Dr. Phyo Paing

https://yec.company

သဟဇာတ

ကိုယ်စဥ်းစားတာနဲ့စျေးကွက်နဲ့ သဟဇာတဖြစ်ရင်စျေးကွက်မှာ အောင်မြင်မယ်။ ကိုယ်စဥ်းစားတာနဲ့သူစဥ်းစားတာ သဟဇာတဖြစ်ရင်သူနဲ့ ကိုယ်အဆင်ပြေမယ်။ ကိုယ်စဥ်းစားတာနဲ့ကိုယ့်ဝန်ထမ်းတွေစဥ်းစားတာသဟဇာတဖြစ်ရင်ကိုယ့်ဝန်ထမ်းတွေနဲ့ ကိုယ်နဲ့ဆင်ပြေမယ်။ ကိုယ်စဥ်းစားတာနဲ့လက်တွေ့ဘဝနဲ့ သဟဇာတဖြစ်ရင်လက်တွေ့ဘဝက အဆင်ပြေမယ်။ Phyo Paing @ Derek

သဟဇာတ Read More »

ကိုယ့်ကိုကိုယ် အချိန်ပေးဖို့လိုတယ်။

အလုပ်တွေပဲဇွတ်လုပ်နေပြီးကိုယ့်ဘဝအတွက်၊ အနာဂတ်အတွက်၊ အလုပ်ကိုနောက်တစ်ဆင့်ရောက်ဖို့စဥ်းစားချိန်မရှိတာက မှားယွင်းမှုတစ်ခုဖြစ်နိုင်တယ်။ လုပ်နေကျအလုပ်တွေပဲလုပ်နေပြီးဒီထက်ပို ၁၀ ဆ လောက်တိုးတက်ချင်ရင်မတူညီတဲ့နေရာတွေသွားကြည့်၊မတွေ့ဖူးတဲ့သူတွေနဲ့ စကားပြောကြည့်၊မကြားဖူးတဲ့ အိုင်ဒီယာတွေနားထောင်ကြည့်၊မလေ့လာဖူးတဲ့ပညာရပ်တွေလေ့လာကြည့်၊ မရှိဖူးတဲ့ကျွမ်းကျင်မှုတွေ ပျိုးထောင်ကြည့်။ ကိုယ့်ကိုကိုယ် အချိန်ပေးဖို့လိုတယ်။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ် အချိန်ပေးဖို့လိုတယ်။ Read More »

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။

သင်ဖူးတဲ့ပညာအရည်အချင်း၊ သွားဖူးတဲ့နေရာ၊ တွေ့ဖူးတဲ့သူ၊ ကျော်လွှားဖူးတဲ့အခက်အခဲ၊ရဖူးတဲ့အတွေ့အကြုံ၊ ဆွတ်ခူးဖူးတဲ့ရလဒ်မတူရင်အမြင်တွေလဲမတူနိုင်ဘူး။ အမြင့်မတူရင် အမြင်တွေမတူသလို၊အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။ တချို့ နယ်ပယ်တစ်ခုမှာထိပ်ဆုံးရောက်နေသူတွေရဲ့စကားတချို့ကို ကိုယ်က “ငပိန်း” လို့ကောက်ချက်ချချင်ပြီဆို “ငါမမြင်တာ သူဘာမြင်လို့လဲ၊ဘာတွေ ဆက်လေ့လာဖို့လိုမလဲ” ဒီမေးခွန်းမေးကြည့်လိုက်။ ကိုယ်လဲ ပိုတိုးတက်လာလိမ့်မယ်။ ကျွန်တော်ကတော့ အဲ့လိုပဲကျင့်သုံးတယ်။ Phyo Paing @ Derek

အမြင့်မတူရင် အမြင်တွေမတူသလို၊
အမြင်မတူရင်လဲ အမြင့်တွေမတူတော့ဘူး။
Read More »

အချိန်၊ အာရုံ၊ အလုပ်။

တချို့အလုပ်က လုပ်ချင်တိုင်းလုပ်လို့မရဘူး။အချိန်ရှိပြီး အာရုံမစိုက်နိုင်ရင်လဲမရဘူး။ အာရုံစိုက်နိုင်ပြီး အလုပ်ပြီးအောင်မလုပ်နိုင်ရင်လဲအလုပ်မပြီးမြောက်ဘူး။ အချိန်စီမံခန့်ခွဲမှုအပြင်အာရုံကို စီမံဖို့ အပြင်ဆူညံသံအပြင်၊စိတ်အတွင်းဆူညံသံ ခံစားချက်၊ အတွေးတွေကိုစီမံနိုင်ဖို့လိုတယ်။လုပ်ပြီးတဲ့အလုပ် အဆုံးသတ်နိုင်ဖို့လဲလိုတယ်။ Phyo Paing @ Derek

အချိန်၊ အာရုံ၊ အလုပ်။ Read More »

ကိုယ့်ဘဝရဲ့ အကြီးဆုံးပြဿနာက
အကောင်းဆုံး ကောင်းချီးလဲဖြစ်နိုင်တယ်။

လူတိုင်းက သူ့ကံနဲ့သူလာပြီးသား။ဒီကံကို မြင်ဖို့ ဥာဏ်လိုတယ်။ ဝိရိယလိုတယ်။ တချို့က တောင့်တစရာကိုမလိုဘူးပြည့်စုံတယ်။တချို့က တောင့်တလိုက်ရုံနဲ့ပြည့်စုံတယ်။တချို့က တောင့်တကြိုးစားရတယ်။တချို့က ဖြစ်ချင်တာဖြစ်ဖို့ တော်တော်ကြိုးစားယူရတယ်။တချို့က ကြိုးစားရင်တောင် တော်တော်ခက်ခဲတယ်။ ဘယ်သူပိုကောင်းတယ်၊ ပိုဆိုးတယ်ဆိုတာထက် ယူတတ်ရင် ဘယ်ဘဝဖြစ်ဖြစ် သဘောတရားတွေကို တွေ့လာနိုင်တယ်။ အဆိုးဆုံးထဲမှာလဲ အကောင်းဆုံးတွေရှိတယ်။အကောင်းဆုံးထဲမှာလဲ အဆိုးဆုံးတွေရှိတယ်။ ကိုယ့်ဘဝရဲ့ အကြီးဆုံးပြဿနာက အကောင်းဆုံး ကောင်းချီးလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

ကိုယ့်ဘဝရဲ့ အကြီးဆုံးပြဿနာက
အကောင်းဆုံး ကောင်းချီးလဲဖြစ်နိုင်တယ်။
Read More »

ကိုယ်လုပ်နေတာ မှန်မမှန်သိဖို့

အရင်နှစ်ထက် ဒီနှစ်ကပိုကျန်းမာကြံ့ခိုင်လာလား၊ဝင်ငွေပိုတိုးတက်လာလား၊ကိုယ့်မိသားစုနဲ့ဆက်ဆံရေးပိုကောင်းလာသလား၊အချစ်ရေးအဆင်ပိုပြေလာသလား၊ပေါင်းသင်းဆက်ဆံရေးပိုကောင်းလာသလား၊စိတ်ပိုအေးချမ်းလာသလား။ ဒါတွေနဲ့ပဲတိုင်းတာရမှာပဲ။မကောင်းလာဘူးဆိုတွေးတဲ့အတွေးအခေါ်၊ကြံတဲ့အကြံအစည်နဲ့လုပ်ဆောင်မှုတွေကို ပြင်ရမှာပဲ။ Phyo Paing @ Derek

ကိုယ်လုပ်နေတာ မှန်မမှန်သိဖို့ Read More »

မတန်တာမလုပ်နဲ့။

လူတွေမှာ တန်ဖိုးအရှိဆုံးကအာရုံ၊ အချိန်နဲ့ အင်အားပဲ။ ကိုယ့် အာရုံကို မတန်တဲ့လူတွေ၊အတွေးအခေါ်တွေ၊လူတွေအပေါ်မှာသွားမစိုက်နဲ့။ ကိုယ့် အချိန်ကို မတန်တဲ့နေရာမှာသွားမသုံးနဲ့။ ကိုယ့်အင်အားကို မတန်တဲ့အလုပ်တွေမှာသွားမသုံးနဲ့။ Phyo Paing @ Derek

မတန်တာမလုပ်နဲ့။ Read More »

အလုပ်လုပ်တိုင်းအလုပ်မဖြစ်ဘူး။

အလုပ်ဖြစ်ဖို့လုပ်နေတဲ့အလုပ်တွေကိုပြန်လည်ဆန်းစစ်။ အရေးမပါတာတွေကို ဖယ်၊ယုံကြည်မှုအမှားတွေကို ပယ်။ အရေးပါတာကို အရာပေး။ Phyo Paing @ Derek

အလုပ်လုပ်တိုင်းအလုပ်မဖြစ်ဘူး။ Read More »

အသက်ငယ်တုန်းက အချစ်ကိုကိုးကွယ်တယ်။

အသက်ကြီးလာတော့အဿပြာကို ကိုးကွယ်တယ်။ ပိုက်ဆံမရတဲ့အလုပ် မလုပ်ဘူး။ကိုယ့်အချိန်နဲ့ ပြန်ရတာ မတန်တဲ့အလုပ်မလုပ်ဘူး။ကိုယ့်အတွက် အကျိုးမရှိတဲ့သူမပေါင်းဘူး။ အဲ့လို ခပ်ကြမ်းကြမ်းနဲ့ဘဝကိုဖြတ်သန်းတယ်။ လူတိုင်းက၁။ ငွေ၂။ ဂုဏ်၃။ တရား ဒီသုံးခုလိုချင်ကြတာပဲ။ အခြေခံကတော့ ငွေ။ ငွေပေးနိုင်တဲ့ပေါ်မူတည်ပြီးလေယာဉ်စီးရင်တောင်ထိုင်တဲ့နေရာမတူ၊ဆက်ဆံပုံမတူဘူးမဟုတ်လား။ အချစ်က ပြောင်းလဲတတ်တယ်။ပိုက်ဆံက မပြောင်းလဲဘူး။လူတိုင်း ပိုက်ဆံကြိုက်တယ်။ အဲ့လို ခပ်ကြမ်းကြမ်းရေးချင်တာ။ကောင်းမကောင်းမသိ။ Phyo Paing @ Derek

အသက်ငယ်တုန်းက အချစ်ကိုကိုးကွယ်တယ်။ Read More »