Dr. Phyo Paing

https://yec.company

သင်ကိုယ်တိုင်သည် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။

ဒီနေ့ခေတ်မှာ Branding အလွန်အရေးကြီးတယ်။Brand ဆိုတာ အကြမ်းဖျင်း Promise “ကတိ” လို့မှတ်လို့တယ်။ (ဥပမာ မနေ့ညက Apple Developer Conference လုပ်တယ်။ MacPro ထွက်တယ်။ $5999 တဲ့။ Apple လို့ပြောလိုက်တာနဲ့ စျေးကြီးမယ်။ Design ကောင်းမယ်။ သပ်ရပ်မယ်။ လှုံခြုံမယ်။ Xiaomi = ပေါချောင်ကောင်းမယ်။) Branding ကို ကုန်ကျစရိတ် သက်သက်သာသာနဲ့လုပ်ချင်ရင် Personal Branding လုပ်ပါ။ အများစုက ငါကဘာကောင်မှ မဟုတ်သေးတာPersonal Branding လုပ်လို့အဆင်ပြေမလား? သင့်နာမည်က Personal Brand ပါ။ သင့် Brand မှာ ကိုယ်ရည်ကိုယ်သွေးရှိပါတယ်။ ဒီ ကိုယ်ရည်ကိုယ်သွေးဟာ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ လူအများစုကိုဆွဲဆောင်တာ ဒီ ကိုယ်ရည်ကိုယ်သွေးပါ။ Personal […]

သင်ကိုယ်တိုင်သည် အမှတ်တံဆိပ်တစ်ခုဖြစ်သည်။ Read More »

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက်

Introduction နာမည်ပေးဖြစ်တဲ့အကြောင်းရင်းကျွန်တော့်ကိုသိတဲ့သူတိုင်း ခင်ဖို့ကောင်းပြီး ကူညီတတ်တာကိုသိကြပါတယ်။ ဒီ Page စဖွင့်တုန်းက Dr. ဆိုတာကို တပ်သင့်မတပ်သင့်စဉ်းစားကြည့်တယ်။ နောက်ပိုင်း ကိုယ်ဝါသနာမပါတဲ့ ဘာသာရပ်တစ်ခုကို မိဘတွေရဲ့ childhood dream ကိုအကောင်ထည်ဖော်ပေးနိုင်ခဲ့တဲ့အတွက် တပ်လိုက်တယ်။ ကျွန်တော့်အဖေနဲ့ အဒေါ်လက်ထက်က FRC ဖြစ်တဲ့အတွက် ဆေးကျောင်းတက်နိုင်တဲ့ အမှတ်ရပေမယ့် ကျောင်းတက်ခွင့်မရခဲ့ဘူး။ အမေက ကျောင်းဆရာမဖြစ်ပေမယ့် အဖိုး FRC ဖြစ်တဲ့အတွက် SAT အထက်တန်းပြမဖြစ်ခဲ့ဘူး။ ဒါကြောင့်သူတို့ဟာ ညီအစ်ကိုနှစ်ယောက်ကို ဆရာဝန်ဖြစ်စေချင်ခဲ့တယ်။ ကျောင်းပြီးတော့ ဘဝရဲ့ရည်မှန်းချက်ပန်းတိုင်ကို ပြန်စဉ်းစားကြည့်တော့ စီးပွားရေးလုပ်ငန်းတွေကိုစိတ်ဝင်စားသလို၊ စာသင်ရတာစိတ်ဝင်စားတဲ့အတွက် Marketing & Business Trainer & Consultant စလုပ်ခဲ့တယ်။ နောက်ပိုင်း Social Media အသုံးပြုပြီး Y.E.C Learning Center ကိုတည်ဆောက်ခဲ့တယ်။

Social Media မှာ Personal Branding ပြုလုပ်တဲ့နေရာမှာ သိသင့်တဲ့ အချက် ၉ ချက် Read More »

ကိုယ်လုပ်တဲ့အလုပ်ကို အထင်မသေးပါနဲ့။

ဟိုနေ့က New Zealand မှာ အလုပ်လုပ်နေတဲ့ ညီလေးနဲ့. ပြောဖြစ်တယ်။ Coach ယူတာ။ သူဟိုးအရင်က ပန်းကန်ဆေးတယ်။ ဒါပေမယ့် Chef တွေ train လုပ်တာကောင်းတော့ ကိုယ့်ကိုကိုယ်ယုံကြည်မှုအရမ်းရှိပြီး I am the best dish washer in the world လို့တောင်ယုံကြည်တယ်လို့ပြောတယ်။ ဘာအလုပ်လုပ်နေနေ ကိုယ့်အလုပ်ကိုကိုယ် ဂုဏ်ယူဖို့ အရေးကြီးပါတယ်။ ဂျွန် F ကနေဒီ လက်ထက်က NASA မှာ အိမ်သာဆေးသမားက ကျွန်တော် အိမ်သာဆေးနေတာမဟုတ်ဘူး၊ လူ လကမ္ဘာရောက်ဖို့ ကူညီပေးနေတာတဲ့။ Phyo Paing @ Derek

ကိုယ်လုပ်တဲ့အလုပ်ကို အထင်မသေးပါနဲ့။ Read More »

SME လုပ်ငန်းရှင်တွေ Marketing Professional တစ်ယောက်ရှာရင် သိထားဖို့ A ကနေ I ထိ။

ဒီနေ့လို အပြောင်းလဲမြန်တဲ့ခေတ်မှာ SME လုပ်ငန်းတွေမှာ Guerrilla Marketer တစ်ယောက်လိုတယ်လို့မြင်တယ်။ Marketing Budget သတ်မှတ်ပေးလိုက်။ Agreed Goal သတ်မှတ်ပေးလိုက်။ ကျန်တာသူ Brainstrom လုပ်ရမယ်။ လုပ်ငန်းတွေမှာ အဓိကကျတဲ့အချက်တွေရှိတယ်။ ABCDEFGHI လို့မှတ်လို့ရတယ်။ 1. Aggressiveness လုပ်ငန်းတစ်ခုရဲ့ Marketing department က ဘယ်လောက် တုံးတိုက်တိုက်ကျားကိုက်ကိုက်လုပ်သလဲ? 2. Behavior ကိုယ့်ရဲ့အပြုအမူတိုင်းဟာ Marketing လို့နားလည်သလား? ဥပမာဗျာ Everything you do is marketing. 3. Consistency လုပ်ချင်တဲ့အချိန်မှ ထလုပ်လို့မရဘူး။ အမြဲတစေ consistent ဖြစ်ဖြစ်လုပ်ဆောင်သွားရမယ်။ ကောက်ရိုးမီးမရဘူး။ Social Media မှာ Post တင်တယ်ဆိုပါတော့ တင်ချင်မှထတင်လို့မရဘူး။ တစ်ရက်တစ်ခုတင်မယ်ဆို အမြဲတင်နိုင်ရမယ်။

SME လုပ်ငန်းရှင်တွေ Marketing Professional တစ်ယောက်ရှာရင် သိထားဖို့ A ကနေ I ထိ။ Read More »

Coaching လိုအပ်နေပြီလား?

ဘောလုံးသမားတစ်ယောက်သည် ဘယ်လောက်တော်သည်ဖြစ်စေ၊ နည်းပြလိုအပ်ပါသည်။ အကြောင်းကတော့ နည်းပြတစ်ယောက်သည် ဘေးလူအမြင်ဖြင့် အကောင်းဆုံးအကြံပေးနည်းလမ်းပြနိုင်သောကြောင့်ဖြစ်သည်။ ထို့ကြောင့် Golf လောကမှာ ချန်ပီယံတွေဖြစ်တဲ့ Tiger Woods မှာလည်း Coach ရှိကြသည်။ မိမိကိုယ်တိုင် Coach တစ်ယောက်လိုအပ်နေပြီဆိုတာ သိနိုင်တဲ့အချက်တွေကတော့ 1. ရှေ့ဆက်ရမည့်လမ်းမသေချာမရေရာဖြစ်နေပြီ။ 2. လုပ်ငန်းကြီးထွားမှုနှုန်းရပ်တန့်နေပြီ။ 3. လုပ်ငန်းအတွက် ယုံကြည်စိတ်ချရတဲ့တိုင်ပင်ဖော်လိုအပ်နေပြီ။4. စနစ်တကျ အလုပ်လုပ်ဖို့အတွက် System ချထားတဲ့ နည်းစနစ်တွေလိုအပ်နေပြီ။ 5. ကိုယ့်ရဲ့ရည်မှန်းချက်ပန်းတိုင်ကို အမြန်ဆုံးအကောင်အထည်ဖော်ချင်ပြီဆိုရင်။ 6. သင်ဟာ အချိန်ဆွဲတတ်တဲ့ သူတစ်ယောက်ဆိုရင် ဖြင့် မိတ်ဆွေ Coach လိုအပ်နေပါပြီ။ #gmc#sapwar

Coaching လိုအပ်နေပြီလား? Read More »

ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။

အမှန်တော့ Plan ဆွဲတယ်ဆိုတာ ရည်မှန်းချက်ပန်းတိုင်ကို ရောက်ဖို့ဆိုတာ သိဖို့လိုပါတယ်။ Marketing Plan လည်းအလားတူပါပဲ။ ရည်မှန်းချက်ပန်းတိုင်ရောက်ဖို့ marketing activities တွေကို co-ordinate လုပ်ရပါတယ်။ တကယ်လို့ ကိုယ်က Company အတွက် Marketing Plan ဆွဲတယ်ဆို တခြား department တွေနဲ့တွဲအလုပ်လုပ်ရပြီ၊ Senior Management ကိုတင်ပြရပြီ။ ဒါကြောင့် အလွယ်ကူဆုံး ကျွန်တော် ကျောင်းသားဘဝက မှတ်ထားတဲ့ frame လေးနဲ့ပြသွားပါမယ်။ Marketing Plan ရေးနည်းမျိုးစုံရှိပါတယ်။ စာအုပ်အမျိုးမျိုးမှာ Format အမျိုးမျိုးနဲ့ပြောသလို၊ကိုယ့်လုပ်ငန်းအပေါ်မူတည်ပြီး အပြောင်းအလဲရှိနိုင်ပါတယ်။ တကယ်လို့ ကိုယ်က SME လုပ်ငန်းပိုင်ရှင်ဆို Who, What, When လို မျိုး questions နဲ့တင် marketing plan

ဒီတလော Marketing Plan ကို ဘယ်လိုဆွဲမလဲ၊ Business Plan ကို ဘယ်လို ဆွဲမလဲမေးကြတယ်။
Read More »

Marketing ဆိုတာ

မားကတ်တင်းမှာ အရေးကြီးတာ မဟာဗျူဟာလို့ထင်ကြတယ်။ မှန်တယ်။ သူ့ထက်ပိုအရေးကြီးတာ ဦးဆောင်တဲ့သူရဲ့ Marketing aggressiveness ဖြစ်တယ်။ Marketing ဆိုတာ ကြော်ငြာတာ တစ်ခုတည်းကိုပဲ မဆိုလိုဘူး။ Customer-centric ဖြစ်တာ။တနည်း ဖောက်သည်အပေါ်ထားတဲ့ စေတနာ၊ ဝါသနာ၊ ကိုယ်ချင်းစာစိတ် ဒီသုံးခုက customer-centric ဖြစ်မှထားနိုင်တာ။Product-centric တို့ Profit-centric တို့ လုပ်နိုင်မှာမဟုတ်ဘူး။ ဖောက်သည်တွေကို ချစ်ပါ။ ချစ်ရင် အပြစ်မမြင်တော့ဘူး။ ဖောက်သည်တွေကို မချစ်တာကြာရင်၊ ဖောက်သည်တွေကလည်း သင့်ကိုမချစ်တော့ဘူး။သင့်ထက်ပိုချက်တဲ့နေရာကို သွားမယ်။Profit ဆိုတာ ရလဒ်တွေကိုပြနေတယ်။ Don’t fall in love with your products.Fall in love with your customers. တဲ့။ If you agree, comment

Marketing ဆိုတာ Read More »

Limiting Belief

ကန့်သတ်တွေးလို့ခေါ်တဲ့ limiting belief တွေဟာ လူတွေရဲ့ အစွမ်းအစကို ကျစေတယ်။ ဥပမာ လူတစ်ယောက်က ငါကတော့ နိုင်ငံခြားမှာ ကျောင်းမတတ်ဖူးလို့မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ နိုင်ငံခြားမှာ အလုပ်မလုပ်ဖူးတဲ့အတွက် မအောင်မြင်နိုင်ဘူးတို့၊ ငါကတော့ဘယ်နိုင်ငံမှာနေလို့ မအောင်မြင်နိုင်ဘူးတို့လို အတွေးတွေဟာ ကန့်သတ်တွေးတွေဖြစ်တယ်။ ဒီအတွေးတွေက လူတွေရဲ့ အနာဂတ်ကို ပိတ်စေတယ်။ Jews တွေကြားထဲနေတဲ့ Arab ဖြစ်တဲ့ Nas လဲ Nas Daily နဲ့ အောင်မြင်တာပဲ။ English စကားမတတ်တဲ့ Lei Jun လည်း Xiaomi နဲ့အောင်မြင်အောင်လုပ်နိုင်တာပဲ။ Malaysia Rapper Namewee တောင် တရုတ်ဘာသာနဲ့ သီချင်းဆိုပြီး အရှေ့တောင်အာရှမှာ အောင်မြင်နိုင်သေးတယ်။ နေရာတစ်ခုတည်းကြောင့် အစွမ်းအစ မထွက်ဘူးဆိုတာ Internet ခေတ်မှာ မမှန်ဘူးလို့မြင်တယ်။

Limiting Belief Read More »

Business Plan တစ်ခုရေးဆွဲကြမယ်။

Business Plan ဆိုတာ ကိုယ့်လုပ်ငန်းအတွက် အနာဂတ်အစီအစဉ်များကို ချရေးထားသည့် စာရွက်ဖြစ်သည်။ လုပ်ငန်းပိုင်ဆိုင်မှု၊ စျေးကွက်အကြောင်း၊ ဝန်းထမ်းရေးရာ၊ သွားချင်သည့်လမ်းကြောင်း၊ စျေးကွက်ဖော်ဆောင်မှုအကြောင်း၊ ငွေကြေးအကြောင်းအစရှိသည်တို့ပါဝင်သည်။ Business Plan ဘာကြောင့်ရေးကြသလဲ? ရင်းနှီးမြုပ်နှံမှုရချင်လို့ချေးငွေရချင်လို့ ကိုယ့်လုပ်ငန်းသွားမည့်လမ်းကြောင်းကို စနစ်တကျရေးသားထားဖို့ Business Plan တစ်ခုရေးရင် ဘာတွေအဓိကပါဝင်ရမလဲ? -လုပ်ငန်းအကြောင်း အကြမ်းဖျင်းရေးသားမှု Executive Summary – ရင်းနှီးမြုပ်နှံသူအများစုသည် ဒီအပိုင်းကို အဓိကဖတ်ပြီးမှ ကျန်သည့်အပိုင်းကို ဆက်ဖတ်သည်။ -လုပ်ငန်းအနေဖြင့် အဓိကဖြေရှင်းနေသည့်ပြဿနာ နှင့် လုပ်ငန်းအတွက် အဓိကအောင်မြင်စေမည့် Critical Success Factor (CSF) ကိုရေးရပါသည်။ -ကိုယ့်လုပ်ငန်း၏ Vision, Mission နှင့် Core Values တို့ကို ချရေးပါ။ လုပ်ငန်းပိုင်ဆိုင်မှု အကြောင်း Company Limited

Business Plan တစ်ခုရေးဆွဲကြမယ်။ Read More »