Dr. Phyo Paing

https://yec.company

တစ်ရက်တာအတွက် goal-setting.

ရည်မှန်းချက်ပန်းတိုင် အကြီးကြီးတွေခဏမေ့ထားလိုက်။တစ်ရက်တာကိုဘယ်သူတွေနဲ့၊ဘယ်မှာ၊ဘာတွေလုပ်၊ဘယ်လောက်ငွေဝင်ပြီးဘယ်လို ဖြတ်သန်းချင်သလဲ။​နေ့စဉ်လုပ်နေတဲ့ ရည်မှန်းချက်ပန်းတိုင်ကိုပဲမြင့်သွားတာ ကောင်းတဲ့အချက်တစ်ခုဖြစ်နိုင်တယ်လို့ထင်တယ်။ ၂၀၂၅၊ ၂၀၂၆၊ ၂၀၂၇အသက်ရှင်နေသေးရင်နောက်လာမည့်နှစ်တွေကိုကိုယ့်ရဲ့တစ်ရက်တာဖြတ်သန်းချင်တဲ့ပုံစံကိုနှစ်အလိုက်၊ လအလိုက် စီမံထားလို့ရနိုင်တယ်။ ဒါက ဒီနောက်ပိုင်းကျင့်သုံးဖြစ်တဲ့တစ်ရက်တာအတွက် goal-setting. Phyo Paing @ Derek

တစ်ရက်တာအတွက် goal-setting. Read More »

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေအရေးကြီးတယ်။လူတော်၊ လူကောင်းတွေနဲ့ဝန်းရံထားရင်ကိုယ့်ကိုကိုယ်ထားတဲ့စံနှုန်းတွေမြင့်လာမယ်။မမြင်သေးတဲ့ အခွင့်အလမ်းတွေမြင်စေတယ်။တိုးတက်မှုကိုအရှိန်မြင့်တင်ပေးနိုင်တယ်။ယုံံကြည်မှုတွေအပေါ်သက်ရောက်မှုရှိတယ်။ကိုယ့်အားသာချက်၊ အားနည်းချက်၊တန်ဖိုးထားမှု၊ အမူအကျင့်တွေကိုပြန်ပြီးမြင်စေတယ်။Choose your own tribe. Phyo Paing @ Derek

ကိုယ်နဲ့နေ့စဉ်တွေ့တဲ့သူတွေ
အရေးကြီးတယ်။
Read More »

အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။

အိမ်မက်တွေအကောင်အထည်ပေါ်မှမပျော်နဲ့။ အိမ်မက်တွေဖြစ်လာမှ မငြိမ်းချမ်းနဲ့။ ပျက်နေတာတွေ အကုန်ပြင်ပြီးမှစိတ်အေးချမ်းမယ်လို့မစဉ်းစားနဲ့။ နေ့စဉ် အသက်ရှင်နေတာအံ့ဖွယ်တစ်ခုလို့စဉ်းစားကြည့်။ ဆရာတော် Thich Nhat Hanh ပြောသလိုရေပေါ်မှာလမ်းလျှောက်မှမဟုတ်ဘူးမြေပေါ်မှာ လမ်းလျှောက်နေနိုင်တာကလဲအံ့ဖွယ် miracle တစ်ခုပဲ။ ဘဝမှာ ကိုယ့်နှလုံးသားထဲကအသံနဲ့လူရဲ့အတွေး၊ အကြံ၊ အလုပ်တွေတစ်သားတည်းကျပြီး အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။ ဒါမှ အသက်ရှင်ပြီး အသက်ဝင်နေမှာ။ Phyo Paing @ Derek

အထာကျကျဖြတ်သန်းနိုင်တဲ့ flow လိုတယ်။ Read More »

တစ်ခုခုကို သေချာနားလည်သွားတဲ့အခါ
အမြင်တွေရှင်းသွားတယ်။
ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။

ဒီနေ့ရဲ့ရည်ရွယ်ချက်က ဒီတစ်နေ့ကို အကောင်းဆုံးဖြစ်အောင်ဖြတ်သန်းဖို့ပဲ။ မနက်ဖြန်တွေက မရောက်သေးဘူး။မနေ့က ပြီးသွားပြီ။ ကိုယ့်ရဲ့အကောင်းဆုံးဗားရှင်းတည်ဆောက်ဖို့ဒီနေ့ပဲရှိတာ။ ကိုယ့်ကိုကိုယ် ပိုနားလည်လာလား။ လူတွေကို ပိုနားလည်လာလား။ ကိုယ့်အလုပ်နဲ့ပတ်သက်လို့ ပိုနားလည်လာလား။ လောကအကြောင်းပိုနားလည်လာလား။ တိုးတက်မှုတွေထဲမှာ နားလည်သဘောပေါက်မှုကအခရာတော်တော်ကျတယ်။ လုပ်သင့်ပြီး မလုပ်ဖြစ်တာ သေချာနားမလည်သေးလို့။ တစ်ခုခုကို သေချာနားလည်သွားတဲ့အခါအမြင်တွေရှင်းသွားတယ်။ ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။ Phyo Paing @ Derek

တစ်ခုခုကို သေချာနားလည်သွားတဲ့အခါ
အမြင်တွေရှင်းသွားတယ်။
ရှင်းလင်းသွားရင် ဘာလုပ်ရမလဲသိသွားတယ်။
Read More »

အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီး
ဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။

အဖြစ်အပျက်တွေက ကိုယ်ဖြစ်စေချင်သလိုမဖြစ်လာတဲ့အခါ စိတ်မညစ်လိုက်ပါနဲ့။ ကိုယ့်မိဘ၊ သားသမီး၊ ချစ်သူရည်းစားလင်မယား၊အဖြစ်အပျက်၊ ဘဝဖြတ်သန်းခဲ့မှု။ ဒါတွေအကုန်လုံးမှာ ကြီးမားတဲ့နောက်ကွယ်က အဓိပ္ပာယ်တွေရှိတတ်တယ်။ လူတိုင်းကတော့ အကောင်းဆုံးတွေပဲဖြစ်စေချင်ကြတာပဲ။တခါတလေ ကိုယ်ထင်ထားတဲ့အကောင်းဆုံးထက်အကောင်းဆုံးဖြစ်အောင် စီစဉ်ထားတာမျိုးဖြစ်တတ်တယ်။ ဥပမာ ကိုယ့်ကိုစိတ်ဒုက္ခပေးတတ်တဲ့အနီးဆုံးသူတွေဆီက သာမန်ထက်နက်နဲတဲ့အသိရတတ်သလိုမျိုး။ တချို့အရာတွေက ကိုယ်လိုချင်တာမရတဲ့အခါပိုကောင်းတာမျိုးရလာတတ်တယ်။ ဒီလိုကြုံဖူးလားမသိဘူး။ငယ်ငယ်က ကိုယ်အရမ်းလိုချင်တဲ့အရာတစ်ခုရူးရူးသွပ်သွပ်လိုချင်တယ်။မရခဲ့ဘူး။ယူကြုံးမရဖြစ်တယ်။နောက် သူ့ထက်ပိုကောင်းတဲ့အရာတွေရလာတယ်။တချို့သူတွေကြုံဖူးလိမ့်မယ်။ လိုချင်တာမရရင်ပိုကောင်းတာရလာတတ်တယ်။အရာရာပိုကောင်းဖို့ ဖြစ်လာတာပါလို့နှလုံးသွင်းကြည့်ရင်အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီးဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။ Phyo Paing @ Derek

အဖြစ်အပျက်တွေကို လက်ခံတတ်လာပြီး
ဘဝရှေ့ဆက်ရတာ ပိုအေးချမ်းလာနိုင်တယ်။
Read More »

ကိုယ်လိုချင်တာသေချာသိဖို့
self-awareness လိုတယ်။

နာမည်ကြီးလူသိများတာကကျော်ကြားတာ။ငွေကြေးများများပိုင်ဆိုင်တာကချမ်းသာတာ။သမီးရည်းစားလင်မယားရှေ့သွားနောက်လောက်ညီတာကအိမ်ထောင်ရေးသာယာတာ။ လူတွေက ကိုယ်လိုချင်တာရတာကိုအောင်မြင်တယ်လို့သတ်မှတ်ကြတယ်။ ကိုယ်လိုချင်တာနဲ့တခြားသူလိုချင်တာ တူချင််မှတူလိမ့်မယ်။​ ကိုယ်လိုချင်တာသေချာသိဖို့self-awareness လိုတယ်။မဟုတ်ရင် လူအများလိုချင်တာကိုကိုယ်လိုချင်တယ်လို့ပဲထင်နေတတ်တယ်။ ကျော်ကြားပြီး ကိုယ့်ကိုကိုယ်သတ်သေသွားတဲ့အနုပညာရှင်တွေတွေ့ဖူးလိမ့်မယ်။ငွေကြေးတွေကျိကျိတတ်ချမ်းသာပြီးမပျော်တဲ့သူတွေအများကြီးတွေ့ဖူးလိမ့်မယ်။ ကိုယ်လိုချင်တာရဖို့ကိုယ်ဘာလိုချင်လဲသိအောင်ကိုယ့်ကိုကိုယ်အရင်နားလည်အောင်လေ့လာဖို့လိုလာတယ်။ ဒီလိုနားလည်ဖို့ ဘဝရဲ့ဖြတ်သန်းမှု၊တုန့်ပြန်မှု၊ စဥ်းစားတဲ့ပုံ၊လုပ်ဆောင်လေ့ရှိတဲ့ပုံစံ၊ကိုယ်ရည်ကိုယ်သွေး၊အတွေး၊ အကြံ၊ အလုပ်တွေကိုလေ့လာမှုတွေပြုကြရတယ်။ မေးဖွားခြင်းနဲ့ သေဆုံးခြင်းကြားဖြစ်စဥ်ကို ဘဝလို့ခေါ်တယ်။ဒီကြားမှာ ပိုကောင်းတဲ့ဘဝကိုနေထိုင်ဖို့ ကိုယ့်ကိုကိုယ်နားလည်ဖို့လိုတယ်။ကိုယ့်ရဲ့ အတွေး၊ အကြံအစည်၊ အလုပ်ဒါတွေကိုနားလည်လာရင်ပိုတိုးတက်အောင်လုပ်ဆောင်လို့ရတယ်။အတွေး၊ အကြံ၊ အလုပ်ပိုကောင်းလာလေလေရလဒ်ပိုကောင်းလာလေလေ။ရလဒ်ကောင်းလာလေလေ၊ဘဝရဲ့အရည်အသွေးပိုကောင်းလာလေလေ။ တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့မရဘူး။တချို့အရာတွေကို တိုက်ရိုက်ထိန်းချုပ်လို့ရတယ်။ကိုယ်ဘယ်လိုတွေးမယ်၊ဘယ်လိုကြံစည်မယ်၊ဘယ်လိုတုန့်ပြန်မယ်ဒါတွေကို ထိန်းချုပ်လို့ရတယ်။ Phyo Paing @ Derek

ကိုယ်လိုချင်တာသေချာသိဖို့
self-awareness လိုတယ်။
Read More »

သိက္ခာရှိဖို့ တာဝန်ယူရမယ်။

ဘဝရဲ့ အဓိပ္ပာယ်ဖွင့်ဆိုမှုတစ်ခုကသိက္ခာရှိတဲ့သူဖြစ်ဖို့ပါပဲ။သိက္ခာရှိဖို့ တာဝန်ယူရမယ်။ကိုယ့်မိဘကို၊ကိုယ့်သားသမီးကို၊ကိုယ့်ချစ်သူရည်းစားလင်မယားကို။ကိုယ့်ဝန်ထမ်း၊ကိုယ့်အမျိုးအတွက်၊ကိုယ့်ရပ်ရွာအတွက်၊ကိုယ့်လူမျိိုးအတွက်၊ကိုယ့်နိုင်ငံအတွက်။ လူမျိုးနဲ့ နိုင်ငံအဆင့်မရောက်သေးပေမယ့်တတ်နိုင်သလောက်တော့တာဝန်ယူနိုင်အောင်ကြိုးစားနေပါတယ်။ လောကီရေးရာအတွက်ဗုဒ္ဓရဲ့အဆုံးအမဖြစ်တဲ့ဘဝဆိုတာ ဒုက်ခဆိုတဲ့အဓိပ္ပာယ်ဖွင့်မှုအပြင်ကွန်ဖြူးရှပ်ရဲ့ ဘဝဆိုတာသိက္ခာရှိဖို့ဆိုတဲ့ တန်ဖိုးထားမှုနဲ့မိဘ၊ သားသမီး၊ ဝန်ထမ်း၊ အမျိုးကစလို့ပိုပိုပြီး တာဝန်ယူနိုင်ဖို့ဘဝကိုနေထိုင်ကြည့်ဖို့ ကြိုးစားနေပါတယ်။ Phyo Paing @ Derek

သိက္ခာရှိဖို့ တာဝန်ယူရမယ်။ Read More »

ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေ
အများကြီးစဥ်းစားရအုံးမယ်။

ဘဝကို အကြည်ဓာတ်အပြည့်နဲ့ပဲဖြတ်သန်းချင်တယ်။ အဲ့လိုဖြစ်အောင်လဲအလုပ်၊ စီးပွား၊ ဘဝ အကုန်လုံးကိုဒီဇိုင်းလုပ်ထားတယ်။ နေ့တိုင်းကိုယ်မလုပ်ရမနေနိုင်တဲ့အလုပ်တွေကိုလုပ်တယ်။ တော်၊ ပျော်၊ ပွား၊ ပေး။ နေ့စဥ် ပိုတော်ရမယ်။ (သီလပါရမီ) ပိုပျော်ရမယ်။ (သုခ) ဝင်ငွေ ပိုတိုးပွားရမယ်။ (ဓန)ပိုမျှဝေပေးနိုင်ရမယ်။ (ဒါန)ဒီလေးခုကို နေ့စဥ်ဖြည့်တယ်။ လူတိုင်းက ကိုယ့်လိုတွေးမှာမဟုတ်ဘူး။လူတိုင်းကလဲ မတူဘူး။ ကိုယ်လျှောက်တဲ့လမ်းမှာကိုယ်တွေးတဲ့ ဘဝရဲ့ ဒဿနဲ့၊ကိုယ့်လမ်းခရီမှာ ဖြေရှင်းခဲ့တဲ့ပြဿနာ၊အဖြေတွေကို မျှဝေတယ်။ လမ်းချင်းတူတဲ့လူတွေလူချင်းတွေ့ကြတယ်။ လုပ်ငန်းတစ်ခုဖြစ်လာတယ်။ ဘဝကို အကြည်ဓာတ်ပျက်မည့်အလုပ်အကုန်လုံးရှောင်တယ်။ ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေအများကြီးစဥ်းစားရအုံးမယ်။ Phyo Paing @ Derek

ဦးနှောက်က အရေးကြီးတဲ့အလုပ်တွေ
အများကြီးစဥ်းစားရအုံးမယ်။
Read More »

ငြိမ်းချမ်းချင်ရင်
No Thinking, Just Being
မတွေးနဲ့၊ မဖြစ်ချင်နဲ့၊ မလုပ်နဲ့။

ပျော်ဖို့အတွက် အာရုံခြောက်ပါးကိုနှိုးဆွလို့ရတယ်။ မြင်ချင်တာမြင်ရင်ပျော်တယ်။ကြားချင်တာကြားရင်ပျော်တယ်။ရချင်တဲ့အနံ့ရရင်ပျော်တယ်။စားချင်တဲ့အရသာ စားရရင်ပျော်တယ်။လိုချင်တဲ့အထိအတွေ့ရရင်ပျော်တယ်။ တွေးချင်တဲ့အတွေးတွေးနေရရင်ပျော်တယ်။ မမြင်ချင်ရင် မျက်စိမှိတ်လို့ရတယ်။မကြားချင်ရင် နားပိတ်လို့ရတယ်။အနံ့မရချင်ရင် နေရာပြောင်းလို့ရတယ်။ဗိုက်ပြည့်ရင် အရသာကောင်းလဲမစားချင်တော့အောင်လုပ်လို့ရတယ်။လိုချင်တဲ့အထိအတွေ့ကိုလဲ ရှောင်လို့ရတယ်။ လူတွေက မတွေးဘဲနဲ့မနေနိုင်ဘူး။ မတွေးဘဲနေလို့ရတဲ့အခြေအနေတွေရှိတယ်။နစ်နစ်ချိုက်ချိုက် အိပ်မောကျရင်လဲမတွေးတော့ဘူး။ သတိလစ်သွားလို့ အသိမရှိရင်လဲမတွေးတော့ဘူး။ အလုပ်ထဲစျာန်ဝင်သွားရင်တော့တခြားအတွေးတော့မရှိတော့ဘူး။အလုပ်ထဲအာရုံစိုက်တာတော့ရှိတယ်။ သေချာလေ့ကျင့်ထားပြီးတရားထိုင်လို့ စျာန်ဝင်ရင်တော့အတွေးမရှိတော့ဘူး။ အတွေးထဲက မြင်တာတွေပျောက်၊ကြားတာတွေပျောက်၊ခံစားရတာတွေပျောက်၊ Pure awareness level ရောက်သွားကြတယ်။ ဦးနှောက်ရဲ့ လှိုင်းတွေနှေးသွားတယ်။ဂါမာလှိုင်းတွေတက်လာတယ်။ ပျော်ချင်ရင် အာရုံခြောက်ပါးကိုနှိုးဆွ။ငြိမ်းချမ်းချင်ရင် No Thinking, Just Beingမတွေးနဲ့၊ မဖြစ်ချင်နဲ့၊ မလုပ်နဲ့။ဒီအတိုင်းလေး နေကြည့်။ Phyo Paing @ Derek

ငြိမ်းချမ်းချင်ရင်
No Thinking, Just Being
မတွေးနဲ့၊ မဖြစ်ချင်နဲ့၊ မလုပ်နဲ့။
Read More »