သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါ။
သင့်ဘဝကို ဒုတိယအကြိမ်နေရသလို နေကြည့်ပါတဲ့။ ပထမတစ်ခေါက်မှာ အမှားပေါင်းမျိုးစုံလုပ်ခဲ့ပြီးပြီလို့ယူဆပါတဲ့။ စိတ်ပညာရှင် Victor Franklr ရဲ့ Man’s Search for Meaning ဆိုတဲ့စာအုပ်ထဲကစကားဖြစ်ပါတယ်။ လူတွေရဲ့ ဘဝမှာ ပြဿနာနှစ်ခု အမြဲကြုံရတတ်တယ်။ 1. Money Problem 2. Meaning Problem Money problem ကပိုဆိုးတာပေါ့။ စားစရာမရှိ၊ အကြွေးပေးစရာတွေ၊ နေစရာအိမ်လခ၊ ကလေးအတွက် ဒီပူလောင်မှုအတွက် ငွေကြေးနဲ့ဖြေရှင်းရတယ်။ ကျွန်တော်တို့နိုင်ငံလို ဆင်းရဲတဲ့နိုင်ငံမှာ ဒီပြဿနာပိုများတယ်။ နောက်ပြဿနာတစ်ခုက စားဝတ်နေရေးအဆင်ပြေလည်လာတဲ့အခါ Meaning problem ဖြစ်လာပြီ။ ဘဝရဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်၊ ပျော်ရွင်မှု၊ စိတ်ကျေနပ်မှု အစရှိတာတွေအတွက် ဦးနှောက်အစားအစာလိုတယ်။ ပထမတစ်ခုကိုဖြေရှင်းဖို့ စီးပွားရေးကောင်းတစ်ခုမှာလုပ်နေဖို့ သို့ စီးပွားရေးလုပ်တတ်ဖို့လိုတယ်။ ဒုတိယတစ်ခုကိုဖြေရှင်းဖို့ စိတ်ထားတတ်ဖို့လိုတယ်။ Phyo […]
