လူငယ်နှင့် အချိန်
ကျွန်တော်တို့ လူငယ်တွေမှာ ရှိတာ အချိန်ပဲ။ ဒါဟာ လူငယ်တိုင်းရဲ့အခွင့်အရေးဖြစ်သလိုနောက်တစ်ခုက အင်တာနက်ဖြစ်ပြီးသူငယ်တန်းထဲက အင်္ဂလိပ်လိုသင်လာတဲ့အတွက်ဒါဟာလည်း အားသာချက်တစ်ခုထပ်ဖြစ်စေတယ်။ အခုစျေးကွက်မှာ အလုပ်အကိုင်ရှားပါးကောင်းရှားပါးလိမ့်မယ်။ Skill ကိုသာကျွမ်းကျင်အောင်လုပ်ပါ။ Marketable skillset ရှိလို့ ပြည်တွင်းမှမဟုတ်ဘူးပြည်ပကိုလည်း ရောင်းလို့ရတာပဲ။ ဥပမာ design တစ်ခုကိုပြည်တွင်းမှာအပ်တယ်။ အဆင်မပြေဘူး။ အင်တာနက်က freelancer platform မှာအပ်တယ်။ စက္ကန့်ပိုင်းအတွင်း Project proposal တွေတက်လာပြီး2 နာရီအတွင်းပြီးတယ်။ သုံးဆ ပိုကုန်တယ်။ စိတ်တိုင်းကျတယ်။ ကျွန်တော်တို့ မြန်မာပြည်ရဲ့ အနာဂတ်ကကျွန်တော်တို့ လူငယ်တွေလက်ထဲမှာဖြစ်တယ်။ တနေ့ သယံဇာတတွေ ကုန်တဲ့အခါပညာနဲ့ ကျွမ်းကျင်မှုကို အသုံးပြုရမှာဖြစ်တယ်။ India နဲ့ China နဲ့အပြင်အိမ်နီးချင်းနိုင်ငံတွေနဲ့ Skill ချင်းယှဉ်တဲ့အခါ သူတို့ထက် သာနေမှ သူတို့ကို ခိုင်းလို့ရမှာဖြစ်တယ်။ ဒီနေ့ခေတ်က စစ်တိုက်ပြီး […]
