strategy

ရေရှည်အတွက် ထိရောက်တာကတော့
အမှတ်တံဆိပ်သေချာ
တည်ဆောက်တာပဲ။

ကိုယ့်ရဲ့ post လေး လူနှစ်သန်း၊​သုံးသန်းလောက် တွေ့ရဖို့$ ထောင် ဂဏန်း boost နေရချိန်မှာတချို့တွေက free ရနေတယ်။ဘာကွာသွားသလဲ? အနာဂတ်အတွက် ပြင်ဆင်မှုကွာသွားတယ်။မားကတ်တင်းသမားတွေစဥ်းစားတဲ့ ပုံစံက$1 ထည့်လိုက်တိုင်းဝင်ငွေ ဘယ်လောက်ပြန်ရှာပေးမလဲ။$ ထည့်စရာမလိုပဲဘယ်လို မားကတ်တင်းလုပ်မလဲ။ ပထမတစ်ခု အမေးများတာကpaid ad နဲ့သွားတဲ့ marketer တွေ။ဒုတိယတစ်ခုက အမှတ်တံဆိပ်တည်ဆောက်တဲ့ marketer တွေ။ Paid Ad က ရေရှည် မလွယ်ဘူး။Google မှာကြော်ငြာFacebook မှာ ကြော်ငြာစျေးက အမြဲတက်သွားမှာပဲ။ ရေရှည်အတွက် ထိရောက်တာကတော့အမှတ်တံဆိပ်သေချာတည်ဆောက်တာပဲ။ ဒီအတွက် မဟာဗျူဟာကောင်းကောင်းလိုတယ်။စိတ်ရှည်မှု လိုတယ်။​ Phyo Paing @ Derek

ရေရှည်အတွက် ထိရောက်တာကတော့
အမှတ်တံဆိပ်သေချာ
တည်ဆောက်တာပဲ။
Read More »

တိုက်ကွက်တွေမြန်ဖို့လိုသလို
စိတ်ရှည်ဖို့လဲလိုတယ်။

အံအားသင့်လောက်တဲ့ ရလဒ်ဆိုတာတစ်ရက်နှစ်ရက်၊ တစ်လနှစ်လနဲ့ရတဲ့ အမျိုးဖြစ်တာရှားတယ်။​ လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။လွယ်လွယ်နဲ့ မရနိုင်တာတိုင်းမှာဆာလောင်မှုလိုတယ်။မဟာဗျူဟာကောင်းလိုတယ်။ပြင်းထန်တဲ့လုပ်ရှားမှုတွေလိုတယ်။အမြဲမပြတ်လေ့လာသင်ယူမှုလိုတယ်။ဒူပေဒါပေခံမှုလိုတယ်။စိတ်ရှည်ဇွဲသန်ဖို့ လိုတယ်။​ Giza မှာရှိတဲ့ ပိရိမစ်ကြီးကို တည်ဆောက်ဖို့လူပေါင်း ၁ သိန်းနဲ့ နှစ်ပေါင်း ၂၀ လိုခဲ့တယ်။ မဟာတံတိုင်းတည်ဆောက်ဖို့ချင်းစစ်ဝမ်လက်ထက်မှာ ကိုးနှစ်အချိန်ယူခဲ့ပေမယ့်ဆက်လက်ချဲ့ထွင်ထိန်းသိမ်းဖို့မင်းဆက် ကိုးဆက်ကျော်နဲ့နှစ်ထောင်ပေါင်းများစွာကြာခဲ့တယ်။ တိုက်ကွက်တွေမြန်ဖို့လိုသလိုစိတ်ရှည်ဖို့လဲလိုတယ်။ Phyo Paing @ Derek

တိုက်ကွက်တွေမြန်ဖို့လိုသလို
စိတ်ရှည်ဖို့လဲလိုတယ်။
Read More »

မှန်ကန်တဲ့အချိန်မှာ မှန်ကန်တာလုပ်တာ
ဒါ မဟာဗျူဟာပဲ။

ဥပမာလူအများစုက ဝိတ်ချမယ်ဆိုGym သွားကြတယ်။ ဝိတ်ချမယ်ဆို အစားအသောက်အရင်ပို အရေးကြီးတယ်။80% က diet 20% ကမှ workout နောက် လိုချင်တဲ့ targeted weight ရောက်မှ workout က Sustainability အတွက် ကြွက်သားတည်ဆောက်ဖို့လိုလာတာ။ Business မှာလဲ အဲ့လိုပဲ။ လုပ်ငန်းစရင် ဖောက်သည်လိုတယ်။တနည်းကိုယ့်ကို ပိုက်ဆံပေးမည့်သူလိုတယ်။ ပြီးမှ team development တို့စနစ်ချတာတို့လာတာ။ မှန်တဲ့လုပ်ရပ်က မှားတဲ့အချိန်မှာလုပ်ရင် လိုချင်တဲ့ရလဒ်ရဖို့ မလွယ်ဘူးဆိုတာအားလုံးသိပါတယ်။ Phyo Paing @ Derek

မှန်ကန်တဲ့အချိန်မှာ မှန်ကန်တာလုပ်တာ
ဒါ မဟာဗျူဟာပဲ။
Read More »

Apple ရဲ့ မဟာဗျူဟာ

Gym ကို တစ်ယောက်ပြီးတစ်ယောက်အဖြူရောင် AirPod တွေနဲ့ဝင်လာတော့ စဉ်းစားမိတယ်။ Apple က iPod ကို သတ်လိုက်တယ်လို့အများစု ထင်ကြတယ်။iPod ခေတ်က Shuffle, Classic, Nanoပုံစံအများကြီးထွက်တယ်။ တကယ်တမ်း Apple ရဲ့ မဟာဗျူဟာကiPod ရောင်းဖို့လောက်ပဲ စဉ်းစားတာမဟုတ်ဘူး။Digital Hub Strategy နဲ့သွားတာ။သီချင်းရောင်းဖို့၊ လစဉ်ကြေးနဲ့သွားဖို့ရည်ရွယ်တာ။ဒါကြောင့်လဲ iTunes ကို လုပ်ခဲ့တာ။ ဒီတော့ iPod ဘာဖြစ်သွားသလဲ? AirPod ဖြစ်သွားတာပေါ့။နောက်ပိုင်း အမျိုးအစားများများစားစားထွက်လာမယ်။ Hardware က သူ့အတွက်Trojan horse ပဲ။ မဟာဗျူဟာအကောင်ထည်ဖော်တာလေ့လာချင်ရင် Apple ကိုကြည့်ကြည့်။ Ecosystem ကို ဘယ်လောက်လှလှပပတည်ဆောက်သွားခဲ့သလဲ။ Phyo Paing @ Derek

Apple ရဲ့ မဟာဗျူဟာ Read More »