ကိုယ့်ကိုယ်ကို ဆုံးမစာ။
အောင်မြင်မှုနောက်မလိုက်နဲ့။ တိုးတက်မှုနောက်လိုက်။ အောင်မြင်မှုက အဖြစ်အပျက်။တိုးတက်မှုက ဖြစ်စဥ်။ အောင်မြင်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။ကိုယ့်ရဲ့တိုးတက်မှုကို ကိုယ်တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။ အောင်မြင်မှုက တခဏ။ တိုးတက်မှုက သေချာလုပ်ဆောင်ရင် တစ်ဘဝ။ အောင်မြင်တိုင်း အကြာကြီးမပျော်ဘူး။တိုးတက်နေရင် အကြာကြီးပျော်တယ်။ လိုချင်တာရတဲ့အခါ အောင်မြင်မှုလို့ခေါ်တယ်။သာမာန်ထက် ပိုဆွတ်ခူးနိုင်ရင် အောင်မြင်မှုလို့ခေါ်ကြတယ်။လိုချင်တာရလို့ ပျော်တာ အချိန်မကြာဘူး။လူတွေရဲ့ အထင်အမြင်ပေါ်မူတည်ပြီးပျော်တာအချိန် အကြာကြီး မခံဘူး။ ကိုယ့်တိုးတက်မှုပေါ်မူတည်ပြီးပျော်တာအချိန်အကြာကြီးခံတယ်။ အောင်မြင်မှုနောက် မလိုက်နဲ့။ တိုးတက်မှုနောက်လိုက်။ တိုးတက်ရင် ဘေးက အောင်မြင်မှုကbonus တစ်ခုလို ကပ်ပါလာနိုင်တယ်။ ကျန်းမာရေးတိုးတက်အောင်အစားအသောက် လေ့ကျင့်ခန်းဂရုစိုက်လုပ်ဆောင်။ဥာဏတိုးတက်အောင်စာဖတ်၊ ပြဿနာတွေ အဖြေရှာ။ အလုပ်အကိုင်၊ စီးပွားရေးတိုးတက်အောင် အချိန်ပေးစဥ်းစားလုပ်ဆောင်။ စိတ်ငြိမ်းချမ်းရေးအတွက်နေ့စဥ်အမှိုက်တွေစွန့်ပစ် တရားထိုင်၊ ဆုတောင်း။ငွေရေးကြေးရေးအတွက် ရသမျှ အကုန်မသုံးနဲ့။စုပြီးပွား။ အပြစ်မတင်ပဲ၊ အဖြေရှာ။ ကိုယ့်ကိုယ်ကို ဆုံးမစာ။ Phyo Paing @ Derek
ကိုယ့်ကိုယ်ကို ဆုံးမစာ။ Read More »
