Thought experiment 💭.
လူတွေကို high စေတဲ့အရာတွေထဲမှာအတွေးအခေါ်တွေပါတယ်။ Phyo Paing @ Derek
မားကတ်တင်းသမားဆိုတာ ဘိတ်သိတ်ဆရာပဲ။ကိုယ်ယုံကြည်တာလူတွေယုံကြည်လာအောင်သိမ်းသွင်းရတာပဲ။ကိုယ်ကိုးကွယ်တာကိုတခြားသူတွေကိုးကွယ်အောင်လုပ်ရတာမျိုး။ ကျွန်တော်ယုံကြည်တာမွေးတဲ့အတိုင်းသေလို့မဖြစ်ဘူး။လူတွေမမှတ်မိအောင်တိုးတက်ပြောင်းလဲဖို့လိုတယ်။ စီးပွါးရေးလုပ်တဲ့အခါလုပ်ငန်းက ကိုယ့်ကိုခိုင်းတာမဟုတ်ပဲကိုယ်ကလုပ်ငန်းကိုခိုင်းနိုင်ဖို့ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေတည်ဆောက်နိုင်ဖို့လိုတယ်။ ဒီနေ့လို အိုင်တီနည်းပညာခေတ်မှာနည်းပညာစွမ်းပကားအသုံးပြုအိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်းတည်ဆောက်ထားဖို့လိုတယ်။ Phyo Paing @ Derek
အိပ်နေလဲ ငွေဝင်တဲ့လုပ်ငန်း
တည်ဆောက်ထားဖို့လိုတယ်။ Read More »
ကုန်ပစ္စည်းတစ်ခု စထုတ်တုန်းကလိုအပ်ချက်တွေ အများကြီးရှိမယ်။ဘယ်လိုစလဲ ဆိုတာထက်တဖြည်းဖြည်းတိုးတက်လာဖို့ပဲ။အတိတ်ကို ပြန်ကြည့်ရင် ဂုဏ်ယူနေဖို့လိုတယ်။ Phyo Paing @ Derek
လောကကြီးမှာ ပူပူလောင်လောင်ပိုက်ဆံတွေရှာပြီးနောက်ဆုံးလောကထဲက အသေပဲထွက်သွားရတာပဲ။ဘဝကို ပေါ့ပေါ့ပါးပါးကိုယ်ဖြစ်ချင်တဲ့ပုံစံနေထိုင်ပြီးစိတ်ကောင်းထားပြီးလူတွေကို ကိုယ်တတ်နိုင်တဲ့ဘက်ကကူညီပေးသွားပြီး ဖြတ်သန်းတာအထာပိုကျပါတယ်။ ℙ𝕙𝕪𝕠 Paing @ Derek
၁။ မယူခင်အရင်ပေးပါ။ (reciprocity)၂။ တစ်ကွက်ကောင်းရှိပါစေ။ (preposition USP)၃။ အတွေးအခေါ်ရှိပါစေ။ (a brand with an opinion)၄။ လူတိုင်းကို ရောင်းဖို့မကြိုးစားပါနဲ့။ (choose your customers)၅။ နေ့တိုင်းစမ်းသပ်မှုလုပ်ပါ။ (always be testing)၆။ နည်း+ပညာ = နည်းပညာကို အသုံးပြုပါ။ (technology-driven)၇။ ကိုယ့်ဖော်မြူလာကိုယ်သိ။ (winning formula & CSF)၈။ စိတ်ခံစားမှုကူးစက်အောင်လုပ်ပါ။ (emotional contagion)၉။ အဟောင်းကြီးတွေကို ထားခဲ့လိုက်။ (innovation)၁၀။ ကိုယ့်ကိုကိုယ်မပြင်ရင် သူများပြင်တာခံလိုက်ရမယ်။ (carnivalization)၁၁။ အရင်လိုဆိုတဲ့စကားလုံးကိုမေ့လိုက်။ (rejuvenation)၁၂။ အရေးကြီးတာအရင်လုပ်။ (priority)၁၃။ စိတ်ကြီးဝင်အောင်လုပ်။ (pride)၁၄။ ဘုံရန်သူသတ်မှတ်ပါ။ (pick a fight)၁၅။ ဆရာကျပါစေ။ (expert power)၁၆။ ပြန့်အောင်လုပ်။ (those
ဘဝမှာ သာယာမှုကိုခံစားဖို့အနှုတ်နဲ့ အပေါင်းနှစ်ခုရှိတယ်။ သာမာန်အခြေအနေမှာနေရင်းထိုင်ရင်း သာယာနေဖို့ အနှုတ်အမူအကျင့်တွေလုပ်လို့ရတယ်။ဥပမာ လေ့ကျင့်ခန်းလုပ်တာ၊ဥပုဒ်စောင့်သလို အစာကို ၁၆ နာရီအထက်မစားပဲနေတဲ့ fasting လုပ်တာ။ ဒီလို အနှုတ်တဲ့ပတ်သက်တဲ့ အလုပ်တွေလုပ်ပြီးတဲ့အခါသာမာန်နေရင်းထိုင်ရင်း နေလို့ကောင်းနေတယ်။ သာမာန်အခြေအနေကိုနေလို့ထိုင်လို့ကောင်း သာယာအောင်ပေါင်းထည့်လို့ရတာတွေရှိတယ်။အရက်သေစာ၊ ဆေးဝါးတွေသုံးတာ။လက်ရှိအခြေအနေသာယာဖို့ အပြင်ကပေါင်းထည့်တဲ့အရာတွေ။ သူကတော့ အာနိသင်ကုန်ရင်မသာယာတော့ဘူး။ ဒဏ်ခံရတာမျိုးဖြစ်နိုင်တယ်။ ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Phyo Paing @ Derek
ဘဝမှာ ဒီအပေါင်းနဲ့အနှုတ်
နှစ်ခုကို သေချာသိိဖို့လိုတယ်လို့ထင်တယ်။ Read More »
ဘဝမှာဦးနှောက်ကို နှိုးဆွဖို့intellectual stimulation ရှိတဲ့အလုပ်တွေ လုပ်နေဖို့လိုတယ်။ဦးနှောက်ကလဲ တခြားကြွက်သားတွေလိုပဲလေ့ကျင့်မှ လုပ်ဆောင်နိုင်စွမ်းတိုးတက်မြန်ဆန်လာမှာ။ဦးနှောက်ကိတ်အောင်လုပ်ပါအားတီ၊ အားမေတို့။ Phyo Paing @ Derek
လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်လောက်ကလဲကြိုက်တယ်။ဒီနေ့လဲ ပြန်တွေ့တဲ့ အကြိုက်ဆုံးစကားတစ်ခွန်းကDr. Viktor Frankl ရဲ့“သင့်ဘဝမှာ ပထမတစ်ကြိမ်တလွဲပေါင်းများစွာ လုပ်ပြီးပြီလို့စဥ်းစားကြည့်။ဘဝကို ဒုတိယတစ်ကြိမ်ပြန်နေမယ်ဆိုဘယ်လိုပုံစံမျိုးနဲ့ နေမလဲ” တဲ့။ “So live as if you were living already for the second time and as if you had acted the first time as wrongly as you are about to act now!” Phyo Paing @ Derek
ဘဝအပြောင်းအလဲလုပ်ချင်ရင်အရောင်းပညာသာ သင်။ကျောင်းပြီးတော့ အရောင်းလောကထဲပြန်ရောက်လာတယ်။အရောင်းလောကထဲရောက်လာတဲ့အခါမာန်မာနလေးတွေ ဘေးနားမှာချno လို့ပြောတာတွေကိုnext opportunity လို့ယူဆပြီးABC ဖြစ်အောင်လုပ်ရတယ်။ABC ဆိုတာ always be closingအဓိပ္ပာယ်က ကိုယ်နဲ့တွေ့လို့မှမရောင်းလိုက်ရင်ဒါရာဇဝတ်မှု ကျူးလွန်တာပဲ။ အရောင်းသမားလုပ်ပြီးသကာလလူတွေကိုယ့်ကို အထင်သေးမှာတွေဘာတွေပျောက်သွားတယ်။ငြင်းပယ်မှုတွေကို ခံနိုင်သွားတယ်။ နောက်ပိုင်း တစ်ရောက်ချင်းရောင်းနေရတာအချိန် ကုန်တယ်။လူအများရှေ့မှာ ရောင်းဖို့presentation စင်မြင့်ပေါ်က စျေးရောင်းနည်းလေ့ကျင့်မှရမယ်ဆိုပြီးStage-selling လေ့ကျင့်တယ်။ နောက်ပိုင်း ကုန်ပစ္စည်းရောင်းရတာဝယ်ရမှာ၊ ပြန်ရောင်းရတာ၊ ကုန်ပစ္စည်းကျန်တာနဲ့အလုပရှုပ်တယ်။ဒါဆို ဘာရောင်းမလဲဆိုတော့knowledge product ရောင်းလို့မရဘူးလားစဥ်းစားကြည့်တယ်။ ဒါနဲ့ knowledge product တွေရောင်းဖို့marketing ဆိုတာကို လေ့ကျင့်ရတယ်။ Sales တစ်ကြိမ်မှာ လူရာဂဏန်းလောက်ကိုပဲလွမ်းမိုး နိုင်ရင်၊Marketing က သန်းဂဏန်းကိုကိုယ့်ပေးချင်တဲ့ သတင်းရောက်အောင်လုပ်လို့ရတယ်။ ကိုယ်ပေးချင်တဲ့ message ကိုတစ်လတစ်လ လူသန်းပေါင်းများစွာကိုတွေ့ပြီး ယုံကြည်မှုတည်ဆောက်နိုင်တာမားကတ်တင်း။ယုံကြည်မှုတွေကို အရောင်းအနေနဲ့ပြောင်းလဲနိုင်တာ အရောင်း။ထပ်ခါထပ်ခါ ပြန်လာအောင်လုပ်နိုင်တာဖောက်သည်ဝန်ဆောင်မှု။ Phyo Paing @