people

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။

တချို့သူတွေရဲ့ဘဝကကိုယ့်အတွက်ကိုယ် အရင်ကြည့်မှရတာမျိုးဖြစ်တတ်တယ်။ ကိုယ်မိသားစု၊ ဆွေမျိုးထဲကထွက်ပြီး ထွန်းပေါက်ချင်ရင်ကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ ကိုယ့်အတွက်ကိုယ် ကြည့်ပြီးကိုယ့်ကိုကိုယ် ကယ်နိုင်မှကျန်တဲ့သူတွေကို ကယ်နိုင်တာမျိုး။ တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Phyo Paing @ Derek

တခါတလေ တချို့သူတွေကကိုယ့်အတွက် ကိုယ်အရင်ကြည့်ရတတ်တယ်။ Read More »

ခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။

ကိုယ့်အနာဂတ်အတွက်အရေးမပါတဲ့စိတ်ကသိကကောင့်ဖြစ်စေတဲ့ကိစ္စတွေကိုခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။ Phyo Paing @ Derek

ခံစားချက်မထည့်ပဲ လျစ်လျူရှုနိုင်တာပညာရပ်တစ်ခုပဲ။ Read More »

ကိုယ့်ဘေးနား စစ်မှန်တဲ့
အထောက်အပံ့ကောင်းတွေ လိုတယ်။

ကိုယ့်ဘဝ လုပ်ချင်တာတွေစိတ်ကြိုက်လုပ်နေနိုင်တာကလဲအရိပ်တကြည့်ကြည့်နဲ့လိုအပ်တာ အကုန်လိုက်လုပ်ပေးတဲ့သူရှိလို့ဖြစ်နိုင်တယ်။ အရာရာ ကိုယ်တစ်ယောက်တည်းတော်လို့ဖြစ်လာတာ မဟုတ်ဘူး။ ကိုယ့်ဘေးနား စစ်မှန်တဲ့ အထောက်အပံ့ကောင်းတွေ လိုတယ်။ Phyo Paing @ Derek

ကိုယ့်ဘေးနား စစ်မှန်တဲ့
အထောက်အပံ့ကောင်းတွေ လိုတယ်။
Read More »

ဒီလိုဖြစ်ဖို့ နယ်ပယ်တစ်ခုတည်းနဲ့ကိုယ့်ကိုကိုယ် limit လုပ်မထားပါနဲ့။

မတူညီတဲ့ နယ်ပယ်တွေလေ့လာပါ။မားကက်တင်းကို မားကက်တင်းလိုလေ့လာမည့်အစားစိတ်ပညာလေးပေါင်းစပ်လိုက်မယ်၊နည်းပညာလေးပေါင်းစပ်လိုက်မယ်၊အတွေးအခေါ်ပညာပေါင်းစပ်လိုက်မယ်၊ဆေးပညာမှာအသုံးပြုတဲ့ စနစ်လေးပေါင်းလိုက်မယ်။ ဒိလိုမတူညီတဲ့နယ်ပယ်တွေကဥပဒေသတွေ၊ အမြင်တွေနဲ့ဖက်စုံအသုံးပြုနိုင်တဲ့အခါအမြင်တွေမတူတော့ဘူး။ပိုပြီးထူးခြားလာမယ်။ ဒါကို Range လို့လဲခေါ်ပြီးဒီနေ့ခေတ်ကလေးတွေကိုအမြင်မကျဉ်းဖို့ သင်ပေးတဲ့parenting စာအုပ်ကောင်းတောင်ဖြစ်လာတယ်။ AI အေအိုင်ခေတ်မှာ ဒီလို ဘက်စုံအသုံးချနိုင်မှုကပိုလို့တောင်အရေးကြီးလာတယ်။မတူညီတဲ့နယ်ပယ်တွေကိုသိနိုင်ဖို့multi-disciplinary ကနေမတူညီတဲ့နယ်ပယ်က ဥပဒေသတွေကိုပေါင်းစပ်အသုံးပြုနိုင်ဖို့ interdisciplinary ကနေမတူညီတဲ့နယ်ပယ်ကတစ်ခုကိုတခြားနယ်ပယ်မှာ ပုံမှန်ယူဆမှုထက်ကျော်ပြီးအသုံးပြုနိုင်ဖို့transdisciplinary တွေလိုတယ်။ Phyo Paing @ Derek

ဒီလိုဖြစ်ဖို့ နယ်ပယ်တစ်ခုတည်းနဲ့ကိုယ့်ကိုကိုယ် limit လုပ်မထားပါနဲ့။ Read More »

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်

အောင်မြင်တဲ့သူတွေကသူတို့အရမ်းတော်လို့တစ်ခုတည်းမဟုတ်ဘူး။သူတို့ကို ဘေးက ကူညီပေးချင်တဲ့သူတွေရှိလို့။အထောက်အပံ့ပေါ့။ဒါကြောင့် ပေါင်းသင်းတတ်ဖို့၊ပြောဆိုတတ်ဖို့၊လူလုပ်နည်းတတ်ဖို့ အရေးကြီးတယ်။ဟောင်ကောင်သူဌေးကြီးလီကာရှင်းက“စီးပွါးရေးလုပ်နည်းထက်လူလုပ်နည်းပိုအရေးကြီးတယ်” တဲ့။做人比做事重要 တဲ့။ Phyo Paing @ Derek

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်
Read More »

လူနှစ်မျိုးကိုကြည့်။

နံပတ်တစ် တစ်မျိုးကကိုယ်လိုချင်တဲ့ရလဒ်ကို ရထားတဲ့သူတွေ။ နံပတ်နှစ် တစ်မျိုးကကိုယ်လိုချင်တဲ့ရလဒ်ကိုရချင်ပြီး မရထားတဲ့သူတွေ။ နံပတ်တစ်မှာ တူညီတဲ့အတွေး၊ အကြံ၊ အလုပ် ဘာတွေရှိလဲကြည့်။နံပတ်နှစ်မှာ တူညီတဲ့အတွေး၊ အကြံ၊ အလုပ် ဘာတွေရှိလဲကြည့်။ နံပတ်တစ်က လူတွေဆီကအတုယူ။ နံပတ်နှစ်က လူတွေ တွေး၊ ကြံ၊ လုပ်တဲ့ပုံစံကိုရှောင်။ နောက်ဆုံးအလုပ်မဖြစ်တာကိုဖယ်၊အလုပ်ဖြစ်တာကိုဆက်လုပ်။ Phyo Paing @ Derek

လူနှစ်မျိုးကိုကြည့်။ Read More »

ဘယ်အချိန်ဘယ်သူနဲ့မတွေ့ရဘူး
စီမံလို့ရမယ်။

လူတစ်ယောက်နဲ့တစ်ယောက်ပေးတဲ့ ဓာတ်ချင်းမတူဘူး။ တချို့သူတွေနားရောက်ရင်အလိုလိုလောဘကြီးလာတယ်။ တချို့သူတွေနားဆို အလိုလိုအေးချမ်းလာတယ်။ တချို့သူတွေနားက အလိုလို ပူလောင်လာတယ်။ တချို့သူတွေနားက အလိုလို အလင်းတွေပွင့်လာတယ်။ ကိုယ်နဲ့တွေ့တဲ့ သူတွေကပေးတဲ့ဓာတ်တွေကို မှတ်ထား။ ပြီးရင် ဘယ်အချိန်မှာ ဘယ်သူနဲ့တွေ့ရမယ်၊ဘယ်အချိန်ဘယ်သူနဲ့မတွေ့ရဘူးစီမံလို့ရမယ်။ Phyo Paing @ Derek

ဘယ်အချိန်ဘယ်သူနဲ့မတွေ့ရဘူး
စီမံလို့ရမယ်။
Read More »

ကိုယ်ဖြစ်ချင်တာတွေကို
ခဏခဏ ကြိုပြောတယ်။

တချို့က ကိုယ်ဖြစ်ချင်တာတွေကိုကြိုပြောရင်မဖြစ်ဘူး။ တိတ်တိတ်လေးနေမှဖြစ်တယ်။ တချို့က ကိုယ်ဖြစ်ချင်တာတွေကိုကြိုပြီးခဏခဏပြောရင်ဖြစ်တယ်။ တချို့က ဖြစ်ချင်တာကို မဖြစ်ဘူး။ ကျွန်တော်ကတော့ ဖြစ်ချင်တာတွေခဏခဏကြိုပြောရင်ဖြစ်တယ်။ဒါကြောင့် ကိုယ့်အခင်ဆုံးသူတွေဆို ကိုယ်ဖြစ်ချင်တာတွေကို ခဏခဏ ကြိုပြောတယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေကို
ခဏခဏ ကြိုပြောတယ်။
Read More »

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။

နောက်အနှစ်ငါးဆယ်ဆိုFacebook ပေါ်ကလူတော်တော်များများရှိချင်မှ ရှိကြတော့မယ်။​ Facebook ကြီးကလဲရှိချင်မှ ရှိကြတော့မယ်။ ရှိရင်လဲ သိချင်မှသိကြတော့မယ်။ အားလုံးက သံသရာမှာတခဏလာတွေ့ကြတယ်။ မသေခင်တော့အထောက်အပံကောင်းတွေတည်ဆောက်သွားဖို့လိုနိုင်တယ်။ဘာကြောင့်လဲဆို အနာဂတ်မှာဘာတွေဖြစ်မလဲ၊ဘာတွေရှိမလဲမသိနိုင်ဘူး။​ကုသိုလ်၊ ဥစ္စာ၊ ပညာဒီသုံးခုဖြည့်ဆည်းထားတာကတော့မှားတဲ့အလုပ်မဟုတ်ဘူး။နေ့တိုင်း ဒီသုံးခုစလုံးမဟုတ်ရင်တောင်တစ်ခုကတော့ ဖြည့်ဆည်းထားမှအနာဂတ်အတွက် တော်ကာကျနိုင်မယ်။ Phyo Paing @ Derek

အားလုံးက သံသရာမှာ
တခဏလာတွေ့ကြတယ်။
Read More »

အပြစ်မတင်နဲ့ အဖြေရှာကြည့်။

လောကမှာ လူနှစ်မျိုးရှိတယ်။လိုချင်တာကို ရအောင်ယူနိုင်သူနဲ့လိုချင်တာကို ရအောင်မယူနိုင်တဲ့သူ။ ပထမသူက အဖြေရှာတတ်တယ်။ဒုတိယသူက အပြစ်တင်တတ်တယ်။ လိုချင်တာရဖို့ အလားအလာများချင်ရင်အပြစ်မတင်နဲ့ အဖြေရှာကြည့်။ကိုယ့်ကိုကိုယ် အဲ့လိုအမြဲဆုံးမတယ်။ Phyo Paing @ Derek

အပြစ်မတင်နဲ့ အဖြေရှာကြည့်။ Read More »