philosophy

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။

ဥာဏ်ကောင်းတာက အပိုဆုပေါ့။ စီးပွါးရေးလောကမှာ အောင်မြင်တဲ့သူတိုင်းကိုမေးကြည့် ခင်ဗျာဘဝမှာအခက်အခဲတွေကြုံခဲ့ရလားဆိုပြီး။တစ်ထောင့်တစ်ညပုံပြင်တွေလိုအခက်အခဲတွေကို ဘယ်လိုနာမ်နှိမ်ပြီးအောင်မြင်အောင်လုပ်ခဲ့တဲ့ အကြောင်းတွေကြားရလိမ့်မယ်။အပြုံးလေးနဲ့ ပေါ့။ စီးပွါးရေးလောကမှာ ဘူသွားတဲ့သူတွေကိုမေးကြည့်ကြည့်။အပြစ်တင်စရာတွေ အများကြီးကြားရလိမ့်မယ်။ ကောင်းတာတစ်ခုက စီးပွါးရေးမှာအရှုံးမပေးသ၍ မရှုံးသေးဘူး။Winners never quit.Even if they did, they will come back stronger. Phyo Paing @ Derek

တခြားနယ်ပယ်တွေနဲ့ မတူတာ
စီးပွါးရေးလောကမှာ အောင်မြင်မှုကို
ဒူပေဒဏ်ပေ ဘယ်လောက်ခံလဲ
ဖိအားဘယ်လောက်ခံလဲနဲ့တိုင်းတာတယ်။
Read More »

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။

Every behavior has a positive intention. ဒါကတော့ NLP ရဲ့ presupposition တစ်ခုပဲ။ ဒီအချက်က လူတွေအပေါ်ခွင့်လွတ်နားလည် နိုင်စွမ်းကို အားဖြည့်ပေးတဲ့အချက်တစ်ချက်ဖြစ်တယ်။ Oxygen ကိုစျေးကစားတဲ့သူတွေ၊စျေးတက်လိုက်တဲ့ဆေးဆိုင်တွေ၊တွေ့သမျှလူ blame သူတွေ၊ သူတို့ဟာ သူတို့မှာရှိတဲ့ အသိဥာဏ်နဲ့အကောင်းဆုံးဆိုတာကို လုပ်ဆောင်နေတာပဲ။ ဗုဒ္ဓကတော့ ဘဝဆိုတာ ဒုက္ခလို့ဟောခဲ့တာပဲ။သံသရာဝဠ်ဆင်းရဲလို့ ဟောခဲ့ပေမယ့်ကျွန်တော်တို့လူသားတွေကဒါကို ပျော်ပျော်ကြီးဖြတ်သန်းဖို့နည်းလမ်းမျိုးစုံကြိုးစားကြတယ်။ပုထုဇဉ်ဥာဏ်နဲ့ပေါ့။ ဒီ ဘဝမှာ Kleshas (ကိလေသာ) ၁၀ပါးလောဘ၊ ဒေါသ၊ မောဟ၊ မာန၊ ဒိဋ္ဌိ ဝိစိကိစ်ဆာ၊ ထိနမိဒ်ဓ၊ ဥဒ်ဓစ်စ၊ အဟိရိက၊ အနောတ်တပ်ပ အစရှိတာတွေဖုံးလွမ်းပြီး အမှန်မမြင်တဲ့ကာလတွေလဲရှိခဲ့ကြမှာပဲ။ အနောက်တိုင်းမှာ Christian Values တွေရှိသလို၊ဂျပန်မှာ Harmony, order, and self-development ဆိုတဲ့ တန်ဖိုးထားမှု ဂျပန်လူ့အဖွဲ့အစည်းမှာရှိတယ်။ကျွန်တော်တို့

လူတွေလုပ်ရပ်တိုင်းရဲ့နောက်ကွယ်မှာ
ကောင်းမွန်တဲ့ရည်ရွယ်ချက်တွေရှိတယ်။
Read More »

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။

ကမ္ဘာမှာ မြန်မာကအလှဆုံးဆိုပြီး ငယ်ငယ်ကဆရာမပြောတော့၊ တရုတ်ကျောင်းဆရာမက တရုတ်လို့ပြောတယ်ပြောလို့ အဆဲခံရဖူးတယ်။ နောက်ပိုင်းတခြားနိုင်ငံတွေရောက်ဖူးတော့မှ အမှန်အမှားသိလာတယ်။ ပညာရေးစနစ်က စူးစမ်းလေ့လာမှုကို ချိုးနှိမ်ထားတော့ မေးခွန်းမမေးရဲကြဘူး။ ဒါလုပ်နေကျ မင်းကဘာသိလို့လဲနဲ့ ပြီးသွားကြတယ်။ ဒါကြောင့် အခြေအနေကြည့်ပြီး တချို့မေးခွန်းတွေ ကိုယ့် ဒိုင်ယာရီထဲမှာပဲရေးထားလိုက်တယ်။ I နောက်မှာ am ပဲလိုက်တယ်လို့ ဆရာသင်တာကို အသေမှတ်ထားပြီး လူတွေနဲ့ လိုက်ငြင်းနေသူတစ်ယောက်လိုပေါ့။ စာမဖတ်တဲ့သူက I အနောက်မှာ were လိုက်လို့ရတဲ့အချိိန်တွေရှိတာသူမသိခဲ့ဘူး။ ဒါကြောင့် ဒီနောက်ပိုင်း လူတွေနဲ့ ပြိုင်မငြင်းဖြစ်တော့ဘူး။ ဟင်းတစ်မျိုးပဲစားဖူးသူအတွက် ဒီဟင်းက “သူ့အတွက်” အကောင်းဆုံးဖြစ်နိုင်တယ်။ တချို့အမှန်တရားတွေကလဲ အတူတူပဲ။ သူသိမြင်ထားတဲ့ “အသိဥာဏ်” အရ ဒါအကောင်းဆုံးဆိုတာဖြစ်နိုင်တယ်။ လူတိုင်းဟာ သူ့အသိဥာဏ်အလိုက် သူအကောင်းဆုံးထင်တာကို လုပ်သွားကြတာပဲ။ ဒီအယူအဆလေး ခေါင်းထဲထည့်ထားတော့ လူလိမ်၊ သူခိုး၊

စိတ်မညစ်ပါနဲ့။ အခြေအနေက ဒီထက်ပိုဆိုးနိုင်ပါသေးတယ်။ Read More »

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။

ကိုယ်လုပ်တဲ့အလုပ်အတွက် ဂုဏ်ယူသလိုအလုပ်လုပ်နေတိုင်းလဲ ပျော်တယ်။ စိတ်မပျော်ရွင်စရာရှိရင်တောင် ကိုယ့်အလုပ်က ကိုယ့်စိတ်ထွက်ပေါက်ပဲ။ ကိုယ်ကျွမ်းကျင်တဲ့ profession ရှိတဲ့အတွက်ဘယ်နေရာသွားသွား မျက်နှာမငယ်ရသလိုဘယ်နေရာရောက်ရောက် သုညက ပြန်စရမှာကိုယ့်အတွက် အပန်းမကြီးဘူး။ ခံယူချက် အရေးကြီးတယ်။ ဘဝမှာ ခံယူချက်ပြည့်ဝတဲ့ဆရာတွေဆီကပဲ ရွေးချယ်လေ့လာခဲ့တာမှန်ကန်တဲ့ ရွေးချယ်မှုတစ်ခု ဖြစ်ခဲ့တယ်။ Phyo Paing @ Derek

ကိုယ့် profession ကို ကိုယ်တန်ဖိုးမထားရင် တခြားသူလဲ တန်ဖိုးထားမှာ မဟုတ်ဘူး။ Read More »

ကျွန်တော့် ဘဝအတွက် ၃၂ ချက်

၁။ ကျေးဇူးတင်စိတ်နဲ့နေထိုင်ပါ။၂။ တစ်ရက်တာကို ဘယ်လိုဖြတ်သန်းမလဲ ကြို Plan ပါ။၃။ လူတော်တွေနဲ့ ဝန်းရံထားပါ။၄။ ကိုယ်မသိသေးတဲ့ မေးခွန်းတွေမေးပါ။ ၅။ ကိုယ့်ကိုရင်ခုန်စေတဲ့အလုပ်တွေကိုလုပ်ပါ။ ၆။ ငွေကြေးစီမံခန့်ခွဲပါ။ တစ်နှစ်စာ Plan ရှိပါ။ ၇။ ပြဿနာထက် အဖြေကိုအာရုံစိုက်ပါ။ ၈။ သိထားတာကို အမြန်ဆုံးပြန်အသုံးချပါ။ ၉။ အချိန်မဆွဲပါနဲ့။၁၀။ မနက်ဖြန်ကို စောင့်မနေပါနဲ့။ ဒီနေ့ကိုအကောင်းဆုံးအသုံးချပါ။ Covid-19 အပြီးကို မမျှော်ပါနဲ့။ Covid-19 အတွင်းရှင်သန်နိုင်အောင် ပြင်ဆင်ပါ။ ၁၁။ အနာဂတ်မှာဖြစ်နိုင်တဲ့ ပြဿနာတွေကိုကြိုတင်ဖြေရှင်းပါ။ ၁၂။ လူတွေကို ပြင်ပေးကြည့်ပါ။ ပြင်မရ၊ ပြောမရရင်၊ လျစ်လျူရှုလိုက်ပါ။ ၁၃။ နေ့တိုင်းတိုးတက်အောင်လုပ်ပါ။ ၁၄။ မဖြစ်နိုင်ဘူးဆိုတာထက် ဘယ်လိုဆိုရင်အလွယ်ကူဆုံးနဲ့ အကောင်ထည်ဖော်နိုင်မလဲစဉ်းစားကြည့်ပါ။ ၁၅။ တစ်ခုခုကို ပြီးပြည့်စုံမှ မစတင်ပါနဲ့။၁၆။ တစ်ရက်တာဖြတ်သန်းမှုပုံစံရှိထားပါ။

ကျွန်တော့် ဘဝအတွက် ၃၂ ချက် Read More »

တစ်ရက် post သုံးခု

Social media မှာ ကိုယ့်လုပ်ငန်းအတွက်ကောင်းဆုံးတင်သင့်တဲ့ post အရေအတွက်ကတော့တစ်ရက်သုံးခုပဲဖြစ်ပါတယ်လို့ဆိုကြတယ်။ Social media ဟာ မြေလိုပဲ နေရာ estate ကအကန့်အသတ်ရှိတယ်။ အဲ့တော့ လူတိုင်းတင်သမျှ post တွေက လူတွေမျက်စိရှေ့ရောက်ဖို့ ပြိုင်နေရတယ်။ နောက်တစ်ခုက ကြော်ငြာတဲ့သူတွေများလာတာနဲ့အမျှ content တွေကြားမှာ Attention ရဖို့ ပိုပြိုင်လာရတယ်။ ရိုးရိုး post လေးခုပြီးတိုင်းမှာ sponsor postတစ်ခုလာတဲ့ 4:1 နဲ့ Facebook မှာသွားတယ်။ ဒီသဘောတရာရအတိုင်းပဲ content က တစ်ရက်သုံးခုလောက်တင်တဲ့ quantity game တစ်ခုဖြစ်လာတယ်။ Social media မှာ နေရာရချင်ရင်ဒီ Social media ကို အစာကျွေးရတဲ့သဘောပဲ။ နောက်တစ်ခုက ကိုယ်က ကိုယ့်လုပ်ငန်းအတွက်တစ်ရက် post သုံးခုတောင်

တစ်ရက် post သုံးခု Read More »

ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကို
ဝေးဝေးရှောင်ဖို့လိုတယ်။

ခင်ဗျားမှာ ရည်မှန်းချက်ကြီးကြီးတစ်ခုမရှိရင်၊ ဒီ ရည်မှန်းချက်ကို အာရုံမစိုက်ရင်၊ ဒါကိုဆွတ်ခူးနိုင်တဲ့ အရည်အချင်းခင်ဗျားမှာမရှိဘူးလို့ ယုံကြည်နေရင်ပြဿနာတွေ စဥ်းစားခံစားနေမိမှာပဲ။ လူတွေက အရှိကို အရှိအတိုင်းမမြင်ကြဘူးသူတို့ခေါင်းထဲမှာ ရှိတဲ့အတိုင်းပုံဖော်ကြတယ်။ဘူကောင်တွေကို ကြည့်လိုက်ရင်မကောင်းကြောင်းတွေပဲ စဥ်းစားနေတာတွေ့ရလိမ့်မယ်။Entreprenuer ဆိုတာ အကောင်းမြင်တတ်သူတွေ။ပြဿနာကို ဘယ်လို ဖြေရှင်းရမယ်စဥ်းစားနေသူတွေ။ ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကိုဝေးဝေးရှောင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ နေပျော်ချင်ရင် ဘူကောင်တွေကို
ဝေးဝေးရှောင်ဖို့လိုတယ်။
Read More »

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီး

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီးကြိုးစားတယ်လို့ ပြောလို့မရဘူး။ စက်မနှိုးဘဲတွန်းပြီး အရမ်းကြိုးစားတာကိုဂုဏ်ယူနေလို့မရဘူး။ Phyo Paing @ Derek

ဆိုင်ကယ်ကို ဘရိတ်အုပ်တွန်းနေပြီး Read More »

Motivation ဆိုတာ?

ဒူးရင်းသီးမကြိုက်တဲ့သူကို ဒူးရင်းသီးစားဖို့ သေနတ်နဲ့ခေါင်းကိုချိန် စားခိုင်းရင်လုပ်ကောင်းလုပ်လိမ့်မယ်။ ဒါပေမယ့် ရေရှည်ခံမှာ မဟုတ်ဘူး။ Motivation ဆိုတာ စိတ်ကိုနှိုးဆွမှုကို ခေါ်ပါတယ်။ တနည်းအားဖြင့် တစ်ယောက်နဲ့တစ်ယောက် အရာဝတ္ထုတွေအပေါ်မှာ ဖြစ်ပေါ်တဲ့ Motivation မတူပါဘူး။ တချို့လူတွေအဖို့ တက်ကျမ်းတွေဖတ်ဖို့ လွယ်ကူနေပေမယ့် ဝတ္ထုတွေဖတ်ဖို့ Motivation ရချင်မှ ရပါမယ်။ လွန်ခဲ့တဲ့ နှစ်နှစ်သုံးနှစ်က Motivation အခြေခံက Pain & Pleasure လို့ရေးခဲ့ဖူးပေမယ့် နောက် အရေးအကြီးဆုံး P တစ်လုံးကို မိတ်ဆက်ပေးပါရစေ။ ဒါကို Perception လို့ခေါ်ပါတယ်။ အထင်အမြင်ပါ။ Gym သွားဖို့ ပျင်းတဲ့လူတစ်ယောက်နဲ့ Gym သွားရတာပျော်တဲ့သူတစ်ယောက်မှာ ကွာခြားတဲ့ Perception အထင်အမြင်တွေရှိပါတယ်။ ဒါတွေဟာ Neuro-Association လို့ခေါ်တဲ့ ဦးနှောက်မှာရှိတဲ့ Dendrite လေးတွေရဲ့

Motivation ဆိုတာ? Read More »

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါ။

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါတဲ့။ ပထမတစ်ခေါက်မှာ အမှားပေါင်းမျိုးစုံလုပ်ခဲ့ပြီးပြီလို့ယူဆပါတဲ့။ စိတ်ပညာရှင် Victor Franklr ရဲ့ Man’s Search for Meaning ဆိုတဲ့စာအုပ်ထဲကစကားဖြစ်ပါတယ်။ လူတွေရဲ့ ဘဝမှာ ပြဿနာနှစ်ခု အမြဲကြုံရတတ်တယ်။ 1. Money Problem 2. Meaning Problem Money problem ကပိုဆိုးတာပေါ့။ စားစရာမရှိ၊ အကြွေးပေးစရာတွေ၊ နေစရာအိမ်လခ၊ ကလေးအတွက် ဒီပူလောင်မှုအတွက် ငွေကြေးနဲ့ဖြေရှင်းရတယ်။ ကျွန်တော်တို့နိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ဒီပြဿနာပိုများတယ်။ နောက်ပြဿနာတစ်ခုက စားဝတ်နေရေးအဆင်ပြေလည်လာတဲ့အခါ Meaning problem ဖြစ်လာပြီ။ ဘဝရဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်၊ ပျော်ရွင်မှု၊ စိတ်ကျေနပ်မှု အစရှိတာတွေအတွက် ဦးနှောက်အစားအစာလိုတယ်။ ပထမတစ်ခုကိုဖြေရှင်းဖို့ စီးပွားရေးကောင်းတစ်ခုမှာလုပ်နေဖို့ သို့ စီးပွားရေးလုပ်တတ်ဖို့လိုတယ်။ ဒုတိယတစ်ခုကိုဖြေရှင်းဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo

သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါ။ Read More »