အသက်ကြီးလာတာနဲ့အမျှ
အသက်ကြီးလာတာနဲ့အမျှကိုယ့်ကိုကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲပိုပိုနားလည်လာတယ်။အဲ့ဒါအရေးကြီးတယ်မဟုတ်လား။ Phyo Paing @ Derek
အသက်ကြီးလာတာနဲ့အမျှ Read More »
အသက်ကြီးလာတာနဲ့အမျှကိုယ့်ကိုကိုယ်ဘယ်လိုစိတ်ချမ်းသာအောင်ထားရမလဲပိုပိုနားလည်လာတယ်။အဲ့ဒါအရေးကြီးတယ်မဟုတ်လား။ Phyo Paing @ Derek
အသက်ကြီးလာတာနဲ့အမျှ Read More »
မျက်စိလေးမှိတ်ပြီး ကိုယ့်ဘဝမှာ ဖြစ်ချင်ပြီးမဖြစ်သေးတဲ့အရာတစ်ကိုစဉ်းစားကြည့်ကြည့်။ အဲ့ဒီအရာကို ပုံရိပ်အနေနဲ့ပုံဖော်ကြည့်၊ သူနဲ့တွဲစပ်နေတဲ့ခံစားချက်ကို ကြည့်ကြည့်။ ဘာတွေမြင်လဲ၊ဘာတွေကြားလဲ၊ဘယ်လိုခံစားရသလဲ။ ဒီလိုပုံရိပ်တွေ၊ ခံစားချက်တွေကို အမြဲတွေးပေးတာက ကိုယ့်ဦးနှောက်ကိုလေ့ကျင့်ပေးတာပဲ။ ဒါကို visualization ပုံရိပ်ဖော်ခြင်းလို့ခေါ်တယ်။ အားကစားမှာလဲ စိတ်ပိုင်းဆိုင်ရာrehearsal လေ့ကျင့်မှုပြုလုပ်ခြင်းကစွမ်းဆောင်ရည်တိုးတက်စေတာကိုတွေ့ရတယ်။ Neuroscience အာရုံကြောသိပ္ပံအရNeural overlap လို့လဲခေါ်တယ်။ တကယ်လုပ်ဆောင်တာနဲ့စိတ်ကူးပုံဖော်တာနဲ့က တူညီတဲ့ဦးနှောက်အစိတ်အပိုင်းကိုသွားလှုံ့ဆော်တယ်။ စိတ်ကျရောဂါဖြစ်ရင်လဲ Cognitive Behavioral Therapy (CBT) မှာစိတ်ညစ်စေတဲ့ပုံရိပ်ကို ပိုခွန်အားဖြစ်စေတဲ့ပုံရိပ်အနေနဲ့ပြောင်းတဲ့Imagery rescripting နည်းစနစ်နဲ့လဲအသုံးပြုတယ်။ ဘဝမှာ ဦးနှောက်ကို အလေ့အကျင့်လုပ်နိုင်ရင်ဘဝကို အကြီးအကျယ်အပြောင်းအလဲလုပ်လို့ရတယ်။ တရားထိုင်တာ၊ အားရုံစူးစိုက်မှုကောင်းအောင်လုပ်တာ၊အနာဂတ်အတွက် စိတ်ကူးပုံဖော်တာ၊ ဒါတွေက ဘဝပြောင်းလဲရေးမှာ အရေးကြီးတယ်။ ကိုယ်ဖြစ်ချင်တဲ့အနာဂတ်ပုံရိပ်တွေကို ပုံဖော်စိတ်ကူးခံစားကြည့်တာကလေ့ကျင့်မှုပြုလုပ်တာပဲ။ Phyo Paing @ Derek
တစ်ခုခုဆို ဒါမဖြစ်နိုင်ဘူး၊မလုပ်နိုင်ဘူး၊ ငွေဆိုတာရှာရခက်တယ်၊ ဒါမျိုးက အတိတ်ဘဝကံမပါရင်မရဘူး။ဘဝပေးအခြေအနေမတူဘူး။ ကြီးကြီးကျယ်ကျယ်လျှောက်စဥ်းစားရအောင်ကိုယ့်ကိုကိုယ်ဘာများထင်နေလဲ။ စိတ်ကြီးဝင်နေတယ်။ ဒီလိုမျိုး အတွေးအခေါ်ပတ်ဝန်းကျင်မှာကြီးတယ်။ လူတွေကို အကြီးဆုံးချုပ်နှောင်ထားတဲ့လှောင်အိမ်ကြီးက အတွေးအခေါ်လှောင်အိမ်ကြီးပဲ။ အထက်ကတွေးတဲ့ ရှားပါးတယ်။စိုးရိမ်စိတ်၊ ကြောက်စိတ်ကို scarcity mindset လို့ခေါ်တယ်။ ဒီအတွေးအခေါ်မှာ မှန်တဲ့အရာတွေရှိနိုင်ပေမယ့်လူတစ်ယောက်ရဲ့ဘဝအထက်တက်နိုင်ခြေတော်တော်များများကို ရိုက်ချိုးထားတတ်တယ်။ Strategic upside တိုးတက်ပြောင်းလဲနိုင်ဖို့များများစားစားမရှိဘူး။ ဘဝရဲ့ပထမဆုံးရုန်းထွက်လာရတဲ့လှောင်အိမ်ကအဲ့ဒီ မွဲစိတ် scarcity mindset လှောင်အိမ်ပဲ။ ငါလိုချင်တာ ဖြစ်အောင်လုပ်လို့ရတယ်။ ကိုယ်လိုချင်တဲ့ အချစ်မျိုးရနိုင်တယ်။ကိုယ်လိုချင်တဲ့ အလုပ်မျိုးနဲ့အသက်မွေးလို့ရနိုင်တယ်။ ကိုယ်နေချင်တဲ့နေရာမှာ နေလို့ရနိုင်တယ်။သွားချင်တဲ့နေရာတိုင်း သွားလို့ရနိုင်တယ်။သင်ချင်တဲ့အရာတိုင်းကို သင်ယူလို့ရနိုင်တယ်။ ပိုင်ဆိုင်ချင်တဲ့အရာတိုင်း စိတ်ရှည်ရှည်နဲ့သေချာကြံဆ လုပ်ဆောင်နိုင်ရင်ရနိုင်တယ်။ ဒါကိုလုံးဝယုံကြည်ထားတယ်။ ဒီလိုစဥ်းစားတာကိုတော့ abundance mindset လို့ခေါ်တယ်။ မှန်တယ်၊ မှားတယ်ဆိုတာတော့မရှိပါဘူး။ ခံစစ်နဲ့ဘဝ ဂိုးသွင်းမခံရအောင်နေချင်ရင်scarcity mindset မွဲစိတ်နဲ့အသက်ရှင်။ တိုက်စစ်နဲ့ဘဝကို တည်ဆောက်ချင်ရင်abundance mindset
လူတွေကို အဓိက ကန့်သတ်ထားတဲ့အရာက
အတွေးအခေါ်ပဲ။ Read More »
တခြားတစ်ယောက်နဲ့ တိုက်ရိုက်ပြိုင်ရအောင် ကိုယ့်ရည်မှန်းချက်က အဲ့လောက် မနိမ့်ဘူး။ ဒါကတော့ ကျွန်တော်စဥ်းစားတဲ့ပုံစံတစ်ခုပေါ့။ ဘာကြောင့်လဲဆိုတော့ကျောင်းတုန်းက အဆင့် ၁ ပြိုင်ပြီးအဆင့် ၁ ရခဲ့တဲ့သူတွေအခုဘယ်ရောက်သွားပြီလဲ။ အလုပ်ခွင်တုန်းက ရာထူးတိုးဖို့ စကားတွေဟိုပို့ဒီပို့ရုံးတွင်းပါဝါပြိုင်တဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ဆိုင်ဖွင့်တုန်းက အမြဲကိုယ့်ဆိုင်လာစျေးမေးပြီးပြိုင်တဲ့သူတွေ ဘယ်ရောက်သွားပြီလဲ။ ကိုယ်ဖွင့်နာမည်ပေးခဲ့တဲ့ဒီပလိုမာပုံစံမျိုးကိုပဲနာမည်တူလိုက်ပေးပြီးတူယောင်လိုက်ကူးတဲ့သူတွေဘယ်ရောက်သွားပြီလဲ။ ကိုယ့်သင်တန်းအပေါ်မှာကိုယ်ဖွင့်တဲ့သင်တန်းနဲ့တစ်ပုံစံထဲကသင်တန်းကြေး တစ်ဝက်နဲ့သင်တဲ့ကျောင်းတွေဘယ်ရောက်သွားပြီလဲ။ ကိုယ်တင်တဲ့ ပိုစ့်တိုင်းကိုပေ့နောက်တစ်ခုထောင်အကုန်လိုက်ကူးတဲ့ ပေ့တွေဘယ်ရောက်သွားပြီလဲ။ အဲ့လိုမျိုးပဲ စဥ်းစားလိုက်တယ်။ ဘာကြောင့်လဲဆိုတော့ “မပြိုင်ဘဲ နိုင်အောင်လုပ်ပါ” ဒီအတွေးအခေါ်လိုပဲ။ လူတိုင်းသွားနေတဲ့လမ်းကြောင်းတွေမတူကြဘူး။ ကိုယ်ဖြစ်ချင်တာနဲ့ တခြားသူဖြစ်ချင်တာမတူဘူး။ ကိုယ်သွားတဲ့လမ်းမှာ ကိုယ့်မဟာဗျူဟာရေရှည်ရည်မှန်းချက်ပန်းတိုင်နဲ့ကိုယ်ပဲ။ တခြားသူတစ်ယောက်နဲ့တိုက်ရိုက်ပြိုင်ရအောင်ကိုယ့်ရည်မှန်းချက်က အဲ့လောက်မနိမ့်ဘူး။ ဒါကြောင့် မပြိုင်ဘဲနိုင်အောင်လုပ်ပါဒီအတွေးအခေါ်ကို လက်ကိုင်ထားမိတယ်။ Phyo Paing @ Derek
“မပြိုင်ဘဲ နိုင်အောင်လုပ်ပါ”
ဒီအတွေးအခေါ်လိုပဲ။ Read More »
ဒီလိုကြုံဖူးလား။ငါအခုပဲ ဒါစဥ်းစားနေတာဒီစာက Facebook ကနေကိုယ့်ရှေ့ရောက်လာတာမျိုး။ မတွေ့တာ ကြာတဲ့ သူငယ်ချင်းတစ်ယောက်ကိုစဥ်းစားနေတုန်း၊သူ့ဆီက မက်ဆေ့ဝင်လာတာမျိုး။တခါတလေ အိပ်မက်မက်တဲ့အတိုင်းအပြင်မှာဖြစ်နေသလိုမျိုး။ ထူးခြားတဲ့တိုက်ဆိုင်မှုပေါ့။စိတ်ပညာရှင်ကြီး Carl Jung ကာယွန်းကဒါကို Synchronicity စန်ခရိုနီစတီလို့ခေါ်တယ်။ လူတွေရဲ့ စိတ်အတွင်းကမ္ဘာနဲ့ရုပ်ဝတ္ထုအပြင်ကမ္ဘာက ချိပ်ဆက်နေတယ်။လူတွေရဲ့သဘောတရားကပက်တန် pattern တွေကို အဓိပ္ပာယ်ဖွင့်တဲ့သတ္တဝါဖြစ်တဲ့အတွက်တခြားကိုယ့်ပက်တန်ထဲမဝင်တဲ့အရာတွေကိုကျော်သွားတတ်တယ်။ လူတွေအကုန်လုံးရဲ့အခြေခံအားလုံးကိုချိပ်ဆက်ပေးနေတဲ့Unus Mundus – The One ဆိုတာရှိတယ်လို့Carl Jung က ဆိုတယ်။ဥပမာ အပေါ်ယံမှာတွေ့နေရတဲ့သမုဒ္ဒရာရေလိုင်းတစ်ခုချင်းစီအောက်မှာသမုဒ္ဒရာရေကြီးရှိတယ်။အကုန်လုံးက တစ်ခုတည်းကလာတယ်။ချိပ်ဆက်နေတယ်။ တိုက်ဆိုင်မှု coincidence မှာကဘာတစ်ကိုယ်ရည်ခံစားချက်မှမရှိဘူး။ဖြစ်တော့မယ်ဆိုတာ အလိုလိုသိနေတာဒါက Intuition ဖြစ်ပြီးငါတွေးလိုက်မိသလိုအဓိပ္ပာယ်ရှိရှိဖြစ်လာတာမျိုးဒါကို Synchronicity လို့ခေါ်တယ်။ ကိုယ့်ဘဝမှာ အဓိပ္ပာယ်အရမ်းရှိတဲ့အချိန်တွေကြုံဖူးလိမ့်မယ်။ ဥပမာကျွန်တော့်ဘဝမှာဆိုလူတစ်ယောက်နဲ့တွေ့ပြီး၂၀၁၅ August တုန်းကတစ်ခါ၂၀၂၁ နှစ်ကုန်မှာတစ်ခါအချိန်တွေကိုခဏလောက်ရပ်တန့်ချင်စိတ်ဖြစ်တယ်။ဒီလိုဖြစ်တိုင်း ဘဝက ပြန်လည်စတင်restart လုပ်ပြီး ပိုကောင်းဖို့ဖြစ်လာမည့် အချိန်မျိုး။အဲ့လိုပဲ ကားမောင်းနေရင်းနဲ့မီးပွိုင့်စောင့်နေတုန်းမှာငါလမ်းသစ်ပြန်စရတော့မယ်ဆိုတဲ့ခံစားချက်နဲ့ထူးထူးခြားခြား ဒါလေးလုပ်ဖို့လိုတယ်ဆိုတဲ့အတွေးရောက်ရောက်လာတယ်။အဲ့ဒါတွေထလုပ်တိုင်းဘဝက နောက်တစ်ဆင့်ရောက်ရောက်သွားတယ်။ ဘဝရဲ့အဓိပ္ပာယ်ရှိတဲ့တိုက်ဆိုင်မှုတွေကိုသိဖို့ကိုယ့်ရဲ့အသိ
လူတစ်ယောက်ဘဝအပြောင်းအလဲဖြစ်စေတဲ့အရာသုံးခု၁။ လူ၂။ အိုင်ဒီယာ၃။ နေရာ Phyo Paing @ Derek
လူတစ်ယောက်ဘဝအပြောင်းအလဲ
ဖြစ်စေတဲ့အရာသုံးခု Read More »
ပညာတတ်ပြီး ပိုက်ဆံမရှိတာပညာကိုမရောင်းတတ်လို့။ပညာကို လုပ်အားအနေနဲ့ရောင်းလို့ရတယ်။ထုတ်ကုန်အနေနဲ့ရောင်းလို့ရတယ်။အမှတ်တံဆိပ်အနေနဲ့ရောင်းလို့ရတယ်။ ပညာကို လုပ်အားနဲ့ရှာဖို့အလုပ်လျှောက်တာနဲ့စလို့ရတယ်။ပညာကို မရှာဘဲလာဝယ်ဖို့အမှတ်တံဆိပ်တည်ဆောက်ရတယ်။ Phyo Paing @ Derek
ပညာကို မရှာဘဲလာဝယ်ဖို့
အမှတ်တံဆိပ်တည်ဆောက်ရတယ်။ Read More »
ကိုယ်ဘာတကယ်လိုချင်လဲရှင်းရှင်းသိတာ ပညာရှိ။ကိုယ်လိုချင်တာရအောင်ဖန်တီးနိုင်တာလူတော်။ကိုယ့်ကြောင့်သူတပါးကို မနစ်နာစေပဲအကျိုးပြုတာ လူကောင်း။ကိုယ်ချင်တာကို သူတပါးကိုဒုက္ခပေးပြီးရအောင်ယူတာ လူယုတ်မာ။ Phyo Paing @ Derek
ပညာရှိ ၊ လူတော် ၊ လူကောင်း ၊ လူယုတ်မာ Read More »
အလုပ်ပိုကြိုးစားဖို့လိုတာမဟုတ်ဘူး။ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့စနစ်တစ်ခုဖန်တီးဖို့လိုတာ။ Phyo Paing @ Derek
ဥာဏ်ရှိရှိနဲ့ လိုချင်တာရဖို့
စနစ်တစ်ခုဖန်တီးဖို့လိုတာ Read More »
စိတ်ကသိကအောင့်ဖြစ်စရာဒဏ်ရာတွေအတွက်ဖြေဆေးတစ်ခုကကျေးဇူးတင်စိတ်နဲ့လွတ်ချတတ်တဲ့စိတ်ပဲ။ Phyo Paing @ Derek
စိတ်ကသိကအောင့်ဖြစ်စရာ
ဒဏ်ရာတွေအတွက်
ဖြေဆေးတစ်ခု Read More »