January 2022

Positioning

လက်ရှိဖောက်သည်ကနေတစ်ဆင့်နောက်တစ်ဆင့်ဖောက်သည်တွေကိုပစ်မှတ်ထားချင်တယ် ဘယ်လိုလုပ်ရမလဲ? ဒီအဖြေကတော့ရှင်းတယ်။Positioning ကိုပြောင်းရတာပေါ့။ သမီးရည်းစားထားသလိုပဲကိုယ့်ကိုကြိုက်နေကျပုံစံတွေနဲ့ပဲရည်းစားပြန်ဖြစ်နေလို့ စိတ်တိုင်းမကျရင်ကိုယ့်ကိုကိုယ် presentation လုပ်တဲ့ဒီဇိုင်း၊ ကာလာ၊ ပုံစံပြောင်းရတယ်။ Marketing မှာဘာနဲ့ပြောင်းသလဲ 9P ပေါ့။ ကုန်ပစ္စည်း၊ ဝန်ဆောင်မှု ထုတ်ပိုးပြင်ဆင်ထည့်သွင်းမှုပုံစံ (Product)စျေးနှုန်း (Price)ဖြန့်ဖြူးရောင်းချမှုပုံစံ (Place)ဖန်တီးတဲ့ Content တွေ၊ သတင်းပေးမှု၊ကြော်ငြာတဲ့ပုံစံ (Promotion) ဝန်ထမ်းတွေရဲ့ကျွမ်းကျင်မှု၊အရည်အချင်း (People)ဖောက်သည်ဖြတ်သန်းရမည့်လုပ်ငန်းဆောင်တာအဆင့် (Process)အဆောင်အယောင် decoration (Physical Evidence) ငွေပေးချေမှုပုံစံ (Payment)ရောင်းချဖြန့်ဝေတဲ့ channel (Platform)တွေကို ပြောင်းခြင်းဖြင့်ကိုယ့်ရဲ့ customer တွေPotential customer တွေကို​ပြောင်းလို့ရပါတယ်။ Phyo Paing @ Derek

Positioning Read More »

အထာ

လုပ်ငန်းတိုင်းမှာ အထာရှိတယ်။LV ဆိုင်ဝင်ပြီး ဘယ်သူမှစျေးသွားမဆစ်ဘူး။High-end စားသောက်ဆိုင်သွားပြီးရေသန့်တစ်ဗူး ၁၀၀၀ ယူတဲ့အတွက်တကယ့်ဖောက်သည်စစ်စစ်ဘယ်သူမှ ဓာတ်ပုံရိုက်Social media မှာ မတင်ဘူး။ဘာလို့လဲဆိုရင် ဒါက အထာဖြစ်တယ်။ လုပ်ငန်းတိုင်းမှာ အထာလေးတွေရှိတယ်။Luxury brand တွေ marketing လုပ်တဲ့အခါရောင်းတဲ့အခါ စုံစမ်းမေးမြန်းတဲ့သူကအထာမသိဘူးဆိုရင် ဒါကPotential customers မဟုတ်ဘူးဆိုတာတန်းသိတယ်။ Xiaomi ရဲ့အထာက price-to-performance.Apple ရဲ့အထာက perfection.ကိုယ့်လုပ်ငန်းရဲ့အထာက ဘာများဖြစ်မလဲ? Phyo Paing @ Derek

အထာ Read More »

Customer is always right?

လုပ်ငန်းတွေက customer serviceကောင်းဖို့အတွက် training ပေးတဲ့အခါလူတိုင်းနားလည်အောင်Customer is always right လို့သုံးကြတယ်။ အဲ့ဒီ စကားက လုပ်ငန်းရှင်၊Entrepreneur တွေကိုလွမ်းမိုးမှုရှိနေပြီးBad customer တွေနဲ့ ဆက်ဆံတဲ့အခါအလိုဆန္ဒမဖြည့်ဆည်းပေးနိုင်တဲ့အတွက်စိတ်ညစ်တတ်ကြတယ်။ အမြဲဘူနေတဲ့သူက ဘယ်လိုလုပ်ပေးပေးဘူနေမှာ သဘာဝပဲဖြစ်တဲ့အတွက်Australia က Marketing စာရေးဆရာAllan Dib က ခပ်ရှင်းရှင်းပဲFire Bad Customer တဲ့။ Bad customer တွေကိုပေးတဲ့အချိန်တွေကိုDream Clients တွေကိုပေးလိုက်တဲ့အခါNet Promoter Score ပိုတက်လာတဲ့အတွက်လုပ်ငန်းအောင်မြင်နိုင်ခြေပိုများတယ်။ ဒါကြောင့် အရင်ခေတ်က“Customer is always right” ဆိုတာမှန်ခဲ့ပေမယ့်ဒီနေ့ခေတ်ရဲ့ အောင်မြင်ရေး formula က“Choose your clients. Choose your future” တဲ့။ ကိုယ် ဝန်ဆောင်မှုပေးချင်တဲ့အိမ်မက်ထဲက ideal customer

Customer is always right? Read More »

Money = Energy

ပိုက်ဆံက motivation ပဲ။အိပ်ကပ်ထဲငွေမပါပဲသွားတာနဲ့ငွေအပြည့်ပါတာနဲ့ခံစားချက်မတူဘူး။ဒါကြောင့် အိပ်ဖောင်းရင်စိတ်ပြောင်းတယ်တဲ့။ ရှေးတရုတ်အယူအဆမှာ ငွေကိုရန်သူလို့ မသတ်မှတ်ဘူး။ငွေဆိုတာ energy စွမ်းအင်တစ်ခုလို့မှတ်ယူကြတယ်။ငွေရှိတဲ့နေရာ ငွေပိုလာတယ်။ ဒါကြောင့် bank account ထဲဟောင်းလောင်းထားတာထက်ငွေဆောင်ထားတာ ငွေပိုလာတဲ့အယူအဆဖြစ်တယ်။ ငွေကိုချစ်တာ ပြဿနာမဟုတ်ဘူး။ချစ်ရက်နဲ့ မချစ်ဘူးလို့ညာတာ ပြဿနာ။ ငွေဆိုတာ စွမ်းအင်တစ်ခုပါ။အဲ့စွမ်းအင် မပြတ်လပ်ဖို့အရံအနေနဲ့ အဆောင်ထားပါ။စဉ်းစားမှု၊ တွေးခေါ်မှု၊ လုပ်ဆောင်မှုပေါ်သက်ရောက်မှုရှိပါတယ်။ Phyo Paing @ Derek

Money = Energy Read More »

အာရုံ၊ အင်နာဂျီ၊ အလုပ်

အာရုံ၊ အင်နာဂျီ၊ အလုပ် ဒီသုံးခုက လူ့ဘဝရဲ့ အခရာပဲ။ဘူတာကို အာရုံစိုက်ရင်ဘူတဲ့ အင်နာဂျီပဲ ဆွဲဆောင်နိုင်မယ်။အလုပ်လုပ်ရင်လဲ ဘူနေမယ်။ အကြည်ဓာတ်တွေကို အာရုံပြုတဲ့အခါအကြည်ဓာတ် အင်နာဂျီရမယ်။အလုပ်လုပ်ရတာ လတ်ဆတ်မယ်။ ရှုပ်ထွေးလှတဲ့လူ့ဘဝမှာကိုယ်ထိန်းချုပ်နိုင်တာတစ်ခုကတော့အာရုံပဲ ဖြစ်တဲ့အတွက်အကြည်ဓာတ်တွေမှာပဲအာရုံကို အာဏာကုန် အသုံးပြုလိုက်ပါ။ Phyo Paing @ Derek

အာရုံ၊ အင်နာဂျီ၊ အလုပ် Read More »

Courage

ပိုင်ဆိုင်နိုင်အောင်ကြိုးစားတာသတ္တိလို့ထင်ကြတယ်။စွန့်လွတ်ရဲတာလဲ သတ္တိပဲ။အလုပ်မဖြစ်တာတွေကိုရပ်ရဲတာသတ္တိ။ Singapore အောင်မြင်တဲ့လီကွမ်းယူရဲ့ formula ကရှင်းတယ်။အလုပ်ဖြစ်တာ၊ မဖြစ်တာကိုခွဲတယ်။အလုပ်မဖြစ်တာကို ထားခဲ့လိုက်တယ်။ကိုယ်က သတ္တိရှိတဲ့လူလား? Phyo Paing @ Derek

Courage Read More »

Customer > Product

သင်တော်လွန်းလို့ clients တွေကသင့်ကိုရွေးချယ်တာ မဟုတ်ဘူး။သူတို့ ပြဿနာတွေကိုဖြေရှင်းနိုင်မယ်ယုံကြည်လို့သင့်ကိုရွေးချယ်တာ ဖြစ်တယ်။Product ထက် Customer ကိုပိုတန်ဖိုးထားပါ။ Phyo Paing @ Derek

Customer > Product Read More »

Serious

2016 နှစ်စမှာ ကိုယ့်နာမည်နဲ့Page စထောင်တော့ကုမ္ပဏီမှာအတူတူလုပ်ခဲ့တဲ့ဆေးတက္ကသိုလ်ကျောင်းနေဖက်အသိကဟာသလုပ်ပြီး နောက်တယ်။2017 နှစ်ကုန်ကျတော့ကိုယ့်သင်တန်းပြန်လာတတ်တယ်။ ဘဝကအဲ့လိုပဲ အစမှာဟာသလိုဖြစ်နေနိုင်ပေမယ့်သေချာ serious ဖြစ်ဖြစ်လုပ်ရင်တချိန်ကျရင်လဲ သာမညမဟုတ်ဘူးဆိုတာသိလာကြလိမ့်မယ်။ကိုယ့် profession ကိုတော့serious ဖြစ်ဖို့လိုတယ်။ Phyo Paing @ Derek

Serious Read More »

အိမ်စာလုပ်မှရမယ်။

ဥာဏ်ပဲကောင်းနေလို့မရဘူး။အိမ်စာလုပ်ဖို့လဲလိုတယ်။အိမ်စာမလုပ်ရင်နောက်တစ်တန်းတက်မှာမလုပ်ဘူး။တိုင်ပတ်နေကျ ပြဿနာပဲပြန်တက်နေရင် တစ်ခုခုတော့ မှားနေပြီ။မနေ့ကပြဿနာက ဒီနေ့အတွက်ကလေးကစားစရာဖြစ်နေဖို့ကအိမ်စာလုပ်မှရမယ်။ Phyo Paing @ Derek

အိမ်စာလုပ်မှရမယ်။ Read More »

Burning desire

ပြင်းပြတဲ့စိတ်ဆန္ဒဆိုတာသူ့အလိုလိုဖြစ်မလာဘူး။နေ့တိုင်းမီးမွေးနေရတယ်။ဒါမှ ကိုယ့်ရဲ့ဆာလောင်မှုကပျောက်မသွားမှာ။နေ့စဉ် daily rituals တွေကလောင်စာတွေပဲ။ဆုတောင်းတိုင်းဖြစ်လာမယ်ဆိုရင်အိမ်မက်တွေ စျေးပေါနေမှာပေါ့။ Phyo Paing @ Derek

Burning desire Read More »