ခုဆို ၂၄ ရက်ပဲရှိသေးတယ် တချို့တွေ စိတ်ဓာတ်ကျချင်လာပြီတချို့တွေ ဒေါသတွေကြီးလာပြီတချို့တွေ အဆဲသန်လာပြီ။ ဒေါ်အောင်ဆန်းစုကြည်လို နေအိမ်အကျယ်ချုပ်နဲ့ ဆယ်စုနှစ်တစ်ခုကျော်နေရမယ်ဆို ကျွန်တော်တို့ သွေးပျက်သွားနိုင်လောက်တယ်။ Freedom from Fear ဆိုတာ စိတ်ခံစားမှု (အကြောက်တရား)ကင်းဝေးဖို့အတွက်ဆို ကိုယ်ကစိတ်ခံစားမှုရဲ့ အရှင်သခင်ဖြစ်နေဖို့ လိုတယ်။ ခေါင်းအေးအေးနဲ့ မဟာဗျူဟာချပြီးစိတ်ရှည်ရှည်နဲ့ ရည်မှန်းချက်ကိုရောက်အောင်သွားဖို့ လိုတယ်။ အရင်လိုမှုက အရေးကြီးသလိုရေရှည်အတွက် ဒူပေဒဏ်ပေခံပြီး စိတ်ရှည်ဖို့လဲ အရေးကြီးတယ်။ ကျွန်တော်တို့ တချို့အရာတွေကို တိုက်ရိုက် မလွမ်းမိုးနိုင်ဘူး။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ စိတ်ခံစားမှုကိုတော့တိုက်ရိုက် ၁၀၀% လွမ်းမိုးနိုင်တယ်။ Phyo Paing @ Derek