time management

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက်အချိန်အများကြီး ခြွေတာပေးရမယ်။ဒါက ကျွန်တော့်ရဲ့ အချိန်စီမံခန့်ခွဲမှုအတွေးအခေါ် philosophy ပဲ။ ပြန်မရနိုင်တော့တာ အချိန်ပဲ။လူတွေမှာရှိတဲ့ အဖိုးအတန်ဆုံးအရင်းအမြစ်ကလဲ အချိန်ပဲ။နာရီလက်တံက အချိန်နဲ့အမျှလည်ပတ်နေတယ်။ ကျောင်းပြီး ဆေးမကုတော့နှမြောစရာကြီးလို့ လာပြောကြတယ်။ဟုတ်တယ်လို့ပဲ ပြန်ပြောလိုက်တယ်။အများကြီး မရှင်းပြချင်လို့။သာမာန်လူတွေက ဖြစ်နိုင်ခြေOption တစ်ခုပဲမြင်တာဖြစ်နိုင်တယ်။ရွေးချယ်လို့ရတဲ့ လမ်းကြောင်းအခု ၁၀၀ လောက် ချပြလို့ရတယ်။ ကိုယ့် strength ကMaximizer ဖြစ်တဲ့အတွက်ရှိပြီးသားအရာတွေရဲ့ ဖြစ်နိုင်တဲ့အလားအလာတွေကို ရှင်းရှင်းလင်းလင်းမြင်သလိုကောင်းပြီးသားအရာတွေကိုပိုကောင်းအောင် လုပ်ပေးချင်တယ်။ လူတွေရဲ့ဦးနှောက်ကို limitless ထဲကBradley Cooper လို LSD မလိုပဲဦးနှောက်စွမ်းပကားကို လှုပ်နှိုးနိုင်အောင်၊မသိစိတ်စွမ်းပကားကို အသုံးချနိုင်အောင်ကိုယ့်ရဲ့ best version ဖြစ်အောင်ပုံဖော်နိုင်အောင်ဒါတွေလုပ်ဖို့အတွက် လေ့လာခဲ့တဲ့English, Burmese, Chemistry, Physics အပြင်Zoology နဲ့ Botany က တော်တော်လေးအထောက်အကူပြုသလိုဒုတိယနှစ်မှာလေ့လာခဲ့တဲ့ Anatomy ကဘယ် muscle […]

ဒီနေ့လုပ်တဲ့ အလုပ်က မနက်ဖြန်အတွက် အချိန်အများကြီး ခြွေတာပေးရမယ်။ အချိန်မဖြုန်းပါနဲ့။ Read More »

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။

ဝန်ထမ်းအနေနဲ့က ပေးထားတဲ့အလုပ်ကိုပေးထားတဲ့အချိန်မှာပြီးအောင်လုပ်လို့ရတယ်။တိုးတက်ရေးအတွက် လုပ်လို့ရတယ်။တခြားအချိန်တွေရှိတယ်။ လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ကျတော့သူ့လုပ်ငန်းသွားရမည့်လမ်းကြောင်းကိုစဥ်းစားရသလို၊ပြိုင်ဖက်တွေ၊ ဝန်ထမ်းတွေ၊နိုင်ငံရေးစီးပွားရေး၊ လူမှုရေးအပြောင်းအလဲအခြေအနေတော်တော်များများကိုစဥ်းစားနေရတဲ့အတွက် သူ့ရဲ့internal attention တွေများနေတတ်တယ်။ဒါကြောင့် တိုးတက်ရေးအတွက်အချိန်ပေးဖို့ လုပ်ငန်းသွားတဲ့လမ်းကြောင်းနဲ့ကိုက်ညီနေတဲ့ alignment မတွေ့တဲ့အချိန်တွေ ကြုံရတတ်တယ်။ အဲ့လို alignment မမိတဲ့အချိန်ကကိုယ့်လုပ်ငန်းကြီးထွားမှုရပ်တန့်မည့်အချိန်ပဲ။ဘာကြောင့်လဲဆိုတော့စျေးကွက်ထဲမှာ ပြိုင်ဖက်တွေကိုအဝေးကြီးမှာ အပြတ်ချန်ခဲ့ဖို့အတွေးအခေါ်တွေ လိုတယ်။ဒီလိုအတွေးအခေါ်တွေမှန်ဖို့တိုးတက်နေဖို့ သင်ယူလေ့လာနေဖို့လိုတယ်။ ဒါကြောင့် တစ်ရက်ကို နာရီဝက်ဖြစ်ဖြစ်အချိန်ပေးပြီး ပုံမှန် မဖြစ်မနေလေ့လာဖို့လိုတယ်။​မလေ့လာခင် သုံးမိနစ်လောက်စိတ်ရှင်းလင်းလေး လုပ်ပေးဖို့လဲလိုတယ်။ ကိုယ်က ကိုယ့်လုပ်ငန်းထက်ပိုကြီးနေဖို့လိုတယ်။ Phyo Paing @ Derek

စီးပွားရေးလုပ်ငန်းတစ်ခုကို
ဦးဆောင်တဲ့သူတစ်ယောက်ရဲ့
တစ်ရက်တာ ကဝန်ထမ်းတစ်ယောက်နဲ့ လုံးဝမတူနိုင်ဘူး။
Read More »

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။

4-9 AM က တစ်ရက်တာအလုပ်တွေ မလုပ်ခင်ကိုယ့်ကိုကိုယ် training ဆင်းတဲ့အချိန်ပဲ။ စာဖတ်၊ တရားထိုင်၊ ဘာသာစကားလေ့ကျင့်၊သက်ဆိုင်ရာပညာရပ်လေ့လာ၊လေ့ကျင့်ခန်းလုပ်၊ကိုယ့်လုပ်ရပ်တွေကို ပြန်လည်သုံးသပ်၊အနာဂတ်အတွက်အချိန်ပေးစဉ်းစားတဲ့အချိန်ပဲ။ တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ်လေးငါးနာရီလောက်တော့အချိန်ပေးဖို့လိုတယ်။ ဒီလိုအချိန်ပေးနိုင်ဖို့ အလုပ်ကိုသေချာစနစ်ချ design လုပ်ဖို့လိုတယ်။ဒါကို lifestyle design လို့ခေါ်တယ်။ Phyo Paing @ Derek

တစ်ရက်တစ်ရက် ကိုယ့်အတွက်ကိုယ် လေးငါးနာရီလောက်တော့
အချိန်ပေးဖို့လိုတယ်။
Read More »

Time Management ထက် အရေးကြီးတဲ့အရာ

Time Management ထက်Energy Management လုပ်ရမယ်။​တခါတလေ အချိန်ရှိပြီးအလုပ်လုပ်ဖို့ အားမရှိတာဖြစ်တတ်တယ်။Energy ထွက်ဖို့ Emotion ကအရေးကြီးတယ်။ဒေါသ၊ ကြောက်စိတ်၊ ပူဆွေးဝမ်းနည်း၊အားငယ်၊ စိတ်ဓာတ်ကျ ဒီခံစားချက်တွေကအလုပ်လုပ်ဖို့ Energy မထွက်စေဘူး။ပျော်ရွင်စိတ်၊ ရင်ခုန်စိတ်၊ ဂုဏ်ယူစိတ်၊ကျေးဇူးတင်စိတ်၊ စူးစိုက်မှုအပြည့်တဲ့စိတ်၊အချစ်၊ မေတ္တာတရား အစရှိတဲ့စိတ်ခံစားချက်တွေက Energy ကိုထွက်စေတယ်။ From Time Management toEmotional Management Phyo Paing @ Derek

Time Management ထက် အရေးကြီးတဲ့အရာ Read More »

လူတစ်ယောက်ဘဝ အကြီးအကျယ်
အပြောင်းအလဲ ဖြစ်ဖို့အတွက်
Timing က အသက်ပဲ။

မှန်ကန်တဲ့အချိိန်မှာ၊ မှန်ကန်တဲ့အလုပ်ကိုလုပ်နိုင်တဲ့ အစွမ်းအစ၊ အရင်းအမြစ်၊ကြိုတင်ပြင်ဆင်မှုရှိဖို့လိုတယ်။ Right time ရောက်လာပေမယ့်၊Right effort မထုတ်ရင်မရသလို၊Right preparation မလုပ်ထားရင်လဲမရဘူး။ Right timing ကြောင့် Next Level ရောက်ပြီးသွားရင် market အကျအတွက်ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ Next good timing အတွက် ကြိုတင်ပြင်ဆင်ထားဖို့လိုတယ်။ Right timing က ရေလှိုင်းတွေလိုပဲ။ ပြီးသွားတာကို မျှော်မနေနဲ့တော့။ အသစ်လာမှာတွေအတွက်ပဲ ပြင်ဆင်ဖို့လိုတယ်။ Phyo Paing @ Derek

လူတစ်ယောက်ဘဝ အကြီးအကျယ်
အပြောင်းအလဲ ဖြစ်ဖို့အတွက်
Timing က အသက်ပဲ။
Read More »

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။

အမှန်တရားအပေါ်ဖြစ်ကောင်းဖြစ်မယ်။အနာဂတ်ကို ဖြစ်ကောင်းဖြစ်မယ်။ Ideology တစ်ခုအပေါ်ဖြစ်ကောင်းဖြစ်မယ်။ Digital Business အပေါ်ဖြစ်ကောင်းဖြစ်မယ်။ စီးပွါးရေးသမားနဲ့ စွန့်ဦးတီထွင်ကွာခြားချက်ကIdea တစ်ခုအပေါ် ယုံကြည်မှုဖြစ်နိုင်တယ်။ စီးပွါးရေးသမားအများစုက ideology free တယ်။အခြေအနေကြည့် မြတ်ရင်လုပ်မယ်။ စွန့်ဦးတီထွင်က ခေါင်းမာတတ်တယ်။သူများမလုပ်သေးတာ သို့ idea တစ်ခုအပေါ်သက်ဝင်ယုံကြည် အကောင်အထည်ဖော်တယ်။ ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။အထူးသဖြင့် အနာဂတ်အပေါ် ယုံကြည်ဖို့လိုတယ်။ Phyo Paing @ Derek

ဘဝမှာ တစ်ခုခုအပေါ် ယုံကြည်နေဖို့လိုတယ်။ Read More »

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။

Personal Finance လုပ်တဲ့အခါ မြေနေရာတစ်ခုကို invest ဆုံးဖြတ်တဲ့အခါ ပြန်ငှားရင်ဘယ်လောက်ရမလဲစဥ်းစားကြတယ်။ဒီလိုစဥ်းစားတဲ့အခါ ခေတ်ကောင်း၊ ခေတ်မကောင်းအပြင်Average ချကြည့်ဖို့လိုလာတယ်။ ဒါကတော့ Cashflow game ပေါ့။ တချို့က ဘယ်အချိန်မှာ ပြန်ရောင်းရင်ဘယ်လောက်မြတ်မယ်။ဒါကတော့ Capital gain ပေါ့။ ကိုယ်က ဘယ် game နဲ့ကစားလဲဆိုတာစဥ်းစားရတယ်။Real Estate Developer တွေကစားတဲ့ game ကတော့Develop လုပ်ပြီးရောင်းတာထက် Ecosystem တစ်ခုတည်ဆောက်ပြီးသွားတဲ့ခေတ်ရောက်သွားတယ်။ ကိုယ်လုပ်ချင်တဲ့ အိပ်မက်တွေကြီးလေလေကိုယ့်မှာရှိတဲ့ Resource တွေက limited ဖြစ်လေလေဖြစ်တတ်ကြတယ်။ ဒီလိုအချိန်မျိုးမှာ ကိုယ့်မှာရှိတဲ့ အချိန်၊ ငွေ အစရှိတဲ့အရင်းအမြစ်တွေကို အကောင်းဆုံးစီမံဖို့လိုလာတယ်။ ရင်းနှီးမြုပ်နှံမှုတွေမှာ ဘဏ်ချေးငွေတွေနဲ့ leverage ယူပြီးလုပ်ကြတယ်။ဝါရင်ဘူဖေးပြောသလိုပဲ လူတွေကိုမွဲအောင်လုပ်တဲ့အရာသုံးခုက Liquor, Lady and Leverage တဲ့။ အရက်၊

နောက်ဆုံးတော့ ဘာအလုပ်ပဲလုပ်လုပ်
အောင်မြင်ဖို့ အရေးကြီးဆုံးအရာတစ်ခုကတော့ Timing အချိန်ပါပဲ။
Read More »

နေ့စဉ် Operation ထဲက လွတ်မြောက်ဖို့ လုပ်ငန်းကိုစနစ်ချပါ။

လုပ်ငန်းတစ်ခု System ကျဖို့အတွက်လိုအပ်ချက် ၈ ချက်============================System ဆိုတာကတော့ ကိုယ်ရှိရှိမရှိရှိလည်ပတ်နေနိုင်ပြီး လူသားအရင်းအမြစ်ကို အလွယ်တကူအစားထိုးလို့ရတဲ့အရာဖြစ်ပါတယ်။ Product will make you money. System will make you a fortune. ဆိုတဲ့စကားတစ်ခုရှိပါတယ်။ ကုန်ပစ္စည်းတွေကို ရောင်းချခြင်းဟာ ငွေရနေစေပေမယ့်၊ ချမ်းသာဖို့အတွက်ကတော့ စနစ်တစ်ခုလိုအပ်ပါတယ်။ ဒီတော့ စနစ်ကျဖို့ အဆင့် ၈ ခုကို ဖော်ပြပေးလိုက်ပါတယ်။ 1. Vision 1911 ကစ Tom Watson ဟာ IBM (International Business Machine) ကိုစတင်တည်ထောင်တဲ့အချိန်တည်းကစပြီး Written Vision တစ်ခုကိုချရေးခဲ့ပါတယ်။ ဒီ Vision မှာ သူ့ Company သာတည်ဆောက်လို့ပြီးသွားတဲ့အခါမှာ ဖြစ်ပေါ်လာမည့် ပုံရိပ်၊

နေ့စဉ် Operation ထဲက လွတ်မြောက်ဖို့ လုပ်ငန်းကိုစနစ်ချပါ။ Read More »

အချိန်ဆွဲသလား?

ဘာလုပ်ရမယ်ဆိုတာသိတယ်။ ဒါပေမယ်. မလုပ်ဖြစ်ဘူးဖြစ်နေသလား?To-do list တွေရှိတယ်။ အချိန်ရှိတယ်။ ဒါပေမယ့် အချိန်ဆွဲနေပြီး မလုပ်ဖြစ်ဘူးဖြစ်တတ်တယ်။ ဒါကို 3P နဲ့ဖြေရှင်းနိုင်ပါတယ်။ 1. Picture – နောက်ဆုံးဖြစ်ချင်တဲ.ရလဒ်ကို ပုံဖော်ပါ။ VAK (Visual, Auditory, Kinesthetic) မြင်ကြားခံစားကြည့်ပါ။ ဥပမာ တစ်ရက်လုံးအားနေတယ်။ ဘာလုပ်ရမှန်းမသိဘူး။ လုပ်စရာတွေတော. ရှိတယ်။ မလုပ်ချင်ဘူး။ ဒီနေ.မှာ ကိုယ်ဖြစ်ချင်တဲ.အကောင်းဆုံးပုံရိပ်ကို ပုံဖော်ပါ။ ခံစားကြည်.ပါ။ တခါတလေ Copywriting လုပ်ဖို. စိတ်မပါတဲ.ရက်တွေ၊ Content မရေးချင်တဲ.နေ.တွေ၊ Marketing Calendar အတိုင်းမလုပ်ချင်တဲ.နေ.တွေရှိတယ်။ ကိုယ်ဖြစ်ချင်တဲ. နောက်ဆုံးပုံရိပ်ကို ပုံဖော်လိုက်တယ်။ Content ဆိုတဲ.စကားလုံးဟာ ကိုယ်.အတွက် ရင်ခုန်မှု မပေးနိုင်ရင် ငါဟာ ကြော်ငြာတင်၊ Content တင်ရေးတာမဟုတ်ဘူး၊ လူတွေမှာ စွမ်းဆောင်ရည်ဘယ်လောက်ရှိလည်းဆိုတာ

အချိန်ဆွဲသလား? Read More »

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။

မင်းရဲ့ အလုပ်ချိန် ညနေ 6 နာရီမှာ ပြီးပြီးတော့ မင်းက ည သန်းခေါင် 12 နာရီမှ အိပ်ရာဝင်တယ်ဆိုပါစို့။ ဒီကြားထဲက 6 နာရီကို မင်းဘယ်လို အသုံးချပါသလဲ?TV ကြည့်တာလား?တကယ်တော့ ဒီအချိန်ကို မင်းဘယ်လိုအသုံးချတယ်ဆိုတာက မင်းထင်တာထက် ပိုအရေးကြီးပါတယ်။ လူတော်တော်များများထင်နေတာက ကျွန်တော်တို့ career ကို တိုးတတ်ဖို့ အလုပ်ချိန်အတွင်းမှာ ကျွန်တော်တို့ ကြိုးစားအားထုတ်ရမယ်လို့ပဲ ထင်နေကြတယ်။ကျွန်တော်တို့ အနာဂတ်နဲ့ အလုပ်အကိုင်တွေဟာ ကျွန်တော်တို့ အလုပ်လုပ်နေတဲ့ ကုမ္ပဏီနဲ့ ခေါင်းဆောင်အပေါ်ပဲ မူတည်နေတယ်လို့ ထင်နေကြတယ်။တကယ်လို့ မင်း ကိုယ့်ကိုယ်ကို ဘဝမှာ တိုးတတ်မှုမတွေ့ဘူးဆိုရင်တော့ မင်းရဲ့ အလုပ်နဲ့ မင်းရဲ့ အလုပ်ရှင်တွေကို မင်းအပေါ် မြေတောင်မြှောက်မပေးလို့ဆိုပြီး အပြစ်တင်လို့မရပါဘူး။ကိုယ့်ကိုယ်ကို တိုးတတ်အောင် ပျိုးထောင်ဖို့ဆိုတာ မင်းရဲ့ တာဝန်ပါ။ မင်းဟာ

အလုပ်ပြီးချိန် ညခင်းတွေမှာ မင်းဘာလုပ်လဲဆိုတာက မင်းရဲ့ အနာဂတ်ကို ဆုံးဖြတ်ပေးလိမ့်မယ်။ တစ်နေ့ကို တစ်နာရီလောက် ဒါတွေလုပ်ဖို့ အချိန်ပေးလိုက်ပါ။ မင်းဘဝပြောင်းလဲပါလိမ့်မယ်။ Read More »