လူတစ်ယောက်ရဲ့ အောင်မြင်မှုနောက်မှာ
ဘယ်သူတွေ ရှိသလဲဆိုတာ အရေးကြီးတယ်။Liu Bang ဆိုတာ တရုတ်သမိုင်းမှာHan မင်းဆက်ကို တည်ထောင်ခဲ့တဲ့ ဘုရင်။သူက မူလက တောသားလေးတစ်ယောက်ပဲ။ပညာတတ်လည်း မဟုတ်ဘူး။စစ်ပညာလည်း သိပ်မတတ်ဘူး။ဒါပေမယ့် တရုတ်နိုင်ငံတစ်ခုလုံးကို အုပ်ချုပ်ခဲ့တယ်။ဘာကြောင့်လဲ။သူ့မှာ ဉာဏ်ရှိတဲ့သူတွေကို နားထောင်တတ်တဲ့စိတ်ရှိတယ်။အထူးသဖြင့် သူ့မိန်းမ Lü Zhi။ Liu Bang ဘုရင်ဖြစ်ပြီးတဲ့နောက်သူ့ရဲ့ မိဖုရား Lü Zhi ကို လျစ်လျူရှုလာတယ်။အသစ်ရတဲ့ မယားငယ် Consort Qi ကို ပိုချစ်လာတယ်။မယားငယ်ရဲ့သားကို သားဦးအစား အမွေဆက်ခံခိုင်းချင်လာတယ်။နန်းတွင်းရေးမှာ ဒါက သေရေးရှင်ရေးပဲ။အမွေဆက်မရရင် သားအမိနှစ်ယောက်လုံး အသက်မရှင်ရတော့တတ်တာ သမိုင်းထဲမှာ အများကြီး။Lü Zhi ဘာလုပ်လဲ။ငိုမနေဘူး။တောင်းပန်မနေဘူး။strategy ရှာတယ်။ သူ ဘုရင့်ထံ တိုက်ရိုက်မသွားဘူး။Zhang Liang ဆိုတဲ့ ဗျူဟာရှင်ကြီးဆီ သွားတယ်။Zhang Liang က Liu Bang […]
