Dr. Phyo Paing

https://yec.company

လူတစ်ယောက်ဘဝရဲ့ အရည်အသွေးက

လူတစ်ယောက်ဘဝရဲ့ အရည်အသွေးကသူ့အတွေးအခေါ်ရဲ့ အရည်အသွေးနဲ့တိုက်ရိုက်အချိုးကျတယ်။ လူတစ်ယောက်က တစ်ရက်ကို အတွေးပေါင်း ၇၀၀၀၀ ပတ်ချာလည်တွေးတယ်။ပျော်စေတာလဲ ဒီအတွေး၊စိတ်ဆင်းရဲစေတာလဲ ဒီအတွေး။တိုးတက်စေတာလဲ ဒီအတွေး၊ဆုပ်ယုတ်စေတာလဲ ဒီအတွေး။ အတွေးတွေက စိတ်ခံစားချက်၊ အပြုအမူတွေကို လွမ်းမိုးတယ်။ အတွေးဆိုတာ ပြင်ပအမြင်၊ အကြား၊အနံ့၊ အရသာ၊ အထိအတွေ့ကြောင့်ဖြစ်ပေါ်သလို၊အတွေးတွေဟာ ဦးနှောက်ထဲက နယူးရွန်ဆဲလ်တွေ လှုပ်ရှားမှုနဲ့၊ ပတ်ဝန်းကျင်အခြေအနေတွေ၊ မှတ်ဉာဏ်နဲ့ ခံစားချက်တွေကြောင့် အလိုအလျောက်ပေါ်လာတာပါ။ ဒီအတွေးတွေက စိတ်ကိုလွမ်းမိုးတယ်။ စိတ်ဆိုတာ သိမြင်ခြင်း၊ ခံစားခြင်း၊စဉ်းစားခြင်း၊ မှတ်မိခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို ပြုလုပ်နိုင်တဲ့ သိတွေးမှု သဘောတစ်ရပ်ဖြစ်တယ်။ ဗုဒ္ဓက “စိတ်သည် အရာအားလုံး၏ အရှေ့ဆောင်ဖြစ်သည်။ စိတ်သည် အဓိကဖြစ်သည်။ စိတ်ဖြင့် ဖန်တီးသည်။” လို့ ဓမ္မပါလ မှာ ဟောကြားခဲ့တယ်။ အတွေးကောင်းအောင် လိုတိုရှင်း ၃ ချက်ကတော့1. […]

လူတစ်ယောက်ဘဝရဲ့ အရည်အသွေးက Read More »

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။

ဒီဘဝတစ်ခုကို ကောင်းကောင်းမွန်မွန်ပဲဖြတ်သန်းချင်တယ်။ ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။ ၁။ စည်းကမ်းရှိပါ။ စည်းကမ်းသည်လူ၏တန်ဖိုးပဲ။အလုပ်စည်းကမ်း၊ ကျန်းမာကြံ့ခိုင်ရေး၊ ငွေရေးကြေးရေး၊ပေါင်းသင်းဆက်ဆံရေး၊ မိဘသားသမီး။ ၂။ ကိုယ်ပိုင်အတွေးအခေါ်ရှိပါ။ ကိုယ်ပိုင်စဥ်းစားတဲ့ပုံစံ၊ တန်ဖိုးထားမှု၊ ယုံကြည်ချက်ဒါတွေကိုရှင်းရှင်းလင်းလင်းသိမှကိုယ်ပိုင်အတွေးအခေါ်ရှိမယ်။ ၃။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းကို နေ့စဥ်တည်ဆောက်ပါ။တစ်သက်မှာတစ်ခါ လူလာလုပ်တာ။ ရည်ရွယ်ချက်တစ်ခုတော့ ရှိဖို့လိုတယ်။ လောကမှာ ထိန်းချုပ်လို့မရတဲ့အရာတွေအများကြီးပဲ။ ကိုယ့်ကိုကိုယ်တော့ ထိန်းချုပ်လို့ရတယ်။ကိုယ့်ပြဿနာကိုယ်ဖြေရှင်းနိုင်အောင်ကြိုးစား။ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ပါ။ ၄။ အနာဂတ်ပြဿနာတွေကို ကြိုတင်အဖြေရှာပါ။ပြဿနာဖြစ်မှ မဖြေရှင်းနဲ့။ မဖြစ်သေးပဲ ဖြစ်နိုင်တဲ့ပြဿနာတွေကိုကြိုတင်စဥ်းစား၊ အဖြေရှာထားပါ။ ၅။ အပြစ်မတင်နဲ့ အဖြေရှာ။ အပြစ်တင်ဖို့ကလွယ်တယ်။ဥာဏ်သုံးစရာမလိုဘူး။အဖြေရှာဖို့က ပိုခက်တယ်။ ဦးနှောက်သုံးရတယ်။အားထုတ်ရတယ်။ ဒီတော့ အပြစ်မတင်နဲ့ အဖြေရှာ။ ၆။ ပြိုင်မငြင်းနဲ့ မေး။ လောကမှာ ကိုယ်မသိတာ၊ နားမလည်တာအများကြီး။ ကိုယ့်အထင်အမြင်ကိုယ် မှန်တယ်ထင်တာ လူတွေကို စိတ်ဒုက္ခအပေးဆုံးပဲ။ ပြိုင်ငြင်းမည့်အစား မေးပါ။ ၇။

ဒီလိုဖြတ်သန်းဖို့ ဥပဒေသ တချို့နဲ့နေကြည့်တယ်။ Read More »

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။
C နဲ့ စတယ်။

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။C နဲ့ စတယ်။ နယ်ပယ်တစ်ခုမှာ ထူးချွန်သူတွေဒါကို အသုံးချကြတယ်။နေရာတစ်ခုမှာ ထိပ်ဆုံးရောက်တဲ့သူတွေလဲဒါကို ကောင်းကောင်းအသုံးချကြတယ်။ ဒါကတော့ compounding ဆိုတဲ့စကားပဲ။ ဟိုခုန်ကူး ဒီခုန်ကူးဆိုမျောက်ပဲဖြစ်မှာ။ကိုယ့်ရဲ့ အနုပညာ artsအသက်မွေးဝယ်ကြောင်းအတွက်တစ်ဖက်ကမ်းခပ်ကျွမ်းကျင်မှုကကိုယ့်ရဲ့အားထုတ်မှုတွေအတိုး၊ အရင်းပေါင်းကလာတယ်။ဒါကို compounding လို့ခေါ်တယ်။ Phyo Paing @ Derek

ကမ္ဘာပေါ်မှာ အရေးအကြီးဆုံးစကားလုံးရှိတယ်။
C နဲ့ စတယ်။
Read More »

ပညာရှိလာလေ
မလိုတာ မလုပ်ဖြစ်တော့လေ

ပညာရှိလာလေမလိုတာ မလုပ်ဖြစ်တော့လေဖြစ်တတ်တယ်။ ပညာရှိဖို့လိုသေးလေအရေးမပါတာကို အရာပိုပေးမိတတ်တယ်။ Phyo Paing @ Derek

ပညာရှိလာလေ
မလိုတာ မလုပ်ဖြစ်တော့လေ
Read More »

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။

လူတစ်ယောက်ရဲ့ဘဝမှာသူ့ကိုယ်သူနားလည်သလိုနားလည်တဲ့တစ်ယောက်ရှိလာရင်လူတွေမမှတ်မိလောက်အောင်တိုးတက်ပြောင်းလဲတာပဲ။လူတိုင်းက အဲ့ဒီ luxury ကိုမရတတ်ကြဘူး။ဘာကြောင့်လဲဆိုကိုယ့်ကိုကိုယ် နားလည်သင့်သလောက်နားမလည်ကြသေးလို့။ကိုယ့်ကိုကိုယ်နားမလည်ဘဲတခြားသူတစ်ယောက်ကိုနားလည်ပေးဖို့မလွယ်ဘူး။ Phyo Paing @ Derek

ကိုယ့်ကိုကိုယ်နားမလည်ဘဲ
တခြားသူတစ်ယောက်ကို
နားလည်ပေးဖို့မလွယ်ဘူး။
Read More »

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။

တပ်မက်မှုမရှိခြင်းဟာပါဝါတစ်ခုပဲ။လူ၊ နေရာ၊ ပတ်ဝန်းကျင်ကိုစွဲလမ်းမှုမရှိခြင်းကပါဝါတစ်ခုပဲ။ကိုယ်ဖြစ်စေချင်တဲ့အတိုင်းမဖြစ်လာတာကိုဂရုမစိုက်တာကလဲSpiritual ပါဝါတစ်ခုပဲ။ လိုချင်တာရအောင်လုပ်နိုင်တာကလောကီရဲ့ ပါဝါ။လိုချင်တာကို စွန့်လွတ်နိုင်တာကလောကုတ္တရာရဲ့ပါဝါ။ Phyo Paing @ Derek

တပ်မက်မှုမရှိခြင်းဟာ
ပါဝါတစ်ခုပဲ။
Read More »

လူ၊ နေရာ၊ ပတ်ဝန်းကျင်ကို
သေချာရွေးဖို့လိုတယ်။

လူ၊ နေရာ၊ ပတ်ဝန်းကျင်မတူရင် ရတဲ့ခံစားချက်vibe ဓာတ်မတူဘူး။ အရင်ခေတ်ကတရားအားထုတ်တဲ့သူတွေဆိုလူသူနည်းတဲ့တောထွက်တာမျိုးလုပ်တာမြင်ဖူးကြလိမ့်မယ်။​ ဘဝမှာလဲ အလားတူပဲကိုယ်လိုချင်တဲ့အနာဂတ်ကိုတစ်နေ့တစ်လှမ်းလျှောက်လမ်းနိုင်ဖို့လူ၊ နေရာ၊ ပတ်ဝန်းကျင်ကိုသေချာရွေးဖို့လိုတယ်။Vibe ကောင်းကောင်း၊ Life ကောင်းကောင်း။ Phyo Paing @ Derek

လူ၊ နေရာ၊ ပတ်ဝန်းကျင်ကို
သေချာရွေးဖို့လိုတယ်။
Read More »

ဘဝမှာ စောင့်နေတာနဲ့
နေဖို့ မေ့နေတတ်ကြတယ်။

ဆယ်တန်းအောင်ဖို့စောင့်တယ်။​ဘွဲ့ရဖို့စောင့်တယ်။​အလုပ်ရဖို့စောင့်တယ်။ရာထူးတိုးဖို့စောင့်တယ်။လက်ထက်ဖို့စောင့်တယ်။ကလေးမွေးဖို့စောင့်တယ်။​ကလေးတွေကြီးဖို့စောင့်တယ်။အိမ်မက်တွေဖြစ်လာဖို့စောင့်တယ်။​ ဘဝမှာ စောင့်နေတာနဲ့နေဖို့ မေ့နေတတ်ကြတယ်။လူလာဖြစ်တာ လူသားအတွေ့အကြုံကိုအသက်ရှင်ပြီး အသက်ဝင်ဖို့ပစ္စုပ္ပန်လေးမှာ အသက်သတိလေးနဲ့ရှူပြီးရှင်သန်မှုအရသာ မကြာမကြာခံစားကြည့်ပါလား။ Phyo Paing @ Derek

ဘဝမှာ စောင့်နေတာနဲ့
နေဖို့ မေ့နေတတ်ကြတယ်။
Read More »

“အသက်ရှင်ပြီး အသက်ဝင်တာ”

ပိုကောင်းတဲ့အနာဂတ်ကို စောင့်ပြီးနေနေတာလဲမဟုတ်။ဒီတစ်နေ့ကိုအာရုံစိုက်နေထိုင်ပြီးပိုကောင်းတဲ့အနာဂတ်ကသူ့အလိုလို ကိုယ့်ဆီရောက်လာတာဒါက “အသက်ရှင်ပြီး အသက်ဝင်တာ”။ဒါက Flow.မရုန်းကန်နဲ့။ ရုပ်မနေနဲ့။Don’t struggle. Don’t settle.ဒီ “道 Dao” လမ်းစဉ်ကိုနားလည်ဖို့နှစ်ပေါင်းအတော်ကြာပေးခဲ့ရသလိုပဲ။ Phyo Paing @ Derek

“အသက်ရှင်ပြီး အသက်ဝင်တာ” Read More »