Dr. Phyo Paing

https://yec.company

လူတိုင်းဘဝမှာ အကွေ့တွေရှိတယ်။

လူတိုင်းဘဝမှာ အကွေ့တွေရှိတယ်။အဲ့ဒီ အကွေ့ကအတက်လမ်းဖြစ်နိုင်သလို၊အဆင်းလမ်းဖြစ်နိုင်တယ်။ ဘဝမှာလူ၊ နေရာ၊ အလုပ်၊ အဖြစ်အပျက်၊အခွင့်အလမ်းအသစ်တွေနဲ့တွေ့တဲ့အကွေ့တွေကို သတိနဲ့အသုံးချနိုင်ရင်ဘဝက နောက်တစ်ဆင့်ရောက်သွားနိုင်တယ်။ ပိုဆိုးနိုင်သလို၊ ပိုကောင်းနိုင်တယ်။ အကွေ့တိုင်းကို ဂရုစိုက်ဖို့လိုတယ်။အခုကတော့ ကမ္ဘာကြီးကတော့အေအိုင်အကွေ့မှာ။ ကိုယ့်ပါဆန်နယ်အတွက်ကျန်းမာရေး၊ ချမ်းသာရေး၊အချစ်အိမ်ထောင်၊ စီးပွါး၊ အသိုင်းအဝိုင်းအကွေ့တွေကို သတိပြုဖို့လိုတတ်တယ်။ Phyo Paing @ Derek

လူတိုင်းဘဝမှာ အကွေ့တွေရှိတယ်။ Read More »

ကိုယ့်ရဲ့ အရှိကို အရှိအတိုင်း
နားလည်နိုင်တဲ့သူရှိဖို့လိုတယ်။

လူတွေက သူတို့ခံစားချက်အဖြစ်အပျက်တွေကိုသိရှိနားလည်ခံစားနိုင်တဲ့သူတွေနဲ့တွေ့တဲ့အခါ ဘဝတွေပိုကောင်းလာတယ်။ တချို့အတွက် အဖေရှိတယ်။တချို့အတွက် အမေ။တချို့အတွက် အဘိုး၊ အဖွား။တချို့အတွက် ချစ်သူရည်းစားလင်မယား။တချို့အတွက် ဘုရား၊ တရား၊ universe။တချို့အတွက် နည်းပြ coach။တချို့အအတွက် ကုသပေးတဲ့ therapist။တချ်ု့အတွက် ငါ့အတွက် ငါပဲရှိတယ်။ ကိုယ့်ရဲ့ အရှိကို အရှိအတိုင်းနားလည်နိုင်တဲ့သူရှိဖို့လိုတယ်။ မဟုတ်ရင် လူတွေကြားထဲအထီးကျန်နေမှာ။ Phyo Paing @ Derek

ကိုယ့်ရဲ့ အရှိကို အရှိအတိုင်း
နားလည်နိုင်တဲ့သူရှိဖို့လိုတယ်။
Read More »

ဥာဏ်ရှိရှိ
မျက်စိဖွင့်နားစွင့်လေ့လာ
လုပ်ဆောင်ကြည့်

တခါမှ မရဖူးသေးတဲ့ကောင်းမွန်တဲ့အရာတွေဘဝထဲရောက်လာဖို့တခါမှ မတွေးဖူးတဲ့အတွေး၊တခါမှ မခံစားဖူးတဲ့ ခံစားချက်၊တခါမှ မသွားဖူးတဲ့နေရာ၊တခါမှ မလုပ်ဖူးတဲ့ အလုပ်ဒါတွေကို ဥာဏ်ရှိရှိမျက်စိဖွင့်နားစွင့်လေ့လာလုပ်ဆောင်ကြည့်ဖို့လိုတတ်တယ်။ Phyo Paing @ Derek

ဥာဏ်ရှိရှိ
မျက်စိဖွင့်နားစွင့်လေ့လာ
လုပ်ဆောင်ကြည့်
Read More »

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။

ရည်မှန်းချက် သေးရင်ပြဿနာတွေက ကြီးသွားတယ်။ရည်မှန်းချက် ကြီးရင်ပြဿနာတွေက သေးသွားတယ်။ ရည်မှန်းချက်သေးရင်ခံစစ်နဲ့ဆော့ဖို့ပဲ စဥ်းစားမိတယ်။ရည်မှန်းချက်ကြီးရင်ဖြစ်လာတဲ့ ပြဿနာအဖြေရှာအခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Phyo Paing @ Derek

အခွင့်အလမ်းအနေနဲ့ပြောင်းဖို့ စဥ်းစားမိမယ်။ Read More »

အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ

စိတ်ပိုင်းဆိုင်ရာအရမရှိဘဲမနေနိုင်တာကို အချစ်လို့ခေါ်ကြတယ်။ ဘေးနားမှာရှိရင်ရှိမယ်။အတွေးထဲမှာ ရှိရင်ရှိမယ်။ လူတွေကို ချစ်လို့ရတယ်။အရာဝတ္ထုတွေကိုချစ်လို့ရတယ်။တိရစ္ဆာန်လေးတွေကိုချစ်လို့ရတယ်။ဝါဿနာတွေကို ချစ်လို့ရတယ်။ အစားအစာတွေကို ချစ်လို့ရတယ်။ တချို့က အချစ်တွေရှားတယ်။တချို့က အချစ်တွေများတယ်။ တချို့က ဒီအလုပ်တစ်ခုတည်းကိုချစ်တယ်။တချို့က အလုပ်တွေ အများကြီးကိုချစ်တယ်။ တချို့က ဝါဿနာပါတာ တစ်ခုတည်း။တချို့က ဝါဿနာပါတာ အများကြီး။ ရင်ခုန်တာမရှိရင် မနေနိုင်သူအတွက်ရင်ခုန်မှုပေးတာက အချစ်။ လုံခြုံတာကြိုက်တဲ့သူအတွက် လုံခြုံတာပေးနိုင်တာကအချစ်။ အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ ကိုယ့်အမှတ်တံဆိပ်ကို ချစ်အောင်လုပ်တာ။ကိုယ့်ပရိသတ်တွေ ကိုယ့်အမှတ်တံဆိပ်မရှိဘဲ မနေနိုင်အောင်လုပ်တာ။ မစဥ်းစားဘဲ မနေနိုင်အောင်လုပ်တာ။ Phyo Paing @ Derek

အမှတ်တံဆိပ်တည်ဆောက်တယ်ဆိုတာ Read More »

နားမလည်ရင် မှားမယ်။

လူတွေရဲ့ဘဝကရွေးချယ်မှုတွေကြောင့်ကွာသွားတယ်။ ဘယ်မှာနေ၊ ဘာအလုပ်လုပ်၊ ဘယ်လိုတွေး၊ဘယ်လိုကြံစီ၊ဘယ်လို အကောင်အထည်ဖော်၊ဘယ်သူတွေနဲ့ပေါင်းဒီရွေးချယ်မှုတွေလုပ်ရတယ်။ ဘယ်အရာကို ရပ်ပြီး၊ဘယ်အရာတွေကို စရမယ်။ ဘယ်အရာတွေကို အာရုံစိုက်ပြီးဘယ်အရာတွေကို လျစ်လျူရှုရမယ်။ ဒီရွေးချယ်မှုတွေပြုလုပ်ရတယ်။ မှန်ကန်တဲ့ရွေးချယ်မှုတွေလုပ်ဖို့မှန်ကန်တဲ့ အမြင်လိုတယ်။ မှန်ကန်တဲ့အမြင်ရှိဖို့မှန်ကန်တဲ့ နားလည်မှုလိုတယ်။ နားလည်ဖို့ လေ့လာရတယ်။စဥ်းစားသုံးသပ်ရတယ်။သင်ခန်းစာယူတတ်ရတယ်။ စီးပွားရေးအကြောင်းနားမလည်ရင်စီးပွားရေးမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ မားကတ်တင်းအကြောင်းနားမလည်ရင်မားကတ်တင်းမှာ မှားတဲ့ဆုံးဖြတ်ချက်တွေအများကြီးချမိမယ်။ ကိုယ့်ကိုကိုယ် နားမလည်ရင်ကိုယ့်ဘဝရဲ့ဆုံးဖြတ်ချက်အမှားကြီးတွေ အများကြီးချမိမယ်။ နားမလည်ရင် မှားမယ်။ Phyo Paing @ Derek

နားမလည်ရင် မှားမယ်။ Read More »

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။

လူတိုင်းက ကိုယ့်အောင်မြင်ရေးဖော်မြူလာနဲ့ကိုယ်။ကိုယ့် flow ဖလိုး ကိုယ်မိဖို့ကိုယ့်လမ်းကိုယ်ဖောက်၊ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Phyo Paing @ Derek

ကိုယ့်လမ်းကိုယ်မှန်မှန်လျှောက်။ Read More »

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲ
တွေ့တတ်ကြတယ်။

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲတွေ့တတ်ကြတယ်။လုပ်ငန်းတိုင်းက သူနဲ့တန်တဲ့ဖောက်သည်တွေနဲ့တွေ့တတ်ကြတယ်။ Phyo Paing @ Derek

လူတိုင်းက ကိုယ်နဲ့ တန်တဲ့သူတွေကိုပဲ
တွေ့တတ်ကြတယ်။
Read More »

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။

ဒီတစ်နေ့ကို အလေအလွင့်မရှိအောင်ပါရမီဖြည့်ကြည့်လို့ရနိုင်ပါတယ်။ ကိုယ့်မှာရှိထားတဲ့အရာတွေကိုမျှဝပေးတဲ့ ဒါန ပါရမီ။ ကိုယ့်ကိုလုပ်တာမကြိုက်တာကိုသူများကိုလဲမလုပ်နဲ့။သီလပါရမီ။ မှန်ကန်တဲ့ဆုံးဖြတ်ချက်ချနိုင်အောင်ဥာဏ်ပညာတိုးတက်အောင်လုပ်ခြင်းပညာပါရမီ။ ကိုယ်လိုချင်တာကို ရှင်းရှင်းလင်းလင်းသိပြီးအာရုံစူးစိုက်မှုရှိပြီးလုပ်မယ်ဆို ပြတ်ပြတ်သားသားလုပ်နိုင်တဲ့အဓိဋ္ဌာနပါရမီ။ ကိုယ်လိုချင်တဲ့ရည်မှန်းချက်ပန်းတိုင်းကိုတစ်နေ့တစ်လှမ်းပုံမှန်ကြိုးစားခြင်းဝီရိယပါရမီ။ ကိုယ်ဖြစ်စေချင်တဲ့အတိုင်းလူတွေစဉ်းစားတုန့်ပြန်မှုမပြုတဲ့အခါစိတ်ရှည်ရှည်ထားရတဲ့ခန်တိပါရမီ။ ပေးထားတဲ့ကတိ တည်ဆောက်လုပ်တဲ့သစ္စာပါရမီ။ လူတွေ သတ္တဝါတွေကို နားလည်ပြီးကိုယ့်အကျိုးစီးပွါးအတွက်မပါဘဲဂရုဏာထားနိုင်တဲ့မတျတောပါရမီ။ အဖြစ်အပျက်တွေကို အကောင်း၊ အဆိုးဖြစ်လာတိုင်းမတုန်လှုပ်ပဲ စိတ်ထားနိုင်တဲ့ဥပေက္ခာပါရမီ။ ဒီကိုးပါးကတော့ နေ့စဉ်ဘဝမှာကျင့်သုံးလို့ရတယ်။ နောက်ဆုံးတစ်ခုကတော့ရံဖန်ရံခါဖြစ်ဖြစ်၊ အမြဲတန်းဖြစ်ဖြစ်လောကီသုခကို စွန့်လွတ်ပြီးရဟန်းဝတ်တဲ့ နေက္ခမ္မပါရမီ။ နေ့စဉ်ဘဝမှာ ပါရမီတွေဖြည့်နေလား။နေသလိုဖြစ်တဲ့ဘဝမှာဖြစ်သလို နေနေသလား။ Phyo Paing @ Derek

နေသလိုဖြစ်တဲ့ဘဝမှာ
ဖြစ်သလို နေနေသလား။
Read More »

အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။

လူတစ်ယောက်အကြောင်းသိချင်သူကြီးပျင်းတဲ့ပတ်ဝန်းကျင်မှာထိတွေ့ခဲ့တဲ့သူတွေကို လေ့လာကြည့်။ အဖေ၊ အမေ၊ အဘိုး၊ အဘွား၊ဦးလေး၊ အဒေါ်၊ဆရာ၊ ဆရာမ၊ သူငယ်ချင်း၊အသိုင်းအဝိုင်း။ ဒါတွေက လူတွေရဲ့လောကအဓိပ္ပာယ်ဖွင့်ဆိုမှုကိုတော်တော် ကြီးလွမ်းမိုးထားတတ်တယ်။ ဟာဗတ်သုတေသနမှာ Social contagion theory အရဝတဲ့သူနဲ့ပေါင်းရင် ဝဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ လေ့ကျင့်ခန်းလုပ်တဲ့သူနဲ့ပေါင်းရင်၅၇% လေ့ကျင့်ခန်းပိုလုပ်ဖို့များတယ်။ အရက်သမားနဲ့ပေါင်းရင် အရက်သောက်ဖို့အလားအလာ ၅၇% ပိုများတယ်တဲ့။ဘူတဲ့သူနဲ့ ပေါင်းရင် ဘူဖို့၅၇% ပိုများတယ်။ မွဲတဲ့သူနဲ့ပေါင်းရင် မွဲဖို့ ၅၇% ပိုများတယ်။ တရားသမားနဲ့ပေါင်းရင် တရားလုပ်ဖြစ်ဖို့၅၇% ပိုများတယ်။ အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းကကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။ ကိုယ်လိုချင်တဲ့အသိုင်းအဝိုင်းထဲဝင်ဖို့ကြိုးစားနိုင်ခြင်းက ကိုယ့်ရဲ့အားထုတ်မှုပဲ။ Phyo Paing @ Derek

အသိုင်းအဝိုင်းကို ရွေးချယ်ခြင်းက
ကိုယ့်အနာဂတ်ကို ရွေးချယ်ခြင်းပဲ။
Read More »