strategy

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။

မဟာဗျူဟာဆိုတာအခုချက်ချင်းချအခုချက်ချင်းလုပ်ဆောင်လို့ရတဲ့အရာမဟုတ်ဘူး။တစ်ကွက်ချင်းရွေ့သွားရတဲ့အရာ။ ကိုယ်က တက္ကသိုလ်ကျောင်းတတ်တယ်။ကျောင်းမပြီးခင်ကတည်းကကျောင်းပြီးရင် ငါဘာလုပ်မယ်။ဘယ်ကိုသွားမယ်။​အနာဂတ်ဖြစ်နိုင်ခြေကိုအနာဂတ် A, B, C ကို ပုံဖော်တဲ့Scenario planning လိုတယ်။ ကျောင်းတတ်တုန်းမှာဘယ်သူတွေနဲ့ပေါင်းမယ်၊ဘာတွေကြိုလေ့လာထားမယ်၊ဘာအလုပ်တွေလုပ်မယ်၊ဘယ်သူတွေနဲ့တွေ့မယ်ကြိုတင်ပြင်ဆင်ထားလို့ရတယ်။ စစ်ဘုရင် နပိုလီယံလိုပေါ့။ကျောင်းသားဘဝကတည်းကသင်င်္ချာပညာ၊ ပထဝီ၊ စစ်ပညာနဲ့ရူပဗေဒတွေကို လေ့လာသလိုစစ်ဘုရင်တွေဖြစ်တဲ့Hannibal, Julius Caesar,Alexander the Great တို့ကိုလေ့လာတယ်။အနာဂတ်ပလန်အတွက်တစ်ဆင့်ချင်း အကောင်အထည်ဖော်သွားတယ်။ တရုတ်မှာဆို ဟန်မင်းဆက်ကိုတည်ထောင်တဲ့ရွာသားအသက်ကြီးမှဘုရင်ဖြစ်လာတဲ့ လုန်ပန်း Liu Bang (劉邦) ဆိုတာရှိတယ်။ရွာသားကနေ တရုတ်တစ်နိုင်ငံလုံးရဲ့ဘုရင်ဟန်မင်းဆက်ကို တည်ဆောက်ဖို့အတွက်လူတော်တွေလာအောင်၊​အကွက်ချတာ၊ ပြဿနာဖြေရှင်းတာ၊ပညာရှင်တွေနဲ့ ဝန်းရံတာ၊ပါဝါပလေးလာလုပ်တဲ့ စစ်သူကိုနှိမ်နင်းတာမဟာဗျူဟာ အကွက်ရွေ့မှုတွေအများကြီးလုပ်ရတယ်။ ကံကောင်းရုံနဲ့ ဘဝတစ်ဆစ်ချိုးဖြစ်ရင်တစ်ခါ၊ နှစ်ခါပဲဖြစ်မယ်။ဘဝမှာ အကြိမ်ကြိမ်ဖြစ်ဖို့ဥာဏ်ကောင်းဖို့လိုတယ်။အထူးသဖြင့် မဟာဗျူဟာဥာဏ်ရှိဖို့လိုတယ်။ Phyo Paing @ Derek

Rich kid မဟုတ်လေဘဝတစ်ဆစ်ချိုးဖြစ်ဖို့အတွက်မဟာဗျူဟာ လိုလေပဲ။ Read More »

ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ

အလုပ်ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့စနစ်တစ်ခုဖန်တီးဖို့လိုတာ။ Phyo Paing @ Derek

ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ
Read More »

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။

ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းက သူ့စူပါပါဝါနဲ့သူ။Personalized approach ကအကောင်းဆုံးပဲ။ မဟာဗျူဟာဆိုတာကိုယ့်အားသာချက်ပေါ်မူတည်ပြီးဖန်တီးယူရတာပဲ။ Phyo Paing @ Derek

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။
Read More »

ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။

ဘယ်အချိန်မှာ လောဘကြီးရမယ်။ဘယ်အချိန်မှာ ငြိမ်နေရမယ်။ဘယ်အချိန်မှာ လေ့လာမှုပြုရမယ်။ဘယ်အချိန်မှာ ထုတ်ကုန်အသစ်ထုတ်ရမယ်။ဘယ်အချိန်မှာ ဘယ်ကိုသွားရမယ်။ဘယ်အချိန်မှာ ဘယ်သူတွေနဲ့ချိပ်ဆက်ရမယ်။ဘယ်အချိန်မှာ ပိုးစိုးပက်စက်အလုပ်လုပ်ရမယ်။ဘယ်အချိန်မှာ နားရမယ်။ဘယ်အချိန်မှာ လည်ပြီးဘယ်အချိန််မှာ အချင်ယောင်ဆောင်ရမယ်။ ဘယ်အချိန်မှာ ဘာမလုပ်ရဘူး။ဘယ်အချိန်မှာ ဘာလုပ်ရမယ်။ အချိန်အခါကို ကောင်းကောင်းသိပြီးလုပ်ဆောင်မှုကို လုပ်ဆောင်နိုင်တာမဟာဗျူဟာမြောက်တာပဲ။ စေတနာကောင်းတိုင်းရှေ့မရောက်ဘူး။ကြိုးစားတိုင်း ရှေ့မရောက်ဘူး။အပေါင်းအသင်းများတိုင်းလဲ ရှေ့မရောက်ဘူး။ အသိပညာ၊ အတတ်ပညာတစ်ခုမှာတော်တိုင်းလဲရှေ့ရောက်ချင်မှရောက်မယ်။ ရည်မှန်းချက်တစ်ခုရှိရမယ်။ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိရမယ်။သိဖို့လဲ မျက်စိဖွင့်နားစွင့် အမြဲလေ့လာနေဖို့လိုတယ်။မှန်ကန်တဲ့အချိန်မှာ မှန်ကန်တဲ့အလုပ်လုပ်နိုင်ဖို့လိုတယ်။ Phyo Paing @ Derek

ဘယ်အချိန်မှာ ဘာလုပ်ရမယ်သိတာ
မဟာဗျူဟာပဲ။
Read More »

ဒါကို မဟာဗျူဟာလို့ခေါ်ပါတယ်။

ကိုယ့်ကို လာပြိုင်နေတာအကြည်ဓာတ်ပျက်စရာပါ။ နောက်ပြီး ကော်ပီလာကူးတာကလဲအကြည်ဓာတ်ပျက်စရာပါ။ ဒီလိုလာပြိုင်တဲ့အခါကိုယ်က တိုက်ရိုက်မပြိုင်ဘဲနိုင်လို့ရတဲ့ နည်းတွေရှိပါတယ်။ဒါကို မဟာဗျူဟာလို့ခေါ်ပါတယ်။ဒါနဲ့ ပတ်သက်လို့ ယူကျု့မှာဆွေးနွေးထားတာလေးရှိပါတယ်။comment မှာတင်ထားပေးပါတယ်။ Phyo Paing @ Derek

ဒါကို မဟာဗျူဟာလို့ခေါ်ပါတယ်။ Read More »

နည်းနည်းလုပ်များများရတာကို leverage လို့ခေါ်တယ်။

လုပ်ရပ်မတူရင်ရလဒ် မတူဘူး။ များများလုပ်နည်းနည်းရတဲ့အလုပ်ရှိတယ်။ နည်းနည်းလုပ်များများရတဲ့အလုပ်ရှိတယ်။ နည်းနည်းလုပ်များများရတာကို leverage လို့ခေါ်တယ်။ နည်းနည်းလုပ်များများရတာနည်းနည်းပဲလုပ်ချင်လို့မဟုတ်ဘူး။ လိုသလောက်ပဲလုပ်ရအောင်။ ဥပမာ ၈၀/၂၀ သီအိုရီကြားဖူးလိမ့်မယ်။ ပုံမှန် အလုပ်တစ်ခုတည်းကို၁၀၀ ရာခိုင်နှုန်းအားထည့်ပြီး၁၀၀ ရာခိုင်နှုန်းရမည့်အစားကျွန်တော်စဥ်းစားတဲ့ပုံတစ်ခုရှိတယ်။ တစ်ခုကို ၂၀ ရာခိုင်နှုန်းအားထည့်မယ်။၈၀ လောက်ရမယ်ဆိုပါတော့။၁၀၀ ရာခိုင်နှုန်းမှာ၂၀ ကို ၅ ခုမှာ အားထည့်မယ်။​ဒါဆို ၈၀% စီရလို့အလုပ် ၅ ခု ဆို ၄၀၀% ရမယ်။၁၀၀% မဟုတ်တော့ဘူး။​ ဒီ hypothesis အယူအဆကိုစမ်းသပ်ကြည့်တဲ့အနေနဲ့ကိုယ့်ရဲ့မဟာဗျူဟာတွေအကုန်လုံးကို ပြောင်းလဲကြည့်တယ်။​ ၂၀% ကို အခုလို စာရေးတာ၊ဗီဒီယိုအတိုတင်တာ၊Youtube တင်တာ၊စာအုပ်ထုတ်တာလုပ်တယ်။ ၂၀% ကို ဒီဂျစ်တယ်ထုတ်ကုန်၊ပလက်ဖောင်းလုပ်တယ်။ ၂၀% ကို Master Your Flow,Sapwar Marketing,Akyanpay Mini-MBA လုပ်တယ်။ ၂၀% ကို

နည်းနည်းလုပ်များများရတာကို leverage လို့ခေါ်တယ်။ Read More »

တိုက်ရိုက်ပြိုင်တယ်ဆိုတာ
ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။

တိုက်ရိုက်ပြိုင်တယ်ဆိုတာ ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။ ဦးနှောက်မရှိရင်ဂျိုချင်းခွေ့မယ်။ဟိုဖက်က စျေးလျော့ရင်စျေးလိုက်လျော့မယ်။တဖက်က ဒါလုပ်ကိုယ်လိုက်လုပ်မယ်။ ရေတိုကြည့်တဲ့အပိုင်းမှာပဲစဥ်းစားပြီးအစီအစဥျတကြ စဥျးစားထားပွိးတစ်ကွက်ချင်းရွေ့တဲ့ကစားကွက်မရှိတဲ့သူမျိုးမှာတိုက်ရိုက်ပြိုင်တာကိုတွေ့ရတတ်တယ်။ စိတ်ခံစားမှုနဲ့စဥ်းစားတယ်။အထင်အမြင်ကိုရှေ့တမ်းတင်တယ်။ ငါ့ကိုဒါလုပ် ချက်ချင်းဒါပြန်လုပ်မယ်လို့စဥ်းစားတယ်။ ထိပ်တိုက်ရင်ဆိုင်ဖို့ကိုပဲအားပြင်တတ်တယ်။ မဟာဗျူဟာရဲ့အခြေခံက“မပြိုင်ဘဲ နိုင်အောင်လုပ်ဖို့”ပါ။ ကုမ္ပဏီကြီးတွေကဘယ်တော့မှ တိုက်ရိုက်မပြိုင်ဘူး။ Apple ထုတ်ကုန်တွေမှာGoogle Search ကိုထည့်ထားတဲ့အတွက်တစ်နှစ်ကို Google က Apple ကို ဘီလီယံနှစ်ဆယ်ကျော်ပေးရတယ်။ တစ်ဘီလီယံ သန်း ၁၀၀၀ ရှိတယ်။ ဘာကြောင့်လဲ။ Apple က သူကိုယ်တိုင် ရှာဖွေရေးအင်ဂျင် Search Engine ထုတ်မည့်အစားGoogle ကိုသုံးတာ သူ့အတွက် ပိုကိုက်တယ်။ နောက်ဒါက သူအထူးပြုတဲ့နေရာမဟုတ်ဘူး။ Apple က consumer tech ကိုသွားတယ်။Microsoft က လုပ်ငန်းတွေရဲ့နည်းပညာပံ့ပိုးမှုကိုသွားတယ်။Google က ကမ္ဘာ့သတင်းအချက်စီးစဥ်မှုကိုကြော်ငြာလုပ်ငန်းမော်ဒယ်နဲ့သွားတယ်။Meta က လူမှုကွန်ယက်ပိုင်းသွားတယ်။ အကုန်လုံးကတော့ ပြိုင်ရတယ်။ဒါပေမယ့် တိုက်ရိုက်မပြိုင်ကြဘူး။

တိုက်ရိုက်ပြိုင်တယ်ဆိုတာ
ဦးနှောက်မရှိတဲ့သူတွေလုပ်တာ။
Read More »

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။

ဘဝမှာ လိုချင်တာလုပ်မရတိုင်း“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။ ၂၀၀၅ ဒီဇင်ဘာမှာ ဆေးကျောင်းပထမနှစ်စတက်တယ်။ ၂၀၀၇ မှာ ဆေးရုံစသွားရတော့ဆေးကုတဲ့အပိုင်းစိတ်မဝင်စားတာစသိပြီ။ နှစ်လမ်းသွားမဟာဗျူဟာကဆေးကျောင်းမှာ စာမေးပွဲအောင်ဖို့လဲလုပ်တယ်။ကျောင်းပြီးရင် အသက်မွေးဝမ်းကျောင်းစဖို့အနာဂတ်ပြဿနာအဖြေရှာတာကိုလဲစလုပ်တယ်။ သေချာတာတစ်ခုက ဘွဲ့ရပြီးရင်နောက်အသက်မွေးပညာရပ်တစ်ခုကိုထပ်လေ့လာရမယ်။ ဒီနေ့အတွက်လဲ အကျိုးရှိမယ်။အနာဂတ်ပြဿနာကိုလဲ ဖြေရှင်းပေးနိုင်မည့်အရာကိုလိုက်ရှာကြည့်တော့Accelerated Learning Techniques နဲ့ Productivity ပိုင်းဖြစ်တာတွေ့ရတယ်။ ဒါနဲ့ မြန်နှုန်းမြင့်သင်ယူခြင်းဖြစ်တဲ့ မှတ်ဥာဏ်ကောင်းအောင်လုပ်ခြင်း၊ စာဖတ်မြန်အောင်လုပ်ခြင်း၊ ဦးနှောက်ကို မြန်ဆန်အောင်လုပ်ခြင်းနည်းလမ်းတွေ နေ့တိုင်းလေ့ကျင့်ဖြစ်တယ်။နောက် စွမ်းဆောင်ရည်မြင့်ဖို့ စိတ်ပညာပိုင်းတွေ လေ့လာဖြစ်တယ်။ ဒါကြောင့် ကျောင်းပြီးတော့ အသက်မွေးပညာပြောင်းတဲ့အခါအရမ်းလွယ်ကူသွားသလို အချိန်တွေ အများကြီးချုံ့ပေးလိုက်နိုင်တယ်။ ၂၀၁၃ ဂျန်နဝါရီတစ်ရက်မှာ Roche Pharmaceuticals မှာ အလုပ်စဝင်တယ်။ တစ်နေ့ ဝန်ထမ်းလုပ်နေရာက အလုပ်ထွက်ခဲ့သည်ရှိသော်ကိုစဥ်းစားမိတယ်။ အလုပ်ချိန်ပြင်ပမှာ MBA တက်တယ်။ဖုန်းဆော့ဝဲလုပ်ပေးတယ်။ Part-time စာသင်တယ်။ ၂၀၁၄ မတ်လမှာ ဖုန်းဆိုင်စဖွင့်ဖြစ်တယ်။ တစ်နှစ်လောက်အချိန်ပေးကိုယ်မပါပဲ

ဘဝမှာ လိုချင်တာလုပ်မရတိုင်း
“နှစ်လမ်းသွားမဟာဗျူဟာ” သုံးကြည့်တယ်။
Read More »

ဘဝကို နောက်တစ်ဆင့်ရောက်အောင်

ဘဝကို နောက်တစ်ဆင့်ရောက်အောင်ဆယ်ဆ၊ အဆ ၁၀၀ဖြစ်သွားစေတဲ့ အခိုက်အတန့်ကတစ်လ၊ တစ်နှစ်လောက်ပဲကြာရင်ကြာမယ်။ဒီ တစ်လ၊ တစ်နှစ်မဖြစ်ခင်တည်ဆောက်ခဲ့တာ ဆယ်နှစ်ဖြစ်ရင်ဖြစ်မယ်။ရေရှည်စဉ်းစားဖို့လိုတတ်တယ်။ To advance life to the next stage,Tenfold, a hundred times,The crucial moment might last only a month or a year.Before this month or year happens,It could have been a decade in the making.Long-term thinking is often necessary. Phyo Paing @ Derek

ဘဝကို နောက်တစ်ဆင့်ရောက်အောင် Read More »