Dr. Phyo Paing

https://yec.company

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။

ငယ်ငယ်တည်းက အားပေးမှုနဲ့မကြီးပြင်းခဲ့တဲ့သူတွေရှိတယ်။ အမေက အပြစ်တင်၊အဖေက အပြစ်တင်၊ အဒေါ် အပြစ်တင်၊ ဦးလေး အပြစ်တင်၊ဆရာ၊ ဆရာမက အပြစ်တင်။ အားပေးမှုနဲ့ မကြီးအပြစ်တင်မှုနဲ့ ကြီးလာတဲ့သူတွေရှိတတ်တယ်။ ဒီထဲမှာ ဒီအပြစ်တင်မှုကိုအပြုံးလေးနဲ့ ချွဲပြီးအားလုံးနဲ့အဆင်ပြေအောင်ပေါင်းသင်းကြီးပြင်းလာသူတွေရှိတယ်။ ဒီအပြစ်တင်မှုတွေကြားအားတင်းပြီး ရှင်သန်မှုခဲ့သူတွေရှိတယ်။ အားတင်းရှင်သန်ခဲ့သူတွေမှာကိုယ့်ကိုကိုယ် အကြီးအကျယ်ဝေဖန်တတ်တဲ့အကျင့်တစ်ခု အမြဲရှိတတ်တယ်။ ဘဝရဲ့ တချို့အစိတ်အပိုင်းတွေမှာကိုယ့်ကိုအမြဲဝေဖန်သူနဲ့ ချစ်ကျွမ်းဝင်တဲ့အခါဘဝက သံကြိုးနဲ့ရှေ့ဆက်ရသလိုဖြစ်တတ်တယ်။ ကိုယ့်ကိုကိုယ်မြင်တာထက်ပိုကောင်းအောင်မြင်တဲ့သမီးရည်စားနဲ့တွေ့လာတဲ့အခါဘဝက ထင်မှတ်မထားလောက်အောင်ပိုကောင်းလာတတ်တယ်။ လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေမတူကြဘူး။ Phyo Paing @ Derek

လူတွေရဲ့ ကြီးပြင်းလာတဲ့ပုံစံမတူတဲ့အခါ
ဘဝကိုမြင်တဲ့ အဓိပ္ပာယ်ဖွင့်ပုံစံတွေ
မတူကြဘူး။
Read More »

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။

ဘယ်သူနဲ့မှ မနှိုင်းယှဉ်နဲ့။ဘာကြောင့်လဲဆိုတော့လူတိုင်းက သူ့စူပါပါဝါနဲ့သူ။Personalized approach ကအကောင်းဆုံးပဲ။ မဟာဗျူဟာဆိုတာကိုယ့်အားသာချက်ပေါ်မူတည်ပြီးဖန်တီးယူရတာပဲ။ Phyo Paing @ Derek

မဟာဗျူဟာဆိုတာ
ကိုယ့်အားသာချက်ပေါ်မူတည်ပြီး
ဖန်တီးယူရတာပဲ။
Read More »

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေရှိတတ်တယ်။အထူးသဖြင့် ကိုယ့် Flow ထဲကိုယ်ဝင်ဖို့ ပြန်ကြိုးစားရတဲ့ကာလတွေပေါ့။ အစားအသောက်၊လုပ်နေကျ routine ပုံစံ၊အမူအကျင့်၊ကိုယ့်ရဲ့မူလပုံစံနဲ့ သွေဖယ်သွားတဲ့အချိန်တွေ။ ဒီစိတ်တိုင်းမကျမှုကfeedback တစ်ခုပဲ။ဒါကိုအသုံးပြု ပိုကောင်းအောင်ပြန်လည်တည်ဆောက်သွားလို့ရပါတယ်။​ Phyo Paing @ Derek

ဘဝမှာ စိတ်တိုင်းမကျတဲ့ရက်တွေ
ရှိတတ်တယ်။
Read More »

အသက်ရှင်ပြီး အသက်ဝင်ဖို့

အသက်ရှင်ပြီး အသက်ဝင်ဖို့၁။ ပိုက်ဆံအရင်ဝင်ဖို့လိုတယ်။၂။ အဓိပ္ပာယ်ရှိတဲ့အလုပ်နေ့တိုင်းလုပ်နေဖို့လိုတယ်။၃။ ကိုယ့်စိတ်နဲ့ ကိုယ် ကော်နက်ရှင်မိဖို့လိုတယ်။​ Phyo Paing @ Derek

အသက်ရှင်ပြီး အသက်ဝင်ဖို့ Read More »

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။

ကိုယ့်အတွက် အကျိုးရှိမယ်ဆိုရင်ကိုယ်မုန်းတဲ့အရာတွေကိုချစ်အောင်ကြိုးစားကြည့်။ အလေးမရတာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ နည်းပညာသစ်တွေအသုံးမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ တချို့လူတွေကို အဆက်အဆံမပြုချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်ချစ်အောင်ကြိုးစားကြည့်ရမှာပဲ။ စာတွေ၊ ဗီဒီယိုတွေလုပ်ငန်းအတွက်တင်ရမှာ မကြိုက်ဘူး။ရေရှည်အတွက် အကျိုးရှိရင်မကြိုက်လဲ ကြိုက်အောင်ကြိုးစားကြည့်ရမှာပဲ။ ဘဝမှာ တချို့အတွေးအခေါ်တွေကိုလက်မခံချင်ဘူး။ရေရှည်အတွက် အကျိုးရှိရင်လက်ခံနိုင်အောင် ကြိုးစားကြည့်ရမှာပဲ။ ကိုယ်က ဘာကောင်မှလဲမဟုတ်ဘူး။ကိုယ့်အတွက်၊ မိသားစုအတွက်၊ကိုယ့်လုပ်ငန်းအတွက်၊ ကိုယ့်ရပ်ရွာ၊ကိုယ့်လူမျိုး၊ ကိုယ့်နိုင်ငံ၊ လူတွေအတွက်တစ်ဆင့်ချင်းလာတယ်။ရေရှည်အတွက် အကျိုးရှိရင်မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။ Phyo Paing @ Derek

ရေရှည်အတွက် အကျိုးရှိရင်
မချစ်တာကို ချစ်အောင်လုပ်နိုင်ဖို့လဲလိုတတ်တယ်။
Read More »

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။

အသက်ကြီးလာတော့ကိုယ်ချစ်တာ၊ မချစ်တာတွေမသိတော့ဘူး။ ကိုယ့်အတွက် အကျိုးရှိတာ၊မရှိတာပဲရှိတော့တယ်။ ထာဝရချစ်သူ၊ထာဝရ ရန်သူလဲမရှိတော့ဘူး။အကျိုးရှိလား၊အကျိုးမရှိဘူးလားပဲစဉ်းစားတော့တယ်။ ဘဝမှာ သစ္စာ၊ မေတ္တာ၊ အနစ်နာနဲ့နေကြည့်ပြီးပြီ။ဘဝရဲ့ အခြေခံလည်ပတ်မှုကအဲ့လိုလည်ပတ်နေတာမဟုတ်ဘူးဆိုတာတဖြည်းဖြည်း သိလာတယ်။ ဒါကြောင့် ဘဝကိုအကျိုးစီးပွါး အခြေပြုပဲစဉ်းစားကြည့်တော့တယ်။ ကိုယ်တိုင်ကလဲ တခြားသူတွေရဲ့အကျိုးစီးပွါးအတွက် အသုံးဝင်ရမယ်။အဲ့လို အသုံးဝင်တဲ့အရာတွေကိုမျှဝေပေးလေလေအသုံးဝင်သွားတဲ့သူတွေက ကျေးဇူးတင်လေလေ။ကိုယ့်အကျိုးစီးပွါးကို ပြန်လည်ဖြည့်ဆည်းပေးတတ်လေလေ။ လောကကြီးတစ်ခုလုံးကအကျိုးစီးပွါးအခြေပြု လည်ပတ်နေတယ်လို့ထင်တာပဲ။ ဒါကလဲ လက်ရှိလောကကိုအဓိပ္ပာယ်ဖွင့်ဆိုတဲ့ ပုံစံတစ်ခုဖြစ်ပါတယ်။ Phyo Paing @ Derek

အသက်ကြီးလာတော့ ကိုယ့်အတွက်အကျိုးရှိတာ၊ မရှိတာပဲရှိတော့တယ်။ Read More »

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။ကုန်သွားတဲ့ငွေကပြန်ရှာလို့ရနိုင်တယ်။ကုန်သွားတဲ့အချိန်နဲ့အာရုံကပြန်ရှာလို့မရဘူး။ Phyo Paing @ Derek

အချိန်နဲ့ အာရုံကို ကပ်စေးနဲပါ။ Read More »

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ။ ၁။ နေ့စဉ်အသစ်တစ်ခုလေ့လာ၂။ နေ့စဉ် အသစ်တစ်ခုစမ်းသပ်၃။ နေ့စဉ် မျှဝေ နေ့စဉ် ဘာရလဒ်တွေရရမလဲ။ ၁။ နေ့စဉ် ငွေဝင်၂။ နေ့စဉ် တိုးတက်၃။ နေ့စဉ် အနာဂတ်အတွက်ပြင်ဆင်၄။ နေ့စဉ် ကုသိုလ်ရ Phyo Paing @ Derek

နေ့စဉ် ဘာလုပ်ရပ်တွေလုပ်ရမလဲ Read More »

အခက်အခဲကြုံတိုင်း
ကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်း

အခက်အခဲကြုံတိုင်းကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်းပြောလေ့ရှိတယ်။လွယ်ရင် လူတိုင်းလုပ်နေမှာပေါ့။ Phyo Paing @ Derek

အခက်အခဲကြုံတိုင်း
ကိုယ့်ကိုကိုယ် အားပေးစကားတစ်ခွန်း
Read More »

အရေးကြီးတာ ဘဝမှာ
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။

ကျွန်တော်တို့ဘဝမှာဘယ်လောက်အောင်မြင်မြင်အထင်မကြီးတဲ့သူတွေရှိတယ်။ ဒီလိုပဲ တခြားသူတွေမှာလဲကိုယ်ဘယ်လောက်အောင်မြင်မြင်အထင်ကို မကြီးတဲ့သူတွေရှိတယ်။ အရေးကြီးတာ ဘဝမှာကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။သက်သေပြဖို့ မကြိုးစားနဲ့။ကိုယ့်ကိုကိုယ် ကိုယ်လုပ်ရင်ဖြစ်တယ်အကြွင်းမဲ့ယုံကြည်ထားဖို့လိုတတ်တယ်။ အချစ်ဆိုတာ အဲ့ဒါမျိုးလဲဖြစ်နိုင်တယ်။ကိုယ်က မဖြစ်သေးခင်ကတည်းကကိုယ့်ကိုယုံကြည်တဲ့သူမျိုး။ ဘဝမှာတော့ အချစ်ဆိုကိုသူစိမ်းတွေဆီက အဓိကရတာမျိုးလဲဖြစ်နိုင်တယ်။အရင်သူစိမ်း အခု family မိသားစုလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အရေးကြီးတာ ဘဝမှာ
ကိုယ့်ရဲ့အကောင်းဆုံးပုံစံကိုဖန်တီးဖို့ပဲ။
Read More »