May 2022

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။

ပိုးကောင်းပိုးသန့်တွေ မွေးတဲ့အခါအစပိုင်း ပိုးကောင်းပိုးသန့်တွေထည့်ပြီးCulture တဖြည်းဖြည်းတည်ဆောက်ရတယ်။ Bill Gates ပြောသလို သူ့ရဲ့ဝန်ထမ်းအကောင်းဆုံး ၂၀ ကို ဖယ်လိုက်ရင် Microsoft ကဒီနေ့လို အရေးပါတဲ့ ကုမ္ပဏီဖြစ်လာမှာ မဟုတ်ဘူးတဲ့။ ဒါကြောင့် ကိုယ့်လုပ်ငန်းကိုမြန်နှုန်းမြင့်၊ စံနှုန်းမြင့်တဲ့လူတော်တွေနဲ့ လည်ပတ်ချင်ရင်အစကတည်းက လူတော်တွေနဲ့ပိုမွေးသလို မွေးဖို့လိုတယ်။ ပိုကောင်းပိုးသန့်တွေနဲ့ပိုနှောက်တွေမှာ ပိုးနှောက်တွေများလာရင် ပိုးကောင်းပိုးသန့်တွေကိုသွားသက်ရောက်မှုရှိနိုင်တယ်။ Phyo Paing @ Derek

Culture တည်ဆောက်တာနဲ့ ပိုးမွေးတာ တူသလိုလိုရှိတယ်။ Read More »

ကိုယ့်လုပ်ငန်းရဲ့ အဖိုးအတန်ဆုံးက
ကိုယ့်လုပ်ငန်းရဲ့ Culture ဖြစ်နိုင်တယ်။

လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးအပိုင်းကCulture တည်ဆောက်တာပဲ။ ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဆိုတာ ကိုယ်မရှိတဲ့အချိန် လူတွေစနစ်နဲ့ နည်းပညာကိုအသုံးပြုပြီးဘယ်လိုပုံစံ အလုပ်လုပ်ကြလဲအရေးကြီးလာတယ်။ ဒီအလုပ်လုပ်တဲ့ပုံစံကလဲစျေးကွက်အပြောင်းအလဲကိုအမြန်တုန့်ပြန်နိုင်ဖို့လိုတယ်။ ဒီ Culture တည်ဆောက်ဖို့အချိန်အများကြီးပေးရတယ်။ စိတ်ထား၊ လူ၊ စနစ်၊ မဟာဗျူဟာ၊ ဦးဆောင်မှုပုံစံCulture တည်ဆောက်ရေးမှာအကုန်အရေးပါတယ်။ ဒါကြောင့်နှစ်ပေါင်းများစွာစိတ်ရှည်ရှည်တည်ဆောက်ဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်းရဲ့ အဖိုးအတန်ဆုံးက
ကိုယ့်လုပ်ငန်းရဲ့ Culture ဖြစ်နိုင်တယ်။
Read More »

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။

အလုပ်လုပ်တဲ့အခါ ကိုယ့်အတွက်“ချက်ချင်း” အကျိုးမရှိရင် အလုပ်ကို သေချာလုပ်သလား၊မလုပ်ဘူးလားကို ကြည့်ပြီး လူတစ်ယောက် အနာဂတ်ကိုခန့်မှန်းလို့ရနိုင်တယ်။ တချို့အလုပ်တွေက ချက်ချင်းကြီးအကျိုးရှိချင်မှ ရှိမယ်။လူအများစုက ကိုယ်ကပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ အလုပ်လုပ်ရင်လဲ ရထားတာထက်ပိုလုပ်ရမှာ ကြောက်တတ်ကြတယ်။Client အလုပ်အပ်ရင်လဲကိုယ်ဖက်က ပိုပေးလိုက်ရမှာကြောက်တတ်ကြတယ်။ ဒီ mindset က လူတွေကို အောင်မြင်မှုအတွက် အတားအဆီဖြစ်စေတယ်။ ကျွန်တော်ကတော့ သူများဆီယူထားတာထက်ပိုမပေးလိုက်ရမှာ စိုးရိမ်တယ်။ ဒိအချက်ကပဲ အလုပ်လုပ်တုန်းကမိတ်ဆွေတွေ၊ ဆိုင်ဖွင့်တုန်းက ဝယ်ခဲ့တဲ့မိတ်ဆွေတွေကိုယ်ဘာလုပ်လုပ် ယုံကြည်အားပေးနေတုန်း။ ယူထားတာထက်ပိုပေးရမှာ မကြောက်ပါနဲ့။ Phyo Paing @ Derek

ယူထားတာထက်
ပိုပေးရမှာ မကြောက်ပါနဲ့။
Read More »

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။

ကြီးလာတော့ ကိုယ်လိုချင်တာတွေ ကိုယ့်နောက်လိုက်လာဖို့ပဲကိုယ့်ကိုကိုယ် တည်ဆောက်တော့တယ်။လူတွေနောက် လိုက်ရတာမောတယ်။ Phyo Paing @ Derek

ငယ်ငယ်က ကိုယ်လိုချင်တာတွေနောက် လိုက်တယ်။ Read More »

Self-discipline

ကိုယ့်စိတ်ကို ထိန်းချုပ်ပြီးလိုရာပန်းတိုင်ရောက်ဖို့အရေးအကြီးဆုံးစကားလုံးဖြစ်တယ်။ဝိတ်ပဲ ချချ၊ဘာသာစကားပဲ လေ့လာလာ၊အတတ်ပညာတစ်ခုပဲ တစ်ဖက်ကမ်းခတ်ကျွမ်းကျင်အောင်လုပ်လုပ် အရေးအကြီးဆုံး စကားလုံးဖြစ်တယ်။ကိုယ့်စိတ်ကိုယ်နိုင်ဖို့အရေးကြီးတယ်။ Phyo Paing @ Derek

Self-discipline Read More »

ဒီနေ့မှာ စင်ပေါ်ရောက်နေတဲ့သူတွေက
နောက်နေ့တွေ စင်ပေါ်မှာရှိချင်မှ
ရှိတော့မယ်။

ဒီနေ့အလုပ်ဖြစ်တဲ့အရာတွေကနောက်နေ့မှာ အလုပ်ဖြစ်ချင်မှာဖြစ်တော့မယ်။ ဒီနေ့ ကိုယ့်ကို ဝင်ငွေသောက်သောက်လဲရှာပေးနေတဲ့အရာတွေကနောက်နေ့မှာ ရှာပေးချင်မှ ရှာပေးလိမ့်မယ်။ ဒီတော့ ဒီနေ့မှာ အရောင်ပြောင်ပြီးစင်ပေါ်ရောက်နေလို့လဲ စမာန်တက်ပြီး အနာဂါတ်အတွက်အပြင်ဆင်ပဲ မနေလိုက်နဲ့။အရာရာအဆင်မပြေလို့လဲ စိတ်မညစ်သွားနဲ့။ ဂိမ်းရဲ့ ဥပဒေသတွေ အမြဲပြောင်းနေတဲ့အတွက်မျက်စိနားဖွင့်ပြီး အပြောင်းအလဲကြားဒူပေဒါပေခံ ရှင်သန်နိုင်ဖို့ အရေးကြီးတယ်။ အပြောင်းအလဲများတဲ့ကာလမှာတစ်ကြောင်းဆွဲ စိတ်နဲ့မရဘူး။ဖြစ်နိုင်ခြေတွေထဲကမှ အကောင်းဆုံးလမ်းကို ရွေးရမှာပဲ။ Phyo Paing @ Derek

ဒီနေ့မှာ စင်ပေါ်ရောက်နေတဲ့သူတွေက
နောက်နေ့တွေ စင်ပေါ်မှာရှိချင်မှ
ရှိတော့မယ်။
Read More »

တစ်ခုခုစတင်တဲ့အချိန်

အမျိုးတွေ၊ အနီးစပ်ဆုံးလူတွေကဆရာလုပ် ဝေဖန်တတ်ကြတယ်။စတင်ချိန်မှာ ဒါတွေမလိုဘူး။အားပေးမှုပဲလိုတာ။အောင်မြင်တဲ့အခါ အကြံလိုတာ။ပြောင်းပြန်ဖြစ်နေတတ်တယ်။ Phyo Paing @ Derek

တစ်ခုခုစတင်တဲ့အချိန် Read More »

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။

T – Thinking 💭 အတွေး H – High Income Skill 👨‍💻 ငွေများများရှာပေးတဲ့ အတတ်ပညာA – Action လုပ်ရပ်N – Network အပေါင်းအသင်းK – Knowledge အသိပညာ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ကျေးဇူးတင်တဲ့
အလုပ်တွေ လုပ်နိုင်ဖို့အတွက်
THANK ကို ဂရုစိုက်ဖို့လိုတယ်။
Read More »

If you have no English, you will be no where.

ကိုယ်နားလည်တာကလဲ No Englishနောက်စကားလုံးတစ်လုံးက No Whereကိုးတန်း ဆိိုးသွမ်းလို့ အဆောင်ရောက်တဲ့အချိန်ကပေါ့။ ဆရာ English စာ တတ်အောင်လေ့လာချင်ရင် ဘယ်လောက်ကြာနိုင်လဲမေးကြည့်တယ်။ ပုံမှန်ဆရာတွေဆို ငါ့တစ်သက်လုံးလေ့လာလာတာ ခုထိ ငါတောင်မတတ်သေးဘူးကြီး ဖြေကြတာ။ အဲ့ဆရာကျတော့ တကယ်လုပ်ရင်တစ်လလဲ တတ်နိုင်တယ်လို့ ပြောတယ်။ အဲ့ဒါနဲ့ ကစ်ပြီလေ ဆိုပြီးတခြားဘာသာရပ်တွေ အောင်ရုံလုပ်ပြီးကိုးတန်းစာအုပ်အစ The Pully ကနေအဘိဓာန်တစ်အုပ်နဲ့ ကောက်ဆွဲလိုက်တာတစ်လအတွင်း textbook အကုန်ရသွားရော။ ဒါနဲ့ ဘာဆက်လုပ်ရမလဲ ဆရာ့မေးတော့ဆယ်တန်းစာလုပ်တဲ့။ ဒါနဲ့ တခြားဘာသာတွေမကြည့်ပဲဆယ်တန်း The Calendar ကနေဘုမသိဘမသိနဲ့ ကောက်ကျက်လိုက်တာကဗျာတွေပါ ပြီးသွားရော။ ဆယ်တန်းသူငယ်ချင်းတွေက ဒီကောင်ရူးနေလားမသိဘူးလို့စဥ်းစားရင်လဲ စဥ်းစားမယ်။ဒါပေမယ့် အဲ့ဒီ textbook ကိုလေ့လာဖတ်မှတ်ခဲ့တာ ဘယ်စကားလုံးက ဘယ်နားမှာဆိုတာခုထိမှတ်မိနေတုန်း။ ဆယ်တန်းပြီးတော့ ခပ်တည်တည်နဲ့British Council က စာအုပ်တွေဖတ်လို့ရလာတယ်။ နှစ်ပေါင်းများစွာ

If you have no English, you will be no where. Read More »