ခက်ခက်ခဲခဲလုပ်နေတယ်ဆိုတာ
နည်းလမ်းမှားနေသေးလို့လဲဖြစ်နိုင်တယ်။ Phyo Paing @ Derek
တစ်မျက်နှာ စီးပွားရေး plan ဘယ်လို ရေးမလဲ။ IPSTC SME RM TP ကို အတိုကောက်မှတ်လို့ရအောင် IP STar Channel မှာSME အကြောင်း Ray Mond က TiP တွေပေးနေတယ်။ I – Identity ကိုယ်လုပ်တဲ့လုပ်ငန်းက ဘာလဲ?စားသောက်ဆိုင်လား၊ သင်တန်းကျောင်းလား၊ အေဂျင်စီလား။ P – Problem worth solving ဘာပြဿနာဖြေရှင်းမှာလဲ။ နေ့လည်စာကို လွယ်လွယ်ကူကူ စျေးသက်သက်သာသာ မှာစားလို့မရတဲ့ ပြဿနာလား S – Solutionsဘယ်လိုနည်းနဲ့ ဖြေရှင်းမှာလဲ။ T – Target Marketဘယ်သူတွေအတွက် ဖြေရှင်းပေးမှာလဲ။ C – Competitionပြိုင်ဖက်တွေက ဘယ်သူတွေလဲ။ S – Sales
ရည်မှန်းချက်ပန်းတိုင်တွေချပြီးမဖြစ်ဖြစ်အောင်လုပ်တဲ့အခါဖြစ်မြောက်သွားတဲ့ ခံစားချက်ကအရမ်းမိုက်တယ်။အဲ့ဒါ စွဲလမ်းမှု ဖြစ်သွားတတ်တယ်။ လူတွေက ရည်မှန်းချက်မရှိဟိုယောင်ယောင် ဒီယောင်ယောင်ဖြစ်နေတတ်တယ်။ ရည်မှန်းချက် မရှိတဲ့သူကိုရှိတဲ့သူက ခိုင်းစားသွားမှာပဲ။ ကိုယ့် personal, professional နဲ့ business မှာရည်မှန်းချက်တွေ ချမှတ်ထားဖို့လိုတယ်။ Phyo Paing @ Derek
ရည်မှန်းချက် မရှိတဲ့သူကို
ရှိတဲ့သူက ခိုင်းစားသွားမှာပဲ Read More »
ဆာလောင်မှု မရှိရင်ဘယ်ခက်ခဲတဲ့အရာကိုမှဖြစ်ဖြစ်မြောက်မြောက်လုပ်နိုင်ဖို့မလွယ်ကူဘူး။ ဘဝပေးအခြေအနေကိုလက်မခံဖို့လိုတယ်။ လုပ်မယ်လို့စဥ်းစားပြီးရင်တုံးတိုက်တိုက် ကျားကိုက်ကိုက်လုပ်နိုင်ဖို့ လိုတယ်။
လုပ်ငန်းတစ်ခု မှာ အဆင့်ငါးဆင့်ရှိတယ်လို့Akyanpay Framework တစ်ခုထုတ်ထားတယ်။ 1. Start စတင်2. Speed Up ကြီးထွား3. Systemize စနစ်ချ4. Scale ချဲ့ထွင်5. Sell ရောင်းချ (ရှယ်ယာ) ဆိုပါတော့။ ဒီငါဆင့်ကိုသွားဖို့အတွက် 1. Initiation စတင်2. Integration ပေါင်းစည်း3. Implementation အကောင်ထည်ဖော်4. Investing ရင်းနှီးမြုပ်နှံ ဒီအဆင့်လေးဆင့် လိုတယ်။ လူတွေရဲ့ ကျွမ်းကျင်မှုပုံစံလဲမတူကြဘူး။ မရှိတာကို ရှိအောင် Idea ကို Initiation လုပ်တာ (0 to 1)Integration to Investing (1 to 10) Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။ #akyanpay
အနာဂတ်မှာ ကြုံမည့်စိန်ခေါ်မှုတွေကိုအခုကတည်းက ကြိုဖြေရှင်းထားဖို့အရေးကြီးတယ်။ဒါမှ ပြဿနာတွေ၊ စိန်ခေါ်မှုတွေနဲ့ကြုံတဲ့အခါ ကိုယ်က ready ဖြစ်နေမှာ။ ဆေးကျောင်းတက်တုန်းကငါကျောင်းပြီးလို့ ဆေးမကုရင်ဖြစ်လာမယ့်ပြဿနာစဉ်းစားကြည့်တော့ပညာရပ်အသစ်ကို အစကပြန်လေ့လာရမည့် စိန်ခေါ်မှုကြုံရမယ်။ဒီစိန်ခေါ်မှုအတွက်မြန်နှုန်းမြင့်စာဖတ်နည်းနဲ့ လေ့လာနည်းSpeed-reading နဲ့ accelerated learningဖြစ်တဲ့ မှတ်ဥာဏ်ကောင်းတဲ့စနစ်ကိုနေ့တိုင်း လေ့ကျင့်တယ်။ကျောင်းပြီးတော့ ၆ လအတွင်းcareer change အသက်မွေးဝမ်းကြောင်းအလုပ်ပြောင်းလို့ရသွားတယ်။ ဆရာဦးကိုကိုအောင်ပြောသလိုအနာဂတ်ကို အနားကပ်မှ လုပ်လို့မရဘူး။ New Next ဆိုတာ အဲ့ဒီ အတွေးအခေါ်ပဲ။အနာဂတ်မှာ ကြုံမည့်စိန်ခေါ်မှုတွေကိုအခုကတည်းက ကြိုဖြေရှင်းထားဖို့အရေးကြီးတယ်။ အဟောင်း old way တွေအတွေးတွေ၊ လုပ်ဆောင်မှုတွေကိုထားခဲ့လိုက်တော့။ကိုယ့်ရဲ့ New version, Next version ကိုတည်ဆောက်ဖို့ အချိန်တန်ပြီ။ဒါမှ နောက်တစ်ဆင့် စိန်ခေါ်မှုNext Level challenges တွေကိုကျော်လွှားနိုင်မှာ။ AI ခေတ်မှာ Internet ခေတ်သင်ကြားမှုနဲ့ ရှေ့ဆက်လို့မရတော့ဘူး။ University Preparing
ဘဝမှာ လမ်းပျောက်တယ်ဆိုတဲ့လူတိုင်းမှာ တူညီတဲ့အရာတစ်ခုရှိတယ်။ “တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ကျွမ်းကျင်မှု mastery” မရှိလို့ပဲ။ ကိုယ့်ရဲ့ တစ်ဖက်ကမ်းခပ် ကျွမ်းကျင်တဲ့ အလုပ်ကဘာလဲ။ ဒါမရှိရင် တခြားလူတွေထက်နယ်ပယ်တစ်ခုမှာ တော်နေတယ်ဆိုတဲ့superiority ခံစားချက်မရဘူး။ ဒါမရရင် မပျော်ဘူး။ Phyo Paing @ Derek
တစ်ခုတည်းကို နေ့တိုင်းလုပ်ရင်အချိန်ကြာလာရင် ကျွမ်းကျင်လာမယ်။နေ့တိုင်း မပျက်မကွက်လုပ်ရမည့်အရာတစ်ခုကို ထားထားဖို့လိုတယ်။ Phyo Paing @ Derek
ယောကျာ်းတစ်ယောက်မှာ Yes လို့ပြောတဲ့အရာနဲ့ No လို့ပြောတဲ့အရာတွေသေချာရှိဖို့လိုတယ်။ Yes လို့ပြောတဲ့အရာတွေမှာ နေ့စဥ် မပျက်မကွက်၊မဖြစ်ဖြစ်အောင်လုပ်မည့်အရာတွေ ပါတယ်။ ကိုယ်ထမင်းစားတဲ့အလုပ်အတွက်နေ့စဥ် လေ့ကျင့်နေတာ၊ စာဖတ်တာ၊ လေ့ကျင့်ခန်းလုပ်တာ၊အနာဂတ်အတွက် plan ချတာတွေပါမယ်။ No လို့ပြောရမည့်အရာတွေထဲမှာအနာဂတ်အလင်းရောင်ကို တဒင်္ဂသာယာမှုနဲ့ မစတေးမိဖို့။ ကိုယ့်ကို ရေရှည်မှာ ဒုက္ခပေးမည့်အရာတွေကို ရှောင်ဖို့။ စွဲလမ်းစေတတ်တဲ့ အရာတွေကို no လို့ပြောဖို့။စိတ်နဲ့ ခန္ဓာကို ယိုယွင်းစေမည့်အရာတွေကိုရှောင်ဖို့ လိုတယ်။ အလုပ်မဖြစ်တာက ကိုယ့်ဘဝအနာဂတ်ကိုအလစ်မဖြုတ်သွားအောင် အလုပ်မဖြစ်တာတွေကို စွန့်ပစ်ရဲဖို့လိုတယ်။ ကိုယ့်ဘဝရဲ့ “Yes” နဲ့ “No” list ကိုသေချာသိဖို့လိုတယ်။ Phyo Paing @ Derek
လူတိုင်းက ကိုယ်ယုံကြည်ရာအတွက်တိုက်ပွဲဝင်နေကြတာပဲ။ စတင်တဲ့အချိန်မှာ အကြီး၊ အသေးက အရေးမကြီးဘူး။ အနီး၊ အဝေး ကြိုတင် plan ဖို့က ပိုအရေးကြီးတယ်။ Akyanpay ကိုယ်မပါပဲလည်ပတ်တဲ့ လုပ်ငန်းတွေ တည်ဆောက်ပါ။#akyanpay