rule

ပိုခက်တာကိုလုပ်ပါ။

ငွေရှာရတာက သုံးရတာထက်ပိုခက်တယ်။ အလုပ်ဖြစ်အောင်လုပ်ရတာက ဝေဖန်ရတာထက်ပိုခက်တယ်။ လက်တွေ့ဖြစ်အောင်လုပ်ရတာက အိမ်မက်မက်ရတာထက်ပိုခက်တယ်။ စဉ်းစားတွေးခေါ်ရတာက မျက်စိမှိတ်ယုံကြည်တာထက် ပိုခက်တယ်။ ဘ၀တိုးတက်ရေးအတွက် လေ့လာရတာက အချိန်ဖြုန်းပါတီတက်ရတာထက် ပိုခက်တယ်။ Phyo Paing @ Derek

ပိုခက်တာကိုလုပ်ပါ။ Read More »

Respect every profession!!!!
တပါးသူတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လေးစားပါ။

အမှန်တော့ ကိုယ်တစ်နာရီလောက် စကားပြောတာကို တခြားသူနားထောင်အောင်လုပ်ရတာ တော်တော်မလွယ်ကူပါဘူး။လေး၊ ငါးရက်ဆက်တိုက် တစ်ရက်ကို ၁၀ နာရီလောက် ကိုယ့်စကားနားထောင်ပြီးလိုက်လုပ်ဖို့ဆိုတာ ပိုလို့တောင်မလွယ်ပါဘူး။ တချို့က ဂုတ်အင်္ကျီဝတ်ပြီး၊ PowerPoint နဲ့ စင်ပေါ်မှာ တက်ပြောရင်ရတယ်ထင်ကြတယ်။ တစ်နာရီ၊ နှစ်နာရီလောက်ရကောင်းရလိမ့်မယ်။ တကယ့် ဆက်တိုက် Training ပေးတဲ့အခါ ကိုယ့်အရည်အချင်းလူသိပါမယ်။ အများစုဟာ စနစ်တကျ Training ဆိုတာ ကိုယ်သိတာကိုပြောတယ်ထင်တာ။ အဲ့လောက်မရိုးရှင်းပါဘူး။ Training ain’t telling ပါ။ ဒါကြောင့် knowledge အများကြီးရှိပြီး Training ပေးတဲ့အခါ မအောင်မြင်တာ Training method ကိုအသုံးမချဖြစ်လို့ပါ။ Transfer of knowledge မှာ အခက်အခဲ စဖြစ်တယ်။ 1. Coaching2. Facilitation 3. Training 4.

Respect every profession!!!!
တပါးသူတွေရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကို လေးစားပါ။
Read More »

အောင်မြင်တဲ့သူတွေ ပြောတဲ့အောင်မြင်တဲ့ အကြောင်းတွေထဲမှာတူညီတဲ့အချက်တွေရှိတယ်။

၁. Think Big ကြီးကြီးစဉ်းစားပါ။ ၂. Love the process or Live with passion ကိုယ်လုပ်တဲ့အလုပ်ကိုချစ်ပါ။ ၃. Burning desire or be hungry ပြင်းပြတဲ့ စိတ်ဆန္ဒရှိပါ။ ၄. Solve problems ပြဿနာဖြေရှင်းပါ။ Billionaire ဖြစ်ချင်ရင် လူပေါင်း 1 billion ရဲ့ ပြသနာကိုဖြေရှင်းဖို့ကြိုးစားပါတဲ့။ ၅. Don’t do it for the money. ငွေအတွက်အလုပ်မလုပ်ပါနဲ့။ Do it for fun. Do it for sport.(Donald Trump) Money is the by-product တဲ့။ (Dan

အောင်မြင်တဲ့သူတွေ ပြောတဲ့အောင်မြင်တဲ့ အကြောင်းတွေထဲမှာတူညီတဲ့အချက်တွေရှိတယ်။
Read More »

Lifestyle Design

လိုချင်တဲ့ ဘဝကိုတည်ဆောက်ဖို့ ဘဝနေထိုင်မှုပုံစံကို စဉ်းစားရတယ်။ Lifestyle Design လုပ်ဖို့ အဓိက အချက် သုံးချက်ကို စဉ်းစားရတယ်။ ဒါတွေကတော့ ၁. နေထိုင်ချင်တဲ့ ဘဝပုံစံကဘယ်လိုဖြစ်မလဲ?၂. မသေခင် မဖြစ်မနေ အကောင်ထည်ဖော်ချင်တဲ့အရာတွေကဘာလဲ?၃. ဘယ်နေရာမှာနေနေ ဝင်ငွေရှိအောင်ဘယ်လိုလုပ်မလဲ? =========================၁. နေထိုင်ချင်တဲ့ ဘဝပုံစံစဉ်းစားတဲ့အခါ ========================= ၁. ကိုယ့်ရဲ့လက်ရှိတန်ဖိုးထားမှု ၂. အနာဂတ်မှာဖြစ်လာနိုင်တဲ့ တန်ဖိုးထားမှု၃. ကိုယ်နေထိုင်ချင်တဲ့ ဘဝပုံစံကို ရရှိပြီးထားသူများ ဒီသုံးချက်ကို စဉ်းစားတယ်။ တန်ဖိုးထားမှုကို နှစ်ခုဘာကြောင့်ထားလဲဆိုရင် သူက ပြောင်းလဲတတ်တဲ့သဘောရှိတယ်။ လူငယ်ဘဝမှာသာ လွတ်လပ်မှုနဲ့ တိုးတက်မှုကိုတန်ဖိုးထားပေမယ့် အသက်၆၀ လောက်ရောက်ရင် သားသမီးတွေနဲ့ နွေးထွေးမှုက လိုလာနိုင်တယ်။ ဒီတော့ ကိုယ့်ရဲ့ compass ကိုသိဖို့အရေးကြီးသလို ကိုယ့်အရင် ဘိုးဘေးတွေအကြောင်းလဲလေ့လာကြည့်တယ်။ သူတို့ဘာအလုပ်တွေလုပ်တယ်။ ဘဝကိုဘယ်လိုဖြတ်သန်းတယ်ဆိုတာ။ ကိုယ်နေထိုင်ချင်တဲ့

Lifestyle Design Read More »

Limiting Belief

ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။ Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။

Limiting Belief Read More »

အောင်မြင်မှု နှင့် ပျော်ရွှင်မှု

လိုချင်တာကို ရအောင်လုပ်နိုင်ရင် အောင်မြင်မှုရနိုင်တယ်။ စွန့်လွှတ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို လုပ်နိုင်ရင်တော့ ပျော်ရွှင်မှုရနိုင်မယ်။ Phyo Paing @ Derek

အောင်မြင်မှု နှင့် ပျော်ရွှင်မှု Read More »

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။

လူတစ်ယောက်ဟာ တစ်ရက်ကို အတွေးပေါင်း 60,000 မှ 80,000 ထိတွေးကြတယ်။ သဘောကတော့ ကျွန်တော်တို့အချိန်အများစုကအတွေးတွေထဲမှာ ကုန်ကြတယ်။ဒါကြောင့် အတွေးကို ဂရုစိုက်မှဘဝဟာ နေပျော်စရာနေရာလေးဖြစ်လာမှာပါ။ Phyo Paing @ Derek

သင့်ဦးနှောက်ဟာ နေပျော်စရာနေရာလေး ဖြစ်ပါစေ။ Read More »

အကြောင်းမဲ့ဝေဖန်သူတွေကြောင့် အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။

တခါတလေ ကျွန်တော်တို့ရဲ့ ခံယူချက်အရအလုပ်ကြိုးစား လုပ်ပေမယ့်ဘေးထိုင်ဘုပြောတာနဲ့ ကြုံလာတဲ့အခါ ကိုယ့်အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ လူတိုင်းမှာ အတ္တရှိကြတယ်။ ဒီ အတ္တတောင်ကို မကျော်နိုင်တဲ့အခါစိတ်မထားတတ်ပဲ သူတပါးကိုဝေဖန်တတ်ကြတယ်။ ဒါကို ကျွန်တော်တို့ ပတ်ဝန်းကျင်မှာတွေ့ရမှာပါ။ ငါ့ကိုသူ ဘာကြောင့် ဒီလိုဝေဖန်လဲဆိုတာထက်သူလည်း လူသားပဲ သူ့မှာလည်း သူ့စဉ်းစားပုံရှိလိမ့်မယ်ဆိုတဲ့ ဖြေတွေးလေးတွေးပေးလိုက်ပါ။ ဘေးထိုင်ဘုပြောသူတွေကြောင့် ကိုယ့်အလုပ်ပေါ်ထားတဲ့ စေတနာမပျက်စေပါနဲ့။ Phyo Paing @ Derek

အကြောင်းမဲ့ဝေဖန်သူတွေကြောင့် အလုပ်အပေါ်ထားတဲ့ စေတနာမပျက်ပါစေနဲ့။ Read More »

ကိုယ်မအောင်မြင်သေးခင်
ကိုယ့်ကို ယုံကြည်ပေးတဲ့သူတွေကို
ကျေးဇူးတင်ပါ။

လမ်းကြောင်းတစ်ခုပေါ်ရောက် အားပေးမှုတစ်ခုကိုရတဲ့အခါ ကိုယ့်ကို ယုံကြည်သူတွေအများကြီးထွက်ပေါ်လာနိုင်ကြပေမယ့် ကျွန်တော်တို့ ဘာမှ မဖြစ်သေးခင်ယုံကြည်ဖို့ဆိုတာမလွယ်ကူပါဘူး။ ကျွန်တော်တို့ကို ယုံကြည်ပေးခဲ့သူတွေကိုကျေးဇူးတင်ပါ။ Phyo Paing @ Derek

ကိုယ်မအောင်မြင်သေးခင်
ကိုယ့်ကို ယုံကြည်ပေးတဲ့သူတွေကို
ကျေးဇူးတင်ပါ။
Read More »

စိတ်ညစ်မခံပါနဲ့။ အကျင့်ပါတတ်တယ်။

အရမ်း ပင်ပန်းနေတဲ့အချိန်၊ စိတ်ညစ်နေတဲ့အချိန် အနာဂတ်အတွက် အလုပ်အတွက် မစဉ်းစားပါနဲ့။ State လို့ခေါ်တဲ့ Feeling ကို အရင်ပြောင်းပါ။ ဘယ်လိုပြောင်းမလဲ ၁. အတွေးပြောင်း၂. ကိုယ့်ကိုကိုယ်မေးနေတဲ့ question ပြောင်း၃. တခြားသူတွေကို ပြောနေတဲ့ပုံပြင်ပြောင်း၄. နေရာပြောင်း၅. လှုပ်ရှားမှု ခန္ဓာကိုယ် အနေအထားပြောင်း အမှန်တော့ မည်သည့်အလုပ်မဆို စိတ်ဝင်စားဖို့ ၁. မြင်တဲ့အမြင် နဲ့ ၂. state of mind အရေးကြီးပါတယ်။ State of mind ကိုအမြဲနိုးကြားတက်ကြွနေဖို့ လိုတယ်။ ဒီလိုလုပ်နိုင်ဖို့ ၁. အစားအသောက်၂. Morning ritual၃. Priming ၄. အပေါင်းအသင်း၅. Mental stimulations ၆. မိမိကိုယ်ကိုပြောနေတဲ့ပုံပြင်တွေ ကောင်းဖို့လိုတယ်။ Phyo Paing @

စိတ်ညစ်မခံပါနဲ့။ အကျင့်ပါတတ်တယ်။ Read More »