ဘဝရဲ့ ပေးထားချက်ပြဿနာတွေကို
မသိချင်ယောင်ဆောင်၊ ရှောင်ပြေးဖို့ထက်ပြေးတွေ့၊ ဖြေရှင်း၊ အနိုင်ယူရင်ဘဝအကျဥ်းစားဘဝကလွတ်မြောက်သွားမှာပဲ။ Phyo Paing @ Derek
မသိချင်ယောင်ဆောင်၊ ရှောင်ပြေးဖို့ထက်ပြေးတွေ့၊ ဖြေရှင်း၊ အနိုင်ယူရင်ဘဝအကျဥ်းစားဘဝကလွတ်မြောက်သွားမှာပဲ။ Phyo Paing @ Derek
တစ်မျိုးက ငပျင်း။သူများလုပ်ပြီးသားအမှားတွေကိုထပ်မလုပ်မိဖို့ တကယ်လုပ်တဲ့သူတွေရေးထားတဲ့စာတွေဖတ်၊ လေ့လာပြီးသင်ခန်းစာယူတယ်။ နောက်တစ်မျိုးက ငပိန်း။ငါက စာတွေ့မလုပ်ဘူးလက်တွေ့ဆိုပြီးသူများမှားပြီးအမှားတွေက ထပ်ခါထပ်ခါမှားပြီး တိုင်ပတ်နေတယ်။ 🤪 Phyo Paing @ Derek
တချို့အလုပ်တွေ လုံးဝပျောက်ကွယ်တော့မယ်။တချို့အလုပ်တွေ အစားထိုးခံရလိမ့်မယ်။အလုပ်အကိုင်အသစ်တွေ ပေါ်လာတော့မယ်။အလုပ်အကိုင်အသစ်တွေကနေကြွယ်ဝခြင်းအသစ်တွေ ဖြစ်လာတော့မယ်။တကယ်လို့ ဒါကို အမိအရဖမ်းယူနိုင်ရင်အဘိုး၊ အဖေ တစ်သက်ရှာတာကိုတစ်နှစ်နဲ့လဲ ဖန်တီးနိုင်တဲ့ အချိန်တွေဖြစ်ကောင်းဖြစ်သွားနိုင်တယ်။အနာဂတ်က ကြောက်ဖို့ကောင်းသလိုရင်ခုန်ဖို့လဲ ကောင်းတယ်။ Phyo Paing @ Derek
အနာဂတ်က ကြောက်ဖို့ကောင်းသလို
ရင်ခုန်ဖို့လဲ ကောင်းတယ်။ Read More »
စွန့်ဦးတီထွင်ဆိုတာ ဖန်တီးသူတွေဖြစ်တယ်။သူတို့ဟာ အခွင့်အလမ်းကိုဝယ်သူမဟုတ်ဘူး။အခွင့်အလမ်းကို ဖန်တီးသူတွေဖြစ်တယ်။သူတို့က ကိုယ့်ကုန်ပစ္စည်း၊ ဝန်ဆောင်မှုတွေကိုဖန်တီးနေရတာကို ပျော်တဲ့သူတွေဖြစ်တယ်။ ဖန်တီးသူတိုင်းက စွန့်ဦးတီထွင်မဖြစ်ပေမယ့်၊စွန့်ဦးတီထွင်တိုင်းကတော့ ဖန်တီးသူဖြစ်တယ်။ဒီလို မဖန်တီးပဲ မနေနိုင်တဲ့သူတွေကိုစွန့်ဦးတီထွင်လို့ခေါ်ပြီးသူတို့ရဲ့ ဖန်တီးမှုတွေရဲ့အောင်မြင်မှုကို တိုးတက်မှု growth နဲ့ တိုင်းတာတယ်။လူတိုင်းဟာ စွန့်ဦးတီထွင်ဖြစ်နိုင်တယ်။ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးလေးခုကိုလှုပ်နှိုးဖို့တော့လိုတယ်။ ၁။ Dreamer အိမ်မက်မက်သူလုပ်ငန်းတွေဟာ စိတ်ကူးအိမ်မက်တွေကစတင်တယ်။ဒီလို ကုန်ပစ္စည်း၊ ဝန်ဆောင်မှု၊ ဆိုင်၊လုပ်ငန်းလေး စချင်လိုက်တာ စိတ်ကူးယဥ်မှုကစတယ်။ တချို့စိတ်ကူးတွေက ကိုယ့်နှလုံးသားထဲကလာတဲ့တစ်ကိုယ်ရေ တကာရ personal ဆန်တယ်။ ကော်ဖီဆိုင်လေးဖွင့်ချင်တယ်။ဘယ်လို App လေးထုတ်တယ်။ ဘယ်လို Agency အေဂျင်စီလေးဖွင့်ချင်တယ်။စိတ်ယူယဉ်အိမ်မက်တွေ ရှိတတ်တယ်။ ဒါကို personal dream လို့ခေါ်တယ်။ နောက်တစ်ခုကတော့ impersonal dream ပါ။ကိုယ့်ကော်ဖီဆိုင်လေးတွေ လူတွေဘယ်လိုခံစားရမလဲ။ ကိုယ်ထုတ်လိုက်တဲ့ app လေးကြောင့်သူတို့ဘဝ ဘာတွေ အပြောင်းအလဲဖြစ်သွားမလဲ။ကိုယ့်ဖောက်သည်တစ်ယောက်အနေနဲ့ဆို
ကိုယ်က ဘယ်လိုယောကျာ်းမျိုးရချင်သလဲ။Genius လား၊ အလုပ်ကြိုးစားတဲ့သူလား။ရက်ရောတဲ့သူလား။ ကိုယ့်နဲ့ ဘယ်လောက်နေရင်တစ်ခါတွေ့မလဲ။ဘယ်လိုဆက်သွယ်မလဲ။မက်ဆေ့နဲ့လား၊ တစ်ပတ်သုံးရက်တွေ့မှာလား။ ဘယ်လောက်ထိ commit လုပ်စေချင်သလဲ။Exclusivity လား၊ open relationship လား။ဆွေးနွေးဖို့တွေလိုသလား။ဒီခေတ် ဒီအခါက ပိုရှုပ်လာတယ်။ ငွေရေးကြေးရေးအနေနဲ့ဘယ်လောက်ရှိထားဖို့လိုနိုင်မလဲ။ချမ်းသာဖို့လိုမလား၊ ကိုယ့်ထက်ဝင်ငွေပိုကောင်းရမလား၊တကယ်ဆိုရင် အချစ်ပဲလိုတယ်ဆိုတဲ့ဘယ်လိုအလုပ်လုပ်လုပ်လား။ ကလေးနဲ့ မိသားစုနဲ့နေတဲ့ယောကျာ်းမျိုးကို ကြိုက်သလား။ ဘုရားတရား ကိုင်းရှိုင်းဖို့လိုမလား။Spiritual ပိုင်းတွေယုံကြည်သူမျိုးလိုသလား။ အိမ်ထောင်ကွဲဆိုရင် အဆင့်ပြေလား။ကလေးတွေ ပါခဲ့မယ်ဆိုရင်ကော်အဆင်ပြေလား။ ကိုယ့်အနေနဲ့ ဒီယောကျာ်းအမျိုးသားရဲ့အိမ်မက်တွေကို အကောင်အထည်ဖော်တဲ့နေရာမှာကူညီပေးနိုင်မလား။သူ့ plan ကိုလိုက်ပြီးပါဝင် ပြောင်းလဲပေးနိုင်သလား။ သူ့မိသားစုနဲ့ပတ်သက်လာရင်ဘယ်အချက်တွေ ဘယ်လိုဖြစ်ဖို့လိုမလဲ။ဥပမာ သူ့အမေနဲ့ ကိုယ်နဲ့ အဆင်ပြေမပြေ။မာမီဘွင် ဖြစ်ရင် အိုကေလား။တကယ်လို့ သူနဲ့ ကိုယ့်အမေနဲ့အဆင်မပြေခဲ့ရင် လက်ခံနိုင်သလား။ ကိုယ့်ကို ဘယ်လိုဆွဲဆောင်စေချင်လဲ။စျေးကြီးတဲ့လက်ဆောင်တွေပေးဖို့လိုမလား။ဘယ်လိုနည်းနဲ့ ဆွဲဆောင်စေချင်လဲ။ Steve Harvey ရဲ့Act like a ladyThink a man
မသေရင်တော့ ရှင်နေမယ်။ရှင်သန်မှုတစ်ခုမှာတိုးတက်မှုနဲ့ ဆုတ်ယုတ်မှုရှိတယ်။သုခနဲ့ ဒုက္ခရှိတယ်။အဲ့လို ဆန့်ကျင်ဖက်တွေရှိမယ်။ ဘဝခရီးသွားတဲ့အခါ ဂိတ်ဆုံးကတော့“သေခြင်းတရား”ပဲ။လူတွေက တစ်ခါပဲသေပြီးနေ့တိုင်းနေနေရတယ်။ နေတဲ့နေ့တိုင်းမှာ မဖြစ်မနေလုပ်နေရတာ“တွေးတောခြင်း”ပဲ။ ဒီတော့ အတွေးရဲ့ အရည်အသွေးမကောင်းရင်ဘဝရဲ့ အရည်အသွေးလဲ မကောင်းဘူး။ ဒီအတွေးရဲ့ အရည်အသွေးကောင်းဖို့စိတ်ရဲ့ ကျက်စားရာရှိရမယ်။ စတီဗင်ဟော့ကင်းအနေနဲ့amyotrophic lateral sclerosis (ALS) ရောဂါကြောင့်လမ်းမလျှောက်နိုင်ပဲ ဘဝကိုဖြတ်သန်းရပေမယ့်အထာကျကျပဲ Theoretical physics ကိုလေ့လာပြီး ပညာရပ်ပိုင်းမှာအများကြီးအထောက်အကူပြုသွားတယ်။ ကိုယ့်ရဲ့ အတွေးရဲ့ အရည်အသွေးကောင်းဖို့၁။ တွေ့တဲ့လူတွေအရေးကြီးတယ်။၂။ ဖတ်တဲ့စာအုပ်အရေးကြီးတယ်။၃။ ကိုယ့်ရဲ့ ရည်မှန်းချက်ပန်းတိုင်အရေးကြီးတယ်။၄။ ကိုယ့်ကိုကိုယ် နားလည်ဖို့အရေးကြီးတယ်။၅။ အတွေးတွေကို သတိနဲ့ ထိန်းကြောင်းနိုင်ဖို့အရေးကြီးတယ်။ အတွေးတွေကို ထိန်းကျောင်းနိုင်ရင်ခံစားချက်တွေကို ထိန်းကျောင်းနိုင်တယ်။ခံစားချက်တွေကို ထိန်းကျောင်းနိုင်ရင်လုပ်ရပ်တွေကို ထိန်းကျောင်းနိုင်တယ်။ ရှင်သန်ခြင်းဖြစ်စဥ်မှာအတွေးတွေက အခရာကျတယ်။ Phyo Paing @ Derek
ဘဝဆိုတာ မွေးဖွားခြင်းနဲ့
သေဆုံးမှုခြားက ရှင်သန်ခြင်းဖြစ်စဥ်ပဲ Read More »
လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲဖို့relationship အရေးကြီးတယ်။စိတ်ပိုင်းဆိုင်ရာ လှုံခြုံမှုEmotionally safe ဖြစ်တာကစွမ်းဆောင်ရေတိုးတက်အောင်အများကြီး အထောက်အကူပြုတယ်။ Phyo Paing @ Derek
၁။ Lateral Thinkingဖြာထွက် စဥ်းစားခြင်း၂။ Critical Thinkingစဥ်းစားမှုအပိုင်းမှာ ယုတ္တိကျမကျအမှာရှာခြင်း၃။ First Principle Thinkingကိုယ့်ယူဆချက်တွေ အားလုံးကိုမေးခွန်းထုတ်ပြီးပြဿနာကို အစက ပြန်လည်ဖြေရှင်းခြင်း၄။ Systems Thinkingစနစ်တစ်ခုအနေနဲ့ ချိပ်ဆက်ပြီးစဥ်းစားခြင်း၅။ Abstract Thinkingပြဿနာကို အဓိပ္ပာယ်တစ်ခုပေးပြီးမလိုအပ်တာတွေကို ဖယ်ထုတ်အယူအဆတစ်ခုဖန်တီးပြီးစဥ်းစားခြင်း၆။ Associative Thinkingဆက်စပ်စဥ်းစားခြင်း၇။ Analytical Thinkingခွဲခြမ်းစိတ်ဖြာစဥ်းစားခြင်း ဆရာဝန်တစ်ယောက်အနေနဲ့လူနာတဲ့တွေ့တဲ့အခါအထင်အမြင်နဲ့ ဆေးကုလို့မရဘူး။သတင်းအချက်အလက်တတ်နိုင်အမျှ အကုန်ယူရတယ်။မေးရတယ်။ကြည့်ရတယ်။စမ်းရတယ်။ဒီ မေးကြည့်စမ်းလုပ်တာကိုHistory taking, Observing signs and symptoms,Physical examination လို့ခေါ်တယ်။ ပြီးရင် အရင်းအမြစ်ရှာခြင်းRoot cause analysis ကိုလုပ်ဖို့Analytical thinking ဆွဲခြမ်းစိတ်ဖြာစဥ်းစားခြင်းလုပ်ရတယ်။ ဥပမာ ဗိုက်ရဲ့ ချက်အလယ်တည့်တည့်နာတယ်ဆိုပါတော့။လေနာတာ ဆိုပြီး အလွယ်မပြောလိုက်ပဲ။မေးခွန်းတွေမေးရတယ်။ဘယ်လိုနာသလဲ၊ တစ်ခုတည်းနာသလား၊တစ်ပြင်လုံးနာသလား၊ နာတာက ပေါ်လိုက်ပျောက်လိုက်မလား၊ အမြဲနာနေသလား၊အတွင်းထဲကနာသလား၊ အပြင်ကနာသလား၊ဘယ်လိုလုပ်လိုက်ရင် ပျောက်သွားသလဲ၊ဘယ်လိုလုပ်လိုက်ရင် ပိုနာသလဲအစရှိတဲ့ မေးခွန်းတွေ
ကိုယ့်လုပ်ငန်းအတွက် စနစ်ချတဲ့အခါနည်းပညာလိုတယ်။ App တွေကို ရေးတဲ့သူတွေလိုက်ရှာလိုက်ရေးခိုင်းနေတာထက်စာရင်low-code or no-code သုံးပြီး လုပ်ငန်းအတွက် app တွေကိုကိုယ်တိုင် ဖန်တီးလို့ရတယ်။ Zoho မှာဆို Zoho creator ဆိုတာရှိတယ်။နောက် Google က ဝယ်ထားတဲ့ Appsheet ဆိုတာလဲရှိတယ်။ ကိုယ့်လုပ်ငန်းအတွက် CRM စနစ်တို့၊ဝန်ထမ်းရေးရာစီမံခန့်ခွဲမှုတို့၊ Inventory စနစ်တို့အတွက် အလွယ်တကူ လုပ်လို့ရတယ်။နောက်ကွယ်က Data ကို Google Sheet တို့နဲ့ချိပ်ပြီး မိနစ်၊ နာရီပိုင်းအတွင်း ဖန်တီးလို့ရတယ်။ ဥပမာ CRM စနစ်ဆိုပါတော့လုပ်ငန်းရဲ့ သဘောတရားပေါ်မူတည်ပြီးsales process တွေက တူမှာမဟုတ်ဘူး။တချို့က ဖောက်သည်နဲ့သွားတွေ့proposal တွေတင်ရသလို၊တချို့ကျတော့လဲ ကိုယ့်ဆီလာမေးပြန်ဖြေရောင်းတဲ့ စနစ်တွေရှိတယ်။ ဒီ ကိုယ့်လုပ်ငန်းရဲ့ workflow ပေါ်မူတည်ပြီးလုပ်ငန်းစဥ် process တွေကိုနည်းပညာသုံးပြီး streamline
၁။ ကိုယ်လိုချင်တာဘာလဲ ပြတ်ပြတ်သားသား တိတိကျကျသိတယ်။ ၂။ တစ်ခုခုဆို အကောင်အထည်ဖော်လုပ်ဆောင်မှုမြန်တယ်။၃။ တစ်ခုခုဆို သင်ခန်းစာယူ ရှေ့ဆက်မှု မြန်တယ်။၄။ ပြိုင်ဆိုင်အနိုင်ယူလိုစိတ်ရှိတယ်။ဆာလောင်မှု ရှိတယ်။၅။ ဆရာတင်ဖို့ ဝန်မလေးဘူး။ တစ်ခုခုဆို ဆရာတို့က အသိဆုံးပါဆိုပြီးအရင်ဆုံးသူတို့ပဲ ချမ်းသာသွားတဲ့သူတွေ။၆။ မသိတာကိို သိသလို တတ်ယောင်ကားလုပ်ပြီး ကိုယ့်အတွက် အကျိုးမရှိတာတွေကိုပြိုင်ငြင်းမနေဘူး။၇။ အနာဂတ်အတွက် အမြဲစဥ်းစားကြံဆနေတယ်။၈။ သွားတိုင်း၊ စားတိုင်း သူ့အလုပ်အကြောင်းပဲစဥ်းစားနေတယ်။၉။ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ်ယူတယ်။ ၁၀။ ပြဿနာတစ်ခုဖြစ်ရင် အပြစ်တင်နေတာထက်နည်းလမ်းရှာ ဖြေရှင်းကြတယ်။၁၁။ ဝန်ထမ်းတွေကို ဦးဆောင်နိုင်တယ်။ဘယ်သူ့ကို ဘယ်နေရာမှာ ဘယ်လိုနေရာချရမလဲဆိုတာ သိတယ်။ ၁၂။ တန်ရာတန်ကြေးပေးဖို့ ဝန်မလေးဘူး။ ၁၃။ အပေါင်းအသင်းတွေကို ဖြစ်သလိုမပေါင်းဘူး။ ဘယ်သူနဲ့ ပေါင်းသင့်တယ်၊ ဘယ်သူနဲ့ အပေါင်းသင့်ဘူး သေချာဆန်းစစ်တယ်။၁၄။ အလုပ်မဖြစ်တာတွေကို လွတ်ချပြီးအလုပ်ဖြစ်တာကို ဆက်လုပ်ဖို့ ဝန်မလေးဘူး။
တော်တဲ့ လုပ်ငန်းရှင်တွေမှာ တွေ့ရတဲ့ အချက် ၁၉ ချက် Read More »