ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။
EACT လို့ အတိုကောက်မှတ်လို့ရတယ်။ 1. Emotion ဒါကတော့ နေ့စဉ် ဘယ်လို စိတ်ခံစားမှုတွေနဲ့ နေချင်လဲဆိုတာကိုအရင် စဉ်းစားသတ်မှတ်တာပဲဖြစ်တယ်။ နေ့စဉ် တိုးတက်မှု၊ ရင်ခုန်မှု၊အလုပ်ထဲစျာန်ဝင်မှု၊ အလုပ်အပေါ်ရူးသွပ်မှု၊တက်ကြွမှု၊ ပျော်ရွင်မှု၊ လွတ်လပ်မှုတွေနဲ့နေ့စဉ် ဖြတ်သန်းချင်တယ်။ ဒါကို habitual emotion လို့ခေါ်လို့ရတယ်။ 2. Activities ဒီ စိတ်ခံစားမှုတွေ နေ့စဉ်ခံစားရဖို့ ဘယ်လို အရာမျိုးတွေလုပ်နေမလဲစဉ်းစားကြည့်တယ်။ ဒီ activities တွေကိုချရေးတယ်။ လေ့လာမှုတွေလုပ်နေရရင်အတွေးအခေါ်အသစ်၊စမ်းသပ်မှုအသစ်၊ဖန်တီးမှုအသစ် ဒါတွေလုပ်နေရရင်ကို ပျော်နေတယ်။ 3. Creation ဒါဆို ဒီလုပ်ဆောင်မှုတွေပေါ်မူတည်ပြီး ဘယ်လို ဝန်ဆောင်မှုတွေ၊ ကုန်ပစ္စည်းတွေဖန်တီးမလဲ စဉ်းစားကြည့်တယ်။ဒီ product, service တွေကိုဖန်တီးတယ်။ 4. Target Customer နောက်တစ်ဆင့်က ဒီ ကုန်ပစ္စည်း၊ဝန်ဆောင်မှုတွေက ဘယ်သူတွေရဲ့ ပြဿနာကိုအကောင်းဆုံးဖြေရှင်းပေးနိုင်မလဲ၊ဒါမှမဟုတ် ဘယ်သူတွေကိုအကောင်းဆုံးအကျိုးပြုမလဲစဉ်းစားတယ်။ […]
ကျွန်တော့်ဘဝကို design လုပ်တဲ့
ပုံစံတစ်ခုရှိတယ်။ Read More »
