April 2023

Choose your clients, Choose your future

ဘဝမှာ နေပျော်ဖို့ ကိုယ်ငွေရှာတဲ့ပုံစံလုပ်ငန်းကို သေချာ ဒီဇိုင်းလုပ်ဖို့လိုတယ်။ အသက်ရှင်နေရအုံးမှာ ဆိုတော့ ငွေကတော့ ရှာနေမှ ကိုယ်နေချင်တဲ့ lifestyle ကို ထိန်းသိမ်းကာကွယ်ထားနိုင်မယ်။ ဒီလိုလုပ်နိုင်ဖို့ ၁။ အနုပညာရှင်လို ငွေရှာပေးတဲ့ ကုန်ပစ္စည်းတွေလိုတယ်။၂။ အတတ်ပညာရှင်လို့ ငွေရှာပေးတဲ့ ဝင်ငွေလမ်းကြောင်းလိုတယ်။ ၃။ လူတွေရဲ့ ပြဿနာကိုဖြေရှင်းပေးရင်းငွေရှာပေးတဲ့ ဝင်ငွေလမ်းကြောင်းနဲ့၄။ လူတွေကို ရင်ခုန်မှုပေးရင်းငွေရှာာပေးတဲ့ ဝင်ငွေလမ်းကြောင်းလိုတယ်။ အနုပညာရှင် artist လို လမ်းကြောင်းတည်ဆောက်ဖို့လူအယောက် ၁၀၀၀ အတွက်ပဲ လုပ်တယ်။ ဒီ 1000 true fans ဟာ ဘာရောင်းရောင်းဝယ်မည့်သူတွေ။ ကိုယ့်ကုန်ပစ္စည်းကို အနုပညာလိုသာလုပ်။ အတတ်ပညာရှင်လို ရှာဖို့အတွက် ကိုယ်လုပ်တဲ့အလုပ်မှာ ကိုယ်ကတစ်ဖက်ကမ်းခတ် ကျွမ်းကျင်နေဖို့လိုတယ်။ indispensable အစားထိုးလို့မရအောင်ကျွမ်းကျင်နေဖို့လိုတယ်။ ဒီနှစ်ခုကတော့ ကိုယ်တိုင်လုပ်တယ်။ကျန်တဲ့နှစ်ခုကိုတော့ group နဲ့ သွားတယ်။ […]

Choose your clients, Choose your future Read More »

အခြေအနေတစ်ခုကျော်ရင်
လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။

ပစ္စည်းကောင်းမကောင်းမသေချာရင်လူတွေ မသေချာမရေရာမှု မဖြစ်အောင်review တွေ၊ testimonials တွေလိုတယ်။ဒါက မားကတ်တင်းစိတ်ပညာမှာcognitive dissonance ကိုလျော့ချတယ်လို့ခေါ်တယ်။ အရမ်းကောင်းသွားရင် ဒါတွေမလိုတော့ဘူး။ Review တွေဇွတ်လုပ်လေလေကိုယ့် အမှတ်တံဆိပ်ပါဝါ ပိုကျသွားလေလေဖြစ်တတ်တယ်။ အလယ်အလတ်ပစ္စည်းနဲ့အရမ်းကောင်းတဲ့ပစ္စည်းမားကတ်တင်းလုပ်တဲ့စနစ် ကွာတယ်။ ဒါကတော့ ကျွန်တော့်အယူအဆတစ်ခုပဲ။အခြေအနေတစ်ခုကျော်ရင်လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။ Phyo Paing @ Derek

အခြေအနေတစ်ခုကျော်ရင်
လုပ်နေကျပုံစံပြောင်းဖို့လိုတယ်။
Read More »

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။

ကိုယ့်အရည်အချင်းထက်ကြီးတဲ့ပြဿနာတွေ ဖြေရှင်းနေဖို့လိုတယ်။ ကိုယ့်အရည်အချင်းထက်မြင့်တဲ့ရည်မှန်းချက်ပန်းတိုင်တွေကိုချမှတ်ထားဖို့လိုတယ်။ ဘဝမှာ ကိုယ်ဖြေရှင်းတဲ့ ပြဿနာကကိုယ့်skill ထက် သေးနေရင်စိတ်လေလာလိမ့်မယ်။ Phyo Paing @ Derek

ကိုယ့်အရည်အချင်းထက်မြင့်တဲ့
ရည်မှန်းချက်ပန်းတိုင်တွေကို
ချမှတ်ထားဖို့လိုတယ်။
Read More »

စာအုပ်စဖတ်မည့်သူတွေအတွက်

အမူအကျင့်တည်ဆောက်ရင်Atomic Habit Power of Habits Tiny HabitDaniel Pink ရေးတဲ့ When နဲ့ Drive5 AM Club ဒီစာအုပ်တွေဖတ်သင့်တယ်။ Marketing စာအုပ်မှာတော့ BrainfluenceInfluenceDuct Tape Marketing Content Marketing Inc Growth-hacker marketing by Ryan Holiday ဒါတွေဖတ်သင့်တယ်လို့ယူဆတာပဲ။ Insidernote ထဲမှာတော့ ဒါတွေထည့်ထားတယ်။ Phyo Paing @ Derek

စာအုပ်စဖတ်မည့်သူတွေအတွက် Read More »

ဘဝမှာ ကိုယ့်ကိုကိုယ်ပဲ
ပိုကောင်းအောင်တည်ဆောက်ပါ။

ဘဝမှာ ကိုယ့်ကိုကိုယ်ပဲပိုကောင်းအောင်တည်ဆောက်ပါ။ ကိုယ့်လုပ်ငန်း၊ ကိုယ့်ရာထူး၊ဒါတွေ အစွဲသွားမထားနဲ့။ အရေးအကြီးဆုံးက ကိုယ်ဒီလုပ်ငန်း၊ဒီရာထူးကိုတာဝန်ယူရင်း တိုးတက်လာမည့် ကိုယ့်ရဲ့ ကျွမ်းကျင်မှု၊ ဖြစ်လာမည့် ကိုယ်က ပိုအရေးကြီးတယ်။ ကိုယ်ဘာလုပ်ငန်းလုပ်နေလဲဆိုတာထက်ကိုယ်လုပ်နေတဲ့အလုပ်ကြောင့်ကိုယ်ဘယ်လိုလူဖြစ်လာမလဲဆိုတာပဲ။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay

ဘဝမှာ ကိုယ့်ကိုကိုယ်ပဲ
ပိုကောင်းအောင်တည်ဆောက်ပါ။
Read More »

အလုပ်တစ်ခုလုပ်တဲ့အခါ

ပေါ့ဆမှု သေးသေးလေးကြောင့်မလိုအပ်တဲ့ဆုံးရှုံးမှုတွေဖြစ်နိုင်တယ်။အခြေခံအကြောင်းရင်းကတော့စိတ်နဲ့လူမကပ် သတိမရှိလို့။ Phyo Paing @ Derek

အလုပ်တစ်ခုလုပ်တဲ့အခါ Read More »

ဘဝရဲ့ ဖြစ်နိုင်စွမ်းပေါ်မူတည်ပြီး
ဘယ်အချိန်မှာဘာလုပ်ရမယ်
ဖြစ်ပေါ်လာတယ်။

ဖြစ်နိုင်ခြေနဲ့ ဖြစ်နိုင်စွမ်းဆိုတာမတူဘူး။လောကမှာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်ခြေ ရှိပေမယ့်ဖြစ်နိုင်စွမ်းကတော့ နည်းတာများတာရှိလိမ့်မယ်။ ဖြစ်နိုင်ခြေက possibilityဖြစ်နိုင်စွမ်းက probability ဘဝရဲ့ ဖြစ်နိုင်စွမ်းပေါ်မူတည်ပြီးဘယ်အချိန်မှာဘာလုပ်ရမယ်ဖြစ်ပေါ်လာတယ်။ Phyo Paing @ Derek

ဘဝရဲ့ ဖြစ်နိုင်စွမ်းပေါ်မူတည်ပြီး
ဘယ်အချိန်မှာဘာလုပ်ရမယ်
ဖြစ်ပေါ်လာတယ်။
Read More »

ပြဿနာတွေအားလုံးရဲ့အစက

“အခြေခံအယူအဆ လွဲမှား” ရာကလာတယ်။ဒါကြောင့် ဗုဒ္ဓက အယူမှားရင်ဒိဋ္ဌိ လို့ဆိုတယ်။အမြင်မမှန်ရင် အမှန်မမြင်နိုင်ဘူး။ လောကကြီးကို တရားတယ်လို့ထင်တာအခြေခံအယူအဆအမှားတစ်ခုဖြစ်နိုင်တယ်။ ယုံကြည်တဲ့အရာကို ခေါင်းမာမာနဲ့လုပ်ရင် နောက်ဆုံးမှာ အောင်မြင်မှုရမယ်လို့ယူဆတာဒါကလဲ အခြေခံယူဆချက်အမှားတစ်ခုပဲဖြစ်နိုင်တယ်။ လမ်းမှားကို သွားနေပြီး ယုံကြည်မှုနောက်လိုက်ရင် လမ်းဆုံးရောက်မယ်ဆိုတာ မဟုတ်မှန်း အားလုံးအသိပဲ။ ကိုယ့်ရဲ့ ယုံကြည်မှုက မှန်မမှန်ပြန်လည်ဆန်းစစ်ဖို့အကောင်းဆုံးနည်းက သွားနေတဲ့လမ်းကအလုပ်ဖြစ်မဖြစ်ပဲ။ Phyo Paing @ Derek

ပြဿနာတွေအားလုံးရဲ့အစက Read More »

အရေးကြီးတာ ကိုယ့်ရဲ့ New Version

ဗုဒ္ဓက နှစ်ဆယ့်ကိုးနှစ်မှာနမိတ်ကြီးလေးပါးတွေ့ပြီးအရာရာကို စွန့်လွတ် တောထွက်တရားကျင့်ရင်းသဗ္ဗေညုတ ဉာဏ်တော်ရှင်ဖြစ်ခဲ့တယ်။ လူတိုင်းက မတူညီတဲ့ version ဖြစ်နေအုံးမှာပဲ။နောက် ငါးနှစ်၊ ဆယ်နှစ်၊ နှစ်နှစ်ဆယ်မှာဖြစ်လာမည့် version နဲ့ ကိုယ့်ဘေးကပေါင်းသင်းဆက်ဆံ၊ တွေ့နေတဲ့သူတွေကကွာကောင်းကွာသွားနိုင်တယ်။ ပုထုဇဉ်လူသား လောကီမှာ အဝိဇ္ဇာနှင့် တဏှာ တွန်းအားနဲ့ သံသရာဒုက္ခကို သုခလို့ ယူဆထားတဲ့ဒီနေ့ version ကလဲတချိန်ပြောင်းရင်ပြောင်းသွားမှာပဲ။ အရေးကြီးတာ ကိုယ့်ရဲ့ New Version ကိုယ့်ရဲ့ Next Version ကကိုယ့်ရဲ့ Ex Version ထက် ကောင်းလာဖို့ပဲ။ Phyo Paing @ Derek

အရေးကြီးတာ ကိုယ့်ရဲ့ New Version Read More »