Dr. Phyo Paing

https://yec.company

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။

၂၄ ပစ္စည်းမှာ အာရမ္မဏပစ္စယောဆိုတဲ့အဓိပ္ပာယ်အာရုံဖြင့်အကျိုးပြုခြင်းလို့အဓိပ္ပာယ်ရတယ်။ မျက်စိကပုံကို မြင်မှ၊နားကအသံကို ကြားမှ၊တွေးစရာအတွေးတစ်ခုရှိမှစိတ်ဆိုတာဖြစ်ပေါ်တယ်။ ကိုယ်ကဆင်းရဲခြင်း၊​အမှိုက်တွေ၊အပြစ်တွေနဲ့ မကျေနပ်ချက်တွေ၊ဘူအတွေးအခေါ်တွေနဲ့ပဲအာရုံနဲ့ ထိတွေ့ခွင့်ပေးရင်စိတ်ကလဲ ညစ်ညမ်းနေမှာပဲ။​ ကိုယ်နေ့စဉ်ကြည့်တဲ့အရာတွေ၊နားထောင်တဲ့စကားတွေ၊တွေးတဲ့အတွေးတွေဟာဘဝအတွက် အင်မတန်အရေးကြီးတယ်။ ဒါကြောင့် ဘဝအတွက်အထောက်အပံ့မဖြစ်တဲ့လူတွေ၊ စကားတွေ၊ စာတွေ၊အတွေးတွေ အကုန်ရှောင်ခြင်းကသံသရာအတွက်ကောင်းသောပါရမီဖြည့်ခြင်းတစ်မျိုးပဲ။ Phyo Paing @ Derek

တိုးတက်တဲ့သူတွေနားနေရင်ဘာကြောင့် တိုးတက်ဖို့အလားအလာပိုများသလဲ။ Read More »

ဘဝရဲ့ operation system

စိတ်အေးချမ်းချင်ရင်ဗုဒ္ဓစကားနားထောင်ပါ။​ လူအများစုက ဘဝမှာနေထိုင်မှုဘဝရဲ့ operation systemရေရေရာရာမရှိကြဘူး။ ဗုဒ္ဓက ဘဝကိုဖြတ်သန်းဖို့operation system တစ်ခုပေးခဲ့တယ်။ဒါပေမယ့် အများစုကဒီ operation system ကိုအသုံးမချနိုင်ဘူး။ ဗုဒ္ဓက ဘဝကို မဂ္ဂင်ရှင်းပါးနဲ့ဖြတ်သန်းဖို့နည်းပေးလမ်းပြခဲ့တယ်။ပထမတစ်ပါးကျင့်သုံးနိုင်ရင်ကိုဘဝကြီးက တော်တော်ကောင်းမွန်လာမယ်။ ဒါကတော့ “မှန်ကန်တဲ့အမြင်”။သမ္မာဒိဋ္ဌိ ပဲ။ ငွေရေးကြေးရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်ငွေရေးကြေးရေးအရအမြဲတိုင်ပတ်မယ်။ အချစ်ရေးအတွက်မှန်ကန်တဲ့အမြင်မရှိရင်အချစ်ရေးမှာ အမြဲတိုင်ပတ်မယ်။ လူမှုရေးမှာ မှန်ကန်တဲ့အမြင်မရှိရင်လူမှုရေးမှာ အမြဲတိုင်ပတ်မယ်။ စီးပွါးရေးမှာ မှန်ကန်တဲ့အမြင်မထားနိုင်ရင်စီးပွါးရေးလုပ်တိုင်းတိုင်ပတ်မယ်။ ဘဝမှာ မှန်ကန်တဲ့အမြင်မရှိရင်ဘဝဖြတ်သန်းမှုမှာ အမြဲတိုင်ပတ်မယ်။​ သံသရာကလွတ်မြောက်ဖို့မှန်ကန်တဲ့အမြင်လိုသလို၊သံသရာထဲဖြတ်သန်းဖို့လဲမှန်ကန်တဲ့အမြင်လိုတယ်။ Phyo Paing @ Derek

ဘဝရဲ့ operation system Read More »

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတဲ့ဘဝဖြစ်ဖို့

မလုပ်ချင်တာလုပ်ပြီးရချင်တာရလာဖို့အထောက်အပံ့ကာလတည်ဆောက်ရတယ်။အခုရေတွင်းတူးအခုရေကြည်သောက်ဖို့ဆိုတာရာခိုင်နှုန်းနည်းတယ်။ Phyo Paing @ Derek

လုပ်ချင်တာလုပ်ပြီးရချင်တာရနေတဲ့ဘဝဖြစ်ဖို့ Read More »

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။

ဒါကြောင့် ခံစားချက်များတဲ့သူတွေနဲ့အလုပ်လုပ်ဖို့ကို တတ်နိုင်သမျှရှောင်တယ်။ပုံပြင်ပေါင်းများစွာနဲ့။ ကိုယ်ပျော်ပျော်မပျော်ပျော်ထမင်းစားဖို့ အလုပ်ကလုပ်ရအုံးမှာပဲ။ပိုက်ဆံတွေအရမ်းချမ်းသာနေရင်တော့မပြောတတ်ဘူး။ ပျော်ပျော်မပျော်ပျော်customer serviceဖောက်သည်ဝန်ဆောင်မှုလုပ်ရင်တော့ပြုံးပြ စကားပြောချိုသာရမှာပဲ။ကိုယ်က ဒီအလုပ်အတွက်ပိုက်ဆံယူထားတာမဟုတ်လား။ ခံစားချက်များတဲ့သူတွေကအမြဲ play ခံနေရမှာ။မီဒီယာက ပလေးသွားလိုက်၊ဒုက္ခပေး၊ ထိန်းချုပ်ချင်သူကပလေးသွားလိုက်နဲ့။ ခံစားချက်တွေ ဘေးဖယ်ကိုယ့်တာဝန်ကိုယ်ကျေဖို့လိုတယ်။ Phyo Paing @ Derek

ခံစားချက် အရမ်းများတဲ့သူတွေနဲ့အလုပ်လုပ်ရင် အလုပ်မတွင်ဘူး။ Read More »

အမှားလုပ်ချင် လူတိုင်းစကားနားထောင်။

၂၀၁၃ မှာ အစ်မတစ်ယောက်ကဖြိုးပိုင် နင်တစ်ရက်တစ်ရက်Facebook မှာ တင်နိုင်တယ်နော်တဲ့။ဘာတွေ လျှောက်တင်လဲမသိဘူးတဲ့MBA အတန်းမှာ။ ၂၀၁၆ ဂျန်နဝါရီလကျတော့ဖြိုးပိုင်နင့်သင်တန်းကျောင်းကဖွင့်တာမှ ခြောက်လပဲရှိသေးတယ်ကျောင်းသား ၅၀၀ ကျော်ဆိုတော့ကံကောင်းတယ်နော်တဲ့။ အခုကျတော့ကိုယ်တိုင်အေအိုင်လုပ်ဖို့လွယ်လားတဲ့။ အစ်မကြီး ဒါ ဆယ်နှစ်ကျော်ရေးထားတဲ့စာနဲ့ကိုယ့် model မော်ဒယ်ကို train ထားတာလို့။ ကျွန်တော်တို့ ဖြစ်ချင်တာတွေမတူဘူး။အနာဂတ်အမြင်တွေ မတူဘူး။​မဟာဗျူဟာတွေမတူဘူး။​ အရေးအကြီးဆုံးကကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။ တခြားသူတစ်ယောက် လုပ်နေတဲ့ကိုယ့်အတွက် အဓိပ္ပာယ်မရှိတဲ့အရာကသူ့အတွက် တည်ဆောက်နေတဲ့Puzzle ထဲက တစ်စိတ်တစ်ပိုင်းလဲဖြစ်နိုင်တယ်။ Phyo Paing @ Derek

အမှားလုပ်ချင် လူတိုင်းစကားနားထောင်။ Read More »

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။

ပေးတာက ကံယူနိုင်တာက ဥာဏ်။ကံဘယ်လောက်ရှိရှိဥာဏ်မရှိရင်ပေးလိုက်တာကိုယူနိုင်မှာ မဟုတ်ဘူး။ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ ရွှေသီးတဲ့ မြေကြီးပေါ်နေလဲဥာဏ်မရှိရင် တူးပြီးသန့်စင်တတ်မှာမဟုတ်ဘူး။ Phyo Paing @ Derek

ကံရှိ ဥာဏ်မရှိတိုင်းမွဲ။ Read More »

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်

အောင်မြင်တဲ့သူတွေကသူတို့အရမ်းတော်လို့တစ်ခုတည်းမဟုတ်ဘူး။သူတို့ကို ဘေးက ကူညီပေးချင်တဲ့သူတွေရှိလို့။အထောက်အပံ့ပေါ့။ဒါကြောင့် ပေါင်းသင်းတတ်ဖို့၊ပြောဆိုတတ်ဖို့၊လူလုပ်နည်းတတ်ဖို့ အရေးကြီးတယ်။ဟောင်ကောင်သူဌေးကြီးလီကာရှင်းက“စီးပွါးရေးလုပ်နည်းထက်လူလုပ်နည်းပိုအရေးကြီးတယ်” တဲ့။做人比做事重要 တဲ့။ Phyo Paing @ Derek

စီးပွါးရေးလုပ်နည်းထက်
လူလုပ်နည်းပိုအရေးကြီးတယ်
Read More »

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။

အတိတ်ကံကကျင်လည်ရမည့် ပတ်ဝန်းကျင်ကိုသတ်မှတ်ပေးတယ်။ ပစ္စုပ္ပန်ကံကဒီပတ်ဝန်းကျင်မှာ ဘယ်လိုရှင်သန်မလဲသတ်မှတ်ပေးတယ်။ လက်ရှိရဲ့ ပစ္စုပ္ပန်က ခဏနေရင် အတိတ်ဖြစ်တယ်။ ဒီတော့ ပစ္စုပ္ပန်ရဲ့ ရွေးချယ်မှုတိုင်းက အတိတ်ကံဖြစ်သွားတယ်။ လူတွေရဲ့ဘဝတွေကွာတာ ပစ္စုပ္ပန်ရွေးချယ်မှုတွေ ကွာလို့ဖြစ်တယ်။ ဘာကို အာရုံစိုက်မယ်။ဘယ်လိုတွေးမယ်။ဘယ်သူနဲ့တွေ့မယ်။ဘယ်အချိန်မှာဘယ်အရာကို လုပ်ဆောင်မယ်။ ဒီရွေးချယ်မှုတွေကြောင့် ဘဝတွေ ကွာသွားကြတယ်။ တော်တဲ့သူတွေနဲ့ တွေ့ဖန်များရင်တော်လာဖို့ အလားအလာများတယ်။ဘူကောင်တွေနဲ့ တွေ့ဖန်များတဲ့အခါဘူလာဖို့ အလားအလာများတယ်။ အတိတ်ကံကောင်းဖို့ပစ္စုပ္ပန်ကံသုံးပါးကာယကံဝဇီကံမနောကံကို ဂရုပြုဖို့လိုနိုင်တယ်။ Phyo Paing @ Derek

ဒီရွေးချယ်မှုတွေကြောင့်
ဘဝတွေ ကွာသွားကြတယ်။
Read More »

အာရုံတွေ လာမနောက်ပါနဲ့။

“အ” သုံးလုံးတွေကွာလို့ ဘဝတွေ ကွာကြတယ်။ အာရုံပြုတဲ့အရာပေါ်မူတည်ပြီးအတွေးဖြစ်တယ်။ အတွေးပေေါ်မူတည်ပြီး အလုပ်ဖြစ်တယ်။ လုပ်ရပ်ပေါ်မူတည်ပြီးရလဒ်တွေကွာတယ်။ အာရုံ၊ အတွေး၊ အလုပ်ဒီ “အ” သုံးလုံးကြောင့်ဘဝတွေ ကွာသွားတယ်။ Phyo Paing @ Derek

အာရုံတွေ လာမနောက်ပါနဲ့။ Read More »

ဓမ္မရေအေး Dhamma လိုတယ်။

ဘဝကို ဒရာမာ Drama နဲ့ဖြတ်သန်းလို့ဝရင် ဓမ္မ Dhamma နဲ့ဖြတ်သန်း။ ဒရာမာ Drama များရင်ထရာမာ Trauma များတယ်။ ဒဏ်ရာတွေကို ကုစားဖို့ဓမ္မရေအေး Dhamma လိုတယ်။ Phyo Paing @ Derek

ဓမ္မရေအေး Dhamma လိုတယ်။ Read More »