people

လူတွေက program တစ်ခုပဲ။

ဘူပိတ်တဲ့လူတွေနဲ့ အနီးကပ်နေတာများရင်ဘူပိတ်တဲ့ program ကူးသွားနိုင်တယ်။တော်တော်လေးသတိပြုဖို့လိုတယ်။ ဒီ program ကူးသွားခဲ့ရင်အလုပ်လုပ်တဲ့အနေရာမှာလဲအဆင်မပြေသလို၊တစ်ခုခုဆို နောက်ကွယ်ကprogram အလုပ်လုပ်နေတဲ့အတွက်စွမ်းဆောင်ရည်လဲ ရေလည်ကျနိုင်တယ်။ Phyo Paing @ Derek

လူတွေက program တစ်ခုပဲ။ Read More »

တခါတလေ ကိုယ့်ဘဝမှာ

ကိုယ့်ကို အရမ်းနားလည်တဲ့သူများဘဝတစ်ကွေ့မဟုတ် တစ်ကွေ့မှာဆုံတတ်ကြတယ်။ ဆုံတဲ့အချိန်က သတိပြုမိချင်မှပြုမိလိမ့်မယ်။ အဲ့ဒီအချိန်ကစလို့ ဘဝရဲ့လမ်းကြောင်းက ပြောင်းလဲသွားတာမျိုးဖြစ်တတ်ကြတယ်။ ဒါပေမယ့် လူ ၉၀% လောက်ကတော့အတိတ်ကို ပြန်ကြည့်မှ သတိပြန်ပြုမိတာမျိုးဖြစ်တတ်ကြတယ်။ Phyo Paing @ Derek

တခါတလေ ကိုယ့်ဘဝမှာ Read More »

အထီးကျန်ဝေဒနာ

တချို့လူတွေက အထီးကျန်တတ်တယ်။ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူးအဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။ ဒီအထီးကျန်မှုက တလွဲတွေကိုဖြစ်စေတတ်လို့ သတိထားရတယ်။ မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။ ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆိုငါးပါးမှောက်ပြီသာမှတ်။ သမီးရည်းစားထားလို့ အစပိုင်းမှာအဲ့အထီးကျန်တာက ပျောက်ကောင်းပျောက်သွားနိုင်ပေမယ့် အခြေအနေတစ်ခုရောက်တဲ့အခါ ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီးဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။ အထီးကျန်တာကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကိုရှာဖွေပြီး အဲ့အလုပ်ကို ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။ Phyo Paing @ Derek

အထီးကျန်ဝေဒနာ Read More »

လူဆိုတာ စနစ်တစ်ခုပဲ။

အသက်ရှူတဲ့စနစ်၊နှလုံးခုန်တဲ့ စနစ်၊ အစာခြေတဲ့စနစ်၊ အာရုံကြောစနစ် တွေရှိသလိုလူတွေရဲ့ ယုံကြည်မှုစနစ် ရှိတယ်။ ဒီယုံကြည်မှု စနစ်ပေါ်မူတည်ပြီးလောကကြီးကို ရှုမြင်မှုကွာသွားကြတယ်။ ဒီလို လောကရှုမြင်မှုပုံစံခွက်ကို mental model လို့ခေါ်တယ်။ လူတိုင်းမှာ မတူညီတဲ့mental model တွေရှိတယ်။ Model မှားရင် မယ်တော်ဆင်းကယ်လဲမရဘူး။ Phyo Paing @ Derek

လူဆိုတာ စနစ်တစ်ခုပဲ။ Read More »

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။

နယ်ပယ်တိုင်းမှာအောင်မြင်နေတဲ့သူတွေဘာအလုပ်လုပ်လဲ? ကိုယ်မတွေးပဲ မနေနိုင်တဲ့ အလုပ်ကိုလုပ်ကြတာများတယ်။ တွေးဖို့ သီးသန့်အချိန်ပေးနေစရာမလိုဘူး။သိစိတ်၊ မသိစိတ် နှစ်ခုလုံးအလုပ်လုပ်နေတယ်။ Phyo Paing @ Derek

ကိုယ်မတွေးပဲ မနေနိုင်တဲ့
အလုပ်ကိုလုပ်။
Read More »

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။

အမှန်တော့ တကယ်ပြဿနာအစစ်ကကိုယ် ကိုယ်တိုင်ဖြစ်နေတတ်တယ်။ ဘာကြောင့်လဲဆိုတော့ ပြဿနာဆိုတဲ့ အိမ်ကလူတွေရဲ့ ဦးနှောက်ပဲ။ အတွေးတွေ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ စဥ်းစားတာ မရှင်းရင်ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ကိုယ်လိုချင်တာ ပြတ်ပြတ်သားသားမသိရင် ပြဿနာတွေနဲ့ တိုင်ပတ်မယ်။ ပြဿနာရဲ့ အရင်းအမြစ်ဖြစ်တဲ့ကိုယ့်ကိုကိုယ် မတည်ဆောက်ရင်ပြဿနာက ပြီးတော့မှာ မဟုတ်ဘူး။ Phyo Paing @ Derek

ပြဿနာဆိုတဲ့ အိမ်က
လူတွေရဲ့ ဦးနှောက်ပဲ။
Read More »

လူတစ်ယောက်ရဲ့ အစွမ်းအစဆိုတာ

အဆင်ပြေတဲ့အချိန်မှာ ဘယ်လောက်အောင်မြင်သလဲဆိုတာနဲ့ကြည့်လို့ရသလိုကျဉ်းထဲကြပ်တဲ့ရောက်တဲ့အခါဘယ်လောက် ပြန်ထနိုင်လဲဆိုတာနဲ့ကြည့်လို့ရတယ်။ Phyo Paing @ Derek

လူတစ်ယောက်ရဲ့ အစွမ်းအစဆိုတာ Read More »

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။

တချို့တွေ မသိသေးတဲ့သူအပေါ်ဆိုအရမ်းကောင်းတတ်၊ အားနာတတ်ပြီးကိုယ်နဲ့သိတဲ့သူတွေအပေါ်ဆို မညာတာတတ်တာ တွေ့ဖူးလိမ့်မယ်။ တချို့လူတွေက တစ်ခုခု လုပ်တော့မယ်ဆိုအရမ်းတတ်ကြွ ရင်ခုန်ပြီးအချိန်တစ်ခုကြာရင် ပျင်းသွားတတ်တာတွေ့ဖူးကြလိမ့်မယ်။ လူတွေက ကိုယ့်အတွေးအခေါ်Pattern တွေရဲ့ သားကောင်ပဲ။ ကိုယ့်မှာရှိတဲ့ ကိုယ့် pattern တွေကိုသိမှ လိုချင်သလို ဘဝကို program လုပ်လို့ရမှာ။ ကိုယ်နဲ့ ပေါင်းသင်းတဲ့သူရဲ့အတွေးအခေါ် pattern သိမှလဲcommunication က အောင်မြင်မှာ။ ဒီ pattern သိမှ ကျန်တာတွေပြင်လို့ရမှာလေ။ Phyo Paing @ Derek

လူတွေက ကိုယ့်အတွေးအခေါ်
Pattern တွေရဲ့ သားကောင်ပဲ။
Read More »

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။

ဒီလို ဖျက်စီးနေတာကို လုပ်မိစေတဲ့အချက်က သတိ မမူမိတာပဲ။ ပါးစပ်ထဲကို ထည့်တဲ့အစာ၊ခေါင်းထဲထည့်တဲ့ စာ၊ ပေါင်းတဲ့အပေါင်းအသင်း၊ နေ့စဥ်လုပ်ဆောင်နေတဲ့အရာတွေ။ ဒီအရာတွေက ကိုယ့်ဘဝကို အဆုံးအဖြတ်ပေးတယ်။ ဒီလုပ်ရပ်တွေကို သတိပြုမိဖို့လိုတယ်။ လူဆိုတာ စနစ်တစ်ခုပဲ။ စိတ်နဲ့ ခန္ဓာနှစ်ခုနဲ့ လည်ပတ်နေတယ်။ ဒီစနစ်ကြီးကို လေ့လာပြီးကောင်းအောင်တည်ဆောက်နေမှ ပိုကောင်းလာမှာပေါ့။ သေချာတာတစ်ခုက ခန္ဓာကိုယ်ထဲကcell တွေပွားနေပြီး အချိန်နဲ့အမျှ အိုမင်းရင်းရော်နေတယ်။telomere တွေတိုနေတယ်။တချို့အပြုအမူတွေက mTor ဆိုတဲ့ protein ကို နှိုးဆွပြီး အိုမင်းရင့်ရော်မှုကိုမြန်ဆန်စေတယ်။ ဒီ process ကြီးကို ထိန်းနိုင်မှတော်ကာကျမှာ။ နေသလို ဖြစ်တဲ့ဘဝမှာဖြစ်သလို မနေမိဖို့လိုတာပဲ။ Phyo Paing @ Derek

ကိုယ့်ကို ဖျက်စီးနေတဲ့သူက
ကိုယ်ကိုကိုယ်ပဲ။
Read More »

သဘောကောင်းလွန်းရင်
လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။

ခင်ဗျာက အမှတ်တံဆိပ်မဟုတ်ရင်ဟင်းရွက်ကန်စွန်းရွက်ပဲတဲ့။ဒါ ဘယ်သူပြောခဲ့တယ်ထင်သလဲ?သဘောကောင်းလွန်းရင်လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။အဲ့လောက် “အ” နေရင်လဲ ကိုယ့်နယ်ပယ်မှာ ရှင်သန်လို့တောင်ရမှာ မဟုတ်ဘူး။ Phyo Paing @ Derek

သဘောကောင်းလွန်းရင်
လူတွေက ခင်ဗျာကို အချဉ်လို့ထင်တတ်တယ်။
Read More »