ဂရုစိုက်ပါ။
ညစ်ပတ်တဲ့ အဝတ်အစားတွေနဲ့ အဝတ်သန့်တွေရောထားရင်အနံ့တွေ ကူးတတ်သလိုလဲအကောင်းမမြင်တဲ့ အတွေးအခေါ်ရှိသူတွေနဲ့ပေါင်းဖန်များ၊ စကားပြောဖန်များရင်အနံ့တွေကူးတတ်တယ်။ ဂရုစိုက်ပါ။ Phyo Paing @ Derek
ညစ်ပတ်တဲ့ အဝတ်အစားတွေနဲ့ အဝတ်သန့်တွေရောထားရင်အနံ့တွေ ကူးတတ်သလိုလဲအကောင်းမမြင်တဲ့ အတွေးအခေါ်ရှိသူတွေနဲ့ပေါင်းဖန်များ၊ စကားပြောဖန်များရင်အနံ့တွေကူးတတ်တယ်။ ဂရုစိုက်ပါ။ Phyo Paing @ Derek
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါစနစ်လိုပါတယ်။စနစ်ချတဲ့အခါ တချို့အရာတွေကို “No” လို့ရဲရဲပြောဖို့လိုပါတယ်။ ဒီလိုပြောနိုင်ဖို့ သက်ဆိုင်ရာ လုပ်ငန်းစဉ်တိုင်းမှာ 1. Policies လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းချမှတ်ရပါမယ်။ 2. Process ကိုယ့်လုပ်ငန်းရဲ့ လုပ်ငန်းစဉ် workflow ကိုသေချာစနစ်တကျဆွဲရပါမယ်။ 3. Procedure လုပ်ထုံးလုပ်နည်းတွေကို “ချရေး” ဖို့ အထူးလိုအပ်ပါတယ်။ ချရေးရုံနဲ့ ပြီးသွားပြီ ယူဆလို့မရပါ။ ဝန်ထမ်းတိုင်းလိုက်နာကျင့်သုံးဖို့လိုပါတယ်။ ဒါကို စောင့်ကြည့်ပြီး အရေးယူသင့်ရင်ယူဖို့ဆုပေး၊ ဒဏ်ပေးစနစ်လိုပါတယ်။ #AkyanPay
ကိုယ်မပါပဲ လည်ပတ်တဲ့လုပ်ငန်းတည်ဆောက်တဲ့အခါ
စနစ်လိုပါတယ်။ Read More »
Speed reading (စာမြန်မြန်ဖတ်ခြင်း) စာဖတ်တဲ့အခါ အရေးကြီးတဲ့အပိုင်းနှစ်ပိုင်းရှိတယ်။ Comprehension (နားလည်မှု) နဲ့ retention (မှတ်မိမှု) ဖြစ်ပါတယ်။ ဘယ်လောက်နားလည်သလဲ၊ ဘယ်လောက်မှတ်မိသလဲဖြစ်တယ်။ လူအများစုက စာတော့ဖတ်လိုက်တယ်။ ဒါပေမယ့် ဖတ်ပြီးသွားတဲ့အခါ ဘာရေးထားလဲမမှတ်မိတော့တဲ့အတွက် စာဖတ်ခြင်းနဲ့ဝေးလာကြတယ်။ Youtube တို့လို video တွေကြည့်တာပိုခုံမင်လာကြတယ်။ Video ကြည့်လေ့လာတာဟာ infotainment (information + entertainment), technical အပိုင်းတွေလေ့လာတဲ့အခါ၊ အခြေခံ အယူအဆ concept ကိုရှင်းပြတဲ့အခါ audio-visual ရတဲ့အတွက် စာဖတ်ခြင်းလောက်အားမစိုက်ရတဲ့အတွက် လူတော်တော်များများဟာ စာဖတ်တာထက် ပိုလုပ်ဖြစ်ကြတယ်။ ဒါပေမယ့် နက်နက်နဲနဲစဥ်းစားတွေးခေါ်ရတဲ့အပိုင်းအတွက် စာဖတ်ခြင်းကို မဖြစ်မနေလုပ်ရပါတယ်။ ပထမပြောခဲ့တဲ့ စာဖတ်ခြင်းမှာ အရေးကြီးတဲ့ နားလည်ခြင်းနဲ့ မှတ်မိခြင်းအပိုင်းနှစ်ပိုင်းဟာ စာဖတ်သူတချို့ကို အကြီးအကျယ်စိတ်ဒုက္ခရောက်စေပါတယ်။ ဦးနှောက်အလုပ်လုပ်တဲ့ နည်းစနစ်ကိုမသိလေလေ ဒုက္ခကြီးလေလေဖြစ်ပါတယ်။
လုပ်ငန်းကို ကိုယ်မပါပဲ လည်ပတ်ဖို့စနစ်ချတယ်ဆိုတာ အိမ်တစ်အိမ်ဆောက်သလိုပဲ။ကိုယ်ဆောက်မည့်အိမ်ပုံစံကြိုတင်မြင်ထားဖို့လိုတယ်။ဒါကို Vision လို့ခေါ်ပါတယ်။ စကားလုံးအကြီးကြီးနဲ့ ဥပမာပေးရရင်Bill Gates ရဲ့ တချိန်က Vision ကအိမ်တိုင်းအိမ်တိုင်းမှာ computer တစ်လုံးရှိဖို့။ကွန်ပြူတာတိုင်းမှာ သူ့ကုမ္ပဏီထုတ်Microsoft operating system ရှိဖို့ဖြစ်တယ်။ လုပ်ငန်းရှင်မိတ်ဆွေအနေနဲ့ ပြန်စဉ်းစားကြည့်ပါ။ကိုယ့်လုပ်ငန်းအနေနဲ့ ကိုယ်မရှိပဲလည်ပတ်နေတဲ့အချိန်မှာဘယ်လိုဖြစ်နေမလဲ? ကိုယ့်လုပ်ငန်းအနေနဲ့ ရောက်နေမည့်နေရာ။ရှိနေမည့်ဖောက်သည်တွေ။လုပ်ငန်းကို ဦးဆောင်နေသူတွေနဲ့ သူတို့အရည်အချင်း။လည်ပတ်မှုပုံစံ အစရှိတာတွေကို စိတ်ကူးပုံဖော်ကြည့်ပါ။ ဒါကိုတော့ Vision လို့ခေါ်ပါတယ်။ #AkyanPay
ပိတ်ထားရတဲ့လုပ်ငန်းတွေလည်ပတ်သင့်သလောက်မလည်ပတ်တဲ့လုပ်ငန်းတွေအနေနဲ့ operating expenses ကိုကြည့်ပြီး စိတ်ညစ်နေနိုင်တယ်။ တော်တဲ့ဝန်ထမ်းတွေ မထွက်သွားဖို့အတွက်ကလဲလစာပေးထားရတာ၊ မြေနေရာအငှားစရိတ်ပေးထားရတာတွေရှိတဲ့အတွက် ဝန်ထမ်းများလေလေ၊ကုန်ကျစရိတ်ပိုများလေလေဖြစ်ပြီး စိတ်ညစ်နေနိုင်တယ်။ ဝန်ထမ်း ၁၅ ယောက်အောက် လုပ်ငန်းတွေအနေနဲ့ operating expenses cover ဖြစ်ဖို့online က အလွယ်တကူလုပ်လို့ရပေမယ့်ဝန်ထမ်းများတဲ့လုပ်ငန်းတွေမှာတော့ ပြောသလောက်မလွယ်ပါဘူး။ Online က ရောင်းဝယ်ဖောက်ကားလို့ရတဲ့ လုပ်ငန်းတွေအတွက်က ဒီကာလမှာ ကြော်ငြာတွေ အလုပ်အရမ်းဖြစ်တာမျိုးဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ တကယ့် traffic များတဲ့influencer အများစုက ဘာမှ မတင်တဲ့အတွက်ကြော်ငြာတွေအတွက် attention ပိုရတဲ့သဘောဖြစ်ပါတယ်။ လက်ရှိမှာ Covid-19 third wave နဲ့ coup အပြင် cash ပြဿနာတွေကြောင့် လူတွေကြုံတွေ့နေတဲ့ ပြဿနာတွေပြောင်းသွားပါတယ်။ဒီ ပြောင်းလဲသွားတဲ့ needs/ want တွေအတွက်ကိုယ့်လုပ်ငန်းက ပေးနေတဲ့ ဝန်ဆောင်မှုနဲ့ ထုတ်ကုန်ကို
တခါတလေ လုပ်ငန်းရှင်တိုင်းဟာ“ငါလုပ်နေတာ မှန်ကောမှန်ရဲ့လား မသိဘူး”ဆိုတာမျိုး ဖြစ်တတ်ကြတယ်။ဒီလိုမေးခွန်းကိုယ့်ကိုကိုယ် ပြန်မေးတာကောင်းတဲ့ အလေ့အကျင့်ဖြစ်တယ်။ Phyo Paing @ Derek
Steve Jobs ကိုတောင် engineer တစ်ယောက်ကခင်ဗျားက ကုန်ပစ္စည်းတည်ဆောက်မှုEngineering ပိုင်းမပါပဲ အလကားနာမည်ကြီးနေတယ်ဆိုတဲ့ သဘောနဲ့ပွဲတစ်ခုမှာ ပြောဖူးတယ်။ Steve Jobs က လဲကုန်ပစ္စည်းထုတ်တယ်ဆိုတာထက်လူတွေ သန်းပေါင်းများစွာရဲ့ ပြဿနာကိုဖြေရှင်းပြီးBillion ပေါင်းများစွာ ဝင်ငွေရှိအောင်လုပ်တာဖောက်သည်တွေရဲ့ ပြဿနာကိုဖြေရှင်းဖို့ မလွယ်တဲ့အကြောင်း ဒါက engineering တစ်ခုထက်ပိုအရေးကြီးအကြောင်းဖြေသွားတယ်။ မေးတဲ့လူကြီးမင်းက သိပ်သဘောတွေ့ပုံမရဘူး။ပြောချင်တာ ကဗျာဆရာတွေက စီးပွားရေးသမားကိုအားကျမှာ မဟုတ်ဘူး။ စီးပွားရေးသမားတွေကလဲ အနုပညာရှင်တွေကို အားကျချင်မှ အားကျလိမ့်မယ်။ လူတိုင်းက သူ့အတွေးနယ်ပယ်ထဲမှာ ကန့်သတ်ထားတဲ့ နယ်မြေလေးတွေရှိကြတယ်။ လူတိုင်းကိုယ့်ကို သဘောကျမှာ မဟုတ်ဘူး။ဒါကြောင့် core audience ရွေးတဲ့အခါ ပထမဆုံး ၁၀၀၀ true fans ကို အရင်ရွေးရတယ်။ Phyo Paing @ Derek
လုပ်ငန်းတွေရဲ့ အားသာချက်မတူကြဘူး။ တချို့လုပ်ငန်းတွေအတွက်က တီထွင်ဆန်းသစ်မှု။တချို့လုပ်ငန်းတွေအတွက်က ဖောက်သည်နဲ့ရင်းနှီးမှု။တချို့လုပ်ငန်းတွေကျတော့ supplier အဆက်အသွယ်။တချို့လုပ်ငန်းတွေအတွက်က distribution ပိုင်းအားသာတာ။တချို့လုပ်ငန်းတွေက လူစိတ်ဝင်စားအောင်လုပ်တတ်တာ။ တချို့လုပ်ငန်းတွေ အတွက်က ရင်းနှီးမြုပ်နှံငွေ ပိုရှိတာ။ တချို့လုပ်ငန်းတွေအတွက်ကဝန်ထမ်းကောင်းတွေကို ရှာဖွေခန့်ထားပြုစုပျိုးထောင်ပေးတဲ့ စနစ်ရှိတာ။ တစ်ခုထက်လဲ ပိုနိုင်သလို အကုန်လုံးရှိနေတဲ့ လုပ်ငန်းလဲဖြစ်နေနိုင်တယ်။ ဒီအားသာချက်တွေရှိနေပေမယ့်လဲအောင်မြင်မယ်လို့ အာမ မခံနိုင်ဘူး။ ဘာကြောင့်လဲဆိုရင် လူတစ်ယောက်ကြောင့်ဖြစ်တယ်။အဲ့လူက ဘယ်သူဖြစ်မယ်ထင်သလဲ? #AkyanPay
Version 1.0, 2.0, 3.0 အစရှိသည်update လုပ်နေရမှာပဲ။ ဘယ်တော့မှလဲ ပြီးပြည့်စုံတယ်ဆိုတာရှိမှာမဟုတ်ဘူး။အရေးကြီးတာ ပြီးပြည့်စုံဖို့ထက်အရင် version ထက် ပိုကောင်းနေဖို့ပဲ။ Phyo Paing @ Derek
ကိုယ့်ကိုကိုယ် product တစ်ခုလို
စဥ်းစားကြည့်လိုက်။ Read More »
အမှန်အတိုင်းပြောရရင် တကယ့် စွန့်ဦးတီထွင်၊ စီးပွားရေးသမားကအဲ့လို မေးခွန်းမေးနေတာထက် ရောင်းစရာပစ္စည်း ထရောင်းနေတာပဲ။ မရောင်းတတ်ရင် စီးပွားရေးလုပ်ရင် အောင်မြင်ဖို့ မလွယ်ဘူး။ ကိုယ့် idea၊ ကိုယ့် ကုန်ပစ္စည်း၊ ဝန်ဆောင်မှုကို ရောင်းရမှာ ရှက်နေရင်၊ ကြောက်နေရင် မရဘူး။ စွန့်ဦးတီထွင်အများစုက action taker တွေ။ နားလည်အောင်လေ့လာပြီးမှ လုပ်တာထက်၊ လုပ်စရာရှိတာ လုပ်လိုက်ရင်း နားလည်လာကြတာများတယ်။ ဒါကြောင့် learning by doing လို့ခေါ်ကြတယ်။ ကျွန်တော်တို့ဆိုလဲ ငယ်ငယ်တည်းက အိမ်က မုန့်ဖိုးမပေးတော့ ဝေဖာမှာပါတဲ့ ပါဝါရိမ်းဂျားအရုပ်တွေရောင်းတာ၊ မဲကပ်တွေ ရောင်းတာ၊ သူရဲချိုချဥ်ခေတ်က သူရဲချိုချဥ်ရောင်းတာ၊ ဂျင်ရောင်းတာ၊ ဒါက နှစ်တန်း၊ သုံးတန်းထဲက လုပ်ခဲ့ကြတာပဲ။ အဲ့တုန်းက စွန့်ဦးတီထွင် ဘာညာမသိဘူး။ ရောင်းတယ်ဆိုတာ သူတပါးပစ္စည်းခိုးတာမဟုတ်တဲ့အတွက်ရှက်စရာအလုပ်မဟုတ်ပါဘူး။ Phyo
ဒီနေ့ အမေးများဆုံးမေးခွန်းတွေက
လုပ်ငန်းတစ်ခုစမယ် ဘယ်ကစရမလဲ။
ဘာလုပ်ငန်းလုပ်ရင် ကောင်းမလဲ။ Read More »