March 2023

ငါ့ ဘဝသနားစရာလို့ စဥ်းစားမိတာနဲ့
တိုင်ပတ်ပြီသာမှတ်

တကယ်တမ်း ဘဝမှာဖမ်းပြီး အတင်းအဓမ္မစေခိုင်းခံနေရတဲ့သူတွေ၊အနာရောဂါဖြစ်ပြီး သေဖို့အတွက်စောင့်နေတဲ့သူတွေ အများကြီးရှိတာအားလုံးအသိပဲ။ ဘဝမှာ ထာဝရလဲ နေလို့ရတာမဟုတ်ဘူး။​ကိုယ့်ဘဝကိုယ် တာဝန်ယူပြီးနေ့စဥ် အသက်ရှင်ပြီး ကိုယ်လက်အင်္ဂါအစုံနဲ့ရောဂါဘယ ကင်းကင်းဖြတ်သန်းပြီးအသက်ဝဝရှူနေနိုင်တာ ကျေးဇူးတင်စရာတစ်ခုဖြစ်ကောင်းဖြစ်နိုင်တယ်။ Phyo Paing @ Derek

ငါ့ ဘဝသနားစရာလို့ စဥ်းစားမိတာနဲ့
တိုင်ပတ်ပြီသာမှတ်
Read More »

ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ်

မဟုတ်လဲ သေမှာပဲ။အသက်ရှင်တုန်း ဘဝကိုလတ်လတ်ဆတ်ဆတ်ဖြတ်သန်းဖို့ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ်။ ၁။ လူတွေကို နေ့တိုင်းကူညီပေးပါ။​၂။ ကိုယ့်ကိုကိုယ် တိုးတက်အောင်လုပ်။၃။ အနာဂတ်ပြဿနာတွေအတွက် ကြိုတင်ပြင်ဆင်ထား။၄။ အတွေးကို ရှင်းနေအောင်ထား။၅။ ရည််မှန်းချက်ကို မြင့်မြင့်ထား။၆။ ကိုယ့်မှာရှိတာနဲ့ ကျေနပ်အောင်နေ။၇။ ဆင်းရဲဒုက္ခခံနိုင်အောင် လေ့ကျင့်ထား။၈။ ကိုယ့်ကိုကိုယ် အမြဲပြန်ဆန်းစစ်။​၉။ အတွေးအခေါ်အသစ်တွေနဲ့ ထိတွေ့ဖို့ ဝန်မလေးနဲ့။ Phyo Paing @ Derek

ဘယ်လို အသက်ရှင်သလဲ အရေးကြီးတယ် Read More »

လူတစ်ယောက်နဲ့တွေ့ရင့် သူ့ဆီက သင်ယူချင်ရင်မေးလို့ရတဲ့မေးခွန်းတွေ
John C Maxwell ထဲက မေးခွန်း ၇ ခု အားတီ၊ အားမေတို့

၁။ ဘဝမှာ အကောင်းဆုံးရခဲ့တဲ့ သင်ခန်းစာ “What is the greatest lesson you have learned? By asking this question I seek their wisdom. ၂။ အခု ဘာတွေလေ့လာနေလဲ။ What are you learning now? This question allows me to benefit from their passion. ၃။ ဘယ်ရှုံးနိမ့်မှုတွေက ဘဝကို ပုံဖော်ပေးခဲ့လဲ။ How has failure shaped your life? This question gives insight into their attitude. ၄။

လူတစ်ယောက်နဲ့တွေ့ရင့် သူ့ဆီက သင်ယူချင်ရင်မေးလို့ရတဲ့မေးခွန်းတွေ
John C Maxwell ထဲက မေးခွန်း ၇ ခု အားတီ၊ အားမေတို့
Read More »

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။

ဘဝမှာ ကိုယ်သတ်မှတ်ထားတဲ့စံနှုန်းတွေကို အများကြီးနိမ့်ချပြီးကိုယ်ချစ်တဲ့လူတစ်ယောက်အတွက်စတေးခဲ့ရတဲ့ အချိန်တွေ လူတိုင်းမှာ ရှိတတ်ကြတယ်။ နောက်ပြီး အချိန်တစ်ခုရောက်တဲ့အခါမထူးဇာတ်ခင်းတာ ပြဿနာဖြေရှင်းတာမဟုတ်ဘူးဆိုတာ သိလာတဲ့အချိန်တစ်ခုရှိတယ်။ ဘဝမှာ တန်ဖိုးအရှိဆုံးက အချိန်တွေပဲ။ ကိုယ်သတ်မှတ်ထားတဲ့ စံနှုန်းတွေကို ရိုက်ချိုးလိုက်ဖို့ ဘယ်တော့မှ မစဥ်းစားနဲ့။ လူတစ်ယောက်ရဲ့ တန်ဖိုးက သူ့ကိုယ်သူ သတ်မှတ်ထားတဲ့ စံနှုန်းပဲ။ ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊ ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်ဒါက စံနှုန်းပဲ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် ဘယ်လိုမြင်တယ်။ ကိုယ်ဘယ်သူ၊ ဘာလုပ်၊
ကိုယ့်ကို ဘယ်လိုဆက်ဆံရမယ်
ဒါက စံနှုန်းပဲ။
Read More »

Coaching ဆိုတာ မေးခွန်းမေးနည်းအတတ်ပညာပဲ အားတီ၊ အားမေတို့။

အနာဂတ်ရဲ့ အရေးကြီးတဲ့အတတ်ပညာကမေးခွန်းမေးတဲ့ အတတ်ပညာဖြစ်လာလိမ့်မယ်။ကမ္ဘာကြီးနည်းပညာတွေကြောင့်အဖြေတွေရှိလာပြီးကိုယ်လိုချင်တဲ့အဖြေရဖို့ မေးခွန်းမေးနည်းအတတ်ပညာကအနာဂတ်အတွက် အရေးကြီးတဲ့ ကျွမ်းကျင်မှုဖြစ်လာမယ်။ Phyo Paing @ Derek

Coaching ဆိုတာ မေးခွန်းမေးနည်းအတတ်ပညာပဲ အားတီ၊ အားမေတို့။ Read More »

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့

မလုပ်ချင်တာတွေလုပ်ရတဲ့အခိုက်အတန့်တွေရှိမယ်။ ပြီးရင်ကိုယ့်ကိုကိုယ်ကျေးဇူးပြန်တင်နေလိမ့်မယ်။ Phyo Paing @ Derek

ကိုယ်ဖြစ်ချင်တာတွေဖြစ်ဖို့ Read More »

စနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ်

ဘဝမှာ နှစ်နှစ်လောက်ဝိတ်ချတဲ့စနစ်၊ ဝိတ်ထိန်းတဲ့စနစ်ကိုလိုက်ရှာတယ်။​တွေ့သွားတဲ့အချိန်ကျတော့ ၂ လ၊​ ၃ လပဲကြာတယ်။​ စာဖတ်လိုက်မေ့လိုက်နဲ့ တိုင်ပတ်ခဲ့တာနှစ်ပေါင်း အတော်ကြာပဲ။စနစ်တွေကိုတွေ့တော့ အချိန်ခဏပဲကြာတယ်။ စာဖတ်တာ တစ်အုပ်ပြီးဖို့ တစ်လလောက်ကြာတယ်။​နောက်ဖတ်ကျင့်ရှိလာတော့ တစ်ပတ်လောက်ကြာတယ်။နောက်စနစ်တွေ့သွားတော့ ဆယ်ဆလောက်ပိုမြန်လာတယ်။ ဘဝမှာ လိုချင်တဲ့ရလဒ်ရဖို့SCAR framework ဆိုပြီးထုတ်ထားတာရှိတယ်။​ System + Consistency + Action = Result စနစ်ရှိပြီး လုပ်ဆောင်ချက်မရှိရင် ရလဒ်မထွက်။စနစ်ရှိ လုပ်ဆောင်ချက်ရှိပြီးဖင်မမြဲ ဇွဲမရှိရင်လဲ ရလဒ်မရ။ဒါကြောင့် ရလဒ်တစ်ခုကစနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ်။ Phyo Paing @ Derek

စနစ် + ဇွဲ + လုပ်ရပ် = ရလဒ်ပေါ်မူတည်တယ် Read More »

high-performance ဖြစ်ဖို့

ချမ်းသာ၊ အောင်မြင်တာတွေ သာလူတွေပြောနေကြတာ။တကယ်တမ်းအများစုဖြစ်ချင်ကြတာအချိန်တိုင်းမှာ feel good နေလို့ထိုင်လို့ကောင်းချင်တာ။ ဒီလိုဖြစ်ဖို့ အလုပ်အပြင်၊ဖျော်ဖြည်ရေးတွေ၊ ခရီးသွားအလည်အပတ်၊လူတွေရဲ့အသိအမှတ်ပြု ဆုတံဆိပ်တွေ၊စျေးကြီးတဲ့အစားအစာနဲ့ ဇိမ်ခံပစ္စည်းတွေနောက်လိုက်ကြတယ်။ တချို့က ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ်physiology ကို ပြုပြင်ဖို့ ကြိုးစားကြတယ်။အမြင်သာဆုံးကတော့ ကော်ဖီပေါ့။ကော်ဖီမှာ ကဖိန်းဓာတ်ပါတယ်။​ကဖိန်းဓာတ်က ခန္ဓာကိုယ်မှာပါတဲ့adenosine (အဒီနိုဇင်း) ကိုသွားပိတ်တယ်။​ဒီ adenosine ဆိုတဲ့ neurotransmitter ကခန္ဓာကိုယ်ကို ကြွက်သားတွေကိုလျော့ချပြီးအိပ်ချင်မှုကို ဖြစ်ပေါ်စေတယ်။ဒါကို ပိတ်လိုက်တော့ နိုးကြားမှုဖြစ်လာတယ်။ဒါပေမယ့် တခြားပြင်ပနိုးဆွတဲ့ဆေးဝါးတွေလိုပဲ ကြာလေ ဆေးမတိုးတော့လေဖြစ်လာတတ်တယ်။ သေချာသုံးတတ်ရင်တော့ bio hacking အပျော့စားအနေနဲ့ အသုံးပြုလို့ရတယ်။​ကဖီးဓာတ်က ခန္ဓာကိုယ်မှာ ၄ နာရီလောက်ခံတယ်။သူက ညနေအသုံးပြုမည့် စွမ်းအင်ကိုကြိုသုံးထားတာနဲ့ တူတယ်။​ဒါကြောင့် မနက်စောစောမှာ ကော်ဖီမသောက်ပဲနေ့လည်လောက်မှာ စွမ်းအင်ကျချိန်လောက်သောက်လို့ရသလိုခဏအိပ်စက်ခြင်းနဲ့ စနစ်ပေါင်းပြီးnappuccino (coffee + nap) လုပ်လို့ရတယ်။နေ့လည် စွမ်းအင်အနည်းဆုံးအချိန်ကော်ဖီသောက်ပြီး ၂၅ မိနစ်လောက်alarm

high-performance ဖြစ်ဖို့ Read More »

55 Questions to ask yourself, Across 8 Dimensions For A New You!

အားတီအားမေတို့အတွက်နာမည်ကြီး စာအုပ်ဖြစ်တဲ့ Coaching Questions 55 ခုပါတဲ့Manoj Chenthamarakshan ရဲ့55 Questions to ask yourself, Across 8 Dimensions For A New You! ကို တင်ပေးလိုက်တယ်။ Self-image Who am I? သင်ဘယ်သူလဲ? How do I view myself? Positive or negative? ကိုယ့်ကိုကိုယ် ဘယ်လိုမြင်သလဲ။ အကောင်းမြင်လား၊ အဆိုးမြင်လား။ Who are your top 3 role models? ကိုယ့်အားကျတဲ့ စံထားတဲ့ပုဂ္ဂိုလ်သုံးယောက်ဆို ဘယ်သူတွေဖြစ်မလဲ။ What are those qualities that you admire

55 Questions to ask yourself, Across 8 Dimensions For A New You! Read More »

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်

ဆေးမသုံးပဲ နေ့စဉ်နေလို့ထိုင်လို့ကောင်းချင်ရင်ကိုယ့်ကို နေမသိထိုင်မသာဖြစ်စေတဲ့အရာတွေနဲ့ train ပါ။ ဥပမာ သတ်မှတ်အချိန်အတွင်းပဲအစားအစာ စားတာမျိုး။မောပန်စေတဲ့ လေ့ကျင့်ခန်းလုပ်တာမျိုး။စိတ်မပါတဲ့ သင်ခန်းစာတစ်ခုကို၁၅ မိနစ်လောက်ပေးလေ့လာတာမျိုး။မဖြစ်မနေ တရားဆယ့်ငါးမိနစ်လောက်ပေးထိုင်ကြည့်တာမျိုး။ အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ်လို့မြင်တယ်။ Phyo Paing @ Derek

အားတိုင်း အပျော်တွေပဲ ခံစားနေရင် ပျော်ရွှင်မှုဆေးမတိုးတာမျိုးဖြစ်တတ်တယ် Read More »