philosophy

Stress ဖြစ်တဲ့ ဒီနေ့လို ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ အကောင်းဆုံးထဲက တစ်ခုကတော့
Stoic အတွေးအခေါ်ပဲဖြစ်တယ်။

ကိုယ်ထိန်းချုပ်လို့မရတဲ့အရာတွေကိုခဏမေ့ထားလိုက်။ဘဝမှာ ထိန်းချုပ်လို့ရတာ၊ မရတာခွဲခြားသိ။ထိန်းချုပ်နိုင်တာကိုလုပ်။ဒါက စတိုးဝတ်အတွေးအခေါ်ပဲ။ ဥာဏ်ပညာ၊ စောင့်စည်းထိန်းချုပ်မှု၊ကျင့်ဝတ်၊ တရားမျှတမှုတွေကိုတန်ဖိုးထားတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၃၅၀ ကဂရိရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ အေသင်မှာ လူတစ်ယောက်ပေါ်ထွန်းလာတယ်။Zeno လို့ခေါ်ပြီး Stoic Philosophy ကိုစတင်ပြီး သင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ဖြစ်တယ်။ အတွေးအခေါ်ပညာ philosophy ရဲ့အင်အားဟာ အင်မတန်ကြီးပါတယ်။အေသင်မြို့ဆိုတာ ဒီနေ့ခေတ်ကျွန်တော်တို့တန်ဖိုးထားတဲ့ ဒီမိုကရေစီစတင်ပေါ်ထွန်းရာနေရာဆိုလဲ မမှားပါဘူး။ ဒီ Stoic philosophy ကိုမိတ်ဆက်လာရာကဘုရင် (အင်ဘာယာ)ဖြစ်တဲ့ Marcus Aurelius ကစလို့ ကျေးကျွန်ဖြစ်တဲ့ Epictetus အပြင်ဘုရင့်အကြံပေးဖြစ်တဲ့ Seneca အစရှိတဲ့ Stoic အတွေးအခေါ်ပညာရှင်တွေက ဒီအတွေးအခေါ်ကို ဖန်တီးလာခဲ့တယ်။ ဝမ်းနည်းစရာကောင်းတာက ဒီနေ့ခေတ်မှာ ကျန်ရှိတဲ့ Stoic philosophy ကိုရေးထားတဲ့ စာတွေက နှစ်ရာခိုင်နှုန်းအောက်မှာပဲ ရှိတော့တယ်။ ဒီမိုကရေစီရဲ့ အင်အားလိုပဲဒီ […]

Stress ဖြစ်တဲ့ ဒီနေ့လို ပတ်ဝန်းကျင်မှာ
ရှင်သန်ဖို့ အကောင်းဆုံးထဲက တစ်ခုကတော့
Stoic အတွေးအခေါ်ပဲဖြစ်တယ်။
Read More »

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်

လူတွေရဲ့ ပြဿနာအများစုဟာအတွေးမရှင်းရာက စတယ်။မယောင်ရာဆီလူးနေတတ်တယ်။လူအများသတ်မှတ်ထားတဲ့အောင်မြင်မှုဆိုတဲ့နောက်လိုက်ပြီးကိုယ့်ဘဝကို အနှစ်သာရအပြည့်နေဖို့ မေ့နေတတ်ကြတယ်။ အသက်ကြီးမှ နောင်တရတတ်ကြတယ်။ ပြဿနာအများစုရဲ့ အရင်းအမြစ်ကဒီ philosophical problem ပဲ။ အတွေးရှင်းဖို့ philosophy ကိုလေ့လာဖို့လိုတယ်။ Philosophy ဆိုတာ ဥာဏ်ပညာကိုချစ်မြတ်နိုးခြင်းဖြစ်တယ်။ Philosophy ကို အရှင်းဆုံးရှင်းပြရရင် ဘာကြောင့် ဒါလုပ်သလဲ။ ဒီမေးခွန်းပဲ။ ဘာကြောင့်အသက်ရှင်နေသလဲ။ဘာကြောင့် အလုပ်လုပ်နေသလဲ။ ဘာကြောင့်၊ ဘာကြောင့်၊ ဘာကြောင့်။ ဒါမသိရင် မယောင်ရာဆီလူး၊အရေးမပါတာတွေ အရာပေးနေမိတတ်တယ်။ Phyo Paing @ Derek

အတွေးရှင်းဖို့ philosophy ကို
လေ့လာဖို့လိုတယ်
Read More »

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်

အဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့ အာဖရိကရောက်သွားရင် ဘာလုပ်စားမလဲ။ ဒါမှမဟုတ် တိုးတက်ပြီးနိုင်ငံတွေရောက်ရင် ဘာလုပ်မလဲ။ အသက် ၃၅၊ ၄၀၊ ၅၀၊ ၆၀၊ ၇၀အဲ့လို အချိန်မျိုးမှာဘဝကို သုညက ပြန်စရရင်ဘာတွေ လုပ်မလဲ။ စိတ်ပိုင်းဆိုင်ရာအရ ကြိုတင်ပြင်ဆင်ထားလိုက်တယ်။ခြေထောက်ကျိုးသွားခဲ့ရင်၊မျက်လုံးကန်းသွားခဲ့ရင်၊ နားကန်းသွားခဲ့ရင် ဘာတွေ ဆက်လုပ်မလဲ။ အမြဲ စိတ်ဓာတ်ရေးရာအရnegative visualization လုပ်ကြိုတင်ပြင်ဆင်ထားတဲ့အတွက်လောကဓံကို အနည်းငယ်ပိုခံနိုင်လာတယ်လို့ဆိုရမယ်။ တနေ့ ကိုယ်အရင်မသေရင်ကိုယ်ချစ်တဲ့သူတွေ အရင်သေလိမ့်မယ်။အဲ့ဒီအတွက်လဲ စိတ်ဓာတ်ရေးရာအရကြိုတင်ပြင်ဆင်ထားရတယ်။ ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင်ဖြစ်နိုင်ခြေ ဆိုးရွားတဲ့ scenario တွေအတွက်စိတ်ဓာတ်ရေးရာအရ ကြိုတင်ပြင်ဆင်ထားတာ မမှားဘူးလို့ ဆိုရမယ်။ Phyo Paing @ Derek

ဘဝဆိုတာ စစ်ပွဲတစ်ခုဆိုရင် Read More »

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။

တခါတလေ ကိုယ်နေတဲ့မြို့ကိုယ်ပေါင်းတဲ့ အပေါင်းအသင်ကြားကိုယ်လုပ်တဲ့အလုပ်ကိုယ့် အလုပ်နယ်ပယ်မှာတခြားသူတွေနဲ့ အတူပဲကိုယ်က တစ်ယောက်တည်းလွတ်နေတတ်တယ်။ လူတွေက စိတ်ဝင်စားတာကိုယ်က စိတ်ဝင်မစားတာမျိုး။သူများတွေ inspire ဖြစ်တာကိုယ်ကမဖြစ်။သူတို့ဖြစ်ချင်တာက တမျိုးကိုယ်ဖြစ်ချင်တာက တမျိုး။ သူများတွေ ပျော်နေတုန်းကိုယ်က အနာဂတ်အတွက်စဉ်းစားကြိုတင်တိုင်ပတ်နေတာမျိုးလဲဖြစ်ရင် ဖြစ်မယ်။ သူများတွေ တိုင်ပတ်နေချိန်အဲ့လို တိုင်ပတ်မှုအပေါင်းသရဖူဆောင်းပြီးကိုယ်တိုင်ပတ်တဲ့ အဆင့်ကနောက်တစ်ဆင့်ရောက်နေတာမျိုးလဲဖြစ်ချင်ဖြစ်မယ်။ အဲ့လိုမျိုး ပတ်ဝန်းကျင်နဲ့နည်းနည်းလွတ်နေတာမျိုးဖြစ်နေတတ်တယ်။ ဒါက ရူးတာ မဟုတ်ဘူး။အများလျှောက်တဲ့လမ်းနဲ့မတူတာ။အတွေးအခေါ်မတူတာ။အိမ််မက်တွေ မတူတာ။အနာဂတ်အမြင်မတူတာ။ တခါတလေ လွတ်နေတာမကောင်းဘူးလို့ ဘယ်သူမှ မပြောနိုင်ဘူးလေ။ Phyo Paing @ Derek

တခါတလေ လွတ်နေတာ
မကောင်းဘူးလို့
ဘယ်သူမှ မပြောနိုင်ဘူးလေ။
Read More »

ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေက
မနက်ဖြန်အတွက် သုခ
မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။

ကိုယ့်ဘဝမှာ ဘာပဲလိုလိုကိုယ့်ကိုကိုယ် လုပ်ယူမှရတတ်တယ်။အလကားရတာ ဘယ်တုန်းကမှမရှိသလို ရလဲမရချင်ဘူး။ ကောင်းတဲ့အချက်က တန်ဖိုးကြီးတဲ့အရာတစ်ခုရဖို့လေးငါးဆယ်နှစ်လောက်ကတော့ဒူပေဒါပေခံလာနိုင်တယ်။ ဒါကြောင့် မထင်မှတ်ထားတဲ့ပြဿနာတက်လာတိုင်း WTF ဆိုပြီး ရှေ့ဆက်ဖြစ်ခဲ့ကြတာပေါ့။ ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေကမနက်ဖြန်အတွက် သုခမဖြစ်လာဘူးလို့ မပြောနိုင်ဘူး။ Phyo Paing @ Derek

ဒီနေ့ ဒုက္ခလို့ထင်နေတဲ့အရာတွေက
မနက်ဖြန်အတွက် သုခ
မဖြစ်လာဘူးလို့ မပြောနိုင်ဘူး။
Read More »

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။

မဟုတ်ရင် operating expense ကာမိအောင် ရုန်းရင်းကန်ရင်းနဲ့ပဲခံယူချက်တွေ ပျောက်သွားတတ်တယ်။ ဆိုင်တစ်ဆိုင်ပဲကြည့်ကြည့်၊လူတစ်ယောက်ပဲကြည့်ကြည့်ကုမ္ပဏီတစ်ခုကိုပဲ ကြည့်ကြည့်ခံယူချက် ရှိတယ် မရှိတယ်ခံစားလို့ရတယ်။ ငွေတစ်ခုတည်းအတွက်ပဲ သည်းကြီးမဲကြီးလုပ်နေတာလား၊ ဒါမှမဟုတ် ကိုယ်အပြောင်းအလဲလုပ်ချင်တဲ့ခံယူချက်တစ်ခုအတွက် အလုပ်လုပ်နေတာလား ကွာတယ်။ ခံစားလို့ရတယ်။ Starbucks က နွေးထွေးပျော်ရွင်မှုရှိတဲ့ပတ်ဝန်းကျင်ဖန်တီးချင်တယ်။ First home က အိမ်၊ Second home က အလုပ်third home က Starbucks ဖြစ်စေဆိုတဲ့ ခံယူချက်နဲ့။ Xiaomi ဆိုလဲ Innovation for everyone ဆိုပြီး တီထွင်ဆန်းသစ်တဲ့ပစ္စည်းတွေကိုစျေးသက်သက်သာသာနဲ့ သုံးလို့ရအောင်။ တခြားဆီက အတုခိုးတာတွေလဲအများကြီးရှိမယ်။ဒါပေမယ့် သူ့မှာ ခံယူချက်ရှိတဲ့အတွက်ပုရိသတ်များတယ်။ ခံယူချက်က ခံစားလို့ရတယ်။ အဿပြာကတော့ ကိုယ့်လုပ်ရပ်ကြောင့်ရလာတဲ့ ဆုလဒ်ပဲ။ Phyo Paing @ Derek

ခံယူချက်နဲ့ အလုပ်လုပ်နိုင်ဖို့က
ငွေကြေး စိုးရိမ်ပယောဂတွေကင်းမှရမယ်။
Read More »

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။

ငါဒီနေ့ကို ကိုယ့်ရဲ့ အကောင်းဆုံး version ဖြစ်အောင်စွမ်းဆောင်ခဲ့ရဲ့လား? ကိုယ့်ကိုကိုယ် ဂုဏ်ယူရတာဘာတွေ လုပ်ခဲ့သလဲ? ဘာသင်ခန်းစာတွေရခဲ့သလဲ။ Phyo Paing @ Derek

တစ်ရက်တာ ကုန်သွားတိုင်း
ပြန်မေးကြည့်ကြည့်။
Read More »

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။

မနက်ဖြန်ကတော့ ဒီနေ့ထက်ပိုကောင်းရမယ်။ဒီစိတ်နဲ့ပဲ အရာရာကို ဖြတ်ကျော်လာတာ။စျေးကွက်မှာ ဝုန်းတိုင်းကျဲကြော်ငြာHype ဖြစ်ပြီး ပြန်ငြိမ်သွားတာထက်Predictable ဖြစ်တဲ့ ဝင်ငွေနဲ့တိုးတက်မှုကိုပဲ ပိုခုံမင်တယ်။ Phyo Paing @ Derek

ဒီနေ့ ဘယ်လောက် ဆင်းရဲရဲ
သည်းခံနိုင်တယ်။
Read More »

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။

ခေါင်းထဲအတွေးအခေါ်အသစ်ဝင်လာတာနဲ့စဥ်းစားတာ မတူတော့ဘူး။ စဥ်းစားတာမတူရင် အမြင်မတူတော့ဘူး။အမြင်မတူရင် လုပ်ရပ်မတူတော့ဘူး။လုပ်ရပ်မတူရင် ရလဒ်မတူတော့ဘူး။ Thinking -> Perception -> Action -> Result Phyo Paing @ Derek

ဘာလို့ နေ့တိုင်းစာဖတ်သင့်သလဲ။ Read More »

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။

နှစ်ပေါင်းများစွာ စိတ်ညစ်ခဲ့ဖူးတယ်။စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ကိုယ့်ကိုကိုယ် အပစ်တင်ခဲ့ဖူးတယ်။ ပြဿနာတစ်ခုခုကြုံလာတိုင်းဘယ်သူ့ပြေးအားကိုးရမှန်းမသိအကြိမ်ပေါင်းမနည်းဖြစ်ခဲ့ဖူးတယ်။ လုပ်နေတဲ့အလုပ်ကို ရပ်ပစ်ဖို့အကြိမ်တစ်ရာမက စဉ်းစားခဲ့ဖူးတယ်။ ငါလုပ်နေတာ ဟုတ်မှဟုတ်ရဲ့လား၊မှန်မှမှန်ရဲ့လား တွေဝေဒွိဟတွေအကြီးကြီးဖြစ်ခဲ့ဖူးတယ်။ ဝန်ထမ်းတွေ ကိုယ့်စကားနားမထောင်လို့စိတ်ညစ်တဲ့ရက်တွေ အများကြီးရှိခဲ့ဖူးတယ်။ ဆိုင်က အခိုးခံရတဲ့ CCTV ကိုပြန်ကြည့်ပြီး တော်တော်ဒေါသထွက်ခဲ့ဖူးတယ်။ အသည်းတွေ အကြီးအကျယ်ကွဲဖူးတယ်။အရက်ကို ရေလိုသောက်ဖူးတယ်။ လောင်းကစားကို ရေရေလည်လည်စွဲဖူးတယ်။ဘဝမှာ လမ်းတွေ အကြိမ်ကြိမ်ပျောက်ဖူးတယ်။ သေမလို ဆေးရုံနှစ်ခါတက်ဖူးသလိုဆေးမှားသောက်လို့ မျက်စိခြောက်လလောက်ကုခဲ့ဖူးတယ်။နားသိပ်မကြားရလို့ မန္တလေးက ဆရာဝန်ဦးကန်ညွန့်နဲ့ နှစ်နှစ်ကျော်ပြခဲ့ဖူးတယ်။ ငြိမ်းချမ်းခြင်းကိုလိုက်ရှာပြီးစမ်းချောင်းက Church ကျောင်း library မှာခြောက်လ လောက်နေဖူးတယ်။ ငွေအတိုးချေးပေးပြီး အလိမ်ခံရဖူးတယ်။စပ်တူလုပ်ပြီး ခွါပြဲဖူးတယ်။Social media ကို မသုံးတော့ဘူးဆိုပြီးအကြိမ်ကြိမ်စဉ်းစားခဲ့ဖူးတယ်။ မဖတ်တတ်တဲ့ စကားလုံးတွေများတော့dictionary နဲ့တစ်လုံးချင်းလိုက်ရှာစိတ်တွေ အကြိမ်ကြိမ်ညစ်ဖူးတယ်။ အတွေးအခေါ်မတူပဲ အမြဲစိတ်ညစ်ရလို့အသက်ကြီးရင် အမေနဲ့အတူမနေဖူးလို့ပြောပြီး အိမ်နဲ့ သုံးလလောက်အဆက်အသွယ် မလုပ်နေခဲ့ဖူးတယ်။ အဒေါ်တွေအိမ်ကပ်နေဖူးတယ်။အစ်ကို

မွေးကတည်းက သန်မာတာရှားတယ်။
ကိုယ့်ကို မသေစေတဲ့အရာက
သန်မာစေတဲ့အရာတွေဆိုတာ မှန်တယ်။
Read More »