Dr. Phyo Paing

https://yec.company

ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံက
ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်
ကူညီပေးနိုင်ဖို့လဲလိုတယ်။

လူတိုင်းက ကိုယ့်အတွေးအခေါ်နဲ့အဖြစ်အပျက်တွေကိုအဓိပ္ပာယ်ဖော်ကြတယ်။ တူညီတဲ့အဖြစ်အပျက်တစ်ခုကိုပဲမတူညီတဲ့အတွေးအခေါ်တွေနဲ့အဓိပ္ပာယ်ဖော်လို့ရတယ်။ အဓိပ္ပာယ်ဖော်ပုံမတူရင်ခံစားချက်တွေမတူတော့ဘူး၊လုပ်ရပ်တွေ မတူတော့ဘူး၊လုပ်ရပ်ကြောင့်ဖြစ်မည့် ရလဒ်မတူတော့ဘူး။ ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံကကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်ကူညီပေးနိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek

ကိုယ်အဓိပ္ပာယ်ဖော်တဲ့ပုံက
ကိုယ်လိုချင်တဲ့ရလဒ်ကိုရအောင်
ကူညီပေးနိုင်ဖို့လဲလိုတယ်။
Read More »

ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
လူ့သဘောမနောကို သိထားဖို့လိုတယ်။

လူယုံတွေကပဲ သတ်တာ။ ဒါကြောင့် Robert Greene က 48 laws of power မှာ Don’t trust friends, use enemies တဲ့။ သမိုင်းတစ်လျှောက်ပြန်ကြည့်ရင်လဲဒီသာဓကတွေ အများကြီးပဲ။ သက်ဆင်သမီးနဲ့ ကမ္ဘောဒီးယားဝန်ကြီးချုပ်ဒါကြည့်ရင်လဲ သာဓကတစ်ခုပဲ။ လူတိုင်းမှာ စည်းတစ်ခုထားရမယ်။လျှို့ဝှက်ချက်တိုင်းကို ပြောလို့မရဘူး။ဒေတာနဲ့ ကာကွယ်ရင်ကာကွယ်။narrative အာဘော်နဲ့ကာကွယ်ရင်ကာကွယ်။ လောကမှာ လူလုပ်နည်းမတတ်ရင်အန္တရာယ်သိပ်များတဲ့ ရှုပ်ထွေးလွန်းတဲ့ လူ့လောက။ သိလိုက်သည်ဖြစ်စေမသိလိုက်သည်ဖြစ်စေလောကကြီးက အကျိုးစီးပွါးအခြေပြုလည်ပတ်နေကြတယ်။ ငွေကြေးတစ်ခုတည်းမဟုတ်ဘူး။ဂုဏ်၊ အာဏာ၊ အစရှိသည်ပေါ့။ ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ လူ့သဘောမနောကို သိထားဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်ကာကွယ်ဖို့
လူ့သဘောမနောကို သိထားဖို့လိုတယ်။
Read More »

နည်းနည်းလုပ် များများရဖို့
Leverage point တွေ သေချာစဉ်းစားလာတယ်။

အသက်ကလေးရလာရင်မလိုအပ်ရင် အကွက်တွေအများကြီး မရွေ့တော့ဘူး။ များများလုပ် နည်းနည်းရတဲ့အလုပ်မလုပ်ချင်တော့ဘူး။ နည်းနည်းလုပ် များများရဖို့Leverage point တွေ သေချာစဉ်းစားလာတယ်။ ကိုယ့်အတွက် အကျိုးမရှိတဲ့အလုပ်၊ နေရာ၊ လူခပ်ခွါခွါနေတတ်လာတယ်။ ကောင်းတာလား မကောင်းတာလားတော့မသိတော့ဘူး။လောကမှာ ကိုယ့်ကိုကိုယ်၊ကိုယ့်မိသားစုကို၊ကိုယ်ရပ်ကိုယ့်ရွာ၊ ကိုယ့်လူမျိုး၊ကိုယ့်နိုင်ငံတစ်ဆင့်ချင်းလာတတ်တဲ့အတွက်ကိုယ့်အတွက် ကိုယ်က စတင်တယ်။ Phyo Paing @ Derek

နည်းနည်းလုပ် များများရဖို့
Leverage point တွေ သေချာစဉ်းစားလာတယ်။
Read More »

ကိုယ်ဘယ်လိုပုံစံ
ဘဝကိုဖြတ်သန်းချင်သလဲ
ဒီမေးခွန်းနဲ့စတင်တယ်။

လူတစ်ယောက်နဲ့ တစ်ယောက်ဘဝနေထိုင်ဖြတ်သန်းချင်တဲ့ပုံမတူကြဘူး။ ကိုယ်နေချင်တဲ့ပုံစံနဲံဘဝကို နေ့စဥ်ဖြတ်သန်းနိုင်တာအောင်မြင်မှုတစ်ခုပဲ။ ကိုယ်ဘယ်လိုပုံစံဘဝကိုဖြတ်သန်းချင်သလဲဒီမေးခွန်းနဲ့စတင်တယ်။ Phyo Paing @ Derek

ကိုယ်ဘယ်လိုပုံစံ
ဘဝကိုဖြတ်သန်းချင်သလဲ
ဒီမေးခွန်းနဲ့စတင်တယ်။
Read More »

ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။

ဘဝမှာ အခက်အခဲဆုံးအရာကmove on ဖြစ်ဖို့။ ဘဝမှာ ခဏခဏmove on လုပ်ရတတ်တယ်။ ကိုယ်မျှော်လင့်ထားတဲ့အတိုင်းဖြစ်မလာတဲ့ အဖြစ်အပျက်တွေကိုနာကျင်စွာနဲ့ နှလုံးသွင်းmove on လုပ်ခဲ့ဖူးကြလိမ့်မယ်။ သင်ခဲ့တဲ့စာတွေနဲ့လက်တွေ့ဘဝနဲ့မကိုက်တဲ့အခါသင်ခန်းဟောင်းတွေကနေmove on လုပ်ရတယ်။​ ဘဝမှာ လာရာတွေတူခဲ့ပေမယ့်လားရာမတူတဲ့သူတွေရဲ့လမ်းခွဲမှုကနေmove on လုပ်ရတတ်တယ်။ ခေတ်ပြောင်း၊ စနစ်ပြောင်းတဲ့အခါလိုအပ်တဲ့ စကေးအပြောင်းမှာစကေးအဟောင်းတွေကိုထားခဲ့move on လုပ်ရပြန်တယ်။ ဖြစ်နေတဲ့ပုံစံကိုမကြိုက်တဲ့အခါလုပ်နေကျပုံစံတွေကိုစွန့်လွတ်ပြီးmove on လုပ်ရပြန်တယ်။ ဘဝမှာ သင်ခန်းစာယူပြီးmove on လုပ်နိုင်တိုင်းအရာရာပိုကောင်းလာနိုင်တာဘဝပါပဲ။ ဒါကြောင့် အရာရာပိုကောင်းဖို့ဖြစ်လာတာပါလို့အမြဲနှလုံးသွင်းဖြစ်တယ်။ Phyo Paing @ Derek

ဘဝမှာ အခက်အခဲဆုံးအရာက
move on ဖြစ်ဖို့။
Read More »

မှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။

မမှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံမှု မလုပ်ပါနဲ့။ ဝန်ထမ်းပဲဖြစ်ဖြစ်၊ချစ်သူရည်းစားပဲဖြစ်ဖြစ်၊လူတွေနဲ့ပတ်သက်ရတဲ့အခါမှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံမှုပြုနိုင်ဖို့အရေးကြီးတယ်။​ မမှန်ကန်တဲ့သူတွေမှာကိုယ့်အချိန်၊ငွေကြေး၊အာရုံစိုက်မှု၊စွမ်းအင်ရင်းနှီးမြုပ်နှံမှုပြုလုပ်ပြီးသဲထဲရေသွန်ဖြစ်တဲ့အခါနာကျင်ရတတ်တယ်။ ဒါကြောင့် ရင်းနှီးမြုပ်နှံမှုမလုပ်ခင်လူရွေးရရင်ရွေး။ရွေးလို့မရတဲ့ ဆွေမျိုးတွေဆိုရင်ဘယ်လောက်ထိလုပ်ပေးလိုက်မယ်ဘောင်ထားတတ်ဖို့လိုတယ္။ ဘဝမှာ သံသရာခရီးအတွက်အရင်းအနှီးတစ်ခုဆို မှားမယ်မထင်ဘူး။ မှန်ကန်တဲ့သူတွေမှာရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။ ဒီလိုဖြစ်ဖို့ မှန်ကန်တဲ့သူတွေကိုရွေးချယ်နိုင်မှုက အရေးအကြီးဆုံးပဲ။ Phyo Paing @ Derek

မှန်ကန်တဲ့သူတွေမှာ
ရင်းနှီးမြုပ်နှံနိုင်ဖို့အရေးကြီးတယ်။
Read More »

တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။

ဘာလုပ်ရင်ကောင်းမလဲ။ ကမ္ဘာပေါ်မှာတခြားသူတွေမလုပ်နိုင်ဘဲကိုယ်ပဲလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်နိုင်ငံမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိဘူးဆိုရင်ကိုယ့်မြို့မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ရပ်ကိုယ့်ရွာမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့်ကုမ္ပဏီမှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ မရှိသေးဘူးဆိုရင်ကိုယ့် team မှာကိုယ်ပဲလုပ်နိုင်ပြီးတခြားသူတွေ မလုပ်နိုင်တဲ့အရာဘာရှိသလဲ။ ဘာမှ မရှိသေးဘူးဆိုကိုယ့်ဖက်က ရှိဖို့ကျွမ်းကျင်မှုစူပါပါဝါတစ်ခုကိုပြုစုပျိုးထောင်ဖို့လိုလာပြီ။ ဘဝဆိုတာ တိုက်ရိုက်ခေါင်းချင်းတိုက်ပြိုင်တဲ့ဂိမ်းမဟုတ်ဘူး။ညင်ညင်သာသာတိုက်ရိုက်မပြိုင်ဘဲနိုင်အောင်လုပ်တဲ့ ဂိမ်းတစ်ခုပါ။ ဘဝတိုက်ပွဲမှာ နိုင်ဖို့ကိုယ့်ရဲ့ competitive advantageပြိုင်ရင်နိုင်မည့် အားသာချက်ကိုရှာဖွေပျိုးထောင်ဖို့လိုအပ်လာတယ်။ Phyo Paing @ Derek

တခြားသူတွေမလုပ်နိုင်ဘဲ
ကိုယ်ပဲလုပ်နိုင်တဲ့အရာ
ဘာရှိသလဲ။
Read More »

P သုံးလုံး။

ဘဝမှာ အချိန်အများကြီးမရှိဘူး။တစ်နှစ်တစ်နှစ်ဆိုတာဘယ်လို ကုန်လို့ကုန်သွားမှန်းမသိဘူး။ခက်ခဲနေရင်သာကြာတာ၊ပျော်နေရင် အချိန်ကုန်တာပိုမြန်တယ်။ အများတဲ့အချိန်အများကြီးထဲမှာအလုပ်တိုင်းကို လိုက်လုပ်လို့မရဘူး။ဒီတော့ ဘယ်အလုပ်လုပ်ရင်ကိုယ့်အတွက် အကောင်းဆုံးဖြစ်မလဲစဥ်းစားရပြီ။ ဒီလိုစဥ်းစားတဲ့အချိန်မှာအဓိကအချက်သုံးချက်နဲ့စဥ်းစားတယ်။​၁။ Passion ကိုယ်အလုပ်အပေါ်ချစ်မြတ်နိုးမှု၂။ Profit ပြန်ရမည့်ငွေကြေးအမြတ်၃။ Purpose လူတွေအပေါ်အကျိုးပြုမှုရည်ရွယ်ချက် ဒီတော့ဘဝမှာ ကိုယ်လုပ်မည့်အလုပ်တွေကိုရွေးချယ်ဖို့ ပထမဦးဆုံးအနေနဲ့ကိုယ်မလုပ်ရရင် မနေနိုင်၊မစဥ်းစားရရင် မနေနိုင်တဲ့အရာတွေကို ချရေးကြည့်။ ဥပမာ ကျွန်တော့်အနေနဲ့ပြောရမယ်ဆိုစိတ်ပညာ၊ အတွေးအခေါ်ပညာ၊မဟာဗျူဟာပိုင်း၊ တိုးတက်ရေးပိုင်း၊စွမ်းဆောင်ရည်တိုးတက်မှုပိုင်းနဲ့ဒါကိုလုပ်ပေးတဲ့ နည်းပညာသစ်တွေ၊စွန့်ဦးတီထွင်မှု၊ ပညာရေး၊သင်ယူမှု၊ သင်ကြားမှုပညာ၊ဝိဇ္ဇာပညာ၊ အိုင်ဒီယာအသစ်တွေအကြောင်း။ဒါတွေကို မလုပ်ရမနေနိုင်ဘူး။ဒါကြောင့် ကိုယ်လုပ်တဲ့အလုပ်တွေကိုဒီအပေါ်မှာ အခြေခံတယ်။ ဒုတိယအနေနဲ့ ကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်ပြီးဝင်ငွေဖန်တီးနိုင်တဲ့နည်းလမ်းတွေကိုစဥ်းစားကြည့်ပါ။ချရေးကြည့်ပါ။ ဥပမာ အလွယ်ဆုံးကတော့ကုမ္ပဏီတစ်ခုအလုပ်ဝင်လုပ်တာ။ဒီနေ့ခေတ် အလွတ်တန်းပညာရှင် freelance လုပ်တာ။ကိုယ့်အလားအလာရှိတဲ့ဖောက်သည်တွေသိအောင်social media လူမှုကွန်ယက်မှာblogging/ vlogging လုပ်တာ၊စာရေးတာ။ဒီကမှတစ်ဆင့် ကိုယ်တိုင်လုပ်ငန်းလုပ်တာ။ကိုယ်တိုင်လုပ်ငန်းလုပ်တဲ့အချိန်လဲတခြားသူတွေနဲ့မတူညီတဲ့business model နဲ့ အလုပ်လုပ်နိုင်တာ။ဝင်ငွေရနိုင်မည့် revenue streams တွေအကုန်မျက်စိဖွင့်နားစွင့်ပြီးစဥ်းစားကြည့်ပါ။ တတိယကတော့ purpose ရည်ရွယ်ချက်။ကိုယ့်ဘဝမှာ အသက်ရင်စဥ်လောကကိုပြန်ပေးခဲ့ချင်တဲ့အရာပေါ့။လူသားတစ်ယောက်က ငွေကြေး

P သုံးလုံး။ Read More »

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။

ဘဝဆိုတာ ခက်ခဲတယ်။အနာဂတ်မှာ ဖြစ်နိုင်တဲ့ပြဿနာတွေအတွက်ကြိုတင်အဖြေမရှာထားနိုင်ရင်ပိုလို့တောင်ခက်ခဲသေးတယ်။ သားသမီးရဲ့အနာဂတ်စဉ်းစားတဲ့မိဘတွေကသူတို့သားသမီးတွေရဲ့အနာဂတ်ကို ကြိုတင်စဉ်းစားထားကြတယ်။ ငွေကြေးအရတိုင်မပတ်တဲ့သူတွေကလဲအနာဂတ်ငွေကြေးပြဿနာတွေကိုကြိုတင်တွက်ချက် အဖြေရှာထားကြတယ်။ ဒီနေ့ပြဿနာကိုတောင်ဖြေရှင်းဖို့မကြိုးစားတဲ့သူ၊ဖြေရှင်းဖို့မကြိုးစားနိုင်တဲ့သူရှိမယ်။ဒီနေ့ပြဿနာပဲ ဖြေရှင်းတဲ့သူရှိတယ်။အနာဂတ်ပြဿနာတွေကိုကြိုတင်အဖြေရှာတဲ့သူတွေရှိတယ်။ လူ့ဘဝဆိုတာ ထင်သလောက်မလွယ်ဘူး။အကောင်းကြီးပဲ မြင်နေလို့မရသလို၊အဆိုးကြီးပဲမြင်နေလို့မရဘူး။ အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Phyo Paing @ Derek

အနာဂတ်ပြဿနာ ကြိုတင်အဖြေရှာပါ။ Read More »

လူအများစုမပျော်တာ
ရှုပ်နေလို့။

လူအများစုမပျော်တာ ရှုပ်နေလို့။ ကိုယ်ဘာလိုချင်သလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာလုပ်ချင်သလဲရှင်းရှင်းလင်းလင်းမသီဘူး။ကိုယ်ဘာလုပ်ရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ဘာလုပ်ရင် ဘာရမလဲရှင်းရှင်းလင်းလင်းမသိဘူး။ ကိုယ်ဘာမလိုချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်ချင်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ကိုယ်ဘာမလုပ်သင့်ဘူးလဲရှင်းရှင်းလင်းလင်းမသိဘူး။ လူသားဖြစ်ခြင်းရဲ့အဓိက အရေအသွေးတစ်ခုကကိုယ့်ကိုကိုယ်သိဖို့။self-awareness ဖြစ်ဖို့။ ဒီထက် ထိုးထွင်းသိမြင်တာကိုInsight လို့ခေါ်တယ်။ ဒီလို ထိုးထွင်းသိမြင်ဖို့တရားထိုင်တာကို Insight Meditation ဝိပဿနာလို့ခေါ်တယ်။ အဓိက စကားလုံးကရှင်းရှင်းလင်းလင်း။တခါတလေ ရှင်းသလိုနဲ့ မရှင်းနေတတ်ဘူး။ ကိုယ့်ကိုကိုယ်ရှင်းရှင်းလင်းလင်းသိရင်လောကီမှာ ဘဝရဲ့ မလိုအပ်တဲ့စိတ်ဒုက္ခတွေက လွတ်မြောက်မယ်။သဘာဝတရားရဲ့ဖြစ်တည်မှုကို ရှင်းရှင်းလင်းလင်းသိရင် လောကုတ္တရာမှာသံသရာ ဝဋ်ဆင်းရဲကလွတ်မြောက်မယ်။ လောကီရဲ့နိဗ္ဗာန်က ငွေကြေးလွတ်မြောက်မှု  Financial Freedom နဲ့စတယ်။ငွေကြေးလွတ်မြောက်ရင်ကိုယ်မလုပ်ချင်တာ လုပ်စရာမလိုတဲ့Physical Freedom ကာယလွတ်မြောက်မှုရမယ်။ စိတ်ထားတတ်ရင် ရှင်းလင်းရင်Emotional Freedom စိတ်ပိုင်းဆိုင်ရာလွတ်မြောက်မှုရမယ်။ လောကသဘာဝကို သိရှိခံစားနားလည်လာရင်Spiritual Freedom ရမယ်။ အရာရာက Self-awareness ကိုယ့်ကိုကိုယ်သိဖို့ကစတင်တယ်။ Phyo Paing @ Derek

လူအများစုမပျော်တာ
ရှုပ်နေလို့။
Read More »