြီ။ ဒီအရာကတော့ “ခံယူချက်ပဲ”။ ကိုယ်”ဘာကြောင့်”အလုပ်လုပ်နေလဲဒီ “အဓိပ္ပာယ်” ခံယူချက်ကပိုအရေးကြီးတယ်။ ငွေကို မသမာနဲ့ နည်းနဲ့ရတဲ့ လူတွေထက် ခံယူချက်၊ ဖော်ဆောင်ချင်တဲ့အပြောင်းအလဲကို လုပ်ဆောင်ရင်းဆုလဒ်အဖြစ်ရရှိတဲ့ ငွေကြေးတွေကပိုတန်ဖိုးရှိပြီး ကျေနပ်မှုပိုရှိစေတယ်။ ကျွန်တော်ကတော့ ကမ္ဘာစစ်ဖြစ်နေလဲကိုယ့်ရဲ့ သမိုင်းပေးတာဝန်လို့ခံယူထားတဲ့လူသားတွေရဲ့ဘဝကို ပညာရေးနဲ့ နည်းပညာအသုံးပြုပြီးတိုးတက်ရေး ဖြစ်စဥ်တွေအတွက်ကူညီပေးသွားမှာပဲဖြစ်တယ်။ ကိုယ်သေသွားခဲ့ရင်တောင် ကျွန်တော်တို့ဖန်တီးမှုတွေဆက်လက်ရှင်သန်နေရမယ်။ ဒါက နေ့စဥ်လုပ်တဲ့ ကုသိုလ်ပဲ။ ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အလုပ်တွေနေ့စဥ် လုပ်နေဖို့လိုတယ် မဟုတ်လား။ Phyo Paing @ Derek

ပိုက်ဆံထက်ပိုအရေးကြီးတဲ့အရာ Read More »

တခါတလေ လူတိုင်းမှာ

“မင်းမှန်တယ်” “ဆက်လုပ်”“ငါမင်းအနောက်”မှာ ရှိနေတယ်။ “မင်းကတော်ပြီးသားပဲ” ဒီလို ကိုယ့်ကို ယုံကြည်တဲ့သူတစ်ယောက်ဘဝတစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘဝ ပြောင်းလဲသွားတတ်တယ်။ ကိုယ့်ကို အမြဲ အပြစ်တင်တတ်တဲ့သူတွေကြောင့်ကြီးပွါးတိုးတက်ဖို့ မလွယ်ဘူး။ Phyo Paing @ Derek

တခါတလေ လူတိုင်းမှာ Read More »

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။

ဒီနေ့ရောက်နေတဲ့နေရာကလွန်ခဲ့တဲ့ ငါးနှစ်ကပြင်ဆင်ခဲ့လို့ဖြစ်နိုင်တယ်။နောက်လာမည့် ငါးနှစ်အတွက်ဒီနေ့က အရေးကြီးကောင်းကြီးနေနိုင်တယ်။ မနက်ဖြန်အတွက် ဒီနေ့ကိုသေချာအသုံးချဖို့လိုနိုင်တယ်။ Phyo Paing @ Derek

မနက်ဖြန်အတွက် ဒီနေ့ကို
သေချာအသုံးချဖို့လိုနိုင်တယ်။
Read More »