relationship

နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။

ဆက်ဆံရေးတိုင်းမှာ ကိုယ်က သူ့ကိုလိုတာနဲ့သူက ကိုယ့်ကိုလိုတာ ဘယ်သူပိုများလဲကြည့်။ ပိုလိုတဲ့သူက အလျော့ပေးရမှာပဲ။ မျှတနေရင် ဒီဆက်ဆံရေးကတည်မြဲမှာပဲ။ မမျှတရင် တည်မြဲမှာမဟုတ်ဘူး။ ဒါက လူအချင်းချင်း ဆက်ဆံရေးတိုင်းမှာ အသက်တစ်ဝက်ရောက်လာတော့နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။ Phyo Paing @ Derek

နားလည်လာတဲ့ သင်ခန်းစာတစ်ခုပဲ။ Read More »

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။

အိမ်တွင်းတိုက်ပွဲမရှိတော့တဲ့သူတွေကဘဝတိုက်ပွဲမှာ အစွမ်းပိုပြနိုင်တတ်ကြတယ်။ လူတိုင်းကတော့ အနည်းနဲ့အများအိမ်တွင်းတိုက်ပွဲ ဆင်နွဲခဲ့ဖူးကြလိမ့်မယ်။ မိသားစု၊ သားသမီး၊ အမျိုး၊သမီးရည်းစား၊ လင်မယား။ အိမ်တွင်းတိုက်ပွဲတွေအောင်မှဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။ ဒါကို တချို့သူတွေပဲသေချာနားလည်မယ်ထင်တယ်။ Phyo Paing @ Derek

အိမ်တွင်းတိုက်ပွဲတွေအောင်မှ
ဘဝတိုက်ပွဲမှာ ပိုအစွမ်းပြနိုင်မှာ။
Read More »

လူတိုင်းအတွက် အချစ်လိုတတ်တယ်။

Relationship တစ်ခုကစိတ်ဒဏ်ရာတွေကုသတဲ့နေရာတစ်ခုဖြစ်နိုင်တယ်။ နေ့စဉ်ဘဝရဲ့ရုန်ကန်မှုတွေမှာလူတိုင်းအတွက် တစ်ချိန်မဟုတ်တစ်ချိန်ဒဏ်ရာတွေရှိတတ်ကြတယ်။ လောကမှာ လူတွေနဲ့ဝင်ဆန့်ဖို့သရုပ်ဆောင်ရတဲ့အချိန်တွေရှိတယ်။ တခါတလေ အရာရာကိုသရုပ်မဆောင်ပဲအရှိကို အရှိအတိုင်းချပြလို့ရတဲ့ relationship တွေရှိလာတဲ့အခါဒဏ်ရာတွေတောင် အမာရွက်မကျန်ပျောက်ကုန်တတ်တယ်။ ငါ့ရဲ့ဖြစ်တည်မှုအရှိကို အရှိအတိုင်းလက်ခံနိုင်ပါလားဆိုတဲ့အတွေးကလူတစ်ယောက်ကိုခွန်အားတွေအကြီးကြီးပေးတယ်။ နေ့စဉ်ဘဝရဲ့တိုက်ပွဲအပြင်အိမ်တွင်းတိုက်ပွဲတွေပါဆင်နွဲနေရတဲ့သူတွေရှိတတ်တယ်။ အပြင်မှာသရုပ်ဆောင်ရတဲ့အပြင်၊အိမ်မှာပါ အမြဲသရုပ်ဆောင်၊အမှန်အတိုင်းမဖော်ပြနိုင်၊ဖော်ပြတဲ့အခါတိုင်း ပြဿနာတက်၊ကြာလာတော့မွန်းကြပ်လာတတ်တယ်။ကိုယ့်ကိုကိုယ် သနားလာတတ်တယ်။စဉ်းစားရင်းမျက်ရည်ကျလာတတ်တယ်။ ဘဝမှာ လူနဲ့ပတ်သက်တဲ့ရွေးချယ်မှုတွေကအတိုင်းထက်အလွန်အရေးကြီးတယ်။ တချို့ရွေးချယ်မှုတွေကတချို့နေရာတွေမှာနှစ်ခါပြုလုပ်ဖို့ လက်မခံနိုင်ဘူး။ အမှန်တော့ ဘဝတစ်ခုတည်ဆောက်တဲ့အခါrelationship ကလဲcofounder လိုပဲ။ရှေ့သွားနောက်လိုက်ညီရင်ဘဝက စိုပြေနေမယ်။ လူတိုင်းမှာ အရှိကိုအရှိအတိုင်းချပြုလို့ရတဲ့နေရာတစ်ခုလိုတယ်။ တချို့အတွက် မိဘတွေကိုချပြလို့ရတယ်။တချို့က ချစ်သူရည်းစားလင်မယား။တချို့က ကိုယ်နဲ့အယုံကြည်ရဆုံးလူတွေ။တချို့ကျတော့ ဘုရားကျောင်းမှာဘုရားသခင်ကိုချပြလို့ရတယ်။ ကိုယ့်ရဲ့ဖြစ်တည်မှုအတိုင်းလက်ခံချစ်ပေးနိုင်တာအချစ်လို့ထင်တာပဲ။လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Phyo Paing @ Derek

လူတိုင်းအတွက် အချစ်လိုတတ်တယ်။ Read More »

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။

လူတွေထင်တာအချစ်ရေးအဆင်ပြေဖို့Brain Level တူဖို့လိုတယ်လို့ထင်တာ။ ကျွန်တော့်အမြင်တော့Brain Level ထက်ခံယူချက်လို့ထင်တယ်။ ဦးနှောက်ကောင်းတဲ့သူတွေအများကြီးတွေ့ဖူးတယ်။ဦးနှောက်ကောင်းပြီးတိုင်ပတ်နေတဲ့သူတွေအများကြီးရှိတယ်။ အရေးကြီးတာခံယူချက်နဲ့ခံစားချက်ကို ထိန်းနိုင်ပြီးတစ်ယောက်စဥ်းစားပုံတစ်ယောက်ရှင်းရှင်းလင်းလင်းသိဖို့လို့ထင်တယ်။ လူအများစုက ကိုယ့်ကိုကိိုယ်တကယ်သိတယ်လို့ထင်တာ။တကယ်မသိဘူး။ ကိုယ့်ကိုကိုယ်တောင်မသိဘူး။ကိုယ့်တစ်ဖက်ပါတနာကိုယ့်ကိုသိစေချင်တယ်။ လူတိုင်းမှာ စိတ်မလှုံခြုံမှုinsecurities တွေရှိတယ်။တချို့က ရုပ်၊တချို့က အလုပ်၊​တချို့က အဿပြာ၊တချို့က အသိုင်းအဝိုင်းကြားဝင်ဆံ့မှု။ ဒီမလှုံခြုံမှုတွေကိုကိုယ့်ပါတနာနဲ့ ပြောလို့ရလားအဲ့အချက်က တော်တော်အရေးကြီးတယ်။​ပြောရင် နားလည်လားဒါကလဲ အရေးကြီးတယ်။ နားထောင်တိုင်းလဲနားလည်တာတော့မဟုတ်ဘူး။တကယ်နားလည်တယ်ဆိုဘဝက နေပျော်မယ်။မဟုတ်ရင် အိမ်ထောင်ကျပြီးအထီးကျန်နေလိမ့်မယ်။​ဒီလို ဘဝတွေက အများကြီး။ အသက်ရှင်နေပေမယ့်အသက်ဝင်မနေတော့ဘူး။ အသိုင်းအဝိုင်းမျက်နှာကြောင့်သာလောကအလယ် သရုပ်ဆောင်နေရတာ။ ပြန်ဆက်ရရင်ခံယူချက်တူဖို့အရေးကြီးတယ်။အမြင်တူချင်မှတူမယ်။ခံယူချက်တူဖို့လိုတယ်။ ခံယူချက်ဆိုတာ စိတ်ထဲမှာရှိတဲ့ခံယူချက်နဲ့ အယူအဆ။တစ်ယောက်က အလုပ်ကိုအရေးထားပြီးတစ်ယောက်က အလုပ်ကိုဖြစ်သလို လုပ်ရင်ဒါက အဆင်ပြေဖို့မလွယ်ဘူး။ တစ်ယောက်က ကိုယ့်အစွမ်းအစကိုအကောင်းဆုံးသိဖို့ တိုးတက်ချင်တယ်။တစ်ယောက်ကနေသလိုဖြစ်တဲ့ဘဝမှာ ဖြစ်သလိုနေချင်တယ်။ အစပိုင်းမှာတော့ အဆင်ပြေလိမ့်မယ်။​ ချစ်ကျွမ်းစဝင်တဲ့အချိန်ဆိုဘာလေးစားချင်တယ်မပြောလိုက်ရသေးဘူး။ကိုယ့်ဆီအရောက်ဆိုတာမျိုး။နောက်ပိုင်းမှ အချိုးပြောင်းသွားတာ။ဒါက ဦးနှောက်မှာရှိတဲ့neurotransmitter တွေနဲ့ဖြစ်နေကျ အပြောင်းအလဲတွေပဲ။ အရေးကြီးတာ ခံယူချက်အရေးကြီးတယ်။ဒီအချက်နဲ့ပဲလူတွေကအပေါင်းအသင်းရွေးချယ်ကြတယ်။ဒီအချက်နဲ့ပဲ ဝန်ထမ်းကောင်းတွေရှာကြတယ်။ တခါတလေ

လူတွေထင်တာ
အချစ်ရေးအဆင်ပြေဖို့
Brain Level တူဖို့လိုတယ်လို့ထင်တာ။
Read More »

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။

ကိုယ်သာ သားလေးရှိရင်ယောကျာ်းဆိုတာအချစ်ကို ကိုးကွယ်ရမှာမဟုတ်ဘူး။အချစ်က ကိုယ့်ကွယ်အောင်လုပ်ရမှာ။​ ဒီအတွက်ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့အားကိုးလို့ရတဲ့သူဖြစ်ရမယ်။ ဒီလိုဖြစ်ဖို့ Superior Manတန်ဖိုးရှိတဲ့ ယောကျာ်းဖြစ်ဖို့လိုတယ်။​ တန်ဖိုးရှိတဲ့ ယောကျာ်းတွေကအတင်းမပြောဘူး။စောင်းပြော၊ မြောင်းပြောမလုပ်ဘူး။ကိုယ့်အထင်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောရတယ်။ အလုပ်ကိုသေချာလုပ်တယ်။မပျင်းဘူး။ကိုယ့်တာဝန်ကိုယ်ကျေတယ်။ ပြဿနာကို ခံစားချက်တွေနဲ့ဟိုလူ့အပြစ်တင် ဒီလူ့အပြစ်မတင်နေဘူး။ပြဿနာကို အဖြေရှာတယ်။အနိုင်ယူဖို့ထက်ပြေလည်ဖို့ အသားပေးတယ်။ အလုပ်အတွက် စည်းကမ်းရှိတယ်။ကိုယ့်မိဘ၊ သားသမီးနဲ့ အိမ်အတွက်တာဝန်ယူတယ်။ရည်မှန်းချက်ရှိတယ်။အားကိုးလို့ရတယ်။ သူ့ဟာနဲ့သူ လိင်ပိုင်းဆိုင်ရာsexual preference က ဘယ်လိုဖြစ်ဖြစ်ဒါက ခံယူချက်နဲ့ ဆိုင်တယ်လို့ထင်တယ်။ ဒါကတော့ တန်ဖိုးရှိတဲ့ယောကျာ်းလို့ထင်တယ်။ဒီနေ့ခေတ် တန်ဖိုးထားမှုတွေပြောင်းသွားပြီလားတော့သေချာမသိဘူး။ Phyo Paing @ Derek

ယောကျာ်းဆိုတာက တာဝန်ယူမှုနဲ့
အားကိုးလို့ရတဲ့သူဖြစ်ရမယ်။
Read More »

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။

အချစ်ရေးတင်မဟုတ်ဘူး။မိဘနဲ့ သားသမီးကြားဆက်ဆံရေးလဲပါတယ်။ဘဝ အရည်အသွေးတစ်ခုပဲ။ ကိုယ့်ကိုနားလည်တဲ့မိဘနဲ့ကိုယ့်ကိုနားမလည်တဲ့မိဘနှစ်ယောက်ကြားဖြတ်သန်းရတဲ့ဘဝပုံစံကတူမှာမဟုတ်ဘူး။ ကိုယ်က လောကုတ္တရာမှာ တရားမရသေးဘူး၊တစ်ယောက်တည်းနေ၊တစ်စိတ်တည်းမထားတတ်သေးဘူးဆိုရင်လူတွေနဲ့ဆက်ဆံရမှာပဲ။လူတွေနဲ့ပေါင်းသင်းဆက်ဆံမှုမပြုရရင်အထီးကျန်မှာပဲ။ Relationship ဆက်ဆံရေးတိုင်းကတစ်ယောက်နဲ့ တစ်ယောက်နားလည်မှုရှိရင် အရာရာဆိုပြေတယ်။ အရင်က ဒီ relationship လျှို့ဝှက်ချက်codes တွေကို မရှာဖွေနိုင်စဥ်ကနှစ်ပေါင်းများစွာ တိုင်ပတ်ခဲ့တယ်။ Relationship ဆိုတာ လူတွေနဲ့ဆက်ဆံရေးတည်ဆောက်ရတာဖြစ်တဲ့အတွက်လူ့အကြောင်း၊ လူ့သဘောမနော၊ ဖြတ်သန်းကြီးပြင်းလာတဲ့ ယဥ်ကျေးမှု၊ကမ္ဘာကြီးကိုမြင်တဲ့ပုံစံ mental model တန်ဖိုးထားမှု values နဲ့ တွန်းအားပေးတဲ့ motivation ခေါင်းထဲထည့်ထားတဲ့အတွေးအခေါ်၊ ယုံကြည်မှု၊ တုန့်ပြန်မှု ဒါတွေ အကုန်လုံးသိထားဖို့လိုနိုင်တယ်။တပြိုင်တည်းမှာ မိဘ၊ သားသမီး၊ သမီးရည်းစား၊ လင်မယားကတန်ဖိုးထားမှု၊ လောကအမြင်တွေတူရင်ဘယ်လောက်ခက်ခဲတဲ့ ဒုက္ခကြားဖြစ်ဖြစ်ဘဝအရည်အသွေး quality of life က ကောင်းနေမှာပဲ။ The quality of your relationship isthe quality of

Relationship က ကိုယ့်ဘဝရဲ့
အရည်အသွေးပဲ။
Read More »

ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။

လူတွေက အချစ်ကိုရှာတဲ့အခါငယ်ငယ်က ကိုယ့်စိတ်ကူးထဲမှာလိုချင်တဲ့ အဖေ ဒါမှမဟုတ် အမေရဲ့ပုံစံရှာတတ်ကြတယ်။ အိမ်မှာ ဒရာမာတွေ များလေလေ၊ဒရာမာတွေ များလေလေအချစ်ကို ကိုးကွယ်တတ်လေလေပဲ။ တချို့ အိမ်မှာ “စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက်အရမ်းပြည့်စုံတော့”အချစ်ဆိုတာ အရမ်းမတောင့်တ တတ်ကြဘူး။ တချို့က အကုန်လုံးပြီးပြည့်စုံနေလဲ“စိတ်ပိုင်းဆိုင်ရာ လိုအပ်ချက် မပြည့်စုံတဲ့အခါ”အချစ်ကို ပိုကိုးကွယ်တတ်ကြတယ်။ ဘာကြောင့်လဲဆိုတော့လူတိုင်း ကမ္ဘာလောကထဲကိုမျက်စိသူငယ်နားသူငယ်နဲ့ ရောက်လာပြီးအားကိုးရှာတဲ့အခါအဖေ ဒါမှမဟုတ် အမေ၊အဒေါ်တို့ဆီက အားကိုးမှုယူကြတယ်။ ဒီပေါ်မှာ မူတည်ပြီး လောကကို မြင်တဲ့ အမြင်တွေ ဖြစ်လာတတ်တယ်။နောက်မိဘ၊ အဘိုးအဘွားရဲ့မျိုးရိုးဗီဇကလဲ ပါမယ်။ လူတွေရဲ့ စိတ်က ထူးဆန်းတတ်တယ်။ မသိမသာ လေ့လာကြည့်ရင်လူတွေမှာ သူတို့ ပြောနေတဲ့ပုံပြင်တွေရှိတတ်တယ်။ တချို့က အမြဲ ခံရတဲ့ဖက်ကကြီး။ တချို့က အမြဲ ကြေကွဲနေတယ်။တချို့က အမြဲ တက်ကြွနေတယ်။တချို့က အချစ်နဲ့စတွေ့ရင် အရမ်းတက်ကြွ။နောက်ပိုင်း အကြောင်းစုံသိလာတဲ့အခါတက်ကြွမှုတွေ နည်းလာတယ်။

ဘယ်အရာမဆို
နားလည်ပြီး ထိန်းသိမ်း ဒီဇိုင်းလုပ်တာ
အရေးကြီးမယ်လို့ ထင်တယ်။
Read More »

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင်၁၁ ယောက်ဖြစ်ဖို့က လွယ်တယ်။အထူးကြိုးစားစရာမလိုဘူး။ ပညာတတ် ဆယ်ယောက်နဲ့ပေါင်းရင်ကောင်းတာရဖို့အတွက်ကသေချာလေ့လာရပြီ။ စာတော်တဲ့သူဆယ်ယောက်နဲ့ပေါင်းပြီးသူတို့ရဲ့ ကောင်းတဲ့အတွေး၊ အကြံ၊ အလုပ်ကိုသေချာလေ့လာပြီး ကျင့်သုံးရင်ကိုယ်လဲ သူတို့လိုမဖြစ်ရင်တောင်သူတို့ နီးပါးဖြစ်နိုင်တယ်။ အလိုအလျောက်သာ ဖြစ်ရင်သူဌေးတွေနဲ့ အမြဲတွေ့နေတဲ့ ဟိုတယ်ကဝန်ထမ်းတွေ အောင်မြင်နေပြီ။ ကောင်းတဲ့ အမူအကျင့် အတွေးအခေါ်ရဖို့Passive ငြိမ်နေရုံနဲ့မရဘူး။တကူးတက လေ့လာရတယ်။ ပျက်တာက လွယ်တယ်။ပြုပြင်ဖန်တီးတာက ခက်တယ်။ စာသင်ခန်းထဲ ထိုင်နေရုံနဲ့ပညာတတ် ဖြစ်မလာဘူး။ ကျွန်တော်ကတော့ သင်၊ မြင်၊ ပြင်ဆိုတဲ့ဘဝပြောင်းလဲရေး framework လေးလုပ်ထားတယ်။ ၂၀၁၃ မှာ တော်တော်လေးငွေကြေးပြည့်စုံတဲ့သူတွေရဲ့ အသိုင်းအဝိုင်းမှာသူတို့ရဲ့ တွေး၊ ကြံ၊ လုပ်ဆောင်ပုံကိုသင်ကြားလေ့လာခွင့်ရတယ်။ ကိုယ်ဆို အချိန်အများစုကတခြားသူတွေ အကြောင်းစဉ်းစားပြီးအပြစ်တင်ဖို့ စဉ်းစားနေတတ်တယ်။သူတို့က ကိုယ့်အကြောင်း၊ကိုယ့်မိသားစုနဲ့ အလုပ်အကြောင်းပိုစဉ်းစားပြီးအပြစ်တင်တာထက် အဖြေရှာခြင်းကိုဦးစားပေး လုပ်ဆောင်ကြတယ်။ ဒါကို မြင်တော့အကျင့်တွေ ပြင်ဖြစ်တယ်။

အရက်သမား၊ ဘိန်းစား ၁၀ ယောက်နဲ့ပေါင်းရင် Read More »

ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ

ခေါင်းထဲထည့်တဲ့ သတင်းအချက်တွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ပါးစပ်ထဲထည့်တဲ့အစားအစာတွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ပေါင်းတဲ့အပေါင်းအသင်းတွေကိုသေချာရွေးချယ်ဖို့ အရေးကြီးတယ်။ ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ။ Phyo Paing @ Derek

ဘဝဆိုတာ ရွေးချယ်မှုဂိမ်းတစ်ခုပဲ Read More »

ကိုယ်နဲ့နေ့စဥ်တွေ့မယ့်သူတွေကို
သေချာ ရွေးချယ်တတ်ဖို့ အရေးကြီးတယ်

ကိုယ့်နဲ့နေ့စဥ် တွေတဲ့လူတွေကကိုယ့်ဘဝ အရည်အသွေးအပေါ်တော်တော်သက်ရောက်မှုရှိတယ်။ ဒါကြောင့် ကိုယ်နဲ့နေ့စဥ်တွေ့မယ့်သူတွေကိုသေချာ ရွေးချယ်တတ်ဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

ကိုယ်နဲ့နေ့စဥ်တွေ့မယ့်သူတွေကို
သေချာ ရွေးချယ်တတ်ဖို့ အရေးကြီးတယ်
Read More »