philosophy

ဒဿန

ငယ်ငယ်က အိမ်မှာ အဖေကဒီလို ဒဿနတွေ ကတ်ထားလေ့ရှိတယ်။ ကျွန်တော်လဲ တော်တော်သဘောကျတယ်။ ဒဿနတွေက ကျွန်တော့်ဘဝ အစိတ်အပိုင်းအချို့ကို လွမ်းမိုးတယ်။ ဥပမာ “ဆယ်တန်း ဆန်းတယ်သတိထားကြိုးစား” ဆိုတာနဲ့ Motivation ယူပြီး ဆယ်တန်းကို အနိုင်ယူခဲ့တယ်။ ဝေဖန်မှုတွေကြားရတိုင်း“ဘေးလူစကား နားထောင်ငြားကသွားမည့်အရေးတစ်လှမ်းနှေး၏”ဆိုတာမျိုးနဲ့ အလုပ်တွေကို စတင်ခဲ့တယ်။ English စာလေ့လာတော့လဲ အခြေခံတွေကို“နှစ်လရာသီ in ကိုမှီ၊ နာရီနေ့ည at ကိုရ”ဆိုတဲ့ အတိုကောက်တွေအရမ်းအသုံးဝင်တယ်။ ဒီတော့ ဒဿနကို အတိုချုံးချင်ခဲ့တယ်။ ဒီနောက်ပိုင်းမှာ Entrepreneurship နဲ့ Marketing အပြင်Philosophy, History နဲ့ Psychology အပိုင်းတွေတော်တော်လေးဖတ်ဖြစ်တယ်။ ဘဝဆိုတာ အကန့်လေးတွေမှာပါတဲ့အကြောင်းအရာတွေကိုဒဿနတိုတွေ ထုတ်လုပ်ချင်တယ်။ကိုယ်တွေးထားတဲ့ အတွေးကို condense လုပ်ပြီးစာတစ်စုနဲ့ ပေးချက်တဲ့ message ရောက်အောင်သွားချင်တယ်။ ဒါနဲ့ 2016 […]

ဒဿန Read More »

ဘဝအတွက် philosophy ၁၄ခု

1. အရာရာပိုကောင်းဖို့ဖြစ်လာတာပါ။လိုချင်တာမရရင် ပိုကောင်းတာရလိမ့်မယ်။ 2. ဘဝဆိုတာ  စမ်းသပ်မှုတွေပြုလုပ်တဲ့နေရာတစ်ခုပါ။စမ်းသပ်မှု မအောင်မြင်ရင် ပြန်သုံးသပ်ပြီး ထပ်စမ်းကြည့်ပါ။အောင်မြင်ရင် နောက်စမ်းသပ်မှုတစ်ခုနဲ့ ရှေ့ဆက်ပါ။ 3. ကိုယ့်အကြောင်းကိုသိဖို့လိုတယ်။ဒါမှ ကိုယ်ဘယ်လိုဘဝမျိုး နေထိုင်ချင်လဲဆိုတာ design လုပ်လို့ရမှာ။ 4. တခြားသူတွေအပေါ် မျှော်လင့်ချက်အများကြီးမထားပါနဲ့။သင်နာကျင်ရလိမ့်မယ်။ 5. အတိတ်ကို တမ်းတနေသမျှ ပိုကောင်းတဲ့အနာဂတ်တွေဖန်တီးဖို့မလွယ်ဘူး။ Your vision has to be stronger than your memory. သင့်အနာဂတ်အမြင်သည် အတိတ်ထက် ပိုရှင်းနေဖို့လိုတယ်။ 6. အရာရာပြီးပြည့်စုံဖို့ မကြိုးစားပါနဲ့။Progress က Perfect ထက်ပိုအရေးကြီးတယ်။ 7. လောကကြီးက သင့်ကို ဘယ်လို treatလုပ်တယ်ဆိုတာထက်၊သင်ကလူတွေနဲ့ လောကကြီးကို ဘယ်လိုတုံ့ပြန်လဲဆိုတာ ပိုအရေးကြီးတယ်။လူသားတိုင်းရထားတဲ့ လွတ်လပ်မှုက Freedom to response ပဲ။

ဘဝအတွက် philosophy ၁၄ခု Read More »

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။

ဘာမှမလုပ်ဘဲ ပင်ပန်းဖူးလား?အလုပ်အရမ်းလုပ်ရပေမယ့်မပင်ပန်းဘဲ အားအင်အပြည့်ဖြစ်နေတာ ကြုံဖူးလား?အတွေးတွေက ENERGY DRAIN ဖြစ်စေနိုင်သလိုGAINလဲဖြစ်စေနိုင်တယ်။ Phyo Paing @ Derek

အတွေးတွေကို ဂရုစိုက်ဖို့လိုတယ်။ Read More »

Stress Test

သင်လုပ်ခဲ့ဖူးတဲ့အမှားတစ်ခုကို ယူကြုံးမရဖြစ်နေပါသလား?သင့်ကိုတခြားသူတွေက ဟားတိုက်နေမှာ အသုံးမကျဘူးလို့ထင်မှာအထင်သေးမှာ ကြောက်နေပါသလား? လူတွေက တပါးသူတွေရဲ့ အထင်အမြင်မှာအထပ်ထပ်အခါခါ ကျဆုံးတယ်။ ကိုယ့်ကိုကိုယ်ချစ်ပါ။ခွင့်လွှတ်ပါ။မတူညီတဲ့ နောက်ကမ္ဘာတစ်ခုမှာနေထိုင်ဖို့ ရူးသွပ်မှုတစ်ခုရှာဖွေပါ။ပုံပြင်သစ် တစ်ပုဒ်ဖန်တီးပါ။ Phyo Paing @ Derek

Stress Test Read More »

တချို့အချိန်တွေမှာ

တချို့အချိန်တွေမှာအရှုံးအနည်းဆုံးနဲ့ ရပ်တာဟာအကောင်းဆုံးနဲ့ နောက်တကျော့ပြန်စဖို့ ခြေလှမ်းဖြစ်နိုင်ပါတယ်။ Phyo Paing @ Derek

တချို့အချိန်တွေမှာ Read More »

တခါတစ်လေ လူတိုင်းမှာ

တခါတစ်လေ လူတိုင်းမှာ“မင်းမှန်တယ်” “ဆက်လုပ်”“ငါ မင်းအနောက်”မှာ ရှိနေတယ်။“မင်းကတော်ပြီးသားပဲ”ဒီလို ကိုယ့်ကို ယုံကြည်တဲ့သူတစ်ယောက်ဘ၀တစ်ကွေ့မှာ တစ်ခေါက်တွေ့နိုင်တယ်။ ဒီလိုလူကြောင့်လဲ ကိုယ့်ဘ၀ ပြောင်းလဲသွားတတ်တယ်။ကိုယ့်ကို အမြဲအပြစ်တင်တတ်တဲ့သူတွေကြောင့်ကြီးပွားတိုးတက်ဖို့မလွယ်ဘူး။ Phyo Paing @ Derek

တခါတစ်လေ လူတိုင်းမှာ Read More »

လူတွေကိုချစ်တတ်ဖို့လိုတယ်။

လူတွေကို နားလည်ပေးဖို့လိုတယ်။ လူတိုင်းမှာ Insecurities အနည်းနဲ့အများရှိတယ်။ ဟာသတွေလုပ်တတ်တဲ့သူကသူ့ဘဝမှာ ဝမ်းနည်းမှုတွေကို ဟာသတွေနဲ့မျက်နှာဖုံးအုပ်ထားတာဖြစ်နိုင်တယ်။ တခြားသူတွေကို အပြစ်ပြောတဲ့သူအနေနဲ့လူတွေ သူ့ရဲ့အားနည်းချက်မသိစေချင်တာဖြစ်ကောင်းဖြစ်နိုင်တယ်။ ကြွားတတ်တဲ့သူက အသိအမှတ်ပြုမှုကိုဆာလောင်နေတာဖြစ်နိုင်တယ်။ အပြုံးတွေနဲ့ လူတိုင်းကိုဆက်ဆံသူတစ်ယောက်မှာ အံကြိတ်ထားတဲ့ ခါးသီးမှုတွေရှိနေနိုင်တယ်။ လူတိုင်းသူ့အပူနဲ့သူပဲ။ လူတွေကို နားလည်ပေးဖို့လိုတယ်။ Phyo Paing @ Derek

လူတွေကိုချစ်တတ်ဖို့လိုတယ်။ Read More »

ကိုယ့်ကိုကိုယ် လွတ်လပ်စွာ ကျဆုံးခွင့်ပေးပါ။

Freedom to Fail လွတ်လပ်စွာ ကျဆုံးခွင့် Marriage တစ်ခု fail ဖြစ်တယ်။ စာမေးပွဲကျတယ်။လုပ်ငန်းကျဆုံးသွားတယ်။ ရွေးကောက်ပွဲမှာ မဲမရဘူး။Project တစ်ခု fail ဖြစ်တယ်။ လူတိုင်းတစ်ကွေ့ကွေ့မှာ တစ်ခုခု ကြုံမှာပဲ။ ဒီ failure ကို လက်ခံနိုင်ဖို့လိုတယ်။ အောင်မြင်မှုရှိရင် ကျဆုံးမှုရှိမယ်။မကျဆုံးပဲ အကုန်လုံး မအောင်မရှိဆို အောင်မြင်မှုအဓိပ္ပာယ်မရှိဖြစ်သွားမှာပေါ့။ အရေးကြီးတာ ကိုယ့်အနေနဲ့ကျဆုံးမှုကို မကြောက်ပဲ ရှေ့ဆက်နေဖို့လိုတယ်။ ဇကာဘတ်ပြောသလို ကြီးကျယ်တဲ့အရာတွေ အကောင်ထည်ဖော်ဖို့လွတ်လပ်စွာကျဆုံးတတ်မှုလိုတယ်။ ပြန်ထဖို့လိုမယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် လွတ်လပ်စွာ ကျဆုံးခွင့်ပေးပါ။ Read More »