time management

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။

တချို့မကြိုက်တဲ့နေရာ၊မချစ်မနှစ်သက်သူတွေနဲ့အဝေးမှာ ခွဲခွာသွားလို့ရနိုင်ပေမယ့်ခွဲမရတဲ့အရာက ကိုယ်တိုင်ပဲ။ ဒါကြောင့် အချိန်ကိုသုံးချိန်ခွဲလိုက်တယ်။ ၁။ ကိုယ့်အတွက်အချိန်၂။ အလုပ်အတွက်အချိန်၃။ သူတပါးအတွက်အချိန် ကိုယ့်အတွက်အချိန်က မနက် ၄ ကနေ ၁၀ ထိ (၆ နာရီ) ဦးနှောက်၊ စိတ်နဲ့ ခန္ဓာအတွက်လေ့ကျင့်ရေးဆင်းတယ်။ စာဖတ်၊ လေ့ကျင့်ခန်းလုပ်၊ journaling နဲ့ တရားထိုင်၊ professional learning အတွက်လုပ်။ ၁၀ ကနေ ၆ အထိက အလုပ်အတွက်စုစုပေါင်း ၈ နာရီပေါ့။ (၈ နာရီ) ၆ ကနေ ၁၀ နာရီထိက (၄ နာရီ)အပေါင်းသင်းယောင်းရင်းအချိန်ပေါ့။တချို့ရက်မှာတော့ အလုပ်ရှိနိုင်တာပေါ့။ အဲ့လို ဖြတ်သန်းလာတာကတော့ 296 ရက်တော့ ရှိပြီ။ ခုထိတော့ အလုပ်ဖြစ်နေတယ်။ Phyo Paing @ Derek

အသက်ရှင်နေသမျှ
ကိုယ်ထွက်ပြေးမရတဲ့အရာက
ကိုယ့်စိတ်နဲ့ ခန္ဓာပဲ။
Read More »

တစ်ရက် ၂၄ နာရီကို စုဗူးလို့မြင်တယ်။

ကျန်းမာရေး၊ တိုးတက်ရေး၊လူမှုရေး၊ စီးပွါးရေး၊ စိတ်ပိုင်းဆိုင်ရာ အကြည်ဓာတ်တည်ဆောက်ရေးစီမံခန့်ခွဲနိုင်ရေးနဲ့ ကိုယ်နဲ့ သက်ဆိုင်ရာအသက်မွေးဝမ်းကျောင်းအလုပ်အတွက်တစ်ဖက်ကမ်းခတ်ကျွမ်းကျင်ရေးနေ့စဉ် စုနေရတယ်။ တချို့ရက်တွေက စုထားတဲ့ထဲကယူသုံးရတယ်။တချို့ရက်တွေက စုရတယ်။စုတာက သုံးတာထက် ပိုများဖို့လိုတယ်။ Phyo Paing @ Derek

တစ်ရက် ၂၄ နာရီကို စုဗူးလို့မြင်တယ်။ Read More »

လူတွေရဲ့ စိတ်ခံစားမှု mood က
မနက်၊ နေ့လည်၊ ညနေ၊ ည မှာ
မတူဘူး။

လအလိုက်လဲ မတူဘူး။ဥပမာ New Year မှာ gym သွားတဲ့ ပိုများတယ်။Monday မှာ ပိုများတယ်။ မနက်ထထချင်းမှာ cortisol levelများတဲ့အတွက် alert ဖြစ်တယ်။Coffee သောက်စရာမလိုဘူး။Coffee က သွေးထဲရောက်ဖို့၂၅ မိနစ် ကြာတယ်။နေ့လည် ခဏအိပ်တာစွမ်းဆောင်ရည်ကို တက်စေတယ်။ နေ့လည် မိနစ် ၂၀ ထက်ပိုအိပ်ရင်Sleep inertia ဖြစ်ပြီး ပိုပင်ပန်းစေတယ်။ဒီတော့ ၂ နာရီခွဲလောက်မှာကော်ဖီသောက် မိနစ်၂၀ အိပ်။ဘာကြောင့်လဲဆို အဲ့အချိန်ကMood အကျဆုံးအချိန်။ Drive ကိုရေးတဲ့ စာရေးဆရာ Daniel H. Pink ရဲ့ စာအုပ်။ Insider Note ရဲ့ 276 အုပ်မြောက်။ Phyo Paing @ Derek

လူတွေရဲ့ စိတ်ခံစားမှု mood က
မနက်၊ နေ့လည်၊ ညနေ၊ ည မှာ
မတူဘူး။
Read More »

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။

234 ဒါကတော့ ရက်ပေါင်း ၂၃၄ ရက်မှာစာအုပ်ပေါင်း ၂၃၄ အုပ်ဖတ်ပြီး video ဖန်တီးခဲ့တဲ့ခရီးစဥ် တစ်ခုဖြစ်ပါတယ်။ ကျွန်တော့်ရဲ့ philosophy ကဒီနေ့လုပ်ခဲ့တဲ့ အလုပ်က မနက်ဖြန်ရဲ့ အချိန်ကိုခြွေတာပေးနိုင်ရမယ်။ ငယ်ငယ်က လေ့လာခဲ့လေ့ကျင့်ခဲ့တဲ့ positive psychology, memory training, speed reading,ဆေးပညာ နဲ့ စီးပွားရေးပညာရပ်တွေဟာတချိန်မှာ ဆုံမှတ်တစ်ခုရှိလိမ့်မယ်။ ခပ်ကြီးကြီးလုပ်မယ်။လေကြီးလေကျယ်ပြောမယ်ဆိုရင်consistency တော့ အနည်းဆုံးရှိဖို့လိုတယ်။ Phyo Paing @ Derek

ဒီနေ့လုပ်ခဲ့တဲ့ အလုပ်က
မနက်ဖြန်ရဲ့ အချိန်ကို
ခြွေတာပေးနိုင်ရမယ်။
Read More »

လူတိုင်း တိုးတက်နေရင်ပျော်တယ်။

ဆုတ်ယုတ်နေရင် စိတ်ဓာတ်ကျတယ်။ကိုယ်က တိုးတက်နေလား၊ဆုတ်ယုတ်နေလား။အချိန်ကတော့ တစ်ရက် ၂၄ နာရီကိုယ့်စုဗူးထဲက နှုတ်သွားပြီ။ Phyo Paing @ Derek

လူတိုင်း တိုးတက်နေရင်ပျော်တယ်။ Read More »

Time + Energy + Motivation = Workdone

တခါတလေ အချိန်တော့အများကြီးရှိပြီးမလုပ်ချင် မကိုင်ချင်ဖြစ်နေတာလူတိုင်းမှာ ရှိတတ်ကြတယ်။ တခါတလေ လုပ်ချင်ကိုင်ချင်စိတ်တော့ရှိတယ်။ဒါပေမယ့် ပင်ပန်းပြီး စွမ်းအင်မရှိတဲ့အချိန်တွေလူတိုင်းတခါမဟုတ် တခါ ကြုံဖူးလိမ့်မယ်။ ဒါကြောင့် အလုပ်ပြီးမြောက်ဖို့အတွက် TEM လိုတယ်။ Time + Energy + Motivation ရှိမှ အလုပ်ပြီးမြောက်မှုက လာတယ်။ Expired date ရှိတဲ့ဘဝမှာ မသေခင် ကိုယ်ဂုဏ်ယူတဲ့အလုပ်တွေနေ့စဉ် လုပ်နေဖို့ အရေးကြီးတယ်။ Phyo Paing @ Derek

Time + Energy + Motivation = Workdone Read More »

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။

အလုပ်တစ်ခု စလုပ်တဲ့အချိန်မဖြစ်နိုင်ကြောင်းဝေဖန်ကြလိမ့်မယ်။ခင်ဗျာရဲ့ ခြေလှမ်းတွေကို မကြာမကြာအကဲဖြတ်ကြမယ်။ဘယ်တော့ ကျရှုံးမလည်းဆိုတာကြည့်မယ်။ နည်းနည်းသာသွားရင် မနာလိုဖြစ်ကြမယ်။လိုက်မမှီအောင် အများကြီးသာသွားရင် လေးစားအားကျလာလိမ့်မယ်။ လျှောက်နေတဲ့လမ်းမှာ ခလုပ်တိုက်တာချော်လှဲတာအရေးမကြီးဘူး။မြန်မြန်ဘယ်လောက်ပြန်ထနိုင်လည်းဝေးဝေးဘယ်လောက်လျှောက်နိုင်လည်းဘဲအရေးကြီးတယ်။ အရေးကြီးတာကတော့ ဟိုယောင်ယောင် ဒီယောင်ယောင်ဂယောင်တစ်ယောက်မဖြစ်ဖို့ဘဲ။ ဘာလုပ်ချင်လည်းသိဘယ်လိုလုပ်ရမလည်းသိဘာကြောင့်လုပ်ချင်တာလည်းသိတကယ်လုပ်မဖြစ်သေးရင် လမ်းကြောင်းပြင်ပြန်ပြီးကြိုးစား။ 2015 ကရေးခဲ့တဲ့စာPhyo Paing @ Derek

ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူး
အချိန်က အဆုံးဖြတ်ပေးလိမ့်မယ်။
Read More »

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။

လိုချင်တာရဖို့ လွယ်လွယ်လေး။ အလုပ်ဖြစ်တာ၊ မဖြစ်တာကိုလေ့လာ၊ လုပ်ကြည့်။ မဖြစ်တာကို ချန်ခဲ့။ ဖြစ်တာကိုဆက်လုပ်။ ဒီလို deliberate thinking လုပ်ဖို့အချိန်သီးသန့်ပေးဖို့လိုတယ်။ Phyo Paing @ Derek

စဥ်းစားဖို့ တစ်ရက် အချိန် ၁၅ မိနစ်ပေးပါ။ Read More »

ခေါင်းငုံ့

ဆရာ့ကိုဆရာ မလုပ်မိဖို့ကအလုပ်ရဲ့ ကျင့်ဝတ်ပထမပဲ။လူလုပ်တဲ့အခါ အမြင့်ရောက်ချင်ရင်ဥပဒေသလေးတွေရှိတယ်။ Robert Greene ရဲ့ 48 laws of power မှာလဲပါတယ်။ကိုယ့်ဆရာ၊ boss ထက်သာကြောင်းအရမ်းကာရော မပြချင်နဲ့။ဒါကိုယ့်ကိုကိုယ် ဖျက်ဆီးရာရောက်တယ်။ဒါကို never outshine your master လို့ခေါ်တယ်။ အလုပ်ခွင်ဝင်ကတည်းကဒါကို သတိထားတယ်။Meeting မှာ၊ လူကြားသူကြားမှာကိုယ့်ဆရာနဲ့ ပခုံးချင်းယှဉ်ပြီးလမ်းလျှောက်တာ၊ Level တူပြတာ ဘယ်တော့မှမလုပ်ခဲ့ဘူး။ ကိုယ်က အသိအမှတ်ပြုခံချင်တဲ့အတွက်လူကြားသူကြားမှာ ဆရာနဲ့ တန်းတူနေပြတာ၊သူထက်တတ်ကြောင်းပြတာဟာကိုယ့်ကိုကိုယ်ဖျက်ဆီးရာရောက်တယ်။ကိုယ့်အနာဂတ်ကို ပိတ်ဆို့ရာရောက်တယ်။ အကြောင်းကတော့ လူတိုင်းမှာ Ego အတ္တ ရှိတယ်။ဒါကြောင့် ကိုယ်လိုချင်တဲ့အဆင့်မရောက်ခင်ခေါင်းငုံ့၊ သည်းခံ၊ စိတ်ရှည်ပြီးကိုယ့်အလှည့်ရောက်ဖို့မဟာဗျူဟာကျကျစောင့်ပြီးပြင်ဆင်နေဖို့လိုတယ်။ ခေါင်းငုံ့သည်းခံပြီးအချိန်ကို စောင့်ဆိုင်းပြင်ဆင်နိုင်တာEQ ကောင်းတာပဲ မဟုတ်လား။ Phyo Paing @ Derek

ခေါင်းငုံ့ Read More »

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။

စာအရှည်ကြီးရေးပြီး Facebook technical errors ကြောင့်အကုန်ပျက်သွားတယ်။ အဓိကအကြောင်းအရာကတော့ လူတွေမှာ ရှိတဲ့အဓိက အရင်းအမြစ်က ကျန်းမာရေးနဲ့ အချိန်။ ဒီနှစ်ခုကြောင့် Energy ဖြစ်လာတယ်။ဒီ Energy က လိုချင်တဲ့အရာတွေကို ဖော်ဆောင်ပေးတယ်။ အချိန်ကို စီမံတာထက်Energy ကို စီမံဖို့လိုတယ်။ Energy ဆိုတာ Emotion ကလာတယ်။စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။ Emotion ဆိုတာ အလိုအလျောက်တုန့်ပြန်တာ။ သုံးသပ်မှုထည့်လိုက်ရင် Feeling ဖြစ်သွားတယ်။ ကိုယ့် ခံစားမှုတွေကိုစီမံခန့်ခွဲဖို့ သုံးသပ်မှုဖြစ်စဥ်လိုတယ်။ ဒီ သုံးသပ်မှုဖြစ်စဥ်ကို ရေးချပြီး နေ့စဥ်လေ့လာလို့ရတယ်။ ကိုယ်တိုင်လဲလုပ်ခဲ့တာ နှစ်ပေါင်းများစွာရှိပြီ။ ကိုယ့်အတွေး၊ ခံစားချက်၊ တုန့်ပြန်မှု၊လုပ်ရပ် နဲ့ ထပ်နေတဲ့ pattern တွေသိရှိခြင်းဟာ ဘဝတည်ဆောက်ရေးမှာအခရာ ကျတယ်။ ပြန်လည်သုံးသပ်မှုဖြစ်စဥ်မှာ ဒီမေးခွန်း လေးခုမေးလို့ရတယ်။

အချိန်ကို စီမံတာထက်
Energy ကို စီမံဖို့လိုတယ်။
Energy ဆိုတာ Emotion ကလာတယ်။
စိတ်ညစ်ရင် energy သိပ်မထွက်ဘူး။
Read More »