အမှားလုပ်ချင် လူတိုင်းစကားနားထောင်။
၂၀၁၃ မှာ အစ်မတစ်ယောက်ကဖြိုးပိုင် နင်တစ်ရက်တစ်ရက်Facebook မှာ တင်နိုင်တယ်နော်တဲ့။ဘာတွေ လျှောက်တင်လဲမသိဘူးတဲ့MBA အတန်းမှာ။ ၂၀၁၆ ဂျန်နဝါရီလကျတော့ဖြိုးပိုင်နင့်သင်တန်းကျောင်းကဖွင့်တာမှ ခြောက်လပဲရှိသေးတယ်ကျောင်းသား ၅၀၀ ကျော်ဆိုတော့ကံကောင်းတယ်နော်တဲ့။ အခုကျတော့ကိုယ်တိုင်အေအိုင်လုပ်ဖို့လွယ်လားတဲ့။ အစ်မကြီး ဒါ ဆယ်နှစ်ကျော်ရေးထားတဲ့စာနဲ့ကိုယ့် model မော်ဒယ်ကို train ထားတာလို့။ ကျွန်တော်တို့ ဖြစ်ချင်တာတွေမတူဘူး။အနာဂတ်အမြင်တွေ မတူဘူး။မဟာဗျူဟာတွေမတူဘူး။ အရေးအကြီးဆုံးကကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။ တခြားသူတစ်ယောက် လုပ်နေတဲ့ကိုယ့်အတွက် အဓိပ္ပာယ်မရှိတဲ့အရာကသူ့အတွက် တည်ဆောက်နေတဲ့Puzzle ထဲက တစ်စိတ်တစ်ပိုင်းလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek
အမှားလုပ်ချင် လူတိုင်းစကားနားထောင်။ Read More »
