ခဏလောက် အလုပ်လုပ်တာရပ်ပြီး
အသက်ကို ခပ်ပြင်းပြင်း ခပ်ဝဝတစ်ခေါက်လောက်ရှူကြည့်။ မတူတာ တစ်ခုခုခံစားရလိမ့်မယ်။ Phyo Paing @ Derek
အသက်ကို ခပ်ပြင်းပြင်း ခပ်ဝဝတစ်ခေါက်လောက်ရှူကြည့်။ မတူတာ တစ်ခုခုခံစားရလိမ့်မယ်။ Phyo Paing @ Derek
လူတစ်ယောက်နဲ့ အလုပ်မလုပ်ခင်သူနဲ့ အလုပ်လုပ်လိုက်လို့ဘယ်နှစ်ယောက်အောင်မြင်သွားလဲရှေ့လူတွေ ဘယ်လိုဖြစ်သွားလဲ ကြည့်ကြည့်။ဒီက အဖြေအများကြီးရတတ်တယ်။ Phyo Paing @ Derek
လိုချင်တာရဖို့ ပြင်းပြတဲ့ စိတ်ဆန္ဒလိုတယ်။Burning desire 🔥 လို့လဲခေါ်ကြတယ်။ကောက်ရိုးမီးနဲ့တော့ မရဘူး။ Phyo Paing @ Derek
ကွန်ပြူတာ ပျက်တာ၊ မီးမလာတာဒါကို ဖြေရှင်းရမှာက ကိုယ့်တာဝန်။ သင့်ဖက်က ဘာဖြစ်လဲ မသိချင်ဘူး။ရလဒ် ရလားပဲ သိချင်တယ်။ Reason အပေးများတဲ့သူက Result ရတတ်လေ့ မရှိဘူး။ Phyo Paing @ Derek
ဆယ်တန်း – အမှတ်ကောင်းဖို့ အမှတ်ပေးစည်းမျဉ်းသိဖို့လိုတယ်။ ဆေးကျောင်း – အထင်အမြင်နဲ့ရမ်းမလုပ်နဲ့။ ဆုံးဖြတ်ချက်တစ်ခုချဖို့ data လိုတယ်။ သုံးသပ်တတ်ဖို့လိုတယ်။ ထောင့်ပေါင်းစုံက စဉ်းစားတတ်ဖို့လိုတယ်။ ဒါက Evidence-based medicine (EBM) က ရတာ။ Getmebook – ကိုယ်ရောင်းချင်တာမရောင်းခင် စျေးကွက်လိုချင်တာ အရင်ရောင်း။ Timing အချိန်ကောင်း အရေးကြီးတယ်။ ဖုန်းပြင် – Timeless ဖြစ်တဲ့အရာတွေကို ဖန်တီးပါ။ စျေးကွက်မှာ နေ့မြင်ညပျောက်ဖြစ်မည့် အရာတွေပေါ်မူတည်ပြီး ဘဝကို မတည်ဆောက်ပါနဲ့။ ဆေးကုမ္ပဏီ – လေ့လာလို့ ကုန်ရင်ထွက်။ ငွေတစ်ခုတည်းအတွက် အလုပ်မလုပ်နဲ့။ ကိုယ်နဲ့တွေ့ခဲ့တဲ့ လူတိုင်းကို အကောင်းဆုံးပေး။ တစ်သက်တာ ဘာလုပ်လုပ် အားပေးမည့် customer ဖြစ်လာလိမ့်မယ်။ ဖုန်းဆိုင် – ယုံကြည်မှုက မလိုအပ်တဲ့
ဒီကာလမှာ ကြိတ်ပြီး စိတ်ဓာတ်မကျနေဘူးလို့မပြောနိုင်ဘူး။ ဒါကြောင့် ဗုဒ္ဓဟောကြားတဲ့အတိုင်းမိမိကိုယ်သာ ကိုးကွယ်ရာပါ။ Phyo Paing @ Derek
သင်တန်းလေး လေးငါးရက်တက်ပြီးTrainer တွေ၊ Coach တွေ၊ Consultantတွေလုပ်လို့ရမယ်ထင်ကြတယ်။စင်ပေါ်မှာ စကားပြောတဲ့သူတွေကြည့်ပြီးသူတို့လို လုပ်ချင်တယ်။ဓာတ်ပုံရိုက်တင်ချင်တယ်။ Certificate တစ်တွဲကြီး Facebook မှာအဆုံးမရှိတင်ချင်တယ်။ ရေရှည် Professional ကျကျ လုပ်နိုင်ဖို့ကအခြေခိုင်ဖို့လိုတယ်။ မဟုတ်ရင် လေတစ်ချက်ဝေ့ရင်အကုန်ပြိုလဲ ကုန်မယ်။ ဘာပဲလုပ်လုပ် အခြေခိုင်မှရတယ်။ အခြေခိုင်ဖို့ အခြေခံလိုတယ်။ Fundamentals တွေသေချာလုပ်ဖို့လိုတယ်။ Phyo Paing @ Derek
ဇယားတွေထဲမှာ စာရင်းဇယား။ လုပ်ငန်းရဲ့ အခြေအနေကိုဖော်ပြတဲ့ဇယားတွေ သေချာလုပ်ထားမှအရှိကို အရှိအတိုင်းမြင်ပြီးဇယားမရှုပ်မှာ။ Phyo Paing @ Derek
လုပ်ငန်းတစ်ခုအတွက် အရေးအကြီးဆုံးအပိုင်းကCulture တည်ဆောက်တာပဲ။ Culture ဆိုတာ“Things we do around here” ဆိုတဲ့လုပ်ငန်းတစ်ခုမှာဝန်ထမ်းတွေရဲ့ အလုပ်လုပ်တဲ့ ပုံစံကို ဆိုလိုတာ။ စိတ်ထား၊ လူ၊ စနစ်၊ မဟာဗျူဟာ၊ ဦးဆောင်မှုပုံစံတွေကCulture တစ်ခုတည်ဆောက်တဲ့နေရာမှာအကုန် အရေးပါတယ်။ ကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်ဖို့ဆိုတာ ကိုယ်မရှိတဲ့အချိန် ဝန်ထမ်းတွေအနေနဲ့စနစ်တွေ၊ နည်းပညာတွေကိုအသုံးပြုပြီး“ဘယ်လိုပုံစံ အလုပ်လုပ်ကြလဲ?” ဆိုတဲ့Culture က အရေးကြီးလာတယ်။ ဒီအလုပ်လုပ်တဲ့ပုံစံကလည်းစျေးကွက်အပြောင်းအလဲကိုအမြန် တုံ့ပြန်နိုင်ဖို့ လိုတယ်။ ဒီလိုမျိုး Culture တည်ဆောက်ဖို့အချိန်အများကြီးပေးရတယ်။ ကိုယ့်လုပ်ငန်းရဲ့ အဖိုးအတန်ဆုံးကကိုယ့်လုပ်ငန်းရဲ့ Culture ဖြစ်နိုင်တယ်။ ဒါကြောင့် နှစ်ပေါင်းများစွာစိတ်ရှည်ရှည် တည်ဆောက်ဖို့လိုတယ်။ AkyanPay.comကိုယ်မပါဘဲ လည်ပတ်တဲ့လုပ်ငန်း တည်ဆောက်ပါ။#Akyanpay