strategy

ကိုယ့် strategy က ဘာလဲ?

ဘဝတိုက်ပွဲကို မဟာဗျူဟာမရှိပဲဖြတ်သန်းတာလောက်ရှုံးနိမ့်မှုတွေကြုံရမှာ မရှိဘူး။ကံဆိုတာ သူ့အလိုလိုဘယ်လောက်များကောင်းနိုင်မှာလဲ။ပြင်ဆင်မှုနဲ့ အခွင့်အရေးတွေ့တဲ့အခါအောင်မြင်မှုဆိုတာဖြစ်တယ်။ဘဝတိုက်ပွဲအတွက် အနိုင်နဲ့ပိုင်းဖို့ကိုယ့် strategy က ဘာလဲ? To navigate life’s battles without significant defeats, one must understand that luck can only be so favorable on its own. Success is about seizing opportunities and making preparations. What is your strategy to win in the battles of life? Phyo Paing @ Derek

ကိုယ့် strategy က ဘာလဲ? Read More »

စနစ်မရှိရင်

လုပ်ပြီးသားအရာတွေ အသစ်ကပြန်စဥ်းစားပြီးထပ်ခါထပ်ခါ လုပ်စရာမလိုအောင်စနစ်ဆိုတာ ဖြစ်လာတာ အားတီ၊ အားမေတို့။ နိုင်ငံတစ်နိုင်ငံလည်ပတ်ဖို့ political system လိုတယ်။နိုင်ငံစီးပွားရေးလည်ပတ်ဖို့ economic system လိုတယ်။လုပ်ငန်းတစ်ခုလည်ပတ်ဖို့ business system လိုတယ်။လူတစ်ယောက် စာဖတ်မြန်ဖို့ reading system လိုတယ်။ လုပ်ငန်းတစ်ခုဆိုတာ လုပ်ငန်းဆောင်တာတွေအများကြီးနဲ့ ဖွဲ့စည်းထားတာ။ဖောက်သည်တွေကိုဆွဲဆောင်ဖို့ Marketing Systemစုံစမ်းမှုတွေကို ရောင်းဖို့ Sales Systemဖောက်သည်တွေ စိတ်ကျေနပ်ဖို့ Service Delivery Systemငွေကြေးစီမံခန့်ခွဲဖို့ Financial Planning Systemလူသားရေးရာစီမံခန့်ခွဲဖို့ HR System လိုတယ်။ စနစ်ဆိုတာ ချရခက်တယ်ဆိုတာစနစ်ကို နားမလည်သေးလို့လို့ ယူဆတယ်။စနစ်ဆိုတာ ထပ်ခါထပ်ခါ လည်ပတ်လို့ရတဲ့repeatable process ကိုပြောတာ။ ဥပမာ ကိုယ်လုပ်ငန်းမှာ ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုစနစ်ဆိုတာ ၁။ လုပ်ငန်းရဲ့ ဝန်ထမ်းလိုအပ်ချက်ကို ချိန်ဆမှု ၂။ လိုချင်တဲ့

စနစ်မရှိရင် Read More »

Multiple income streams (MIS)

ဒီနေ့ခေတ်က ကိုယ့်အလုပ်တစ်ခုဝင်ငွေနဲ့ပဲ ရပ်တည်တာဟာအန္တရာယ်တော်တော်များလှတယ်။ လူတွေရဲ့သဘောတရားအရကငွေဝင်လေ ပိုသုံးလေဖြစ်တတ်တယ်။ငွေပိုသုံးလေ ကိုယ့်ရဲ့လူနေမှုအဆင့်အတန်းlifestyle အတွက် ငွေပိုရှာရလေဖြစ်တတ်တယ်။ ဒါကြောင့် ကိုယ့်ရဲ့ဝင်ငွေကိုအလုပ်တစ်ခုထက်ပိုထားသင့်တယ်လို့မြင်တယ်။ဒါကို Multiple income streams (MIS) လို့ခေါ်တယ်။ ကိုယ်တိုင်အလုပ်လုပ်လို့ ဝင်တဲ့ဝင်ငွေActive incomeကိုယ်တိုင်အလုပ်မလုပ်ပဲအိပ်နေလဲငွေရှာပေးနေတဲ့ဝင်ငွေPassive incomeကိုယ့်လုပ်ငန်းကို အလုံးလိုက်အကောင်လိုက်ပြန်ရောင်းတဲ့အခါ ပြန်ရတဲ့ဝင်ငွေValue of the companyဒီသုံးခုပေါ်မူတည်ပြီး ဝင်ငွေတည်ဆောက်ထားဖို့လိုတယ်။ ဥာဏလုပ်သားတစ်ယောက်နဲ့ ဥပမာပေးကြည့်မယ်။ လုပ်ငန်းတစ်ခုက Digital Marketerတစ်ယောက်ဆိုပါတော့။သူ့လုပ်ငန်းမှာ ဝန်ထမ်းလုပ်တဲ့အတွက်လစာ salary ရမယ်။ သူ့အလုပ် ကျွမ်းကျင်မှုနဲ့SME လုပ်ငန်းတွေကို ဒီဂျစ်တယ်မားကတ်တင်းအလွတ်တန်းသမား freelancer အဖြစ်ရုံးချိန်ပြင်ပမှာ side gig အဖြစ်လုပ်မယ်။ဒါဆိုရင် သူ့ရဲ့ active income တိုးတက်လာမယ်။ Page တစ်ခုလုပ်မယ်။ကုမ္ပဏီတစ်ခုမှာ digital marketer အဖြစ်အလုပ်လုပ်လိုသူများအတွက်content တွေရေးပြီး မျှဝေမယ်။နောက် interview ဖြေတာကအစလုပ်ငန်းတစ်ခုမှာ

Multiple income streams (MIS) Read More »

မဟာဗျူဟာ

ကိုယ်လုပ်နေတဲ့လုပ်ငန်း၊ ဝင်ငွေကို “ဆယ်ဆ၊ အဆ တစ်ရာ” ကြီးဖို့ဆိုတာ လုပ်နေတာကိုပဲ ထပ်ခါထပ်ခါပိုကောင်းအောင် လုပ်နေရုံနဲ့မရဘူး။ တစ်လ ၁ သိန်းဝင်တဲ့သူက၁၀ သိန်းဝင်ဖို့၊ ၁၀ သိိန်းဝင်တဲ့သူက သိန်း ၁၀၀ ဝင်ဖို့သိန်း ၁၀၀ ဝင်တဲ့သူက သိန်း ၁၀၀၀ တင်ဖို့ ဒီလို ဖြစ်စဥ်တိုင်းမှာ လုပ်နေကျအရာတွေကိုပဲ ထိုင်လုပ်နေလို့မရဘူး။ ဘယ်အလုပ်ကို ဘယ်အချိန်မှာဘယ်လိုဆုံဖြတ်ပြီး ဘာလုပ်ရမယ်ဆိုတဲ့“အချိိန်ကိုက်” ဖြစ်ဖို့လိုတယ်။နောက် အကောင်အထည်ဖော်မှု “သေသပ်မှု”လိုတယ်။ ကြိုတင်ပြင်ဆင််မှုလိုတယ်။ ဒါကို “မဟာဗျူဟာ” လို့ခေါ်တယ်။ ဆိုက်ကားဆရာတွေကြားထဲမှာဆိုက်ကားနင်းတာ အမြန်ဆုံးဖြစ်ရင်အမြန်ဆုံး ဆိုက်ကားဆရာပဲဖြစ်မှာ။ ကိုယ်လုပ်နေတဲ့ “ကစားကွက်” ကိုလိုရင် လိုသလို ရွေ့တတ်ရမှာ။ ဒါက “မဟာဗျူဟာ” ပဲ။ Phyo Paing @ Derek

မဟာဗျူဟာ Read More »

ဒီမဟာဗျူဟာကို love strategy
အချစ်ဗျူဟာလို့ခေါ်တယ်

ငယ်ငယ် မိခင်ဝမ်းဗိုက်ထဲမှာကိုးလလောက်နေခဲ့ရပြီးလောကကြီးထဲ ကန်ထုတ်ခံရတဲ့အခါအော်ငိုပြီး လောကကြီးထဲရောက်လာတယ်။ လူတွေ ကိုယ့်ကိုဆက်ဆံတဲ့ပုံကြည့်ပြီးဘယ်သူက အဖေ၊ဘယ်သူက အမေ။လူတွေကို သုံးသပ်ကြည့်ပြီးလူတွေနဲ့အဆင်ပြေအောင်ခံစားမှုတွေ၊ တန်ဖိုးထားမှုတွေ၊ယုံကြည်မှုတွေ၊ အမူအရာတွေဖြစ်လာတယ်။ လူတိုင်းက မိခင်ဝမ်းဗိုက်ထဲကထွက်လာပြီးတဲ့နောက် သူ့ရဲ့အရင်းနှီးဆုံးလူရှိတယ်။အဲ့ဒီသူဆီကနေ emotional home ကိုရှာတယ်။ဒီ emotional home နဲ့ ဆက်သွယ်ဖို့မဟာဗျူဟာလိုတယ်။ဒီမဟာဗျူဟာကို love strategyအချစ်ဗျူဟာလို့ခေါ်တယ်။ တချို့က အဖေကို ပိုချစ်တယ်။တချို့က အမေကို ပိုချစ်တယ်။တချို့က အဖိုး၊ အဖွား။ သူတို့ရဲ့အချစ်ကို ရဖို့ ကြိုးစားအားထုတ်မှုတွေပြုလုပ်ရတယ်။တချို့က အမေစကားနားထောင်ရတယ်။​တချို့က အမေ့အပေါ်နွဲ့ဆိုးဆိုးမှအမေ့ရဲ့ အာရုံစိုက်မှုရတယ်။တချို့က ဆိုးသွမ်းပေတေမှ။တချို့ က မိဘပြောတဲ့ တလွဲလုပ်မှ။ဒီပေါ်မူတည်ပြီးတချို့က သမီးလိမ္မာ၊သားလိမ္မာဖြစ်သွားတယ်။ တချို့သူတွေက လူမိုက်ဆိုတဲ့ခေါင်းစဥ်နဲ့ ရှင်သန်တယ်။ သမီးရည်းစားထားတဲ့အခါလဲအလားတူပဲကိုယ်အချစ်ဆုံး အဖေ၊ အမေနဲ့ပုံစံတူတဲ့ emotional home ပေးနိုင်တဲ့သူများကို အဓိကရှာတယ်။တချို့က ကိုယ့်ကိုဘာဖြစ်ဖြစ်ချစ်တဲ့သူ။​တချို့က ကိုယ့်ကို စိန်ခေါ်တဲ့သူ။တချို့က ကိုယ့်က

ဒီမဟာဗျူဟာကို love strategy
အချစ်ဗျူဟာလို့ခေါ်တယ်
Read More »

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်

လူတိုင်းဘဝ၊ အလုပ်နဲ့ စီးပွါးရေးမှာအကွက်ရွေ့နေရတာပဲ။အရေးကြီးတာ ရွေ့မည့်အကွက်တွေကိုကြိုတင်ပြင်ဆင်ထားဖို့နဲ့မဟာဗျူဟာကျကျ မှန်တဲ့အချိန်၊မှန်တဲ့ အကွက်ရွေ့နိုင်ဖို့ပဲ။တိုက်ပွဲလေးတွေထက်နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ်။ တချို့အချိန်တွေမှာ မြက်စားပြီးနေရရင်နေရနိုင်တယ်။အရေးကြီးတာ ဒီဂိမ်းက ဆယ်စုနှစ်ပေါင်းများစွာသွားမည့် ဂိမ်းဆိုတာသိဖို့ပဲ။ Phyo Paing @ Derek

နောက်ဆုံးစစ်ပွဲမှာနိုင်ဖို့ စိတ်ရှည်ရမယ် Read More »

စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ်

ဘဝမှာ နေပျော််ချင်ရင်ကိုယ်ငွေရှာတဲ့ပုံအရေးကြီးတယ်။ငွေရှာဖို့ စီးပွားရေးလုပ်ရတယ်။စီးပွားရေးလုပ်ဖို့ business modelစီးပွားရေးလုပ်တဲ့ပုံစံလိုတယ်။​ သမရိုးကျ စီးပွားရေးပုံစံကဆိုင်ဖွင့်ပြီး အရင်းကျေဖို့ဖောက်သည်ရှာနေရတာ။နေ့စဥ်ရင်မောနေရတယ်။​ ဒီလိုမဖြစ်အောင် ဖောက်သည်အလိုအလျောက်လာအောင်သူ့ဘာသာသူ ငွေဝင်နေဖို့ စနစ်တည်ဆောက်ဖို့လိုတယ်။စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ်။ Business Model နဲ့ စနစ်ကိုသေချာ တည်ဆောက်နိုင်ရင်ကိုယ်လိုချင်တဲ့ ဘဝပုံစံကိုလဲတည်ဆောက်လို့လွယ်သွားပြီ။ လူအများစု ကိုယ်လိုချင်တဲ့ဘဝပုံစံမတည်ဆောက်နိုင်တာငွေရှာတဲ့ပုံစံကြောင့်ပဲ။ ဒါကြောင့် ငွေရှာရင်အလုပ်လုပ်လို့ဝင်ငွေ active incomeမလုပ်ပဲဝင်ဖို့ passive incomeကြားကျတဲ့ hybrid နဲ့ကိုယ့်လုပ်ငန်းပြန်ရောင်းရင်တောင်ရနိုင်တဲ့ Value of the companyဒီလေးခုကို စဥ်းစားဖို့လိုတယ်။ Phyo Paing @ Derek

စနစ်တည်ဆောက်တဲ့အခါ စိတ်ရှည်ဖို့လိုတယ် Read More »

ဒါမဟာဗျူဟာ strategy ပဲ။

ဘယ်သူပြေးတာပိုမြန်လဲထက်ဘယ်လမ်းကပြေးမလဲအရေးပိုကြီးတတ်တယ်။ပြိုင်ဖက်တွေနဲ့ မတူတဲ့ပြေးလမ်းကပြေးတာဒါမဟာဗျူဟာ strategy ပဲ။ Phyo Paing @ Derek

ဒါမဟာဗျူဟာ strategy ပဲ။ Read More »