success

မမြင်အောင် အောင်မြင်ပါ။

လူတွေမြင်အောင် အောင်မြင်တဲ့အခါတချို့က မုဒိသာပွားနိုင်ပေမယ့်လူတချို့ရဲ့ အတွင်းသဘောအရ ငါကျန်ခဲ့ပြီဆိုတဲ့ ခံစားချက်ဝင်တတ်တယ်။ လိုတာထက်ပိုပြီး အောင်ပွဲခဏခဏခံပြရင်မလိုအပ်တဲ့ အန္တရာယ်တွေ ဖိတ်ခေါ်မိသလိုဖြစ်တတ်တယ်။ဒါကြောင့် တခါတလေလူတွေ မမြင်အောင်အောင်မြင်တာကလဲကောင်းတဲ့ အချက်တစ်ခုဖြစ်နိုင်တယ်။ (ကိုယ့်အဓိက ငွေတွေ ဘယ်ကဝင်နေလဲ မသိစေနဲ့။ ကိုယ့်ရဲ့အဓိကအောင်မြင်မှုဝှက်ဖဲကို အကုန်မပြနဲ့။ အဲ့လိုတော့ ပညာရှိတွေက အကြံပေးကြတာကြားဖူးကြလိမ့်မယ်။အယူအဆ ကွဲပြားမှုတွေရှိကောင်းရှိကြလိမ့်မယ်။) Phyo Paing @ Derek

မမြင်အောင် အောင်မြင်ပါ။ Read More »

အောင်မြင်ရေး ဖော်မြူလာကတော့

ကျွန်တော်နားလည်ထားတဲ့အောင်မြင်ရေး ဖော်မြူလာကတော့ ၁။ ကိုယ်ရဲ့စူပါပါဝါကို အကောင်းဆုံးအသုံးချ၂။ တခြားသူရဲ့စူပါပါဝါကို ကိုယ်နဲ့ပေါင်း၃။ ဖြစ်ချင်တာကို စဥ်းစား၄။ ဖြစ်နိုင်တာကို ကြံဆ၅။ ဖြစ်ခဲ့တာကို သင်ခန်းစာယူ၆။ ဖြစ်မည့်အနာဂတ်အခြေအနေကို ထည့်သွင်းစဥ်းစား၇။ ဖြစ်အောင်လုပ်ဖို့ပဲ။ Phyo Paing @ Derek

အောင်မြင်ရေး ဖော်မြူလာကတော့ Read More »

ဘဝမှာ ဂုဏ်အယူဆုံးအရာတစ်ခု

ဘဝမှာ ဂုဏ်အယူဆုံးအရာတစ်ခုကအချိန်တွေ အလဟသဖြုန်းခဲ့ခြင်းမရှိတာပဲ။ဘဝကိုတော့ ကိုယ့်မှာရှိတဲ့ဥာဏ်ဘဝပေးကံနဲ့ အကုန်မဟာဗျူဟာအကျဆုံးဖြစ်အောင်ချိပ်ဆက်လုပ်ဆောင်ခဲ့တာပဲ။ Phyo Paing @ Derek

ဘဝမှာ ဂုဏ်အယူဆုံးအရာတစ်ခု Read More »

အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။

ပလန်ထားတဲ့အတိုင်း အကုန်ဖြစ်ရအောင်ဘဝက မအေးအေးဝင်းစီစဉ်တာမှ မဟုတ်တာ။ ပလန်တဲ့အတိုင်းမဖြစ်ရင်ဖြစ်လာတဲ့အတိုင်း ပြန်ပလန်ရမှာပဲ။ ပလန်ထက် အရေးကြီးတာ ပလန်နင်း။ တချို့ပလန်က တမင်တကာချမှတ်ရတဲ့Deliberate planတချို့ပလန်က မီးစင်ကြည့်ကရတဲ့Emergent plan ပထမ ပလန်မဖြစ်ခဲ့ရင်ပလန်ဘီကိုစဉ်းစားတာကိုကျContigency plan ဝေဒနာနဲ့ မဆုံးဖြတ်ပဲအရင်ရခဲ့ဖူးတဲ့ရလဒ် ဒေတာနဲ့အဖြေရှာတဲ့အခါပြောပြမရတဲ့ လောကသဘာဝရဲ့မြေပြင်အနေအထားတွေကိုဝေဝါးမှုတွေကြားက သိလာမယ်။ ရှင်သန်ဖို့၊ ရှင်ကျန်ဖို့၊ ကြီးထွားဖို့ကပလန်နေရမှာပဲ။အကောင်အထည်ဖော်နေရမှာပဲ။ အောင်မြင်မှုဆိုတာ အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။ ကံကောင်းပြီး အလကားရတာ ဘားမှမရှိတဲ့ဘဝသမား ရည်မှန်းချက်ကြီးသူတွေအတွက် အဟိတ်အဟန်တွေကြားမှာအနာဂတ်အတွက်ကြိတ်ကြံနေရမှာပဲ။ဒါမှ ကိုယ်လိုချင်တဲ့ဘဝရဲ့ နိဗ္ဗာန်နဲ့ ပိုနီးလာမယ်။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ
အခွင့်အရေးနဲ့ ပြင်ဆင်မှုတွေ့တဲ့အခါဖြစ်တယ်။
Read More »

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ။ငှါးခမပေးနိုင်ရင် ကန်ချခံရလိမ့်မယ်။ပိုပေးနိုင်ရင် ပိုကောင်းတဲ့နေရာရောက်လိမ့်မယ်။တန်ရာတန်ကြေးပေးဖို့ဝန်လေးနေလို့ မရဘူး။ Phyo Paing @ Derek

အောင်မြင်မှုဆိုတာ အိမ်ငှါးသလိုပါပဲ Read More »

ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ

သာမာန်ထက် ပြောင်မြောက်တဲ့ရလဒ်တွေရဖို့ ပထမဆုံးလုပ်ရမှာ“ကိုယ့်ကိုယ်ကို နားလည်အောင်ပဲ။” လူတိုင်းမှာ ငုတ်လျိုးပြီး မတူးဖော်ရသေတဲ့စူပါ ပါဝါတွေ ရှိတယ်။တစ်ယောက်ရဲ့ တစ်ယောက်မတူကြဘူး။ ဒါကြောင့် လူတွေကို သွားပြိုင်စရာမလိုဘူး။ ဒီငုတ်လျိုးနေတဲ့ ပါဝါတွေကို ရှာဖွေပြီးကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာကိုရှာပြီးအသုံံးပြုတာ အမြန်ဆုံးနည်းလမ်းပဲ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အောင်မြင်ရေး ဖော်မြူလာ Read More »

စမ်းသပ်မှုတွေ မြန်မြန်လုပ်။

စမ်းသပ်မှုတွေ မြန်မြန်လုပ်။ ၁၀ ခုထဲက ၁ ခုအောင်မြင်ရင်တော်တော်လေး ကောင်းနေပြီ။ ပြီးပြည့်စုံတာကြိုက်တဲ့ လူ့အဖွဲ့အစည်းမှာ ပြီးပြည့်စုံဖို့ အလုပ်ဖြစ်တာနဲ့ အလုပ်မဖြစ်တာခွဲသိ။အလုပ်ဖြစ်တာကို ရွေးချယ်လုပ်။ သြချရလောက်တဲ့ တင်ဆက်မှုနောက်ကွယ်မှာချော်လဲ၊ အရှက်ကွဲ၊ လဲကျ၊ ပြန်ထခဲ့တဲ့အကြိမ်အရေတွေက လူတွေသိချင်မှ သိလိမ့်မယ်။ Phyo Paing @ Derek

စမ်းသပ်မှုတွေ မြန်မြန်လုပ်။ Read More »

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။

တချို့ အရမ်းနာမည်ကြီး အောင်မြင်တယ်ဆိုတဲ့အဆိုတော်တွေ၊ Kpop Star တွေဘာကြောင့် ကိုယ့်ကိုကိုယ် သတ်သေကြလဲ။ အောင်မြင်မှုလို့ပြောတဲ့အခါကိုယ်လိုချင်တာရရင် အောင်မြင်မှုလို့အလွယ်သတ်မှတ်လို့ရပါတယ်။ လူတွေလိုချင်တာ ကိုယ်ရနေရင်လဲလူအများစုက ကိုယ့်ကိုအောင်မြင်တယ်လို့သတ်မှတ်ကြပါတယ်။ ကိုယ်လိုချင်တာရတာ ကိုယ်ရေးကိုယ်တာအောင်မြင်မှုPrivate Victory ဖြစ်ပြီးလူအများစုလိုချင်တာကိုယ်ရနေတာ အသိုင်းအဝိုင်းက သတ်မှတ်တဲ့အောင်မြင်မှု Public Victory ဖြစ်ပါတယ်။ တချို့လူတွေက ကိုယ်ရေးကိုယ်တာလဲ မအောင်မြင်ဘူး၊အသိုင်းအဝိုင်းသတ်မှတ်တဲ့ အောင်မြင်မှုလဲမရှိဘူး။ တချို့လူတွေက လူတွေရဲ့အထင်အမြင်ကို အသားပေးလွန်းအားကြီးတော့ကိုယ့်ရဲ့အိမ်မက်တွေ၊ ရင်တွင်းကလာတဲ့စကားသံတွေကို လျစ်လျူရှုပြီးမိဘဖြစ်စေချင်တာ၊ ပတ်ဝန်းကျင်အသိုင်းအဝိုင်းကဖြစ်စေချင်တာတွေ လုပ်တဲ့အခါအသိုင်းအဝိုင်းရဲ့ သတ်မှတ်တဲ့အောင်မြင်မှုရပြီးကိုယ်ရေးကိုယ်တာ အောင်မြင်မှုမရှိကြဘူး။အားတီအားမေတို့။ တချို့က ကိုယ်တိုင်ဖြစ်ချင်တာဖြစ်အောင်လုပ်တယ်။လူအများစုကလဲ သူ့ကိုအားကျကြတယ်။ဒါကို ပတ်ဝန်းကျင်က တကယ့်အောင်မြင်မှုလို့သတ်မှတ်ကြတယ်။ နောက်တစ်ဆင့်အောင်မြင်မှုကတော့ ဆန္ဒတွေ မရှိတော့တဲ့ အောင်မြင်မှုပေါ့။ Desirelessness is wisdom ဆိုမျိုးပေါ့။ ဗုဒ္ဓဟောကြားချက်အရဆို တပ်မက်မှု တဏှာတွေ မရှိတော့တာပေါ့။ ကိုယ်က ဘယ်အောင်မြင်မှုကိုသွားနေတာလဲ သေချာသိိဖို့တော့လိုတယ်အားတီ၊

ကိုယ်က ဘယ်အောင်မြင်မှုကို
သွားနေတာလဲ သေချာသိိဖို့တော့လိုတယ်။
Read More »

တိုးတက်မှုက အောင်မြင်မှုပဲ

ကျွန်တော့်အတွက် အောင်မြင်မှုထက်တိုးတက်မှုက ပိုအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတော့တိုးတက်မှုက အောင်မြင်မှုပဲ။ အောင်မြင်မှုဆိုတာ အဖြစ်အပျက်။တိုးတက်မှုဆိုတာ ဖြစ်စဉ်။ နေ့စဉ် တိုးတက်နေတာအောင်မြင်တာပဲ။ ဒါနဲ့ မတိုးတက်တာ ဘယ်လောက်ကြာပြီလဲ?စီးပွါးရေး၊ အလုပ်အကိုင်၊တစ်ကိုယ်ရည်တိုးတက်ရေး။ Phyo Paing @ Derek

တိုးတက်မှုက အောင်မြင်မှုပဲ Read More »