time management

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။

တစ်နာရီကုန်သွားတိုင်းတစ်နာရီထက် ပိုတာပြန်ရမလား။ လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံးအင်အားကတော့ “အချိန်” ပဲ။ ဒီအချိန်ကို ကာယ၊ ဥာဏနဲ့ပေါင်းပြီးဘယ်လိုအသုံးချမလဲဆိုတာ အရေးအကြီးဆုံးပဲ။ အချိန်တစ်နာရီကို အကျိုးမရှိတဲ့အရာတွေနဲ့ အချိန်ကုန်လို့ရတယ်။အချိန် တစ်နာရီကို ကိုယ့်အနာဂတ်အတွက် အသုံးပြုလို့ရမယ်။ဒီတစ်နာရီ ဒီဘဝအတွက်ဖြစ်ရင်ဖြစ်မယ်။ဒီဘဝအတွက်ဆို လောကီ။ သံသရာအတွက်ဖြစ်ရင်ဖြစ်မယ်။ဒါက လောကုတ္တရာ။ ဘယ်လိုပဲဖြစ်ဖြစ် သံသရာမှာလူတွေပိုင်ဆိုင်တာ “အချိန်”။ တချို့ အချိန်ကို မပိုင်ဘူး။ထမင်းစားဖို့။ မိသားစုအရေး။ဒီအချိန်နဲ့ ငွေနဲ့လဲနေရတယ်။ ဒါကိုပြောင်းပြန်လှန်ဖို့ အချိန်ကို အကောင်းဆုံးသုံးနိုင်ဖို့လိုတယ်။ ဒီနေ့အသုံးပြုလိုက်တဲ့အချိန်တိုင်းကအနာဂတ် အချိန်တွေကို ခြွေတာပေးနိုင်ရမယ်။ ဒါကတော့ ကျွန်တော်ခံယူထားတဲ့အချိန်စီမံခန့်ခွဲမှု ဥပဒေသတစ်ခုပဲ။ ဒီနေ့ ကျန်းမာရေးအတွက်အချိန်ပေးတယ်။အိပ်စက်လို့ပိုကောင်းပြီးကျန်းမာအသက်ရှည်တဲ့အတွက် အနာဂတ်အချိန်ပိုထွက်လာမယ်။ နည်းပညာအသစ်တွေကို အသုံးပြုနိုင်တော့အနာဂတ်အချိန်ခြွေတာနိုင်မယ်။ လူတိုင်းက ဘယ်လောက်ချမ်းသာချမ်းသာကိုယ့်အချိန်ကိုယ်မပိုင်ရင်ချမ်းသာမှုအစစ်လို့ သတ်မှတ်လို့မရနိုင်ဘူး။ တစ်နာရီ၊ တစ်ရက်၊ တစ်ပတ်၊ တစ်လ၊ တစ်နှစ်၊ တစ်သက်သာကိုကောင်းကောင်းအသုံးချနိုင်ဖို့လိုတယ်။ နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလိုနေလို့မရဘူး။အလိုလိုပေါက်တာ မြက်ပင်တွေပိုများတယ်။ပန်းကောင်းပန်းမံအတွက် သေချာစိုက်ပျိုးဖို့လိုတတ်တယ်။ Phyo […]

လူတိုင်းမှာရှိတဲ့ အကြီးကျယ်ဆုံး
အင်အားကတော့ “အချိန်” ပဲ။
Read More »

အချိန်မဖြုန်းနဲ့ သုံး။

ရည်ရွယ်ချက်ရှိရှိအလုပ်လုပ်တာကအချိန်သုံးတာ။ ရည်ရွယ်ချက်မရှိထွေပြားဝေဝါးပြီးအလဟသ အချိန်ကုန်အရေးမပါတာတွေအရာပေးနေတာအချိန်ဖြုန်းတာ။ ကိုယ့်ကိုယ်ကို ချစ်ရင်အချိန်မဖြုန်းနဲ့။ အချိန်ကို သုံး။ Phyo Paing @ Derek

အချိန်မဖြုန်းနဲ့ သုံး။ Read More »

အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။

ဒါကို ထုတ်သုံးဖို့ အတားအဆီးကအကျိုးမရှိတဲ့ စိတ်ခံစားမှုတွေ။ စိတ်ခံစားမှု မကောင်းရင်အတွေးမကောင်းဘူး။ အတွေးမကောင်းရင်လဲစိတ်ခံစားမှု မကောင်းဘူး။ ဒါကြောင့် Cognitive Behavior Therapy (CBT) ကော်နက်တစ် ဘီဟေးဘီယာ ကုထုံးမှာအတွေး-ခံစားချက်-လုပ်ဆောင်ချက်Thinking-Feeling-Doing ဆက်စပ်ချက်ကိုပြောတယ်။ ဒါကြောင့် ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့လိုတယ်။ ကောင်းမွန်တဲ့အတွေးတွေးနိုင်ဖို့ဗုဒ္ဓသင်ကြားပေးခဲ့တဲ့ သမ္မာဒိဋ္ဌိ လို့ခေါ်တဲ့ မှန်သော အယူအမြင် ရှိဖို့လိုတယ်။ မှန်ကန်သော အယူအမြင်ဆိုတာ အကြောင်း အကျိုးဆက်စပ်မှုဖြစ်တယ်။ ကိုယ်အခုဖြစ်နေတဲ့ဘဝ အကျိုးဟာ ကိုယ့်ရဲ့ အတိတ်ကလုပ်ရပ် အကြောင်းကြောင့်ဖြစ်တယ်။ ပြီးသွားတာကို ပြင်လို့မရဘူး။အနာဂတ်ဖြစ်လာမည့်အရာကို ပြင်လို့ ရတယ်။ အနာဂတ်ကို “ဒီနေ့” က စပြင်လို့ရတယ်။ ကိုယ့်အတွက် အကျိုးမရှိတာ သူတပါးအတွက် အကျိုးမရှိတာ တတ်နိုင်သလောက်မတွေးနဲ့၊ မပြောနဲ့ မလုပ်နဲ့။ ကာယကံ၊ ဝဇီကံ၊ မနောကံကံသုံးပါးကို ဂရုစိုက်ခြင်းနဲ့စတင်လို့ရတယ်။ Phyo Paing

အချိန်က ကိုယ့်အတွက်
အကြီးဆုံး အရင်းအနှီးတစ်ခုပဲ။
Read More »

အချိန်ကိုပဲ မစီမံနဲ့။
စိတ်ကို စီမံ။

အချိန်ကိုပဲ မစီမံနဲ့။ စိတ်ကို စီမံ။ စိတ်ညစ်နေရင် အလုပ်ကောင်းကောင်းလုပ်ဖို့အလွယ်ဘူး။ စိတ်ရှုပ်နေရင်ရှင်းရှင်းလင်းလင်းတွေးတောဖို့မစွမ်းဆောင်နိုင်ဘူး။ စိတ်လေနေရင် အလုပ်စတင်ဖို့ မလွယ်ဘူး။ စိတ်ထောင်းကိုယ်ကျေဆိုတဲ့အတိုင်းစိတ်က အခရကျတယ်။ ဗုဒ္ဓက စိတ်ဆိုတာ “အာရုံကိုသိ” ခြင်းလို့ဆိုတယ်။ စိတ်ဆိုတဲ့ အဖြူထည်လေးမှာ စေတသိက်တွေလွမ်းမိုးခြယ်လည်တယ်။ ကောင်းမွန်တဲ့ စေတသိက်တွေလွမ်းမိုးဖို့အာရုံကို ကောင်းတဲ့နေရာမှာ စိတ်ထားနိုင်ဖို့လိုတယ်။ နေ့စဥ် ပျော်စရာ၊ရင်ခုန်စရာ၊ဂုဏ်ယူစရာ၊ မဖြစ်မနေလုပ်ဆောင်မည့်အရာ၊ကိုယ်နှစ်သက်ပျော်ရွင်တဲ့အလုပ်၊ကျေးဇူးတင်တဲ့အရာ၊ ကိုယ်မေတ္တာထားချစ်ရသူတွေ၊ချစ်ရတဲ့အရာတွေပေါ်အာရုံထားမေတ္တာပွားမျှဝေရင်စိတ်က ကောင်းနေမှာ။ အချိန်ပဲ မစီမံပါနဲ့။ စိတ်ကိုလဲ စီမံပါ။ စိတ်ကို စီမံဖို့အာရုံကို စီမံပါ။ နက်နဲတဲ့အလုပ်တွေလုပ်ဖို့ သမာဓိ အာရုံစူးစိုက်မှုလိုပါတယ်။ Phyo Paing @ Derek

အချိန်ကိုပဲ မစီမံနဲ့။
စိတ်ကို စီမံ။
Read More »

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုက
လူတစ်ယောက်ရဲ့ အခြေခံပဲ။

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုကလူတစ်ယောက်ရဲ့ အခြေခံပဲ။ အချိန်ဆွဲတာကို ဖျောက်တာ။ ရည်မှန်းချက်ထားတာ။ ကောင်းမွန်တဲ့အမူအကျင့်တည်ဆောက်တာ။ မလိုအပ်တဲ့ စိတ်အာရုံထွေပြားစေတာကိုမလုပ်ဆောင်တာ။ စွမ်းဆောင်ရည်မြင့်အောင်လုပ်တာ။ ကိုယ့်အလုပ်ကိုယ်အာရုံစိုက်နိုင်တာ။ ပေါင်းတတ်သင်းတတ် ပြောဆိုတတ်တာ။ ကိုယ့်စိတ်ခံစားမှု ကိုယ်သိပြီးအပျက်သဘောဆောင်တဲ့ စိတ်ခံစားမှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်တာ။ လေ့လာသင်ယူနိုင်စွမ်းရှိတာ။ ကိုယ့်ငွေကိုယ် စီမံခန့်ခွဲတတ်တာ။ ဒီအခြေခံတွေ မရှိတဲ့အခါတစ်ခုကြား တစ်ခုလုပ်“မော်တီဗေးရှင်း” လိုက်ရှာနေရတတ်တယ်။ မော်တီဗေးရှင်းဆိုတာ ဆေးမြီးတိုလိုပဲဝေဒနာကို ခဏသက်သာစေတဲ့ ခဏတာ အသက်ကယ်တဲ့ corticosteroid လိုပဲ။ ခဏတာပဲခံတယ်။ နောက်ဆက်တွဲဆိုးကျိုးရှိတယ်။ ဥပမာ Tik Tok လေးပွတ်လိုက်အတွေးလေးတစ်ခုရလိုက်အလုပ်လေးလုပ်လိုက်။နောက်ပိုင်း Tik Tok ပွတ်ချိန်ကအလုပ်လုပ်ချိန်ထက်ပိုများသွားတတ်တယ်။ ဒီအစား ကိုယ့်ကိုယ်ကိုယ်ကူညီဖို့ စံမီတဲ့ ကိုယ်ဖြစ်ဖို့ self-management ကိုယ်တိုင်စီမံခန့်ခွဲမှုကိုစနစ်တကျ လေ့လာဖို့လိုတယ်။ မြန်မာလိုဆိုရင်တော့ “တက်ကျမ်း”လို့ ပဲခေါ်ကြတယ်။ တက်ကျမ်းရဲ့အဓိပ္ပာယ်က self-help လို့ဆိုရမယ်။ “တိုးတက်ရေးစာပေ” personal

ကိုယ့်ကိုယ်ကိုယ် စီမံခန့်ခွဲနိုင်မှုက
လူတစ်ယောက်ရဲ့ အခြေခံပဲ။
Read More »

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့

ဘယ်လောက်ပဲ ချမ်းသာချမ်းသာ နေ့စဥ် ၂၄ နာရီပဲ သုံးရမှာပဲ။ နေ့စဥ် ၂၄ နာရီသုံးတဲ့အခါကိုယ့်အတွက်အကောင်းဆုံးဖြစ်အောင်စီမံတာက ဘဝကို စီမံတာပဲ။ ဝမ်းသာ၊ ဝမ်းနည်း၊ ပျော်ရွင်၊ ကြေကွဲ၊ရင်ခုန်၊ ရင်တုန်၊ တက်ကြွ၊ စိတ်ဓာတ်ကျ၊ဥာဏ်ကွန့်မြူး၊ ထိုင်းမိုင်းအကုန်လုံးက ဒီ ၂၄ နာရီအတွင်းဖြစ်တာပဲ။ ဒီ ၂၄ နာရီကို အကောင်းဆုံးအသုံးပြုနိုင်ဖို့အချိန်နဲ့ စားဝတ်နေရေး မလဲရအောင်အရင်ဖန်တီးဖို့လိုတယ်။ ဂိမ်းတစ်ခုမှာ မရှုံးအောင်ကစားတာနဲ့ နိုင်အောင် ကစားတာ မတူပါဘူး။ ခံစစ်ဖက်က ကစားတာနဲ့၊ထိုးစစ်ဖက်က ကစားတာမတူပါဘူး။ ဘဝရပ်တည်ရေးအတွက် အလုပ်လုပ်ရတာခံစစ်ဖက်က ကစားတာပါ။ ဘဝတိုးတက်ရေးအတွက် အလုပ်လုပ်တာထိုးစစ်ဖက်က။ ဒါကြောင့် ခံစစ်ဖက်က ကစားနေရတဲ့အချိန်ရသမျှ ငွေကို မသုံးနဲ့။ဒီနေ့အတွက်ပဲ မကြည့်နဲ့။ အနာဂတ် အချိန်တွေ ခြွေတာပေးနိုင်အောင်လုပ်။ အနာဂတ် အချိန်တွေ ပိုထွက်လာအောင်လုပ်။ ဖြစ်နိုင်ရင် ကိုယ်မရှာပဲနဲ့

၂၄ နာရီမှာ ဘဝရဲ့ထိုးစစ်ဆင်ဖို့ Read More »

တစ်နေ့တစ်နေ့ အလုပ်အများကြီးမလုပ်ဘူး။ဒီဆယ်ခုပဲလုပ်တယ်။

၁။ အင်္ဂလိပ်လို အသံသွင်းလေ့ကျင့်၊ article ပြန်ထုတ် (၁၅ မိနစ်)၂။ ဂျာနယ်ရေးပြီး ကိုယ့်ကိုယ်ကိုယ်လေ့လာ (၁၅ မိနစ်)၃။ စာဖတ်ပြီးမှတ်စုထုတ် (၁ နာရီ)၄။ ဗီဒီယိုရိုက် (မိနစ် ၂၀) ၅။ သတင်းအချက်တွေရှာဖွေ သုတေသနလုပ် (၁ နာရီ နဲ့ ၂ နာရီကြား)၆။ Content ဖန်တီး (၃၀ မိနစ် – ၁ နာရီ) ၇။ အကြံပေး (၁ နာရီခွဲမှ ၃ နာရီ) တစ်ပတ် ငါးရက် ၈။ လေ့ကျင့်ခန်းလုပ် ၉။ တရားထိုင် (နှစ်ခုပေါင်း ၂ နာရီ) ၁၀။ စာသင် (၃ နာရီ) တစ်ပတ် ၂ ရက်။ သေချာလေး

တစ်နေ့တစ်နေ့ အလုပ်အများကြီးမလုပ်ဘူး။ဒီဆယ်ခုပဲလုပ်တယ်။ Read More »

သာမာန်ထက်မတော်ရင်တောင်
သာမာန်လောက်တော့ ဖြစ်လာမှာပဲ။

တစ်ရက်ကို နေ့စဥ်မပျက်မကွက်အာရုံသုံးနာရီလောက်သေချာစိုက်လေ့လာရင် ငါးနှစ်လောက်ဆို ပညာရပ်တစ်ခုကိုအထိုက်အလျောက်ကျွမ်းကျင်လာမှာပဲ။ သာမာန်ထက်မတော်ရင်တောင်သာမာန်လောက်တော့ ဖြစ်လာမှာပဲ။ မနက်တစ်နာရီခွဲ၊ညမအိပ်ခင်တစ်နာရီခွဲလောက်ပိုင်းလိုက်ရင် သုံးနာရီကရနိုင်လောက်တယ်လို့ထင်တယ်။  Phyo Paing @ Derek

သာမာန်ထက်မတော်ရင်တောင်
သာမာန်လောက်တော့ ဖြစ်လာမှာပဲ။
Read More »

တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။

ကိုယ့်အသက်ကို တန်ဖိုးထားရင်ကိုယ့်တစ်ရက်ကိုလဲ တန်ဖိုးထားဖို့လိုတယ်။ တစ်ရက်တာကို အဓိပ္ပာယ်မရှိအလဟသ မဖြစ်ဖို့လိုတယ်။ ကိုယ့်ကို ပိုပျော်စေတဲ့၊ ပိုတော်စေတဲ့ ဒီနေ့နဲ့ မနက်ဖြန်ဝင်ငွေ ပိုပွားစေမည့်၊တခြားသူတွေအတွက် အထောက်အကူပြုမည့်အားထုတ်လုပ်ကိုင်ရတဲ့အလုပ်တွေနေ့စဥ်လုပ်ခြင်းနဲ့ ဘဝအဓိပ္ပာယ်ဖန်တီးလို့ရတယ်။ တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကိုလျော့မတွက်ပါနဲ့။ တစ်နှစ်မှာ ၁၂ လ။ရက်သတ္တပတ် ၅၂ ပတ်။ ရက်ပေါင်း ၃၆၅ ရက်။ နာရီပေါင်း ၈၇၆၀။ မိနစ်ပေါင်း ၅ သိန်းကျော်။ (၅၂၅၆၀၀)စက္ကန့်ပေါင်း ၃၁ သန်း။ (၃၁၅၃၆၀၀) အိပ်ချိန်၊ စားချိန်၊ နားချိန်၊ လည်ချိန်၊ မိသားစုတာဝန်တွေနဲ့ဆို ကိုယ့်ဘဝမှာ ဖန်တီးချင်တဲ့အရာတွေအတွက်အချိန် ဘယ်လောက်များရမလဲ။ နှစ်တစ်နှစ်ရဲ့နာရီပေါင်း ၈၇၆၀ ကျော်ကို ဘာအနေနဲ့ ပြောင်းမလဲဒီနေ့နဲ့ ဆိုင်တယ်။ Phyo Paing @ Derek

တစ်ရက်၊ တစ်ရက်ရဲ့ စွမ်းပကားကို
လျော့မတွက်ပါနဲ့။
Read More »

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။

ဘယ်နိုင်ငံမှာနေနေ ကိုယ်လုပ်နေချင်တဲ့အရာတွေကိုချရေးကြည့်တယ်။ကိုယ့်အသက်မွေးဝမ်းကြောင်းအလုပ်ဆက်လုပ်နေမယ်။နေ့စဉ် လေ့လာနေမယ်။ရေးနေမယ်။ ထုတ်ကုန်အသစ်တွေ ဖန်တီးနေမယ်။နေ့စဉ် ရောင်းချနေမယ်။ မားကတ်တင်း၊ စွန့်ဦးတီထွင်မှု၊နည်းပညာ၊ တိုးတက်ရေးဒါတွေ အမြဲ ဆက်လုပ်နေအုံးမယ်။ ဒီနေ့ ဘယ်မှာနေနေ အချိန်ကို အလဟသ မဖြုန်းမိအောင် သတိပြုမိတယ်။ ကိုယ့်ဘဝမှာ ကိုယ်တကယ်ပိုင်တာအချိန်ပဲရှိတာ။ တန်ဖိုးရှိတဲ့ လူတစ်ယောက်ဖြစ်ဖို့အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Phyo Paing @ Derek

အချိန်ကို တန်ဖိုးရှိအောင် သုံးရမယ်။ Read More »