June 2023

Frame လိုတယ်

လုပ်ငန်းတစ်ခုမှာ meeting လုပ်ရင်အရေးမပါတာတွေကြားမှာ အရေးပေးနေမိပြီး ဝေ့နေတတ်တယ်။ ဒီလို မဖြစ်ဖို့ meeting လုပ်တဲ့ frame လိုတယ်။ ၁။ ဒီနေ့ ငါတို့ ဘာအကြောင်းဆွေးနွေးမှာလဲ။၂။ ဒါနဲ့ ပတ်သတ်တဲ့ အချက်တွေကဘာတွေလဲ။ဘာသတင်းအချက်အလက်တွေရှိထားပြီလဲ။အသေးစိတ် တစ်ခုချင်းမသွားခင်တစ်ချက်ချင်းအရင်ချရေးထား။ ၃။ ဒါနဲ့ ပတ်သက်လို့ ငါတို့ဘာတွေသိထားပြီလဲ။ငါတို့ အရင်က ဒါနဲ့ပတ်သက်လို့ ဘယ်လို လုပ်ဆောင်မှုတွေလုပ်ခဲ့လဲ။၄။ အခု ဒီ meeting က ငါတို့ရဲ့ တစ်နှစ်စာ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ ဘာတွေ ကူညီပေးနိုင်မလဲ။ ၅။ ဟုတ်ပြီ။ လုပ်စရာတွေကို ဘယ်သူက ဘာကို ဘယ်အချိန်မှာ ဘယ်လိုပြီးအောင်လုပ်ပြီးပြီးမပြီးကို ဘယ်သူက ပြန်လည်ကြီးကြပ်မှာလဲ။ ၆။ နောက် meeting ကို ဘယ်နေ့၊ ဘယ်အချိန်မှာ၊ ဘယ်သူတွေနဲ့၊ ဘယ်လို လုပ်ကြမလဲ။ မဝေ့နေအောင် […]

Frame လိုတယ် Read More »

ကိုယ့်လုပ်ငန်း ကိုယ့်ဘဝက
ကိုယ့်ဥာဏ်ရှိသလောက်တိုးတက်တာပဲ။

ကိုယ့်မှာ ရည်မှန်းချက်ပန်းတိုင်တစ်ခု၊အိမ်မက််တစ်ခုရှိလာတဲ့အခါ၊ဒီရည်မှန်းချက်ပန်းတိုင်၊ ဒီအိမ်မက်နဲ့ လက်တွေ့ဘဝကြားမှာကွာဟမှု တစ်ခုရှိလာပြီ။ ဒီကွာဟမှုကို ပိတ်ဖို့ ဘယ်လိုလမ်းကြောင်းတွေနဲ့သွားမလဲ၊ဘာအတားအဆီးတွေရှိလဲဆိုတဲ့ပြဿနာဖြေရှင်းမှုတွေကိုလုပ်ဆောင်ရပြီ။ ဒီလိုပြဿနာတွေတစ်ခုချင်းဖြေရှင်းပြီးရည်မှန်းချက်ပန်းတိုင်ရောင်အောင်သွားဖို့ ၁။ စိတ်နေသဘောထား၊ ယုံကြည်မှု၊ အခြေခံအယူအဆ၂။ ပြဿနာကို ချဥ်းကပ်ဖြေရှင်းပုံ၃။ မြန်ဆန်မှုနဲ့ စိတ်ရှည်မှု ၄။ သင်ခန်းစာယူမှု ဒီလေးခုလိုတယ်။ သင်္ချာတောင် unseen ဆိုကြောက်အောင်သင်ခဲ့ရတဲ့ ကျောင်းတွေနဲ့ ပြီးခဲ့တဲ့သူတွေဆိုတော့မမြင်ဖူးတဲ့ ဘဝပြဿနာကို အဖြေမရှာနိုင်တာအားငယ်စရာတော့ မဟုတ်ဘူး။ ဒါတွေက မျက်စိကိုဖွင့်၊ နားကိုစွင့်၊ အမြင်ကျယ်ကျယ်ထားလေ့လာရင် လေ့လာလို့ရတယ်။ ကိုယ့်လုပ်ငန်းရှေ့မရောက်တာ ပြဿနာဖြေရှင်းနိုင်စွမ်းမရှိတဲ့ problem-solving အားနည်းတဲ့ မန်နေဂျာနဲ့ ဝန်ထမ်းတွေကြောင့်ဆိုရင်မမှားဘူးလို့ယူဆတယ်။ Phyo Paing @ Derek

ကိုယ့်လုပ်ငန်း ကိုယ့်ဘဝက
ကိုယ့်ဥာဏ်ရှိသလောက်တိုးတက်တာပဲ။
Read More »

Mental Model

လူတွေက စဥ်းစားတဲ့ mental model မတူကြဘူး။ သာမာန် အခြေခံဝန်ထမ်းတစ်ယောက်စဥြးစားတာ၊ မန်နေဂျာတစ်ယောက်စဥ်းစားတာ၊ လုပ်ငန်းရှင်တစ်ယောက်စဥ်းစားတာ မတူသလို၊တော်တဲ့ ဝန်ထမ်း၊ တော်တဲ့ မန်နေဂျာ၊ တော်တဲ့ လုပ်ငန်းရှင်စဥ်းစားတာနဲ့ သာမာန်ဝန်ထမ်း၊ သာမာန် မန်နေဂျာ၊ သာမာန် လုပ်ငန်းရှင်စဥ်းစားတာမတူဘူး။ အလားတူပဲအလုပ်မဖြစ်တဲ့ ဝန်ထမ်း၊ အလုပ်မဖြစ်တဲ့ မန်နေဂျာ၊ အလုပ်မဖြစ်တဲ့လုပ်ငန်းရှင် စဥ်းစားတာလဲမတူကြပြန်ဘူး။ ကိုယ်စဥ်းစားတာ မှန်မမှန်ဘယ်လိုသိနိုင်မလဲ။ လုပ်ငန်းရှင်ဆို ကိုယ့် financial statementsကြည့်လိုက်ရင် ရှင်းနေတာပဲ။ မန်နေဂျာဆိုလဲ လုပ်ငန်းကသတ်မှတ်ထားတဲ့ရည်မှန်းချက်ပန်းတိုင်ရောက်မရောက်ကြည့်လိုက်။သာမာန်အောက်ခြေဝန်ထမ်းဆိုလဲ ကိုယ်လုပ်နိုင်တဲ့ စွမ်းဆောင်ရည်က လွန်ခဲ့တဲ့ ခြောက်လနဲ့ အခုနဲ့ အတူတူပဲလားပြန်လိုက်လိုက်ရင် ရှင်နေမယ်။ Phyo Paing @ Derek

Mental Model Read More »

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။

လူမိုက်ဆိုလျှင် ရှောင်သွေလွဲလို့ မမှီဝဲနဲ့ ကင်းအောင်နေဆိုတဲ့အတိုင်းပဲ။ Jim Rohn ဂျင်ရွန်း က မင်းနဲ့ပေါင်းတဲ့ သူငါးယောက်ကိုပြမင်းက အဲ့ငါးယောက်ရဲ့ average မျှခြေပဲတဲ့။ ဒါက တော်တော်လေးမှန်တဲ့စကားဖြစ်တယ်။ အတွေးအခေါ်က ကူးစပ်တတ်တယ်။ ဒါကို လုပ်ငန်းတွင်းမှာဆို informal learning လို့ခေါ်တယ်။ ဘူဓာတ်ဖြန့်တဲ့ လူတစ်ယောက်ကြောင့်လုပ်ငန်းတစ်ခုလုံး ကမောက်ကမဖြစ်သွားနိုင်တယ်။ ဒါကြောင့် လုပ်ငန်းတစ်ခုအနေနဲ့၁။ ဘူဓာတ်ဖြန့်သူကို သိဖို့လိုတယ်။၂။ တော်တဲ့ team တွေနဲ့ ခွဲဖို့လိုတယ်။ ၃။ ပြင်ပေးဖို့လိုတယ်။၄။ ပြင်မရရင် ထုတ်ဖို့လိုတယ်။ လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Phyo Paing @ Derek

လုပ်ငန်းတွင်း ဘူဓာတ်ဖြန့်သူကို ထောက်လှမ်းပါ။ Read More »

လူတွေက ဆဲရင်းနဲ့
ဆင်းရဲသွားကြတယ်လို့
တဖက်သတ်ယူဆမိတယ်။

အားနေပြဿာနာကိုအဖြေမရှာပဲဟိုလူ့ထိုင်ဆဲ၊ ဒီလူ့ထိုင်ဆဲတာဟာတာဝန်ယူစိတ်နည်းတဲ့ အဓိပ္ပာယ်သက်ရောက်သလိုလိုဖြစ်နိုင်တယ်။ ဘာကြောင့်လဲဆိုတော့ လောကမှာ ကိုယ်ဖြေရှင်းနိုင်တဲ့ပြဿနာ၊ ကိုယ်လုပ်နိုင်ခြေဘောင်ထဲမှာမရှိတဲ့ ပြဿနာတွေရှိတယ်။ လောကမှာ အရေးကြီးတာ ကိုယ်ထိန်းချုပ်နိုင်တာ၊ မထိန်းချုပ်နိုင်တာကိုရွေးထိန်းချုပ်နိုင်တာကို လုပ်။ မဟုတ်လို့ အားတိုင်း ဟိုလူ့ဆဲ၊ ဒီလူ့ဆဲဆို ဆဲရင်းဆဲရင်းနဲ့ ဆင်းရဲဆင်းရဲသွားတာမျိုးများဖြစ်နေနိုင်မလား။ စဥ်းစားကြည့်မိတာ ပြောပါတယ်။ 😀 Phyo Paing @ Derek

လူတွေက ဆဲရင်းနဲ့
ဆင်းရဲသွားကြတယ်လို့
တဖက်သတ်ယူဆမိတယ်။
Read More »

ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင်

ပစ္စုပ္ပန် ကိုယ့်ကိုကိုယ်မြင်လိမ့်မယ်။မျက်စိမှိတ်လိုက် အနာဂတ်ကိုယ့်ကို မြင်နေဖို့လိုတယ်။ ဒါမှ ပိုကောင်းတဲ့ အနာဂတ်တည်ဆောက်ဖို့အကူအညီပြုမှာ။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် မှန်ထဲကြည့်ရင် Read More »

ကိုယ်က လုပ်ငန်းတစ်ခုကို
ဦးဆောင်နေတဲ့သူဆိုရင်

ကိုယ်က လုပ်ငန်းတစ်ခုကို ဦးဆောင်နေတဲ့သူဆိုရင် ဘယ််လမ်းကြောင်းသွားမလဲဆိုတဲ့direction ချပေးဖို့အရေးကြီးတယ်။ ဘယ်လိုနည်းနဲ့သွားမလဲဆိုတာကိုတိတိကျကျ ပြတ်ပြတ်သားသားချမှတ်ပေးဖို့လိုတယ်။ တန်ဖိုးထားမှုတွေကဘာလဲ၊ ညိနှိုင်းလို့မရတဲ့ စည်းကမ်းနဲ့လုပ်ရပ်တွေက ဘာဖြစ်မလဲပြတ်ပြတ်သားသားချမှတ်ထားဖို့လိုတယ်။ လုပ်ငန်းဆောင်တာတစ်ခုကို ဘယ်လိုအဆင့်တွေနဲ့ အကောင်အထည်ဖော်မယ်။ဘယ်လိုနည်းနဲ့ အကောင်အထည်မဖော်ဘူးသတ်မှတ်ထားဖို့လိုတယ်။ နောက်ကိုယ့် အဖွဲ့အစည်းကို ဝင်ရောက်မည့်လူတွေရဲ့ ပုံပန်းသဏ္ဌာန်၊ အကျင့်စရိုက်ပုံစံကိုကြိုတင်သတ်မှတ်ထားဖို့လိုတယ်။ ဝန်ထမ်းအမြန်အလိုရှိသည်နဲ့မပြီးသွားဘူး။ နောက်ကျွမ်းကျင်မှုရှိပြီးသားလူတွေကိုခေါ်သလို၊ ကျွမ်းကျင်မှုလုံးဝမရှိသေးတဲ့သူတွေကိုအဆင့်ဆင့်သင်သွားပေးတဲ့ သင်ကြားမှုစနစ်လိုတယ်။ လက်တင်သုံးတွေပဲ သုံးပြီးလုပ်ငန်းကို တည်ဆောက်လို့မရဘူး။စစ်တိုက်တတ်တဲ့သူတွေရှိဖို့လိုသလိုဘာမှမတတ်သေးတဲ့သူကို ကိုယ့်လုပ်ငန်းစနစ်ကိုအသုံးချတတ်သွားအောင်သင်ကြားပေးနိုင်တဲ့ စနစ်ရှိဖို့လိုတယ်။ ဒါက functional area လို့ခေါ်တဲ့department ဌာနတိုင်းမှာရှိဖို့လိုတယ်။ လုပ်ငန်းရဲ့လည်ပတ်ပုံကိုထိန်းကျောင်းဖို့ဘယ်သူကို ဘယ်အလုပ်ကိုဘယ်လိုပုံစံလုပ်ပြီးဘယ်သူ့ကို အကြောင်းကြားအစီရင်ခံရမယ်၊ဘယ်သူကတော့ ဘယ်သူ့ကိုညွှန်ကြားပြီးကြီးကြပ်ရမယ်ကို သတ်မှတ်ထားဖို့လိုတယ်။ ဒါကတော့ လုပ်ငန်းတစ်ခုလည်ပတ်ဖို့အတွက်လုပ်ငန်းယဥ်ကျေးမှု Culture တည်ဆောက်တဲ့အခါ မရှိမဖြစ်လုပ်ဆောင်ရမည့် S ခုနှစ်လုံးဖြစ်တယ်။ ဒါကို McKinsey’s Consultant Firm ကတည်ထွင်ခဲ့ပြီး 7S framework လို့ခေါ်တယ်။ Shared

ကိုယ်က လုပ်ငန်းတစ်ခုကို
ဦးဆောင်နေတဲ့သူဆိုရင်
Read More »

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။

ကိုယ့်လုပ်ငန်းဘာကြောင့် ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။ ၁။ ချရေးထားတဲ့ လုပ်ငန်းဖွဲ့စည်းပုံမရှိလို့၂။ ချရေးထားတဲ့ ဝန်ထမ်းတစ်ယောက်ချင်းစီက ဘာမျှော်လင့်တယ်၊ဘာလိုချင်တယ်၊ ဘာလုပ်ပေးရမယ်၊ဘာပြန်ပေးမယ်ဆိုတဲ့ စာရွက်စာတမ်းမရှိလို့၃။ ပိုင်ရှင်ကိုယ်တိုင် စီမံခန့်ခွဲမှုကို အချိန်ပေးမလေ့လာဖူးလို့။၄။ PAR လို့ခေါ်တဲ့ planning စီမံကိန်းချခြင်းaction လုပ်ဆောင်ခြင်းreporting ပြန်လည်တင်ပြခြင်း ဖြစ်စဥ်မရှိလို့။၅။ ဘယ်လမ်းကြောင်းကို သွားနေလဲဆိုတဲ့ရည်မှန်းချက်ပန်းတိုင် တိတိကျကျ ချရေးထားတာမရှိလို့၆။ ငါ့တို့လုပ်ငန်းမှာ အလုပ်လုပ်ရင်ဘယ်လိုပုံစံမျိုး ပြုမူနေထိုင်ပြောဆိုရမယ်၊တန်ဖိုးထားမှုတွေက ဘာဆိုတာ ချရေးထားတာ၊ တစ်လလေးခါအနည်းဆုံးအသိပေးတာမရှိလို့။၇။ လူခန့်တဲ့နေရာမှာ အချိန်ပေးမရွေးချယ်လို့။၈။ ကိုယ့်လုပ်ငန်းမှာ လူတွေအလုပ်လာလုပ်ချင်အောင်ကိုယ့်လုပ်ငန်းကို လူတွေစိတ်ဝင်စားအောင်လုပ်ဆောင်တဲ့ နည်းစနစ် မရှိ၊ မသိ၊ မလုပ်လို့။၉။ ဝန်ထမ်းတွေအနေနဲ့ လုပ်ငန်းမှာ လုပ်ဆောင်နေရတာ ဂုဏ်မယူလို့။၁၀။ ပိုင်ရှင်ရဲ့ သြဇာအာဏာမသက်ရောက်လို့။၁၁။ နည်းပညာအသုံးချနိုင်စွမ်းနည်းလို့၁၂။ မီတင်လုပ်တဲ့အခါ ဘယ်ပြီးဘာသွားမယ်format မရှိလို့။၁၃။ ဘယ်သူဘာလုပ်မလဲဆိုတာ ပြန်လည်ကြီးကြပ်မည့်သူ တိတိကျကျမရှိ၊ အရေးယူမှုမရှိလို့။၁၄။ ဘူကောင်

ကိုယ့်လုပ်ငန်းဘာကြောင့်
ဖရိုဖရဲ စီမံခန့်ခွဲမှုလုပ်မရသလဲ။
Read More »

ပရိုဂရမ်မာလို ဘယ်လိုစဥ်းစားမလဲဆိုတဲ့
မာကတ်တာ ရေးတဲ့ မှတ်စုကြမ်း။

V. Anton Spraul ရေးတဲ့ Think like a programmer စာအုပ်ဖတ်ပြီးတော့ Programming ကိုမြင်တဲ့အမြင်ပြောင်းသွားတယ်။ Programming ကိုစတင်လေ့လာတော့မယ်ဆိုရင်ဘယ် programming language က စတင်လေ့လာရမလဲစဥ်းစားတတ်ကြတယ်။ ငယ်ငယ်ကလဲ အလုပ်သင်ဆရာဝန်လုပ်နေရင်းJava Programming တွေသွားသင်တယ်။ သေချာမလေ့လာခဲ့မိတာ Programmer တစ်ယောက်လို ဘယ်လိုစဉ်းစားမလဲ။ မားကတ်တင်းသမားတစ်ယောက်စဥ်းစားတဲ့ပုံစံနဲ့ Programmer တစ်ယောက်စဥ်းစားတဲ့ပုံစံမတူတဲ့အပိုင်းတွေအများကြီးရှိတယ်။ ဒီစာအုပ်မှာဖတ်ပြီး နာမည်တစ်ခုပေးရရင်Programming = Problem-solving with codes ပြဿနာကို programming framework ထဲက Code တွေနဲ့ဖြေရှင်းတာ။ ပြဿနာဖြေရှင်းတဲ့အခါ Problem statement တစ်ခုကိုနားလည်အောင်လုပ်တာConsulting လုပ်တာနဲ့ ပုံစံတူတယ်။ တခါတလေ ပြဿနာကို နောက်ပုံစံတစ်မျိုးနဲ့ Restate လုပ်ခိုင်းတာ၊ပြဿနာကို define လုပ်ခိုင်းတာ၊ပြဿနာကို သိပြီဆိုရင်မတူညီတဲ့လမ်းကြောင်းတွေနဲ့ ဖြေရှင်းဖို့

ပရိုဂရမ်မာလို ဘယ်လိုစဥ်းစားမလဲဆိုတဲ့
မာကတ်တာ ရေးတဲ့ မှတ်စုကြမ်း။
Read More »

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။

သိန်း ၃၀၀၀ တန် ကွန်ဒိုဝယ်ထားပြီးရန်ကုန်လိုနေရာမှာပြန်ငှားရင်အကြမ်းဖျင်း ၁၀ သိန်းကနေ ၁၅ သိန်းကြားရမယ်။ တကယ်လို့ ကိုယ်ကျွမ်းကျင်တဲ့ digital asset တစ်ခုမှာ သိန်း ၅၀ -၂၀၀ လောက်ရင်းရင် စနစ်ရှိရင် ဒီဝင်ငွေက ၆ လအတွင်း ချက်ချင်းပြန်ရနိုင်တယ်။ ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့အမြင်က ပြောင်းလဲလာပြီ။ Asset ပိုင်ဆိုင်မှုဆိုတာ ကိုယ့်အိတ်ထဲပိုက်ဆံထည့်ပေးတဲ့အရာတွေကိုခေါ်တာ။ အိမ်ဝယ်ပြီး ပြန်ငှား passive income ရတာကဒါလဲ asset တစ်ခုပဲ။ Youtube channel တစ်ခုလုပ်ကြော်ငြာကနေ ဝင်ငွေရ ဒါလဲ asset တစ်ခုပဲ။ ဒီနေ့ခေတ်မှာ Digital Asset တွေက အရေးကြီးတယ်လို့မြင်တယ်။ကိုယ့် Facebook Page နဲ့ Social media channel တွေ၊Website,

ဒီနေ့ခေတ်မှာ asset တွေအပေါ်မြင်တဲ့
အမြင်က ပြောင်းလဲလာပြီ။
Read More »