people

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ လူတစ်ယောက်အခြေအနေတစ်ရပ်ကိုသေချာနားမလည်တဲ့အခါ“သူဘာကြောင့် ဒီလိုလုပ်သလဲ”ဒီအဖြေကို ရှင်းရှင်းလင်းလင်းမရနိုင်ဘူး။ နားမလည်တဲ့အခါခွင့်မလွတ်နိုင်ဘူး။ ခွင့်မလွတ်နိုင်တဲ့အခါဒေါသတွေဖြစ်တယ်။နာကျင်မှုတွေဖြစ်တယ်။ဝမ်းနည်းမှုတွေဖြစ်တယ်။ပူဆွေးမှုတွေဖြစ်တယ်။ယူကျုံးမရဖြစ်တယ်။စိုးရိမ်သောကဗျာပါဒတွေများတယ်။ ဒီကနေ ဒဏ်ရာ Trauma တွေဖြစ်တယ်။ဒီ ဒဏ်ရာတွေကအနာကျက်သလိုလိုနဲ့ရံဖန်ရံခါဓားထက်ထက်နဲ့အရှင်လတ်လတ်လှီးထားသလိုအသားဖတ်ဗလပ်ဗလပ်နဲ့ပြန်ပြန်စပ်တယ်။ပြန်ပြန်နာတယ်။ တချို့ဒဏ်ရာတွေကိုမသိချင်ယောင်ဆောင်ရင်အကျဥ်းတန်ပုံစံနဲ့မျက်နှာဖုံးချွပ်လိုက်ရင်ပြန်ပြန်ပေါ်လာတတ်တယ်။ ဒီဒဏ်ရာတွေကို ကုစားဖို့လူတွေက therapy လုပ်တယ်။ဘုရားကိုရင်ဖွင့်တယ်။ဆေးဝါးတွေသောက်တယ်။ ဒီ ဒဏ်ရာ trauma တွေများလေလေဘဝရဲ့ ဒရာမာ drama တွေများလေလေ။ ဒီ ဘဝမှာ မလိုအပ်ပဲခံစားချက်အရှိန်တက်ဒရာမာတွေနည်းဖို့ကထရာမာ Trauma တွေ နည်းသွားဖို့လိုတယ်။ ဒီလိုလုပ်ဖို့ နားလည်ဖို့လိုတယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားနဲ့ကိုယ့်ကိုကိုယ် သေချာနားလည်ဖို့လိုတယ်။ ဒီလို နားလည်ဖို့ ဥာဏ်လိုတယ်။ဆင်ခြင်နိုင်တဲ့ ပညာလိုတယ်။ဒီလို ဥာဏ်ပညာရှိပြီးနက်နဲစွာထိုးထွင်းသိမြင်အောင်လေ့ကျင့်တာကိုဝိပဿနာလို့ခေါ်တယ်။ နက်နဲစွာထိုးထွင်းသိမြင်သွားရင်ဒရာမာ drama တွေနဲ့ဒဏ်ရာ trauma တွေကြောင့်သံသရာဘယ်လိုဆက်နေလဲကွက်ကွက်ကွင်းကွင်းမြင်လာမယ်။ လူ့သဘော လူ့မနောသေချာသိလာမယ်။လူတွေ၊ အဖြစ်အပျက်တွေ၊သဘာဝတရားတွေကို နားလည်လာမယ်။ သမရိုးကျက သွေဖယ်တာကိုဖောက်ပြန်တယ်လို့ခေါ်တယ်။လောကသဘာဝအရပြောပြတာနဲ့မရနှလုံးသွင်းဖို့လိုတာအရာရာက သမရိုးကျကလွဲပြီးဖောက်ပြန်တတ်တယ်။မတည်မြဲဘူး။မတည်မြဲခြင်းကိုအနိစ္စလို့ခေါ်တယ်။ ကိုယ်သိထားတဲ့ ငါ၊ငါ့သား၊ ငါ့သမီး၊ […]

လူတွေကို ခွင့်မလွတ်နိုင်တာလူတွေကို အပြည့်အဝနားမလည်သေးလို့။ Read More »

ဒါလေးက တော်တော်ကောင်းတယ်။

ကိုယ့်ကို မလေးမစားဆက်ဆံရင်ဘယ်လိုတုန့်ပြန််မလဲတဲ့။ Tik Tok က တွေ့လိုက်တဲ့ဗီဒီယိုလေးတစ်ခု။ Jefferson က How to handle difficult people မှာရေးထားတာကို ပြောထားတာလေး။ အဲ့လိုကြုံရင် ၁။ ၁၀ စက္ကန့်စောင့်တဲ့။(ဒီလိုလုပ်ခြင်းက ကိုယ့်ကို တစ်ဖက်လူနဲ့ စည်းခြားလိုက်သလိုရှိတယ်တဲ့။နောက် ပြောတဲ့သူမှာလဲ ဟာတာတာနဲ့ ဖြစ်နေမယ်တဲ့။) ၂။ ပြီးရင် ဒါက ငါတုန့်ပြန်ရမည့်စံနှုန်းထက် အများကြီးနိမ့်ကျနေတယ်။That’s below my standard for response တဲ့။ ဒါလေးက တော်တော်ကောင်းတယ်။ Phyo Paing @ Derek

ဒါလေးက တော်တော်ကောင်းတယ်။ Read More »

လုပ်ချင်တာဖြစ်အောင်လုပ်တာ
လူတော်။

မလုပ်သင့်တာ အစကတည်းကမလုပ်တာပညာရှိ။ လုပ်သင့်တာကိုလုပ်တာလူလိမ်မာ။ လုပ်ချင်တာဖြစ်အောင်လုပ်တာလူတော်။ လုပ်ဖို့လိုတာပဲရွေးလုပ်တာလူလည်။ မလုပ်သင့်တာ လုပ်တာလူမိုက်။ လုပ်သင့်တာမလုပ်တာလူပျင်း။ လုပ်ချင်တာဖြစ်အောင်မလုပ်တာလူညံ့။ လုပ်ဖို့မလိုတာတွေလုပ်တာလူဗြိန်း။ Phyo Paing @ Derek

လုပ်ချင်တာဖြစ်အောင်လုပ်တာ
လူတော်။
Read More »

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။

ဒီအတွေးအခေါ်ကို တော်တော်လေးသင်ပေးရခက်တယ်။ ငွေကြေးဘယ်လောက်ရှိရှိတချို့လူတွေအတွက်အကောင်းနဲ့မထိုက်တန်ဖူးလို့အမြဲတွေးနေတတ်တဲ့သူတွေရှိတယ်။ အဲ့လိုလူတွေအတွက် ကိုယ်ရှာပြီး ကိုယ်မသုံးလိုက်ရတာမျိုးတွေအမြဲဖြစ်တတ်တယ်။ ဘဝကို ကောင်းကောင်းဖြတ်သန်းဖို့ကိုယ့်ကိုကိုယ် အကောင်းဆုံးနဲ့ထိုက်တန်တယ်ဆိုတာအမြဲယုံကြည်ထားဖို့လိုတတ်တယ်။ ကိုယ့်ကိုကိုယ် ဆုလာဘ်လို့မြင်ပြီးအဲ့လိုဖြစ်အောင်လဲနေ့တိုင်းပြုမူနေထိုင်ဖို့လိုတယ်။ “သင်ဟာ တခြားသူတွေအတွက်ဆုလာဘ်တစ်ခုပဲ။” Phyo Paing @ Derek

တချို့လူတွေကို
သင်ပေးဖို့အခက်ဆုံးအရာက
သင်က အကောင်းဆုံးနဲ့ထိုက်တန်တယ်။
Read More »

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။

လိုချင်တာမရတဲ့အခါ၊ရထားတာမလိုချင်တဲ့အခါ၊မလိုချင်တာရတဲ့အခါဒီခါးသီးမှုတွေကို ဘယ်လိုတုန့်ပြန်လဲဆိုတာ လူတစ်ယောက်ရဲ့ဘဝကိုအဆုံးအဖြတ်ပေးပါတယ်။ ဘဝဆိုတာ ဒုက္ခလို့ဗုဒ္ဓက သစ္စာလေးပါးရဲ့ပထမတစ်ပါးအနေနဲ့ဟောကြားခဲ့တယ်။ ဒုက္ခ ဆိုတဲ့ စကားလုံးကပါဠိဘာသာစကား (Pali) ကနေ ဆင်းသက်လာတာဖြစ်ပြီးဒီစကားလုံးရဲ့ ဇစ်မြစ်ကို ပိုင်းခြားကြည့်ရင် “du” – ဆိုးရွား၊ မကောင်း၊ ခက်ခဲ“kha” – လွတ်လပ်ခြင်း၊ လေဟာပြင်အဓိပ္ပာယ်ရပါတယ်။ လွတ်မြောက်မှု မရနိုင်သေးတဲ့ အခြေအနေ၊ ဆင်းရဲဒုက္ခနဲ့ ယှဉ်နေရတဲ့ အခြေအနေကို ဆိုလိုတာဖြစ်ပါတယ်။ ဒုက္ခကို အကြမ်းသုံးမျိုးခွဲလို့ရပါတယ်။ ၁။ ဒုက္ခဒုက္ခ (Dukkha-dukkha) ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေဥပမာ – နာမကျန်းဖြစ်ခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဝမ်းနည်းခြင်းဒါကတစ်ဒုက္ခ။ ၂။ ဝိပရိဏာမဒုက်ခ (Viparinama-dukkha) ပြောင်းလဲခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ ဒုက္ခဥပမာ – ချစ်ခင်သူနဲ့ ကွဲကွာရခြင်း၊ ပစ္စည်းဥစ္စာ ပျက်စီးဆုံးရှုံးခြင်းပျော်ရွှင်မှုတွေ၊ ကောင်းမွန်တဲ့အရာတွေ ပြောင်းလဲပျက်စီးသွားခြင်းကြောင့် ဖြစ်ပေါ်လာတဲ့

လူတွေကို သန်မာစေတာ
ဒုက္ခတွေပဲ။
Read More »

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။

လူမှုကွန်ယက် social media မှာအကြိုက်ဆုံးက ban လုပ်နိုင်တာ။ကိုယ့်အတွက် အကျိုးစီးပွါးအခုရော၊ ရေရှည်အတွက်ပါမရှိဘဲလာဘူနေတဲ့သူတွေကိုဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။X မှာတော့ block လို့ရတာဖယ်မယ်ပြောတယ်။ လူတွေက မွဲနေရင်မပျော်ဘူး။ကိုယ့်ပြဿနာကိုယ် မဖြေရှင်းနိုင်ရင်မပျော်ဘူး။အချစ်မရှိရင်လဲ မပျော်ဘူး။ပလစ်ခံရရင်လဲ မပျော်ဘူး။မပျော်ရင် ဒီအပူကိုတခြားသူကိုပေးချင်တယ်။ဂရုစိုက်ရတယ်။ ချစ်ကျွမ်းဝင် romantic ဖြစ်နေတဲ့သူနူးညံ့နေတာကြည့်ရင်ပျော်တဲ့သူက အပျော်တွေပေးနိုင်တယ်။ဘူမွဲက ဘူတာ၊ မွဲတာပေးနိုင်တယ်။ကိုယ့်အကြောင်းထက် သူများအကြောင်းပိုစိတ်ဝင်စားမယ်။လူတွေက အမှိုက်ရှိမှ အမှိုက်လိုက်ပစ်တာ။လက်မခံဖို့လိုတတ်တယ်။ Phyo Paing @ Derek

ကိုယ့်အတွက် အကျိုးစီးပွါး
အခုရော၊ ရေရှည်အတွက်ပါမရှိဘဲ
လာဘူနေတဲ့သူတွေကို
ဖယ်နိုင်စွမ်းက ဘာနဲ့မှမလဲနိုင်ဘူး။
Read More »

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။

တစ်ရက်တစ်ရက် ကိုယ့်ရဲ့ ၂၄ နာရီမှာအာရုံ၊ အင်နာဂျီ၊ အတွေး၊ အကြံ၊ အလုပ်ဒီ “အ” ငါးလုံးကို ဘယ်မှာစုစည်းရမလဲတော်တော် အရေးကြီးတယ်။ အရေးမပါတာကို အရာပေးရင်အရေးမပါတဲ့သူ ဖြစ်လာမယ်။ အရေးပါတာကို အရာပေးမှအရေးပါအရာရောက်တဲ့သူဖြစ်လာမယ်။ ဒါကြောင့် အရေးမပါတာအရာမပေးမိဖို့လိုတယ်။ ကိုယ့်အတွက် တန်ဖိုးမရှိရင်ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။ Phyo Paing @ Derek

ကိုယ့်အတွက် တန်ဖိုးမရှိရင်
ဘဝထဲက ထုတ်ဖို့ ဝန်မလေးပါနဲ့။
Read More »

လူနဲ့ အရင်းအနှီး

လူတစ်ယောက်ရဲ့ ဘဝအောင်မြင်မှုက သူ့မှာရှိတဲ့ အရင်းအနှီးတွေအပေါ် များစွာမူတည်ပါတယ်။ အရင်းအနှီးတွေ ပိုများလေ၊ ရွေးချယ်စရာ အခွင့်အလမ်းတွေ ပိုများလေပါပဲ။ ဒါကြောင့် ကျွန်တော်တို့အနေနဲ့ နေ့စဉ်ဘဝမှာ အရင်းအနှီးတွေ တိုးပွားအောင် အမြဲကြိုးစားနေဖို့ လိုအပ်ပါတယ်။ ၁။ ပညာရေးနဲ့ အသိဉာဏ်ပညာ အရင်းအနှီး ဦးနှောက်ထဲမှာ သိုလှောင်ထားတဲ့ အသိပညာ၊ အတွေးအခေါ်တွေဟာ တန်ဖိုးရှိတဲ့ အရင်းအနှီးတွေပါ။ စာအုပ်စာပေတွေဖတ်ခြင်း၊ လေ့လာသင်ယူခြင်းတွေကနေ ရရှိလာတဲ့ ဗဟုသုတတွေက နောင်တစ်ချိန် အခွင့်အလမ်းကောင်းတွေ ဖန်တီးပေးနိုင်ပါတယ်။ ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ အတတ်ပညာတွေကို အမြဲတိုးတက်အောင် လုပ်နေဖို့ လိုပါတယ်။ ၂။ ငွေကြေးဆိုင်ရာ အရင်းအနှီး ငွေကြေးချမ်းသာကြွယ်ဝမှုဟာ အရေးကြီးတဲ့ အရင်းအနှီးတစ်ခုဖြစ်ပါတယ်။ ငွေကြေးကောင်းမွန်စွာ စီမံခန့်ခွဲခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ စုဆောင်းခြင်းတွေက ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် အထောက်အကူ ဖြစ်စေပါတယ်။ စီးပွားရေး

လူနဲ့ အရင်းအနှီး Read More »

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို သေချာရွေးချယ်ဖို့လိုတယ်။ အသိ၊ မိတ်ဆွေ၊ အပေါင်းအသင်း၊အသိုင်းအဝိုင်း၊ မိသားစု၊ ကိုယ်နဲ့တွေ့တဲ့သူတွေရဲ့ interactions တွေက ကိုယ့်အပေါ်တော်တော်လွမ်းမိုးမှုရှိတယ်။ Phyo Paing @ Derek

ကိုယ့်ဘဝထဲထည့်မည့်သူတွေကို
သေချာရွေးချယ်ဖို့လိုတယ်။
Read More »