ဘဝမှာအရေးအကြီးဆုံးက
ကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။
ဘဝမှာအရေးအကြီးဆုံးကကိုယ့်ဘဝကိုယ်ကျေနပ်ဖို့။ ဒီနေ့ခေတ်လူတွေကစိတ််မထားတတ်ရင်ကျေနပ်တာတွေနည်းလာမယ်။ အဘိုး၊ အဖေခေတ်ကလူမှုကွန်ယက်မရှိတော့ကိုယ်နဲ့အနီးတစ်ဝိုက်ကလူတွေအကြောင်းပဲသိတယ်။ ဒီနေ့ခေတ် လူမှုကွန်ယက်ခေတ်မှာနေရာစုံကလူတွေအကြောင်းသိတယ်။ လူတွေရဲ့ဦးနှောက်ရဲ့အလိုအလျောက်လုပ်ဆောင်မှုမရ နှိုင်းယှဥ်တတ်ကြတယ်။ တချို့က နှိုင်းယှဥ်ကြည့်ပြီးငါဘာတွေ ထပ်လုပ်လို့ရသေးလဲသိလာတယ်။တက်ကြွလာတယ်။ တချို့က နှိုင်းယှဥ်ကြည့်ပြီးငါ့ဘဝက ဘာမှလဲစိတ်ဝင်စားစရာမကောင်းဘူး။အမြဲနောက်ကျနေတယ်လို့ခံစားရတယ်။စိတ်ဓာတ်ကျလာတယ်။ အဓိကအချက်ကတော့အခြေအနေတစ်ခုကိုကိုယ်ဘယ်လို အဓိပ္ပာယ်ဖွင့်ဆိုသလဲ၊ဘယ်လိုအသုံးချသလဲကဘဝအတွက် အင်မတန်အရေးကြီးတယ်။ Phyo Paing @ Derek
