relationship

အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။

အလုပ်လုပ်တဲ့ ယောကျာ်းတွေကိုယ်တွယ်ဖို့က အရမ်းရိုးရှင်းတယ်။အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။ ၁။ အပြစ်မတင်နဲ့။ အဲ့အစား အကျိုးသင့်အကြောင်းသင့်လေးပြောပြ။သူ့ကိုယ်သူ အပြစ်တင်တဲ့စိတ်ဖြစ်ရင်တောင်သူကသာမာန်ပဲဆိုပြီး စိတ်ဖြေပေး။ ၂။ သူ့ရဲ့ဖြစ်တည်မှုကိုဂုဏ်ယူပေး။ သူများယောကျာ်းနဲ့ နှိုင်းယှဥ်ပြီးနောက်ကျစေပြီဆိုပြီး အားမလိုအားမရဖြစ်တာသွားမပြနဲ့။ ၃။ သူ့အလုပ်ကို စိတ်ဝင်စားမှုပြပေး။ ၄။ သူ့ရဲ့ တုန့်ပြန်မှုပုံစံတွေကိုလေ့လာထား။ဥပမာ စိတ်ဖိဆီးမှုများရင်ဘယ်လိုတုန့်ပြန်လဲ။ ၅။ သူ့ဖက်က ရပ်တည်ပေး။ သူများက သူ့မကောင်းကြောင်းပြောလာရင်နင်လာစမ်း၊ ဒါက ဘယ်လိုဖြစ်တာလဲအစားအရင် ကာကွယ်ပေး။ နောက်ဒီလိုမဖြစ်အောင် ဘယ်လိုလုပ်ကြမလဲတိုင်ပင်။ မနေ့က သာကောတွေကို ဘယ်လိုစီမံမလဲပြောရင်းနဲ့ စဥ်းစားမိတာလေး။ ယောကျာ်းဆိုတဲ့ သတ္တဝါအပေါ်ထားတဲ့ အမြင်လေးတွေကို သေချာပြန်ချိန်ကြည့်ဖို့လိုတယ်။ဘဝဆိုတာ ကိုရီးယားကားမဟုတ်ဘူးလေ။ Phyo Paing @ Derek

အချက်ငါးချက်ပဲလိုတယ်လို့ထင်တယ်။ Read More »

ဘဝကို အချစ်နဲ့ပဲ မဖြတ်သန်းနဲ့
စနစ်ထည့်ပြီး ဖြတ်သန်း။

အချစ်မှာလဲ စနစ်လိုတယ်။မွေးနေ့မမေ့တာ။စိတ်ခံစားမှုလိုအပ်ချက်ဖြည့်ပေးတာ။ပုံမှန် ဆက်သွယ်မှုပြုလုပ်တာ။အဆင်မပြေတာတွေကို ဖြေရှင်းတာ။နားလည်ပေးတာ။ဒါတွေက ထပ်ခါထပ်ခါလုပ်ရမည့်အရာတွေ။ ဒီထပ်ခါထပ်ခါလုပ်ရမည့်အရာတွေကိုစနစ်ချဖို့လိုတယ်။ မဟုတ်ရင် အချစ်ရေးကဖရိုဖရဲဖြစ်သွားမယ်။ ဘဝမှာ အချစ်ရေး စာမေးပွဲလဲအကြိမ်ကြိမ်ကျဖူးတယ်။ဖြေတိုင်းမအောင်တဲ့ စာမေးပွဲတစ်ခုဖြစ်ခဲ့တယ်။ဒါ လူတော်တော်များများကြုံရမှာပဲ။ ဒီစနစ်တည်ဆောက်ဖို့၁။ ကိုယ့်ရဲ့ အချစ်ကို မြင်တဲ့အခြေခံအယူအဆကို ပြန်ဆန်းစစ်ရတယ်။ ၂။ မှားတာတွေဖယ်၊ မှန်တာတွေနဲ့ပြန်အစားထိုးရတယ်။(ဥပမာ လုပ်ငန်းတစ်ခုလုပ်တဲ့အခါရှိတဲ့အယူအဆနဲ့အချစ်ရေးမှာရှိတဲ့ အယူအဆမတူဘူး။အချစ်ရေးမှာရှိတဲ့ အယူအဆနဲ့ကလေးကို ပြုစုပျိုးထောင်တဲ့ အယူအဆမတူပြန်ဘူး။) ၃။ ကိုယ့်အကြောင်းကိုယ်သိအောင်သေချာလုပ်။တဖက်လူအကြောင်းကို သိအောင် သေချာလုပ်။မှန်မမှန် ပြန်မေးကြည့်။ပြဿနာအများစုက ကိုယ့်ကိုကိုယ်နဲ့တဖက်လူလိုအပ်ချက်ကို မသိလို့ပဲ။ အချစ်ရေးဆိုတာ လိုအပ်ချက်တွေဖလှယ်တဲ့ နေရာတစ်ခုလို့ပြောရင်မှန်မလားမသိဘူး။ ၄။ ကိုယ့်ရဲ့ တုန့်ပြန်မှုပုံစံတွေကိုပြန်သတိပြု၊​ ပြင်သင့်ရင်ပြင်။​ဥပမာ ခေါင်းစားရင် မခံနိုင်တာမျိုးဆိုအဲ့လိုဖြစ်လာတဲ့အခါဘယ်လို တုန့်ပြန်မလဲ။တုန့်ပြန်မှု စနစ်ကို ပြန်ကောင်းအောင်လုပ်။​(လူတိုင်းက ငယ်ဘဝကတည်းကသတိမထားမိပဲ မသိစိတ်က ဖြစ်နေတဲ့တုန့်ပြန်မှု စနစ်တွေရှိတယ်။) အိမ်ထောင်ပြုပြီး ဘဝကိုပျော်တဲ့နှုန်းက ၅၀% ရှိခဲ့မယ်ဆို၅၀% ထဲပါဖို့တော့လိုတာပေါ့။​ ကလေးထပ်မယူတော့ဘူးဆိုရင်အိမ်ထောင်ဆိုတဲ့

ဘဝကို အချစ်နဲ့ပဲ မဖြတ်သန်းနဲ့
စနစ်ထည့်ပြီး ဖြတ်သန်း။
Read More »

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်

တခြားသူတွေတော့မသိဘူး။ကိုယ့်ဘဝကိုအပြောင်းအလဲဖြစ်စေတာကတော့အလုပ်။ဒါကြောင့် “အချစ်”နဲ့ “အလုပ်”ဘာပိုအရေးကြီးလဲဆိုရင်“အလုပ်” လို့ပဲ ၁၀၀% အမြဲပဲ။ Phyo Paing @ Derek

“အချစ်”နဲ့ “အလုပ်”
ဘာပိုအရေးကြီးလဲဆိုရင်
Read More »

အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။

အချစ်က တပ်မက်မှုပါတယ်။ပြန်လည်ရယူလိုစိတ်ပါတယ်။ပြင်းထန်တဲ့ စိတ်ခံစားမှုတွေပါတယ်။ မေတ္တာက တပ်မက်မှုမပါဘူး။ကြင်နာမေတ္တာထားတယ်။ကိုယ်ချင်းစာတရားအခြေခံတယ်။ ဗုဒ္ဓက သတ္တဝါတွေကိုကယ်တင်ချင်တဲ့ မေတ္တာနဲ့ပါရမီဖြည့်ပြီး ဓမ္မကိုဟောကြားခဲ့တယ်။ လူ့အဖွဲ့အစည်းမှာဖြစ်တဲ့ ပြဿနာအများစုကအချစ်ကို အဓိကထားပြီးကိုယ်ချင်းစာစိတ် မေတ္တာထားမှုနည်းနဲ့အခါအကြဥ်းတန်မှုတွေဖြစ်လာတယ်။ အသက်ကြီးမှ တဖြည်းဖြည်းသိလာတယ်ဆိုတာမျိုး။မေတ္တာထားရင် ခွင့်လွတ်တတ်တယ်။နားလည်တတ်တယ်။စာနာတတ်လာတယ်။ အချစ်ကို love လို့ခေါ်ပြီးမေတ္တာကို compassion လို့ခေါ်တယ်။ Phyo Paing @ Derek

အချစ်နဲ့ မေတ္တာနဲ့ မတူဘူး။ Read More »

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်

လူတွေက ကိုယ့်ပြဿနာကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်။စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာလိုအပ်ချက်ကြောင့်သမီးရည်းစား၊ လင်မယားထားကြတယ်။ခန္ဓာကိုယ်လိုအပ်ချက်၊စိတ်ပိုင်းဆိုင်ရာလိုအပ်ချက်၊လူမှုရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းဖို့ကြိုးစားကြတယ်။ လိုချင်တာ မရရင် ဒုက္ခပဲ။လိုအပ်တာ မရရင်လဲဒုက္ခပဲ။ဒါကြောင့် ဗုဒ္ဓက ဘဝဆိုတာ ဒုက္ခလို့ဆိုမိန့်ပြီး သစ္စာလေးပါးကိုဟောကြားတယ်။ဘဝဆိုတာ ဒုက်ခ၊ဒုက္ခဆိုတာ တပ်မက်မှုတဏှာကလာတယ်။ဒုက္ခတွေ ချုပ်ငြိမ်းရာရှိတယ်။ဒါကို နိဗ္ဗာန်လို့ခေါ်တယ်။ဒါကိုသွားဖို့ လမ်းရှိတယ်။ဒါကို မဂ္ဂင်ရှစ်ပါးလို့ခေါ်တယ်။ ဗုဒ္ဓရဲ့ ဘဝရဲ့ ပြဿနာတွေကိုဖြေရှင်းနည်းက တစ်မျိုးဖြစ်တယ်။လူတွေယုံကြည်ထားတဲ့ ဒုက္ခတွေကိုဒသင်္ဂသွားဖြေရှင်းတဲ့နည်းမဟုတ်ဘူး။ ကျွန်တော်တို့က ဗိုက်ဆာရင်စားတယ်။လိုချင်ရင် ဝယ်နိုင်အောင်ကြိုးစားတယ်။ရချင်ရင် ရအောင်နည်းလမ်းရှာပြီးကိုယ့် “ချင်တယ်” ဆိုတဲ့ စိတ်ထဲကပြဿနာကိုဖြေရှင်းတယ်။ ဗုဒ္ဓအနေနဲ့ကျတော့ လူတွေရဲ့ခဏတာ ပြဿနာတွေဖြေရှင်းဖို့ထက်ဒီပြဿာကြီးက ဘယ်ကစလဲဆိုတဲ့ဇစ်မြစ်ကို ရှာတယ်။ဒါဇစ်မြစ်ကို တစ်ခါတည်းဖယ်နိုင်အောင်လုပ်တယ်။ ကျွန်တော်တို့ဘဝမှာ အမြင်မမှန်တဲ့အတွက်အမှန်မမြင်တဲ့ အချိန်တွေအများကြီးပဲ။ဒါကြောင့် ဒုက္ခကအမြင်မမှန်တာကို ဒိဋ္ဌိ လို့ခေါ်တယ်။အယူမှား။အယူမှားဆိုတာ ဘာလဲဆိုရင်ကိုယ်ဖြေရှင်းချင်တဲ့ပြဿနာကိုပိုဝေးသွားစေတဲ့ အယူအဆ။ ဒါကတော့ တရုတ်ကြီးနားလည်တဲ့ဗုဒ်ဓဘာသာ။ Phyo Paing @ Derek

လူတွေက ကိုယ့်ပြဿနာ
ကိုယ်ဖြေရှင်းဖို့ ကြိုးစားကြတယ်
Read More »

ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။

ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။Genius လား၊ အလုပ်ကြိုးစားတဲ့သူလား။ရက်ရောတဲ့သူလား။ ကိုယ့်နဲ့ ဘယ်လောက်နေရင်တစ်ခါတွေ့မလဲ။ဘယ်လိုဆက်သွယ်မလဲ။မက်ဆေ့နဲ့လား၊ တစ်ပတ်သုံးရက်တွေ့မှာလား။ ဘယ်လောက်ထိ commit လုပ်စေချင်သလဲ။Exclusivity လား၊ open relationship လား။ဆွေးနွေးဖို့တွေလိုသလား။ဒီခေတ် ဒီအခါက ပိုရှုပ်လာတယ်။ ငွေရေးကြေးရေးအနေနဲ့ဘယ်လောက်ရှိထားဖို့လိုနိုင်မလဲ။ချမ်းသာဖို့လိုမလား၊ ကိုယ့်ထက်ဝင်ငွေပိုကောင်းရမလား၊တကယ်ဆိုရင် အချစ်ပဲလိုတယ်ဆိုတဲ့ဘယ်လိုအလုပ်လုပ်လုပ်လား။ ကလေးနဲ့ မိသားစုနဲ့နေတဲ့ယောကျာ်းမျိုးကို ကြိုက်သလား။​ ဘုရားတရား ကိုင်းရှိုင်းဖို့လိုမလား။Spiritual ပိုင်းတွေယုံကြည်သူမျိုးလိုသလား။ အိမ်ထောင်ကွဲဆိုရင် အဆင့်ပြေလား။ကလေးတွေ ပါခဲ့မယ်ဆိုရင်ကော်အဆင်ပြေလား။ ကိုယ့်အနေနဲ့ ဒီယောကျာ်းအမျိုးသားရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာကူညီပေးနိုင်မလား။သူ့ plan ကိုလိုက်ပြီးပါဝင် ပြောင်းလဲပေးနိုင်သလား။ သူ့မိသားစုနဲ့ပတ်သက်လာရင်ဘယ်အချက်တွေ ဘယ်လိုဖြစ်ဖို့လိုမလဲ။ဥပမာ သူ့အမေနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ။မာမီဘွင် ဖြစ်ရင် အိုကေလား။တကယ်လို့ သူနဲ့ ကိုယ့်အမေနဲ့အဆင်မပြေခဲ့ရင် လက်ခံနိုင်သလား။ ကိုယ့်ကို ဘယ်လိုဆွဲဆောင်စေချင်လဲ။စျေးကြီးတဲ့လက်ဆောင်တွေပေးဖို့လိုမလား။ဘယ်လိုနည်းနဲ့ ဆွဲဆောင်စေချင်လဲ။ Steve Harvey ရဲ့Act like a ladyThink a man

ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။ Read More »

လူတွေလမ်းခွဲကြတဲ့အခါ

အကျဥ်းတန်တဲ့ ပုံစံနဲ့ခွဲကြသလို တချို့တွေက မေတ္တာနဲ့စပြီးနားလည်မှုနဲ့ပဲ အဆုံးသတ်ကြတယ်။ မနေ့က Nas Daily ရဲ့ လမ်းခွဲတဲ့video ကြည့်လိုက်ရင် အချစ် relationship အပေါ်ထားတဲ့အတွေးအခေါ်တွေ တော်တော်ကွာကြတာတွေ့ရလိမ့်မယ်။ အိမ်ထောင်ပြုတယ်ဆိုတာ ဘယ်သူမှတော့ အပျော်ကြံပြီးအိမ်ထောင်ပြုကြမှာတော့မဟုတ်ဘူး။ တစ်ဘဝလုံး အတူတူသွားကြမယ်ဆိုတဲ့သံဓိ ဌာန်နဲ့ ဆုံးဖြတ်ချက်ချခဲ့ကြတာကြီးပဲ။ လူတွေက လုပ်နေတဲ့အလုပ်ခေါင်းထဲထည့်တဲ့အတွေးအခေါ်ပေါင်းတဲ့သူပေါ်မူတည်ပြီးကမ္ဘာကြီးကိုမြင်တဲ့အမြင်မတူကြဘူး။ world view တွေက မတူကြဘူး။ Relationship တစ်ခုမှာ လူတွေကတန်ဖိုးထားမှု တူချင်မှတူမယ်။အိမ်မက်တွေကလဲ တူချင်မှတူမယ်။ ဒါပေမယ့်ပေါင်းစပ်လို့ရနိုင်တယ်။ ဘယ်အချိန်တွေမှာ relationship တစ်ခုတိုင်ပတ်တတ်ကြလဲဆို တစ်ဖက်က တစ်ဖက်ပိတ် fixed mindsetတစ်ဖက်က တိုးတက်မှု growth mindsetဖြစ်နေတဲ့အခါ မျိုးပေါ့။ တဖက်က တိုးတက်နေမှု၊ လေ့ကျင့်နေမှုကြောင့်မတူညီတဲ့ version ဖြစ်သွားတယ်။ လောကအမြင် မတူတော့ဘူး။ တဖက်က တစ်ဖက်ပိတ် fixed

လူတွေလမ်းခွဲကြတဲ့အခါ Read More »

လူတွေ relationship မှာ တိုင်ပတ်တာက
ငယ်ငယ်က နာကျင်မှုတွေကြောင့်

လူတွေ relationship မှာ တိုင်ပတ်တာကငယ်ငယ်က နာကျင်မှုတွေကြောင့်။John က Cheryl ကိုစတွေ့ကတည်းကသူလိုချင်တာအကုန်ရှိတဲ့ မိန်းကလေးတစ်ယောက်။ဒါပေမယ့် Cheryl က လအနည်းငယ်ကြာတော့မွန်းကြပ်လို့ ငါ့ကို နေရာတစ်ခုထားပေးပါဆိုပြီးပြောလာတယ်။John အတွက်က ဘယ်လိုဖြစ်ဖြစ်တချက် Yes လို့ ပြောတာနဲ့လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပေမယ့်Cheryl ရဲ့ ငြင်းဆိုမှုကြောင့် သူလက်ခံခဲ့တယ်။လအနည်းငယ်ကြာတော့ Patricia နဲ့တွေ့တယ်။John အတွက် အလိုက်တသိ အကုန်လိုလေသေးမရှိ လုပ်ပေးတယ်။ဘာမှ အပြစ်ဆိုတာ မရှိဘူး။ဒါပေမယ့် John အနေနဲ့ အလုပ်ရှုပ်ရင်ရှုပ်မရှုပ်ရင် အမြဲ သတိရနေတာCheryl ပဲဖြစ်နေတယ်။ ဒါကို psychotherapy လာတဲ့အခါDr. Hendrix က သူ့ရဲ့ ငယ်ဘဝအကြောင်းမေးတယ်။သူ့ငယ်ဘဝမှာ John အမေကကလေးကို လျစ်လျူရှုထားလေ့ရှိပြီးJohn အတွက်အမြဲ စိတ်ဖိဆီးမှုတွေနဲ့။John စိတ်ဆိုးတဲ့အခါတိုင်းလဲသူ့ကို ရိုက်ပြီး အချိန်အကြာကြီးစကားမပြောဘူး။ဒီငယ်ငယ်က အဖြစ်အပျက်က မသိစိတ်မှာဆွဲပြီးCheryl ကို

လူတွေ relationship မှာ တိုင်ပတ်တာက
ငယ်ငယ်က နာကျင်မှုတွေကြောင့်
Read More »

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ

အရင်ကတည်းက ရင်းနှီးနေသလိုပဲ။ ဒါကို phenomenon of recognition တဲ့။ နောက် သိတာမှမကြာသေးဘူး။နှစ်ရှည်လများ သိနေသလိုပဲ။ ဒါကို phenomenon of timelessness တဲ့။ တတိယအဆင့်က အချိန်ကြာလာလေပိုရင်းနှီးလာလေ၊ ပိုယုံကြည်လာလေ။ ပိုစာနာပြီး တစ်ဖက်လူဖက်ကခံစားပေးလေတဲ့။ နောက်တစ်ဆင့်ကျတော့ illusion ထင်ယောင်ထင်မှားဖြစ်တဲ့အဆင့်တဲ့။ ကိုယ့် partner ရဲ့ စိတ်ကူးထဲက ideal ဖြစ်တဲ့ပုံစံအတိုင်းပြုမူတတ်တဲ့အတွက်ဒါက ငါ့စိတ်ကူးထဲက relationship ပဲဆိုတဲ့ကမ်းမမြင်လမ်းမမြင်အဆင့်။ နောက်ကျတော့ အရင်သဘောကျတဲ့အဆင့်တွေကစိတ်ညစ်စရာဖြစ်တဲ့အဆင့်။ အရင် အနေအေးလိုက်တာ၊ စကားနည်းတာကောင်းတယ်ဆိုတဲ့ အထင်အမြင်ကနေအချိန်ကြာလာတော့ ပျင်းစရာကောင်းလိုက်တာ၊ငြီးငွေ့စရာ အထီးကျန်စရာကောင်းလိုက်တာဆိုတဲ့အဆင့်။ နောက် power struggle တစ်ယောက်နဲ့တစ်ယောက်စိတ်ဆိုး၊ စိတ်ကောက်၊ အနာကို ဒုတ်နဲ့ဆွမိတဲ့အဆင့်။တစ်ယောက်နဲ့တစ်ယောက် ဝေဖန်မိရင်းဒဏ်ရာတွေနဲ့ ဒေါသ ဒါမှမဟုတ်တော်ပါပြီ နောက်ဆုံးငါပဲနာကျင်ရတယ်ဆိုတဲ့အကြောက်နဲ့ ဆုံးတဲ့အဆင့်။ နောက်အတတ်နိုင်ဆုံး ရှောင်ဖယ်တဲ့အဆင့်။ခပ်ခွာခွာနေတဲ့အဆင့်။ ဒီအဆင့်တွေအကုန်လုံးက

Relationship မှာ
ပထမဆုံးစတွေ့တဲ့အခါ
Read More »

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး

ကိုယ်တွေ့တဲ့သူတိုင်းက ပေးတဲ့Vibe ကိုမှတ်ထားလိုက်တယ်။ဘယ်သူ့ကိုရှောင်ရမယ်၊ဘယ်သူနဲ့ များများတွေ့ရမယ်၊ဘယ်သူနဲ့လျော့တွေ့ရမယ် ပြန်ချိန်ကြည့်တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့ဓာတ်မတူကြဘူး။တချို့ အကြည်ဓာတ်၊တချို့က အပူဓာတ်၊တချို့က ပျော့ပျော့လေးနံတဲ့ ကြောင်ချီး၊တချို့က လေးလံတယ်၊တချို့ကတက်ကြွ၊တချို့ ရင်ခုန်မှုတွေနဲ့၊တချို့က လှုံခြုံမှု၊တချို့က တိုက်မယ်ခိုက်မယ်၊တချို့က အတွေးအခေါ်သစ်တွေနဲ့အဲ့လို တစ်ယောက်နဲ့တစ်ယောက်မတူကြဘူး။ ℙ𝕙𝕪𝕠 Paing @ Derek

လူတစ်ယောက်နဲ့ တစ်ယောက်ပေးတဲ့
ဓာတ်မတူကြဘူး
Read More »