“အနဲ့ပ” လေးခု
“အပျင်း”ကြီး“အပြော”ပဲရှိ“အပျော်”အပါးမက်“အပြစ်”ပြောတတ်တဲ့ဒီ “အနဲ့ပ” လေးခုကိုရှောင်ရမယ်။ဒါမှ မဘူမှာ။ Phyo Paing @ Derek
“အပျင်း”ကြီး“အပြော”ပဲရှိ“အပျော်”အပါးမက်“အပြစ်”ပြောတတ်တဲ့ဒီ “အနဲ့ပ” လေးခုကိုရှောင်ရမယ်။ဒါမှ မဘူမှာ။ Phyo Paing @ Derek
တချို့လူတွေက အခုချိန်ကမ္ဘာကြီးကပျောက်ကွယ်သွားရင်လူအများစု ပျော်ကြလိမ့်မယ်။ တချို့လူတွေ ကမ္ဘာကြီးကပျောက်ကွယ်သွားတော့ လူတွေ ပူဆွေးဝမ်းနည်းကြရတယ်။ မှတ်မှတ်ရရ Oct 5, 2011 Steve Jobs ကွယ်လွန်တော့ တစ်ကမ္ဘာလုံးက နည်းပညာစိတ်ဝင်စားသူတွေအားလုံးပူဆွေးကြရသလို March 23, 2015 လီကွန်းယူဆုံးတဲ့နေ့က မှတ်မှတ်ရရကျွန်တော် Chennai ကိုရောက်နေပြီးသူ့အတွက် ဝမ်းနည်းကြောင်း Billboard တွေအများကြီးတွေ့ရတယ်။ တနေ့ ကိုယ်မရှိတော့ရင်၊ကိုယ့်လုပ်ငန်းမရှိတော့ရင်ကိုယ်နေထိုင်တဲ့နေရာ၊ကိုယ့်ရဲ့ဖောက်သည်တွေဘာတွေ အပြောင်းအလဲဖြစ်သွားနိုင်မလဲ? ဒါအရေးကြီးတဲ့ မေးခွန်းဖြစ်ပါတယ်။ ဦးဆောင်တဲ့သူတစ်ယောက်က အပြောင်းအလဲတွေ ဖန်တီးပေးသလို ဒီဦးဆောင်တဲ့သူမရှိတဲ့အခါလူတွေ လွမ်းဆွတ်တတဖြစ်ကြရတယ်။ Phyo Paing @ Derek
ဒီ Page ရဲ့ ရည်ရွယ်ချက်ကဘူကောင်တိုက်ဖျက်ရေးဖြစ်တဲ့အတွက်ဘူကောင်တွေကို ban တာ အမြဲလုပ်တယ်။ဒါကြောင့် Page မှာရောAccount မှာပါ ဘူကောင်ကင်းစင်နယ်မြေဖြစ်နေခြင်းဖြစ်တယ်။ အကြည်ဓာတ်တွေပဲ ပေးချင်တယ်။ဘာကြောင့်လဲဆိုတော့ဓာတ်ဆိုတာ ကူးစက်တတ်တဲ့သဘောရှိတယ်။ ဘူကောင်တွေက အမြဲမပျော်၊ကံမကောင်းဖြစ်နေပြီးပြစ်တင်ပြောဆို Blameငြီးထွား Complain လုပ်တတ်တဲ့သဘာဝတွေရှိသလိုအကျိုးမရှိပဲ အငြင်းသန်တဲ့သဘောသဘာဝတွေရှိတယ်။ကိုယ်လိုချင်တာကို သေချာမသဲကွဲဘူး။မလိုချင်တာတွေကိုပဲပြောတတ်တဲ့သဘာဝရှိတယ်။အလုပ်ကိုလက်ကြောတင်းအောင်မလုပ်ချင်ဘူး။ရလဒ်ကိုတော့ အများကြီးရချင်တယ်။ဒါကို work smart ဆိုပြီးခဏခဏပြောတတ်လေ့ရှိတယ်။ အားလုံးရဲ့ productivity စွမ်းဆောင်ရည်နဲ့profit အမြတ်ငွေ တိုးတက်ဖို့အကြည်ဓာတ်လိုတယ်။ဒီအကြည်ဓာတ်တွေ ထုတ်လွင့်ပြီးအားကောင်းစေဖို့ဘူကောင်တိုက်ဖျက်ရေးကိုစတင်ခဲ့တယ်။ Phyo Paing @ Derek
ဘူကောင်တိုက်ဖျက်ရေး = Mission (ဘူကောင် = unhappy and unlucky) Read More »
ကိုယ်ထက်ချမ်းသာတဲ့သူ၊ကိုယ့်ထက် intel ပိုမြင့်တဲ့သူ၊ကိုယ့်ထက်ပို လူချစ်လူခင်ပေါများတဲ့သူ၊အမြဲရှိနေမှာပါပဲ။တစ်တောင်ထက် တစ်တောင်ပိုမြင့်တယ်။ ဘဝဆိုတာ game တစ်ခုဆိုရင်ခန္ဓာကိုယ်နဲ့ ဘဝပေးအခြေအနေတစ်ခုရှိမယ်။ဒီပေးထားချက်ပေါ်မူတည်ပြီး အကောင်းဆုံးလုပ်ရမှာကိုယ့်တာဝန်ပဲလေ။ ကျွန်တော် ကတော့ သူများတွေနဲ့ မနှိုင်းယှဥ်ဘူး။ကိုယ့်ဘဝမှာ ဘယ်လောက်ဝေးဝေးပြေးနိုင်မလဲဘယ်လောက်မြင့်မြင့် ပျံသန်းနိုင်မလဲဒါကို အဓိက စဉ်းစားတယ်။ ဘယ်တော့မှ နောင်တ အကြီးအကျယ်ရပြီးစိတ်ညစ်မနေဘူး။သင်ခန်းစာယူပြီး လုပ်စရာရှိတာ ဆက်လုပ်တယ်။ကိုယ့်ကိုကိုယ် ဘယ်တော့မှ အပစ်မတင်ဘူး။သူ့အရွယ်နဲ့ သူ့ဥာဏ် သူ့ အခြေအနေမှာအကောင်းဆုံးထင်တဲ့အရာလုပ်ခဲ့တာပဲလေ။ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ဖြစ်တည်မှုအတွက်ဘယ်လိုပဲ ဖြစ်နေဖြစ်နေ ဂုဏ်ယူတယ်။ ပေးခဲ့တဲ့ သင်ခန်းစာတိုင်းကိုအကောင်းဆုံးကျော်ဖြတ်ခဲ့တယ်။မနူးမနပ်ကလေးဘဝမှာတပါးသူအပေါ် မျှော်လင့်ချက်တွေအပြည့်ထားပြီးမနက်ဖြန်ဆိုတာ ရှေ့မဆက်ချင်လောက်အောင်ဖြစ်ဖူးတယ်။ဒါပေမယ့် သင်ခန်းစာယူပြီး ရှေ့ဆက်ခဲ့ဖူးတယ်။ ကျွန်တော့်ဘဝခံယူချက်ကတော့ lean startup ပဲBuild ရယ်၊ Measure ရယ်၊ Learn ရယ်ပဲ။စိတ်ဓာတ်မကျပါနဲ့။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် ပြန်မဖန်တီးတော့တဲ့တစ်နေ့နောက်ကောက်ကျတဲ့နေ့ပဲ။ ဒီနေ့အလုပ်ဖြစ်တဲ့အရာကမနက်ဖြန်ဖြစ်ချင်မှ ဖြစ်မယ်။အရင်ကတော့ ဒီလိုပဲလုပ်ခဲ့တာပဲ၊ဒါကငါပဲဆိုပြီး ပိုနေမြဲကျားနေမြဲနဲ့ဘဝဖြတ်သန်းလို့ မလွယ်ဘူး။ တစ်သက်မှာ တစ်ခါလူလာလုပ်တာကိုယ်ဘယ်လောက်ထိစွမ်းဆောင်နိုင်လဲဆိုသိဖို့ကြိုးစားအားထုတ်ကြည့်ဖို့ လိုတယ်။ Phyo Paing @ Derek
ဘေးလူစကားနားထောင်ငြားကသွားမည့်အရေး တစ်လှမ်းနှေး၏။ငယ်ငယ်တုန်းက မှတ်ဖူးတာလေး။ဒီနေ့အထိအသုံးပြုနေတယ်။ Phyo Paing @ Derek
ကိုယ့်လမ်းကိုယ်လျှောက် Read More »
လူအများ အိပ်စက်နေချိန်မှာကိုယ်က နိုးထတရားထိုင်၊ စာဖတ်၊ journal ရေး၊ လေ့ကျင့်ခန်းလုပ်မယ်။ လူအများ အိပ်ရာထဲက ထဖို့ကြိုးစားနေတဲ့အချိန်ကိုယ်က ဘဝရှေ့ရေးအတွက်plan တွေစဥ်းစား ပြင်ဆင်နေမယ်။ လူအများစဥ်းစားချင်တာစဥ်းစားပြီးအတွေးဝင်္ဂဘာထဲ မှာခြာခြာလည်နေတဲ့အချိန်ကိုယ့် language skills တွေအတွက်App တွေနဲ့ လေ့ကျင့်နေမယ်။ လူအများအလုပ်လုပ်ဖို့ ပြင်ဆင်နေတဲ့အချိန်ကိုယ့်ရဲ့ အလုပ်စနစ်ကိုစတင်လည်ပတ်နေမယ်။ လူအများစုအနေနဲ့ တခြားသူတွေဘယ်လိုမြင်မလဲစဥ်းစားစိတ်ညစ်နေတဲ့အချိန်ကိုယ့်ရဲ့ သတ်မှတ်ဥပဒေသအတိုင်းဘူကောင်တွေကို ရှောင်မယ်။တစ်မိနစ်ထက်ပို စိတ်ညစ်စေတဲ့အရာမခံစားဘူး။ လူအများစု ဘဝရပ်တည်ရေးအတွက်ငွေကြေးကို ဦးတည်တဲ့အချိန်ကိုယ့်အနေနဲ့ ဘဝမှာကိုယ်ဖန်တီးချင်တဲ့အတ္တနဲ့ ပရအကျိုးသယ်ပိုးဖို့ အဓိပ္ပာယ်ကို အာရုံစိုက်မယ်။ ဒါတွေက ဒီစာကိုဖတ်နေတဲ့သူနဲ့ လူအများစုနဲ့ ကွာခြားချက် ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာကြောင့်အလုပ်တွေလုပ်နေရတာလဲ?အကောင်းဆုံးကိုယ့်ကိုကိုယ်ဖန်တီးဖို့ ကိုယ့်မှာ တာဝန်ရှိသလိုသံသရာထဲမှာ တခြားသူတွေကိုအလင်းနဲ့ positive energy ပြန်ပေးဖို့ ကိုယ်က energy sourceဖြစ်နေဖို့ ကိုယ့်ကိုကိုယ် အိုလံပစ် အားကစားသမားများလို train နေဖို့လိုတယ်။
မင်္ဂလာနံနက်ခင်းပါ။ Read More »
ဘူကောင်တွေကို ရှောင်။ အလုပ်ကို ပိုးစိုးပက်စက်လုပ်။ ဒူပေဒဏ်(ဒါ)ပေခံ။ လုပ်မယ်လို့ဆုံးဖြတ်ပြီးရင် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်။ နေ့စဉ် ကိုယ့်ကိုကိုယ် ဂုဏ်ယူတဲ့အရာတစ်ခုလုပ်။ ကိုယ့်ကိုယ်ကို စိတ်ဆင်းရဲစေမည့်အရာ မလုပ်နဲ့။ ရှင်သန်မှုအတွက် ကျေးဇူးတင်စိတ်နဲ့နေပါ။ သာမာန်ဆိုတာ အကောင်းဆုံးရဲ့ရန်သူပဲ။ Phyo Paing @ Derek
ကမ္ဘာပေါ်မှာ စိတ်ဝင်စားစရာအကောင်းဆုံးလူကကိုယ်ကိုယ်တိုင်ပဲ။ ကိုယ့်ကိုကိုယ် နားလည်အောင်လေ့လာနေတာနှစ်ပေါင်း ၃၀ ကျော်ပြီ။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် နားလည်ဖို့
အရေးကြီးတယ်။ Read More »
ဒါကတော့ ကျွန်တော့် philosophy ပဲ။ ကိုယ့်လုပ်ငန်းက ကိုယ့်ကလေးပဲ။ကိုယ့်လုပ်ငန်းကကိုယ်ထက်ပိုကြီးသွားတယ်ဆိုတာကိုယ်တိုးတက်သင့်သလောက် တိုးတက်မှုရှိမနေလို့ပဲ။ လုပ်ငန်းလုပ်တယ်ဆိုတာကိုယ့် skill ကိုအမြဲတိုးတက်နေဖို့။ ကျွန်တော့် focus အကုန်လုံးကိုကိုယ့်ကိုကိုယ် grow လုပ်ဖို့ပဲ။ ဒါကြောင့် ကိုယ့်ကိုတိုးတက်အောင်လုပ်ပေးနိုင်တဲ့ လုပ်ငန်းကိုပဲလုပ်တယ်။ကိုယ်က growing ဖြစ်မှ၊ giving ပြန်ပေးလို့ရမှာ။ Phyo Paing @ Derek
ကိုယ်က ကိုယ့်လုပ်ငန်းတွေထက်
အမြဲကြီးနေရမယ်။ Read More »