success

လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။
ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။

နိုင်ငံတစ်နိုင်ငံကလူတွေကြိုးစားတိုင်းနိုင်ငံက တိုးတက်သွားတာမဟုတ်ဘူး။ လုပ်ငန်းတစ်ခု၊ လူတစ်ယောက်ကလဲအလားတူပဲ။ အလုပ်တွေ ဇွတ်လုပ်တိုင်း တိုးတက်တာတော့လဲ မဟုတ်ဘူး။ ပါးနပ်ဖို့လိုတယ်။ အမျှော်အမြင်ရှိဖို့လိုတယ်။ ရွေးချယ်မှုမှန်ဖို့လိုတယ်။ ဆုံးဖြတ်ချက်မှန်ဖို့လိုတယ်။ ဒါတွေလုပ်ဖို့ “မှန်ကန်တဲ့အမြင်” ရှိဖို့လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့ ပညာလိုတယ်။ ပညာက  အမှန်ကို အမှန်အတိုင်း မြင်နိုင်စေတယ်။ အကြောင်းအကျိုး (Cause & Effect) ကို နားလည်စေတယ်။လွဲမှားသော ယုံကြည်ချက်များကို စွန့်လွှတ်နိုင်စေတယ်။ ပညာရှိဖို့ ဥာဏ်ကိုသုံးဖို့လိုတယ်။ စူးစမ်း လေ့လာဖို့လိုတယ်။စမ်းသပ်ကြည့်ဖို့လိုတယ်။ကိုယ့်အယူအဆမှားနေတရင်ပြောင်းလဲရဲဖို့လိုတယ်။ လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။ ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။ အရှေ့အရပ်ကို သွားချင်ပြီးအနောက်အရပ်ကို ပြေးနေလို့မရဘူး။မဟုတ်ရင် ပြေးလေ ဝေးလေဖြစ်နေမယ်။ ရွေးချယ်မှုကောင်းတစ်ခုက ဘဝကို ပြောင်းလဲစေနိုင်သလိုရွေးချယ်မှုဆိုးကြီးတစ်ခုက ကြိုးစားထားသမျှကိုလဲ သဲထဲရေသွန်ဖြစ်အောင်လုပ်နိုင်တယ်။ ဒါကြောင့် အရေးကြီးတဲ့ရွေးချယ်မှုတွေကိုသေချာစဥ်းစား ဥာဏ်ပညာနဲ့ပြုလုပ်နိုင်ဖို့လိုတယ်။ ရွေးချယ်မှုမှားသွားတာသိရင်လဲမြန်မြန် ပြန်ပြင်နိုင်ဖို့လိုတယ်။ မကြိုးစားလို့ ခရီးမရောက်တာမဟုတ်၊ ရွေးချယ်မှုမှားလို့ […]

လူတွေ မကြိုးစားလို့မအောင်မြင်တာမဟုတ်ဘူး။
ရွေးချယ်မှုတွေမှားနေလို့ ခရီးမရောက်ကြတာ။
Read More »

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က

ဘဝမှာ အောင်မြင်ချင်တယ်။စိတ်လည်း ချမ်းသာချင်တယ်။ ဒါဆို အသစ်တစ်ခု ထပ်ရှာဖို့ မလိုပါဘူး။ရှိပြီးသား အမှား ငါးခုကို ရှောင်လိုက်ရုံပါ။ ၁။ ဦးတည်ချက်မရှိဘဲ အလုပ်များနေခြင်း အလုပ်များတာနဲ့ တိုးတက်တာ မတူပါဘူး။ဦးတည်ရာ မသိဘဲ မြန်မြန်ပြေးရင်မြန်မြန် ပင်ပန်းတာပဲ ကျန်ခဲ့မယ်။ လမ်းမှန်ပေါ်ရောက်မှ အရှိန်က အဓိပ္ပါယ်ရှိတယ်။Clarity is Power. ၂။ ကိုယ့်ဘဝကို သူများဘဝနဲ့ နှိုင်းခြင်း ကိုယ့်ရဲ့ Day 1 ကိုသူများရဲ့ Year 10 နဲ့ မတိုင်းပါနဲ့။ ပြိုင်ရမယ့်သူက သူများ မဟုတ်ဘူး။မနေ့က ကိုယ့်ကိုယ်ကိုယ်ပါ။ ချမ်းသာချင်ရင် နှိုင်းတာ ရပ်လိုက်ပါ။ကိုယ့်လမ်းကြောင်းပေါ် ပြန်တက်လိုက်ပါ။ ၃။ အပြစ်တင်တဲ့စိတ် (Victim Mentality) “စီးပွားရေး မကောင်းလို့…”“ကံ မကောင်းလို့…”“သူတို့ကြောင့်…” ဒီစကားတွေက စိတ်ကို ခဏ

ကျွန်တော့်အတွက်
အောင်မြင်မှုအဓိပ္ပာယ်ဖွင့်ဆိုချက်က
Read More »

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။

တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပာယ်ဖွင့်ဆိုမှုတော့ ကွာနိုင်တယ်။ မလုပ်ချင်တာလုပ်ပြီး မဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးမဖြစ်ချင်တာ ဖြစ်နေတဲ့ဘဝ။ မလုပ်ချင်တာလုပ်ပြီးဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ လုပ်ချင်တာလုပ်ပြီးကိုယ်ဖြစ်ချင်တာ ဖြစ်လာနေတဲ့ဘဝ။ ဒီလေးခုမှာ ကိုယ့်အလုပ်ကိုလဲ ချစ်တယ်။ ကိုယ့်အလုပ်က ယူဆောင်လာပေးတဲ့ရလဒ်ကိုလဲချစ်တယ်။ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Phyo Paing @ Derek

ဒါကလဲ အောင်မြင်မှုတစ်မျိုးပဲမဟုတ်လား။ Read More »

အောင်မြင်ချင်ရင်

အောင်မြင်ချင်ရင်လောဘတွေကို တိုး။ လုပ်နိုင်စွမ်းတွေကို တိုး။ အေးချမ်းချင်ရင်လောဘတွေကို လျော့။ လုပ်နိုင်စွမ်းတွေကို တိုး။ Phyo Paing @ Derek

အောင်မြင်ချင်ရင် Read More »

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။

ကြိုးစားတိုင်း မအောင်မြင်တဲ့သူတွေတွေ့ဖူးလိမ့်မယ်။ စေတနာကောင်းတိုင်းလဲ ကံပြန်မကောင်းတဲ့ အခိုက်အတန့်တွေတွေ့ရှိဖူးလိမ့်မယ်။ တရားမျှတမှုကိုလိုက်ရှာပြီးမတွေ့တဲ့အချိန်တွေ အများကြီးတွေ့ဖူးလိမ့်မယ်။ လောကနိယာမ အရ ကြိုးစားတဲ့သူ အောင်မြင်တာမဟုတ်ဘူး။ မှန်ကန်တဲ့အချိန်၊ မှန်ကန်တဲ့နေရာမှာ၊မှန်ကန်တဲ့သူတွေနဲ့တွေ့ပြီး၊ မှန်ကန်တဲ့အလုပ်လုပ်နေတာမှအောင်မြင်စေတာ။ စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။ပညာကောင်းမှ ကံကောင်းတာ။ ပညာဆိုတာ ကိုယ်လုပ်တဲ့အလုပ်ရဲ့နောက်ဆက်တွဲကို သေချာနားလည်တာ။ပညာကောင်းရင် ကာယကံ၊ ဝဇီကံ၊ မနောကံကောင်းမယ်။ ပညာကောင်းပြီး မှန်ကန်တဲ့အမြင်ရှိတဲ့အခါကံကောင်းအောင်လုပ်ဆောင်နိုင်မယ်။ဒါကြောင့် ဗုဒ္ဓက သမ္မာဒိဋ္ဌိ = ပညာ ကိုမဂ္ဂင်ရှစ်ပါးရဲ့ထိပ်ဆုံးမှာထား သင်ကြားပေးခဲ့တယ်။ လောကကြီးက မတရားဘူး။ဒါကို လက်ခံဖို့လိုတယ်။ လူ့လောက ကတော့မတရားဘူး။ သံသရာကတော့ တရားနိုင်တယ်။ နောက်ပေးတာနဲ့တန်တာပြန်မရဘူး။များများပေးပြီး နည်းနည်းရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရတာဖြစ်နိုင်တယ်။နည်းနည်းပေးပြီး များများရဖို့လူတွေက ပညာသင်ပြီးနည်းပညာထွင်ကြတယ်။ Phyo Paing @ Derek

စေတနာကောင်းတိုင်းကံကောင်းတာမဟုတ်ဘူး။
ပညာကောင်းမှ ကံကောင်းတာ။
Read More »

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။

မအောင်မြင်တဲ့သူတွေရဲ့စကားနားထောင်ပါ။ ဘာကြောင့်လဲဆို သူတို့ရဲ့ တွေးပုံခေါ်ပုံကိုသင်ခန်းစာယူရှောင်လို့ရတယ်။ သူတို့ရဲ့လုပ်ပုံကိုင်ပုံကိုကြည့်သင်ခန်းစာယူရှောင်လို့ရတယ်။ အောင်မြင်တဲ့သူတွေရဲ့စကားပဲနားမထောင်ပါနဲ့။မအောင်မြင်တဲ့သူတွေရဲ့စကားလဲနားထောင်ပါ။ သူတို့ဆီက တန်ဖိုးမဖြတ်နိုင်တဲ့ရှောင်လို့ရတဲ့ သင်ခန်းစာတွေရတယ်။ ငွေကြေးအမြဲတိုင်ပတ်သူတွေမှာငွေကြေးနဲ့ပတ်သက်လို့ မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊ လုပ်ဆောင်မှုတွေရှိတတ်တယ်။ လူမှုရေးတိုင်ပတ်သူတွေမှာလူမှုရေးနဲ့ ပတ်သက်လို့မှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ကြိုးစားတိုင်းမအောင်မြင်ကံနည်း၊ ဥာဏ်နည်းနေတဲ့သူတွေမှာမှားယွင်းနေတဲ့ ယုံကြည်မှု၊အတွေးအခေါ်၊လုပ်ဆောင်မှုတွေရှိတတ်တယ်။ ဒါကြောင့် မအောင်မြင်တဲ့သူတွေအမြဲကျရှုံးတတ်တဲ့သူတွေထာဝရတိုင်ပတ်တတ်သူတွေစကားနားထောင်ပါ။ဒါမှ ရှောင်လို့ရမယ်။ Phyo Paing @ Derek

အောင်မြင်တဲ့သူတွေရဲ့စကားပဲ
နားမထောင်ပါနဲ့။
Read More »

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။

အိပ်မက် မက်ရုံနဲ့ ဘာမှမဖြစ်လာဘူး၊ လက်တွေ့ကျကျ လုပ်မှ ဖြစ်မယ်။ လူတိုင်းမှာ အိပ်မက်တွေရှိကြတယ်။ ကြီးသည်ဖြစ်စေ၊ ငယ်သည်ဖြစ်စေ။ ဒါပေမဲ့ အိပ်မက်က လှပလေလေ၊ အဲ့ဒီလှပမှုနောက်ကွယ်မှာ ကြမ်းတမ်းတဲ့ လက်တွေ့အလုပ်တွေ အများကြီးရှိတယ်ဆိုတာကိုတော့ မေ့ထားလို့ မရဘူး။ ယနေ့ခေတ်မှာ လူမှုကွန်ရက်ပေါ်ကနေ အောင်မြင်မှုပုံရိပ်လှလှလေးတွေကို ကြည့်ပြီး “ငါလည်း ဒီလိုဖြစ်ချင်လိုက်တာ” လို့ တွေးမိကြသူတွေ အများကြီးပါပဲ။ အတုယူတာ ကောင်းပါတယ်။ ဒါပေမဲ့ အတုယူရင်းနဲ့ လက်တွေ့နဲ့ ကင်းကွာသွားတာမျိုးတော့ မဖြစ်စေချင်ဘူး။ လက်တွေ့ကျတယ်ဆိုတာ ဘာလဲ? ကျွန်တော်ရဲ့ အမြင်အရ လက်တွေ့ကျတယ်ဆိုတာဟာ ကိုယ့်ရဲ့ ရည်မှန်းချက်၊ ကိုယ်ပိုင်အစွမ်းအစ၊ ပိုင်ဆိုင်တဲ့အရင်းအမြစ်နဲ့ ပတ်ဝန်းကျင်အခြေအနေတွေကို မျှတစွာ ပေါင်းစပ်ပြီး ရှေ့ဆက်ရမယ့် လမ်းကြောင်းကို ရှင်းရှင်းလင်းလင်း မြင်ခြင်းပဲ။ အိပ်မက်တစ်ခု လူဖြစ်လာဖို့အတွက်… ၁။ အသေးစိတ်

အောင်မြင်မှုဆိုတာ မနက်ဖြန် မိုးလင်းတာနဲ့
ရုတ်တရက် ရောက်လာတာမျိုး မဟုတ်ပါဘူး။
Read More »

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။

လူတစ်ယောက်ချင်းစီကိုယ့်အပေါ်မြင်တဲ့အထင်အမြင်ကိုပြောင်းဖို့အကောင်းဆုံးနည်းလမ်းကတော့အောင်မြင်မှုပဲ။ လူတိုင်းကိုလိုက်ရှင်ပြနေစရာမလိုဘူး။ ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်ကအရေးမပါဘူး။ Phyo Paing @ Derek

ကိုယ့်အတွက်အရေးမပါတဲ့သူရဲ့အမြင်က
အရေးမပါဘူး။
Read More »

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။

လူတိုင်းက ကိုယ့်အောင်မြင်ရေးဖော်မြူလာနဲ့ကိုယ်။ကိုယ့် flow ဖလိုး ကိုယ်မိဖို့ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Read More »

တိုးတက်မှု > အောင်မြင်မှု

ကိုယ်လိုချင်တာကိုရတာလဲအောင်မြင်မှုလို့ခေါ်တယ်။ အများလိုချင်တာကိုရထားတာကိုလဲတချို့ကအောင်မြင်မှုလို့သတ်မှတ်တယ်။ ကိုယ့်နယ်ပယ်မှာ သာမန်ထက်ကျော်ပြီးထိပ်တန်းထဲပါဝင်ရင်လဲအောင်မြင်မှုလို့သတ်မှတ်တယ်။ တချို့က ကိုယ့်ထက်ရလဒ်ပိုကောင်းရင်လဲအောင်မြင်မှုလို့သတ်မှတ်ပြန်တယ်။ တချို့ကလဲလူတွေအသိအမှတ်ပြုအားပေးတာကိုအောင်မြင်မှုလို့သတ်မှတ်တယ်။ အောင်မြင်မှုရဲ့ အဓိပ္ပာယ်ကကြည့်သူပေါ်မူတည်တယ်။Subjective ဖြစ်လွန်းတယ်။ အောင်မြင်မှုထက် တိုးတက်မှုကကျွန်တော့်အတွက်လက်တွေ့ပိုကျတယ်။ လူတိုင်းမွေးလာကတည်းကနောက်ခံရေမြေ ပေးထားချက်တွေမတူဘူး။ဘဝရဲ့ပြဿနာ မေးထားချက်တွေမတူဘူး။ ဘဝရဲ့ပေးထားချက်တွေကိုအခြေခံပြီးမေးထားချက်တွေကိုဖြေရှင်းရင်းလူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာ၊တစ်နည်းအားဖြင့်ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းပုံစံတည်ဆောက်တာကဘဝရဲ့ အဓိပ္ပာယ်လို့ခံယူထားတယ်။ ဒါကြောင့် အောင်မြင်မှုထက်တိုးတက်မှုကို တန်ဖိုးပိုထားတယ်။ဘာကြောင့်လဲဆိုအောင်မြင်မှုဆိုတဲ့ အိမ်မှာနေဖို့တိုးတက်မှုလို့ခေါ်တဲ့အိမ်ငှါးခပေးရမှာမို့ပါ။​ တိုးတက်မှု > အောင်မြင်မှု Phyo Paing @ Derek

တိုးတက်မှု > အောင်မြင်မှု Read More »