May 2022

ဇယားမရှုပ်ဖို့ ဇယားလုပ်ဖို့လိုတယ်။

ဇယားတွေထဲမှာ စာရင်းဇယား။ လုပ်ငန်းရဲ့ အခြေအနေကိုဖော်ပြတဲ့ဇယားတွေ သေချာလုပ်ထားမှအရှိကို အရှိအတိုင်းမြင်ပြီးဇယားမရှုပ်မှာ။ Phyo Paing @ Derek

ဇယားမရှုပ်ဖို့ ဇယားလုပ်ဖို့လိုတယ်။ Read More »

လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးအရာ

လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးအပိုင်းကCulture တည်ဆောက်တာပဲ။ Culture ဆိုတာ“Things we do around here” ဆိုတဲ့လုပ်ငန်းတစ်ခုမှာဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ ပုံစံကို ဆိုလိုတာ။ စိတ်ထား၊ လူ၊ စနစ်၊ မဟာဗျူဟာ၊ ဦးဆောင်မှုပုံစံတွေကCulture တစ်ခုတည်ဆောက်တဲ့နေရာမှာအကုန် အရေးပါတယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဆိုတာ ကိုယ်မရှိတဲ့အချိန် ဝန်ထမ်းတွေအနေနဲ့စနစ်တွေ၊ နည်းပညာတွေကိုအသုံးပြုပြီး“ဘယ်လိုပုံစံ အလုပ်လုပ်ကြလဲ?” ဆိုတဲ့Culture က အရေးကြီးလာတယ်။ ဒီအလုပ်လုပ်တဲ့ပုံစံကလည်းစျေးကွက်အပြောင်းအလဲကိုအမြန် တုံ့ပြန်နိုင်ဖို့ လိုတယ်။ ဒီလိုမျိုး Culture တည်ဆောက်ဖို့အချိန်အများကြီးပေးရတယ်။ ကိုယ့်လုပ်ငန်းရဲ့ အဖိုးအတန်ဆုံးကကိုယ့်လုပ်ငန်းရဲ့ Culture ဖြစ်နိုင်တယ်။ ဒါကြောင့် နှစ်ပေါင်းများစွာစိတ်ရှည်ရှည် တည်ဆောက်ဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay

လုပ်ငန်းတစ်ခုမှာ အရေးကြီးဆုံးအရာ Read More »

ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။

အမှတ်တံဆိပ်တည်ဆောက်ဖို့ စိတ်ရှည်ပါ အမျိုးတို့။ ယုံကြည်မှုရှိရင် အလုပ်လုပ်ရတာ ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

ဘာလုပ်လုပ် ပိုအဆင်ပြေတယ်။ Read More »

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။

ဘာကြောင့်လဲဆိုတော့ ဘဝမှာ လက်ကိုင်ထားပြီးနေ့စဉ်အမြဲ update လုပ်နေတဲ့ဘဝနေထိုင်မှု ဥပဒေသတွေကြောင့်ပဲ။ ဒါကတော့ တစ်ခုခု ဆုံးဖြတ်ချက်ချစရာရှိရင်လုပ်မလား၊ မလုပ်ဘူးလား။တွေဝေမနေနဲ့။တွေဝေနေလို့ပဲ ဆုံးဖြတ်ချက်ပိုကောင်းလာမှာ မဟုတ်ဘူး။ စဉ်းစားနည်းစနစ်ကို အသုံးပြုချက်ချင်းဆုံးဖြတ်ချက်ချ။ နောက်တစ်ခုက အချိန်ကို အလဟဿ မဖြုန်းနဲ့။ အလုပ်ကို ပိုးစိုးပက်စက်လုပ်၊ နားရင် ပိုးစိုးပက်စက်နား။ အနားယူဖို့ plan လုပ်မနေနဲ့ပင်ပန်းတယ်ထင်ရင် နားလိုက်။ပြန်ကောင်းရင် အလုပ်ကိုပိုးစိုးပက်စက်ပြန်လုပ်။ ဘဝမှာ ကိုယ်တိုင်ထားတဲ့ personal rules တွေအရေးကြီးတယ်။ Phyo Paing @ Derek

ဘဝ နောက်ပြန်လည့်ကြည့်ရင်
ပြင်ချင်စရာ မရှိဘူးလို့တောင်
ပြောရမယ်။
Read More »

တွေးကြောက်ရင်
ဘေးရောက်သွားလိမ့်မယ်။

တွေးတွေးပြီး ကြောက်နေရင် လုပ်မည့်အလုပ်တွေက ရှေ့မရောက်တော့ပဲ ဘေးရောက်ရောက်သွားတတ်တယ်။လုပ်မလား၊ မလုပ်ဘူးလားဆုံးဖြတ်။တွေဝေနေတာ အဖြေမဟုတ်တတ်ဘူး။ Phyo Paing @ Derek

တွေးကြောက်ရင်
ဘေးရောက်သွားလိမ့်မယ်။
Read More »

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက်

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက်ကပန်းတိုင်ကို မမှိတ်မသုန် အာရုံထားပြီးနေ့စဉ်လေ့လာနေတဲ့အပြင်မြန်နှုန်းမြင့် အကောင်အထည်ဖော်နိုင်စွမ်းရှိတယ်။အလုပ်မဖြစ်တာ သေချာရင်ကိုယ့်အယူအဆကို လိုအပ်ရင်စွန့်လွတ်ရဲတဲ့ သတ္တိရှိတဲ့ဇွဲကောင်းကောင်းသူမျိုးဖြစ်တယ်။ Phyo Paing @ Derek

ကြောက်စရာ အကောင်းဆုံးပြိုင်ဖက် Read More »

စနစ်ကောင်းရှိပြီလား။

လူနဲ့စနစ်အသုံးပြုပြီးရည်မှန်းချက်ပန်းတိုင်ရောက်အောင်လုပ်တာကို စီမံခန့်ခွဲမှုလို့ခေါ်တယ်။ကိုယ့်လုပ်ငန်းမှာ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့လူကောင်းနဲ့စနစ်ကောင်းရှိပြီလား။ Akyanpayကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#Akyanpay

စနစ်ကောင်းရှိပြီလား။ Read More »

မနေ့က အလုပ်ဖြစ်ခဲ့တဲ့အရာက

မနက်ဖြန် အလုပ်ဖြစ်ချင်မှဖြစ်တော့မယ်။ဒါကြောင့် အရာရာကို အတင်းဖက်တွယ်မထားပဲ လွတ်ချသင့်ရင်လွတ်ချရမည့်အရာတွေ ရှိတယ်။ Phyo Paing @ Derek

မနေ့က အလုပ်ဖြစ်ခဲ့တဲ့အရာက Read More »

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။

ပျော်ရွင်မှုအတွက် အရေးအကြီးဆုံးကတိုးတက်မှုလို့ ယူဆတယ်။ ဘဝရဲ့ ကျန်းမာရေး၊ စီးပွါးရေး၊ လူမှုရေး၊ အလုပ်အကိုင်ဘယ်အပိုင်းမှာမဆို တိုးတက်နေရင် ပျော်တယ်။ဆုတ်ယုတ်နေရင် မပျော်ဘူး။ တန့်နေရင် ပုံမှန်ပဲဖြစ်နေတတ်တယ်။ တိုးတက်မှုရှိနေဖို့ တချို့အရာတွေကို ဘဝထဲကအပြီးထုတ်ပစ်ရတယ်။ (Eliminate)တချို့အရာတွေကို ထပ်ခါထပ်ခါလုပ်စရာမလိုအောင် စီမံရတယ်။ (Automate)တချို့အရာတွေကို ကိုယ်တိုင်လုပ်စရာမလိုပဲလက်လွဲသင့်ရင်လွဲရတယ်။ (Transfer)တချို့မလုပ်ဖူးတဲ့အရာတွေကို စမ်းသပ်လုပ်ကိုင်သင့်ရင် လုပ်ရတယ်။ (Experiment)တချို့လုပ်နေတဲ့အရာတွေက အပြီးရပ်လိုက်လို့မရရင်လျော့သင့်ရင် လျော့ရတယ်။ (Reduce) ဒါကိုတော့ အတိုကောက်တိုးတက်မှုအတွက် EATER လို့ပေးထားတယ်။ Phyo Paing @ Derek

ဘဝမှာ အရေးအကြီးဆုံးက
ပျော်ရွင်မှု။
Read More »