relationship

အထီးကျန်ဝေဒနာ

တချို့လူတွေက အထီးကျန်တတ်တယ်။ညနေရောက်ရင် ဘာလိုနေမှန်းကိုမသိဘူး။ငါဘာကြောင့် အလုပ်လုပ်နေမှန်းမသိဘူးအဲ့လို အတွေးမျိုးတွေ ဝင်တတ်တယ်။ ဒီအထီးကျန်မှုက တလွဲတွေကိုဖြစ်စေတတ်လို့ သတိထားရတယ်။ မထိန်းတတ်ရင် စိတ်ကျရောဂါဖြစ်တတ်တယ်။ ဒါကို ကျော်လွှားဖို့ အိမ်ထောင်ပြုမယ်ဆိုငါးပါးမှောက်ပြီသာမှတ်။ သမီးရည်းစားထားလို့ အစပိုင်းမှာအဲ့အထီးကျန်တာက ပျောက်ကောင်းပျောက်သွားနိုင်ပေမယ့် အခြေအနေတစ်ခုရောက်တဲ့အခါ ဒီအထီးကျန်ခြင်းက ပြန်ဖြစ်နိုင်တယ်။ အထူးသဖြင့် ရစ်တာ၊ ရန်ဖြစ်ပြီးဘူပိတ်တာနဲ့ အထီးကျန်တာနဲ့ယှဥ်ရင်ဒုတိယ တစ်ခုကိုပဲ ရွေးလိုက်ကြတာများတယ်။ အထီးကျန်တာကို ကုစားဖို့အကောင်းဆုံးနည်းလမ်းကတော့ ကိုယ့်ဘဝရဲ့ purpose ရည်ရွယ်ချက်ကိုရှာဖွေပြီး အဲ့အလုပ်ကို ဂိမ်းကစားသလို ပိုးစိုးပက်စက်လုပ်တာပဲဖြစ်တယ်။ Phyo Paing @ Derek

အထီးကျန်ဝေဒနာ Read More »

မွန်းကြပ်မှု

Relationship တချို့မှာ အချိန်တစ်ခုရောက်ရင်မွန်းကြပ်မှုဆိုတဲ့ အမှတ်တစ်ခုရောက်လာတတ်တယ်။ စိတ်ပညာအရ ဘာကြောင့်ဖြစ်လဲဆိုရင်တစ်ဖက်လူက သူ့ရဲ့စိတ်ခံစားမှု၊ လူမှုဆက်ဆံရေးလိုအပ်ချက်အားလုံးကိုတဖက်လူတစ်ယောက်ထဲအပေါ်ကမျှော်လင့်တဲ့အခါ ဒီ ”မွန်းကြပ်မှု suffocating” ဆိုတာဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ တစ်ဖက်လူရဲ့လုပ်ရပ်တိုင်းကို အထအနကောက်ပြီးစိတ်တိုင်းမကျ ဖြစ်တတ်တယ်။ တဖက်လူအနေနဲ့လဲ သူ့မှာတခြားကိစ္စေတွကြားမှာ အရာရာကို အာရုံမပြုမိတာမျိုးဖြစ်တတ်တယ်။အဲ့ဒီ point က Eminem ရဲ့Love the way you lie သီချင်းထဲကလိုခံစားမှုနဲ့ ပြဿနာတွေ စဖြစ်တာပဲ။ ဒါကြောင့် အလုပ်ရှုပ်နေပါစေ။ Phyo Paing @ Derek

မွန်းကြပ်မှု Read More »